သရုပ်ဆောင်မိုင်းမိုင် အိပ်နေရင်း ရုတ်တရက် ကွယ်လွန်

1463

အိဖြူ (NP News) - ဧပြီ ၂၄
VCD တစ်ခေတ်မှာ နာမည်ကြီးအောင်မြင်ခဲ့သူ၊ မိန်းကလေးများရဲ့အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တဲ့ ရုပ်ရှင် သရုပ်ဆောင် မိုင်းမိုင်ဟာ ဒီကနေ့ (ဧပြီလ ၂၄ ရက်)မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း မိခင်ဖြစ်သူမှ အသိပေးဖော်ပြလာပါတယ်။
“ကချင်ပြည်နယ် အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင် မင်းသား မိုင်းမိုင် (ခ) ဇော်မိုင်အောင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုး၊ သူငယ်ချင်းများကို အကြောင်း ကြားအပ်ပါတယ်။ အိပ်ရင်းဆုံးသွားတာပါ” လို့ မိုင်းမိုင်ရဲ့မိခင်ဖြစ်သူမှ ၎င်းကိုယ်တိုင်အသုံးပြုတဲ့ ဖေ့ဘွတ်စ်အကောင့်မှတဆင့် အသိပေးဖော်ပြထားပါတယ်။
သရုပ်ဆောင်မိုင်းမိုင်ဟာ အဆိုတော် Blueberry အဖွဲ့သီဆိုတဲ့ "မမေးပါနဲ့" အမည်ရှိ "ချောချောလေးမို့ ချစ် တာ ရိုးရိုးလေးမို့ချစ်တာ အသည်းလေးကွဲဖို့ချစ်လိုက်တာ မဟုတ်ပါ…” ဆိုတဲ့ သီချင်းထဲမှာ သရုပ်ဆောင်သက်မွန်မြင့်နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး၊ အဆိုတော်ယုဇနနဲ့ အောင်ကောင်းထက်တို့ သီဆိုတဲ့ “သီတင်းကျွတ် ညလေးတစ်ည” အမည်ရှိ သီချင်းမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ကာ လူသိများ အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါသီချင်တွေဟာလည်း လူငယ်တိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစား အောင်မြင်ခဲ့သလို ဒီကနေအချိန်ထိလည်း လူကြိုက်များနေဆဲပင်ဖြစ်ပါတယ်။
မိသားစုဝင်များရဲ့ပြောပြချက်အရ မိုင်းမိုင်ဟာ အိပ်နေရင်း ခရစ်တော်မှာအိပ်ပျော်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၎င်းအနေနဲ့ အခြားသော ရောဂါဝေဒနာများ ခံစားနေရခြင်း၊ ကုသနေရခြင်းမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
သ႐ုပ္ေဆာင္မိုင္းမိုင္ အိပ္ေနရင္း ႐ုတ္တရက္ ကြယ္လြန္
အိျဖဴ (NP News) - ဧၿပီ ၂၄
VCD တစ္ေခတ္မွာ နာမည္ႀကီးေအာင္ျမင္ခဲ့သူ၊ မိန္းကေလးမ်ားရဲ႕အားေပးမႈကို တစ္ခဲနက္ရရွိခဲ့တဲ့ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ မိုင္းမိုင္ဟာ ဒီကေန႔ (ဧၿပီလ ၂၄ ရက္)မွာ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း မိခင္ျဖစ္သူမွ အသိေပးေဖာ္ျပလာပါတယ္။
“ကခ်င္ျပည္နယ္ အႏုပညာရွင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသား မိုင္းမိုင္ (ခ) ေဇာ္မိုင္ေအာင္ ခရစ္ေတာ္၌ အိပ္ေပ်ာ္သြားေၾကာင္း ရပ္နီးရပ္ေဝးမွ ေဆြမ်ိဳး၊ သူငယ္ခ်င္းမ်ားကို အေၾကာင္း ၾကားအပ္ပါတယ္။ အိပ္ရင္းဆုံးသြားတာပါ” လို႔ မိုင္းမိုင္ရဲ႕မိခင္ျဖစ္သူမွ ၎ကိုယ္တိုင္အသုံးျပဳတဲ့ ေဖ့ဘြတ္စ္အေကာင့္မွတဆင့္ အသိေပးေဖာ္ျပထားပါတယ္။
သ႐ုပ္ေဆာင္မိုင္းမိုင္ဟာ အဆိုေတာ္ Blueberry အဖြဲ႕သီဆိုတဲ့ "မေမးပါနဲ႔" အမည္ရွိ "ေခ်ာေခ်ာေလးမို႔ ခ်စ္ တာ ႐ိုး႐ိုးေလးမို႔ခ်စ္တာ အသည္းေလးကြဲဖို႔ခ်စ္လိုက္တာ မဟုတ္ပါ…” ဆိုတဲ့ သီခ်င္းထဲမွာ သ႐ုပ္ေဆာင္သက္မြန္ျမင့္နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ခဲ့သူျဖစ္ၿပီး၊ အဆိုေတာ္ယုဇနနဲ႔ ေအာင္ေကာင္းထက္တို႔ သီဆိုတဲ့ “သီတင္းကြၽတ္ ညေလးတစ္ည” အမည္ရွိ သီခ်င္းမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ကာ လူသိမ်ား ေအာင္ျမင္လာခဲ့တာျဖစ္ပါတယ္။ အဆိုပါသီခ်င္ေတြဟာလည္း လူငယ္တိုင္းရဲ႕ပါးစပ္ဖ်ားမွာ ေရပန္းစား ေအာင္ျမင္ခဲ့သလို ဒီကေနအခ်ိန္ထိလည္း လူႀကိဳက္မ်ားေနဆဲပင္ျဖစ္ပါတယ္။
မိသားစုဝင္မ်ားရဲ႕ေျပာျပခ်က္အရ မိုင္းမိုင္ဟာ အိပ္ေနရင္း ခရစ္ေတာ္မွာအိပ္ေပ်ာ္သြားျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ၎အေနနဲ႔ အျခားေသာ ေရာဂါေဝဒနာမ်ား ခံစားေနရျခင္း၊ ကုသေနရျခင္းမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။