လှိုင်သာယာ အရှေ့ပိုင်းနှင့်အနောက်ပိုင်းမြို့နယ်များအတွင်း အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သူ (၄)ဦးအား ထောင်ဒဏ်တစ်သက်နှင့် ပြစ်ဒဏ်အသီးသီးချမှတ်

1283

NP News – ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ အရှေ့ပိုင်းနှင့်အနောက်ပိုင်းမြို့ နယ်များအတွင်း အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သူ (၄)ဦးအား ထောင် ဒဏ်တစ်သက်နှင့် ပြစ်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်း နစက၏ ဧပြီလ ၂၃ ရက် ညပိုင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(ဈ)နှင့် ၅ဝ(ည)တို့အရ ၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ၎င်းတို့အား ထောင်ဒဏ်တစ်သက် နှင့် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ခြင်းဖြစ်ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ ကျော်စိုးထက်(ခ) ကျော်စိုး(ခ) ကျောင်းဆရာ နှင့် ရဲရင့်ထူး(ခ) ရဲကြီး တို့သည် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခဲ့ခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်အနီးရှိ ရဲကင်းစခန်းအပါအဝင် အများပြည်သူများသွားလာလျက်ရှိသည့် နေရာများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် လည်းကောင်း၊ အဆိုပါရပ်ကွက်နေ ဌေးသန္တာ(ခ)ဌေးစန္ဒာ(ခ)ဌေးဌေး (ဘ)ဦးဘိုသည် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင်ပါဝင်ခြင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ကျော်စိုးထက် (ခ)ကျောင်းဆရာမှ ပေးအပ်သည့် လက်လုပ်မိုင်းများအား လက်ခံသိမ်းဆည်းပေးခြင်းနှင့် အကြမ်း ဖက် သင်တန်းတက်ရောက်ရန် ငွေကြေးထောက်ပံ့မှုများကို လုပ်ဆောင်ခဲ့ခြင်းများကြောင့် ဧပြီလ ၂၂ ရက်တွင် ၎င်းတို့အား ထောင်ဒဏ် တစ် သက်ချမှတ်လိုက်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ကျော်သီဟထွန်း (ခ)သီဟ သည် ၂ဝ၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နှင့် ၁၅ ရက်တွင် အရိုး၊ ဟန်ဦး၊ ဖိုးသင်္ကြန်၊ နွယ်ထွန်း(ခ)လွယ်ထွန်း၊ ကြံ့ကြီး(ခ)ကျော်မိုးထက်၊ ဇော်မျိးထက်၊ ကိုမင်း၊ အရှည်ကြီး(ခ)ဝတုတ်၊ ထွန်းထွန်းအောင် (ခ)ဘိုထွန်း (ခ)ဂျပန်ကြီး (ခ)ဝင်းနိုင် တို့နှင့်အတူ အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာလမ်းနေ ဦးသိန်းဦး(ခ) ဦးမြင့်ဌေးနှင့် ဦးမြသန်း(ခ)စွန်ရဲ တို့အား ဒလန်ဟုစွတ်စွဲ၍ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး တာယာကွင်း များပေါ်တင်၍ ဓာတ်ဆီလောင်း၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြင့် လူသတ်မှုကျူးလွန်ရာ၌ အားပေးကူညီခဲ့ခြင်းကြောင့် ဧပြီလ ၂၂ ရက်တွင် ၎င်းအား “အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ဝ နှစ်” ပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း နစကဘက်မှ ထည့်သွင်းထုတ်ပြန်ထားသည်။
အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာလမ်းနေ ဦးသိန်းဦး(ခ) ဦးမြင့်ဌေးနှင့် ဦးမြသန်း(ခ)စွန်ရဲ တို့အား ဒလန်ဟုစွတ်စွဲ၍ ကျော်သီဟထွန်း (ခ)သီဟ မီးရှို့သတ်ဖြတ်ခဲ့သည့် အရိုး၊ ဟန်ဦး၊ ဖိုးသင်္ကြန်၊ နွယ်ထွန်း(ခ)လွယ်ထွန်း၊ ကြံ့ကြီး(ခ)ကျော်မိုးထက်၊ ဇော်မျိးထက်၊ ကိုမင်း၊ အရှည်ကြီး(ခ) ဝတုတ်၊ ထွန်းထွန်းအောင် (ခ)ဘိုထွန်း (ခ)ဂျပန်ကြီး (ခ)ဝင်းနိုင်တို့နှင့် ပတ်သက်ပြီး နစကဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးသည်ကို တွေ့ရသည်။

zawgyi version
လႈိင္သာယာ အေရွ႕ပိုင္းႏွင့္အေနာက္ပိုင္းၿမိဳ႕နယ္မ်ားအတြင္း အၾကမ္းဖက္မႈမ်ား က်ဴးလြန္ခဲ့သူ (၄)ဦးအား ေထာင္ဒဏ္တစ္သက္ႏွင့္ ျပစ္ဒဏ္အသီးသီးခ်မွတ္
NP News – ဧၿပီ ၂၄
ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာ အေရွ႕ပိုင္းႏွင့္အေနာက္ပိုင္းၿမိဳ႕ နယ္မ်ားအတြင္း အၾကမ္းဖက္မႈမ်ား က်ဴးလြန္ခဲ့သူ (၄)ဦးအား ေထာင္ ဒဏ္တစ္သက္ႏွင့္ ျပစ္ဒဏ္အသီးသီးခ်မွတ္လိုက္ေၾကာင္း နစက၏ ဧၿပီလ ၂၃ ရက္ ညပိုင္းထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါ ဖမ္းဆီးရမိသူမ်ားအား စစ္အုပ္ခ်ဳပ္ေရး(Martial Law) စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅ဝ(ဈ)ႏွင့္ ၅ဝ(ည)တို႔အရ ၂ဝ၂၂ ခုႏွစ္၊ ဧၿပီလ ၂၂ ရက္တြင္ ၎တို႔အား ေထာင္ဒဏ္တစ္သက္ ႏွင့္ ျပစ္ဒဏ္အသီးသီး ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း နစကဘက္မွ ထုတ္ျပန္ထားသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္ေန ေက်ာ္စိုးထက္(ခ) ေက်ာ္စိုး(ခ) ေက်ာင္းဆရာ ႏွင့္ ရဲရင့္ထူး(ခ) ရဲႀကီး တို႔သည္ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း ဆႏၵျပမႈမ်ားတြင္ ပါဝင္ျခင္း၊ တိုင္း ရင္းသား လက္နက္ကိုင္အဖြဲ႕နယ္ေျမအတြင္း၌ သင္တန္းတက္ေရာက္ခဲ့ျခင္း၊ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၉)ရပ္ကြက္အနီးရွိ ရဲကင္းစခန္းအပါအဝင္ အမ်ားျပည္သူမ်ားသြားလာလ်က္ရွိသည့္ ေနရာမ်ားအား လက္လုပ္မိုင္းမ်ားျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းတို႔ေၾကာင့္ လည္းေကာင္း၊ အဆိုပါရပ္ကြက္ေန ေဌးသႏၲာ(ခ)ေဌးစႏၵာ(ခ)ေဌးေဌး (ဘ)ဦးဘိုသည္ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း ဆႏၵျပမႈမ်ားတြင္ပါဝင္ျခင္း၊ လႈိင္သာယာ (အေနာက္ပိုင္း)ၿမိဳ႕နယ္အတြင္း အၾကမ္းဖက္လုပ္ငန္းမ်ားေဆာင္႐ြက္ရန္ ေက်ာ္စိုးထက္ (ခ)ေက်ာင္းဆရာမွ ေပးအပ္သည့္ လက္လုပ္မိုင္းမ်ားအား လက္ခံသိမ္းဆည္းေပးျခင္းႏွင့္ အၾကမ္း ဖက္ သင္တန္းတက္ေရာက္ရန္ ေငြေၾကးေထာက္ပံ့မႈမ်ားကို လုပ္ေဆာင္ခဲ့ျခင္းမ်ားေၾကာင့္ ဧၿပီလ ၂၂ ရက္တြင္ ၎တို႔အား ေထာင္ဒဏ္ တစ္ သက္ခ်မွတ္လိုက္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔ျပင္ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္ေန ေက်ာ္သီဟထြန္း (ခ)သီဟ သည္ ၂ဝ၂၁ ခုႏွစ္၊ မတ္လ ၁၄ ရက္ႏွင့္ ၁၅ ရက္တြင္ အ႐ိုး၊ ဟန္ဦး၊ ဖိုးသၾကၤန္၊ ႏြယ္ထြန္း(ခ)လြယ္ထြန္း၊ ႀကံ့ႀကီး(ခ)ေက်ာ္မိုးထက္၊ ေဇာ္မ်ိးထက္၊ ကိုမင္း၊ အရွည္ႀကီး(ခ)ဝတုတ္၊ ထြန္းထြန္းေအာင္ (ခ)ဘိုထြန္း (ခ)ဂ်ပန္ႀကီး (ခ)ဝင္းႏိုင္ တို႔ႏွင့္အတူ အမွတ္(၈)ရပ္ကြက္၊ ေအာင္ရတနာလမ္းေန ဦးသိန္းဦး(ခ) ဦးျမင့္ေဌးႏွင့္ ဦးျမသန္း(ခ)စြန္ရဲ တို႔အား ဒလန္ဟုစြတ္စြဲ၍ ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့ၾကၿပီး တာယာကြင္း မ်ားေပၚတင္၍ ဓာတ္ဆီေလာင္း၍ မီးရႈိ႕သတ္ျဖတ္ခဲ့ျခင္းျဖင့္ လူသတ္မႈက်ဴးလြန္ရာ၌ အားေပးကူညီခဲ့ျခင္းေၾကာင့္ ဧၿပီလ ၂၂ ရက္တြင္ ၎အား “အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၂ဝ ႏွစ္” ျပစ္ဒဏ္ကို ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း နစကဘက္မွ ထည့္သြင္းထုတ္ျပန္ထားသည္။
အမွတ္(၈)ရပ္ကြက္၊ ေအာင္ရတနာလမ္းေန ဦးသိန္းဦး(ခ) ဦးျမင့္ေဌးႏွင့္ ဦးျမသန္း(ခ)စြန္ရဲ တို႔အား ဒလန္ဟုစြတ္စြဲ၍ ေက်ာ္သီဟထြန္း (ခ)သီဟ မီးရႈိ႕သတ္ျဖတ္ခဲ့သည့္ အ႐ိုး၊ ဟန္ဦး၊ ဖိုးသၾကၤန္၊ ႏြယ္ထြန္း(ခ)လြယ္ထြန္း၊ ႀကံ့ႀကီး(ခ)ေက်ာ္မိုးထက္၊ ေဇာ္မ်ိးထက္၊ ကိုမင္း၊ အရွည္ႀကီး(ခ) ဝတုတ္၊ ထြန္းထြန္းေအာင္ (ခ)ဘိုထြန္း (ခ)ဂ်ပန္ႀကီး (ခ)ဝင္းႏိုင္တို႔ႏွင့္ ပတ္သက္ၿပီး နစကဘက္မွ တစ္စုံတစ္ရာ ထုတ္ျပန္ထားျခင္းမရွိေသးသည္ကို ေတြ႕ရသည္။