အမြန်လမ်းတွင် ခရီးသည်တင် နန်းထိုက်တော်ဝင်ယာဉ် ချောင်းထဲထိုးကျမှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိ

1044

photo: ဆင်ဖြူတော်လူမှုကူညီရေးအဖွဲ့
NP News - ဧပြီ ၂၄
မန္တလေး-ရန်ကုန် အမြန်လမ်း ၉၉ မိုင် ၅ ဖာလုံတွင် ယနေ့ (ဧပြီလ ၂၄ ရက်) နံနက် ၄ နာရီ ၄၇ မိနစ်အချိန်က နန်းထိုက်တော်ဝင် Express ယာဉ် ချောင်းထဲထိုးကျမှုဖြစ်ပွားခဲ့ရာ လူအသေအပျောက်မရှိသော် လည်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပါအဝင် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါဖြစ်စဉ်အား သွားရောက်ကူညီခဲ့သည့် ဆင်ဖြူတော်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောသည်။
အဆိုပါ ယာဉ်သည် ပျော်ဘွယ်-ရန်ကုန်ပြေးဆွဲသည့် ကားဖြစ်ပြီး ယာဉ်ပေါ်တွင် ခရီးသည် ၅ဝ ကျော်ပါဝင်ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာကတော့ အစိမ်းရောင်အဆင့်ပါပဲ။ ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်။ အသေအပျောက်တော့မရှိဘူး။ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ မြို့ချောင်းဆေးရုံကို ပို့ထားတယ်။ ခေါင်းပေါက်သွားတဲ့တစ်ယောက်နဲ့ ရင်ဘတ်အောင့်သွားတဲ့တစ်ယောက်လောက်ပဲ အကြီးစားလို့ခေါ်လို့ရတယ်။ ကားတစ်စီးလုံးခရီးသည်အပြည့် အလယ်ခုံတွေလည်းပါတယ်”ဟု ၎င်းကပြောသည်။
ထိခိုက်ဒဏ်ရာရမရသည့် ကျန်ခရီးသည်များအားလုံးကိုလည်း လိုရာခရီးသို့ပို့ဆောင်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
“ကားကတော့ ညာဘက်အခြမ်းက ဆိုးဆိုးဝါးဝါးထိခိုက်ခဲ့တယ်။ ကားကိုပြင်းပြင်းထန်ထန်ထိတဲ့အတွက် လူတွေ သက်သာသွားတယ်လို့ပဲပြောရမယ်။ ခရီးသည်တွေရဲ့ ပစ္စည်းတွေအားလုံးလည်း အကုန်ပြရကြပါတယ်။ ဖုန်းတစ်လုံးနဲ့ပိုက်ဆံအိတ်အသေးလေးတစ်လုံးပဲပျောက်ဆုံးနေတယ်။ ဒါကလည်း ကားကဇောက်ထိုးကြီးဖြစ်နေတဲ့အတွက် အထဲထိဆင်းဖို့အဆင်မပြေသေးလို့ပါ”ဟု ဆင်ဖြူတော်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
လက်ရှိအချိန်တွင် တိမ်းမှောက်သွားသည့် ယာဉ်ကို ကရိန်းဖြင့် ဆွဲတင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
အျမန္လမ္းတြင္ ခရီးသည္တင္ နန္းထိုက္ေတာ္ဝင္ယာဥ္ ေခ်ာင္းထဲထိုးက်မႈျဖစ္ပြားခဲ့ရာ လူ ၁၁ ဦးထိခိုက္ဒဏ္ရာရရွိ
NP News - ဧၿပီ ၂၄
မႏၲေလး-ရန္ကုန္ အျမန္လမ္း ၉၉ မိုင္ ၅ ဖာလုံတြင္ ယေန႔ (ဧၿပီလ ၂၄ ရက္) နံနက္ ၄ နာရီ ၄၇ မိနစ္အခ်ိန္က နန္းထိုက္ေတာ္ဝင္ Express ယာဥ္ ေခ်ာင္းထဲထိုးက်မႈျဖစ္ပြားခဲ့ရာ လူအေသအေပ်ာက္မရွိေသာ္ လည္း ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္အပါအဝင္ လူ ၁၁ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အဆိုပါျဖစ္စဥ္အား သြားေရာက္ကူညီခဲ့သည့္ ဆင္ျဖဴေတာ္လူမႈကူညီေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာသည္။
အဆိုပါ ယာဥ္သည္ ေပ်ာ္ဘြယ္-ရန္ကုန္ေျပးဆြဲသည့္ ကားျဖစ္ၿပီး ယာဥ္ေပၚတြင္ ခရီးသည္ ၅ဝ ေက်ာ္ပါဝင္ေၾကာင္း သိရသည္။
“ထိခိုက္ဒဏ္ရာကေတာ့ အစိမ္းေရာင္အဆင့္ပါပဲ။ ၁၁ ဦးထိခိုက္ဒဏ္ရာရခဲ့တယ္။ အေသအေပ်ာက္ေတာ့မရွိဘူး။ ထိခိုက္ဒဏ္ရာရသူေတြကိုေတာ့ ၿမိဳ႕ေခ်ာင္းေဆး႐ုံကို ပို႔ထားတယ္။ ေခါင္းေပါက္သြားတဲ့တစ္ေယာက္နဲ႔ ရင္ဘတ္ေအာင့္သြားတဲ့တစ္ေယာက္ေလာက္ပဲ အႀကီးစားလို႔ေခၚလို႔ရတယ္။ ကားတစ္စီးလုံးခရီးသည္အျပည့္ အလယ္ခုံေတြလည္းပါတယ္”ဟု ၎ကေျပာသည္။
ထိခိုက္ဒဏ္ရာရမရသည့္ က်န္ခရီးသည္မ်ားအားလုံးကိုလည္း လိုရာခရီးသို႔ပို႔ေဆာင္ေပးႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
“ကားကေတာ့ ညာဘက္အျခမ္းက ဆိုးဆိုးဝါးဝါးထိခိုက္ခဲ့တယ္။ ကားကိုျပင္းျပင္းထန္ထန္ထိတဲ့အတြက္ လူေတြ သက္သာသြားတယ္လို႔ပဲေျပာရမယ္။ ခရီးသည္ေတြရဲ႕ ပစၥည္းေတြအားလုံးလည္း အကုန္ျပရၾကပါတယ္။ ဖုန္းတစ္လုံးနဲ႔ပိုက္ဆံအိတ္အေသးေလးတစ္လုံးပဲေပ်ာက္ဆုံးေနတယ္။ ဒါကလည္း ကားကေဇာက္ထိုးႀကီးျဖစ္ေနတဲ့အတြက္ အထဲထိဆင္းဖို႔အဆင္မေျပေသးလို႔ပါ”ဟု ဆင္ျဖဴေတာ္လူမႈကူညီေရးအဖြဲ႕မွ တာဝန္ရွိသူက ေျပာသည္။
လက္ရွိအခ်ိန္တြင္ တိမ္းေမွာက္သြားသည့္ ယာဥ္ကို ကရိန္းျဖင့္ ဆြဲတင္ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။