မုံရွာမြို့ရှိ BOC စက်သုံးဆီအရောင်းဆိုင်တွင် ငွေကြေးများလုယက်ခံရပြီး ဆိုင်ရှိပစ္စည်းများ ဖျက်ဆီးခံရမှုဖြစ်ပွား

1140

NP News - ဧပြီလ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာ-ရေဦးကားလမ်း ဖန်းခါးကျင်း ကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် BOC စက်သုံးဆီအရောင်းဆိုင်တွင် ဧပြီလ ၂၃ ရက်နေ့က လက်နက်ကိုင်သမားများမှ ငွေကြေးများ လုယက်ယူ ဆောင်သွားခဲ့ကြပြီး ဆိုင်ရှိပစ္စည်းများအား ဖျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်သည် ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဖြစ်စဉ်အသေးစိတ်မှာ BOC စက်သုံးဆီအရောင်းဆိုင်သို့ ဧပြီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် Mask များဝတ်ဆင်၍ လက်လုပ် သေနတ်များကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား ၁ဝ ဦး ခန့်သည် ဆိုင်ကယ်များဖြင့် မုံရွာ-ရေဦး ကား လမ်းအတိုင်း ရောက်ရှိလာပြီး စက်သုံးဆီအရောင်းဆိုင်ရှိ ဝန်ထမ်းများအား ခြိမ်းခြောက်၍ ဆိုင်မန်နေဂျာအား ဓားထောက်ကာ စက်သုံးဆီရောင်းရငွေ ၁ဝ သိန်းနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား လုယူခဲ့သည့်အပြင် ဆိုင်ရှိ ပစ္စည်းများအား ရိုက်ချိုးဖျက်ဆီးပြီး ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း နစကဘက်မှ သတင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ဆီပန့်လေးလုံး၊ ဒစ်ဂျစ်တယ်ဒိုင်ခွက်လေးခု၊ ပြတင်းပေါက် မှန် ၁ဝ ချပ်၊ ကောင်တာစားပွဲ တစ်လုံး၊ Acer အမျိုးအစား ကွန်ပျူတာနှစ်လုံး၊ ရေခဲသေတ္တာတစ်လုံး၊ ရေအေးစက်နှစ်လုံး ဖျက်ဆီးခံရကြောင်း သတင်းရင်းမြစ်များမှ သိရသည်။
လက်ရှိတွင် လက်နက်ကိုင်အကြမ်းဖက်သမားများကို အတိအကျမသိရသေးဘဲ သက်ဆိုင်ရာမှ အမြန်ဆုံးဖမ်း မိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။

Zawgyi Version;
မုံ႐ြာၿမိဳ႕ရွိ BOC စက္သုံးဆီအေရာင္းဆိုင္တြင္ ေငြေၾကးမ်ားလုယက္ခံရၿပီး ဆိုင္ရွိပစၥည္းမ်ား ဖ်က္ဆီးခံရမႈျဖစ္ပြား
NP News - ဧၿပီလ ၂၅
စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕နယ္၊ မုံ႐ြာ-ေရဦးကားလမ္း ဖန္းခါးက်င္း ေက်း႐ြာအနီးတြင္ ဖြင့္လွစ္ထားသည့္ BOC စက္သုံးဆီအေရာင္းဆိုင္တြင္ ဧၿပီလ ၂၃ ရက္ေန႔က လက္နက္ကိုင္သမားမ်ားမွ ေငြေၾကးမ်ား လုယက္ယူ ေဆာင္သြားခဲ့ၾကၿပီး ဆိုင္ရွိပစၥည္းမ်ားအား ဖ်က္ဆီးမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါျဖစ္စဥ္သည္ ဧၿပီလ ၂၃ ရက္ေန႔ ညေန ၆ နာရီခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး၊ ျဖစ္စဥ္အေသးစိတ္မွာ BOC စက္သုံးဆီအေရာင္းဆိုင္သို႔ ဧၿပီလ ၂၃ ရက္ေန႔ ညေန ၅ နာရီခန႔္တြင္ Mask မ်ားဝတ္ဆင္၍ လက္လုပ္ ေသနတ္မ်ားကိုင္ေဆာင္ထားသည့္ အၾကမ္းဖက္သမား ၁ဝ ဦး ခန႔္သည္ ဆိုင္ကယ္မ်ားျဖင့္ မုံ႐ြာ-ေရဦး ကား လမ္းအတိုင္း ေရာက္ရွိလာၿပီး စက္သုံးဆီအေရာင္းဆိုင္ရွိ ဝန္ထမ္းမ်ားအား ၿခိမ္းေျခာက္၍ ဆိုင္မန္ေနဂ်ာအား ဓားေထာက္ကာ စက္သုံးဆီေရာင္းရေငြ ၁ဝ သိန္းႏွင့္ လက္ကိုင္ဖုန္း ၃ လုံးတို႔အား လုယူခဲ့သည့္အျပင္ ဆိုင္ရွိ ပစၥည္းမ်ားအား ႐ိုက္ခ်ိဳးဖ်က္ဆီးၿပီး ဆိုင္ကယ္မ်ားျဖင့္ ျပန္လည္ထြက္ေျပးသြားခဲ့ေၾကာင္း နစကဘက္မွ သတင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ဆီပန႔္ေလးလုံး၊ ဒစ္ဂ်စ္တယ္ဒိုင္ခြက္ေလးခု၊ ျပတင္းေပါက္ မွန္ ၁ဝ ခ်ပ္၊ ေကာင္တာစားပြဲ တစ္လုံး၊ Acer အမ်ိဳးအစား ကြန္ပ်ဴတာႏွစ္လုံး၊ ေရခဲေသတၱာတစ္လုံး၊ ေရေအးစက္ႏွစ္လုံး ဖ်က္ဆီးခံရေၾကာင္း သတင္းရင္းျမစ္ မ်ားမွ သိရသည္။
လက္ရွိတြင္ လက္နက္ကိုင္အၾကမ္းဖက္သမားမ်ားကို အတိအက်မသိရေသးဘဲ သက္ဆိုင္ရာမွ အျမန္ဆုံးဖမ္း မိႏိုင္ေရးအတြက္ ေဆာင္႐ြက္ေနေၾကာင္း နစကဘက္မွ ထုတ္ျပန္ထားသည္။