ပြည်ပလေကြောင်းခရီးစဉ်များ ပျံသန်းမှုကို ဧပြီလကုန်အထိ ဆိုင်းငံ့ထားမယ်လို့ Golden Myanmar Airlines ဆို

 1060

ဂျန်ဇက် (NP News) - ဧပြီ ၂၃
မြန်မာလေကြောင်းလိုင်းဖြစ်တဲ့ Golden Myanmar Airlines ဟာ ဧပြီလကုန်အထိ ပြည်ပခရီးစဉ်ဖြစ်တဲ့ အာရှပစိဖိတ်ဒေသလေကြောင်းပျံသန်းရေးအစီအစဉ်များအားလုံးကို ဆိုင်းငံ့ထားကြောင်း လေကြောင်းလိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ smartaviation-apac ဝက်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လေကြောင်းလိုင်းဟာ လက်ရှိအချိန်မှာတော့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကိုသာ ပြေးဆွဲနေတယ်လို့ သိရပါတယ်။

Golden Myanmar Airlines မှတာဝန်ရှိသူတစ်ဦးကတော့ လေကြောင်းလိုင်းဟာ လက်ရှိအချိန်မှာ ပျံသန်းမှုများ လုပ်ဆောင်တာမျိုးမရှိကြောင်းအတည်ပြုပြောဆိုထားပါတယ်။ ၎င်းက " ကျွန်တော်တို့ဟာ ဖေဖော်ဝါ ရီလ နောက်ပိုင်းကတည်းက လေကြောင်းပြေးဆွဲတာမျိုးမရှိခဲ့ဘူး၊ ဧပြီလ ၃ဝ ရက်အထိလေကြောင်းပျံသန်းပြေးဆွဲတာ ရပ်ဆိုင်းထားမှာပါ"လို့ပြောပါတယ်။

ဒါ့ပြင် လေကြောင်းပျံသန်းပြေးဆွဲမှု ဝန်ဆောင်မှုများ ပြန်လည် စတင်မယ့်ရက်နဲ့အချိန်ကို နောက်ပိုင်းမှာ အတိအကျထုတ်ပြန်သွားမယ့်အပြင် လေကြောင်းပျံသန်းမှု ဆိုင်းငံ့ရခြင်းနဲ့ပတ်သက်ပြီး ၎င်းက တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ကြောင်းသိရပါတယ်။

၂ဝ၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Golden Myanmar Airlines လေကြောင်းလိုင်းဟာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ အခြေစိုက်ပြီး ပြည်တွင်းပြည်ပခရီးစဉ်တွေပြေးဆွဲပေးနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးပြေးဆွဲတဲ့ တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိ လေကြောင်းလိုင်းမှာ ATR 72-600 လေယာဉ်နှစ်စင်းရှိတယ်လို့ သိရပါတယ်။ လေကြောင်းလိုင်းက ပြည်တွင်းရှိ မြို့ကြီး ၁ဝ မြို့နဲ့ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံတို့ကိုပျံသန်းပေးခဲ့တယ်လို့သိရပါတယ်။

zawgyi version
ျပည္ပေလေၾကာင္းခရီးစဥ္မ်ား ပ်ံသန္းမႈကို ဧၿပီလကုန္အထိ ဆိုင္းငံ့ထားမယ္လို႔ Golden Myanmar Airlines ဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၃

ျမန္မာေလေၾကာင္းလိုင္းျဖစ္တဲ့ Golden Myanmar Airlines ဟာ ဧၿပီလကုန္အထိ ျပည္ပခရီးစဥ္ျဖစ္တဲ့ အာရွပစိဖိတ္ေဒသေလေၾကာင္းပ်ံသန္းေရးအစီအစဥ္မ်ားအားလုံးကို ဆိုင္းငံ့ထားေၾကာင္း ေလေၾကာင္းလိုင္းနဲ႔ ပတ္သက္တဲ့ သတင္းေတြကို ေဖာ္ျပေပးေနတဲ့ smartaviation-apac ဝက္ဘ္ဆိုက္ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

ေလေၾကာင္းလိုင္းဟာ လက္ရွိအခ်ိန္မွာေတာ့ ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြကိုသာ ေျပးဆြဲေနတယ္လို႔ သိရပါတယ္။

Golden Myanmar Airlines မွတာဝန္ရွိသူတစ္ဦးကေတာ့ ေလေၾကာင္းလိုင္းဟာ လက္ရွိအခ်ိန္မွာ ပ်ံသန္းမႈမ်ား လုပ္ေဆာင္တာမ်ိဳးမရွိေၾကာင္းအတည္ျပဳေျပာဆိုထားပါတယ္။ ၎က " ကြၽန္ေတာ္တို႔ဟာ ေဖေဖာ္ဝါ ရီလ ေနာက္ပိုင္းကတည္းက ေလေၾကာင္းေျပးဆြဲတာမ်ိဳးမရွိခဲ့ဘူး၊ ဧၿပီလ ၃ဝ ရက္အထိေလေၾကာင္းပ်ံသန္းေျပးဆြဲတာ ရပ္ဆိုင္းထားမွာပါ"လို႔ေျပာပါတယ္။

ဒါ့ျပင္ ေလေၾကာင္းပ်ံသန္းေျပးဆြဲမႈ ဝန္ေဆာင္မႈမ်ား ျပန္လည္ စတင္မယ့္ရက္နဲ႔အခ်ိန္ကို ေနာက္ပိုင္းမွာ အတိအက်ထုတ္ျပန္သြားမယ့္အျပင္ ေလေၾကာင္းပ်ံသန္းမႈ ဆိုင္းငံ့ရျခင္းနဲ႔ပတ္သက္ၿပီး ၎က တစ္စုံတစ္ရာထုတ္ေဖာ္ေျပာဆိုတာမ်ိဳးမရွိခဲ့ေၾကာင္းသိရပါတယ္။

၂ဝ၁၂ ခုႏွစ္က စတင္တည္ေထာင္ခဲ့တဲ့ Golden Myanmar Airlines ေလေၾကာင္းလိုင္းဟာ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္ကေန အေျခစိုက္ၿပီး ျပည္တြင္းျပည္ပခရီးစဥ္ေတြေျပးဆြဲေပးေနတာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ ပထမဆုံးေျပးဆြဲတဲ့ တန္ဖိုးနည္းေလေၾကာင္းလိုင္းတစ္ခုလည္း ျဖစ္ပါတယ္။

လက္ရွိ ေလေၾကာင္းလိုင္းမွာ ATR 72-600 ေလယာဥ္ႏွစ္စင္းရွိတယ္လို႔ သိရပါတယ္။ ေလေၾကာင္းလိုင္းက ျပည္တြင္းရွိ ၿမိဳ႕ႀကီး ၁ဝ ၿမိဳ႕နဲ႔ စင္ကာပူႏိုင္ငံ၊ ထိုင္းႏိုင္ငံတို႔ကိုပ်ံသန္းေပးခဲ့တယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.