တီကျစ်မိုင်းတွင်းထုတ်လုပ်မှုတွင် နိုင်ငံအတွက် ကျပ်သန်းပေါင်း ၁၅ဝဝဝ ကျော် နစ်နာမှုရှိခဲ့သောကြောင့် ဦးချစ်ခိုင်ကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေရှင်း

 2304

NP News - ဧပြီ ၂၆
တီကျစ်ကျောက်မီးသွေးမိုင်းတွင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အတွက် ငွေကျပ်သန်းပေါင်း ၁၅ဝဝဝ ကျော် နစ်နာမှုရှိခဲ့သောကြောင့် ဧဒင်ကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်ကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို ပြောကြားသည်။

လက်ရှိတွင် လူမှုကွန်ယက်စာမျက်နှာများတွင် သတင်းထွက်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းကိစ္စ၊ ဒေါ်လာကိစ္စများနှင့်ပတ်သက်၍ ဘာမှမဆိုင်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ တီကျစ်ကျောက်မီးသွေးမိုင်းတွင်းကိစ္စနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း တို့သည်လည်း အရေးယူခံရမည့် အလားအလာရှိနေကြောင်း သိရသည်။

“ဦးဝင်းခိုင်ရယ်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ရယ်၊ အဓိကတော့ အဲဒီကျောက်မီးသွေးတွင်းက သူတို့ကုမ္ပဏီ ပဲ လုပ်တာ။ နောက်ပြီးတော့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကလည်း သူတို့ကုမ္ပဏီက လုပ်တာ။ အဓိက ကတော့ နိုင်ငံတော်က ၃ဝ ရာခိုင်နှုန်း၊ ပုဂ္ဂလိက ၇ဝ ရာခိုင်နှုန်းပေါ့နော်။ အဲဒီမှာ ခွဲဝေခံစားတဲ့ နိုင်ငံတော်ကို ပေးသွင်းရမယ့် ဓာတ်သတ္တု ၇ ရာခိုင်နှုန်း၊ အဲဒီဓာတ်သတ္တုတွေကို ရောင်းချတဲ့အခါမှာ ပြောင်းလဲလာတဲ့ နှစ်အလိုက်ပေါ့ ဓာတ်သတ္တုထုတ်လုပ်မှု တစ်တန်ရောင်းဈေး ၂ဝ၁၉ မှာ ဘယ်လောက်၊ ၂ဝ၁၉-၂ဝ၂ဝ မှာ ဘယ်လောက် ပြင်ဆင်ကောက်ခံရမည်ဖြစ်သော်လည်း ပြင်ဆင်ကောက်ခံခြင်းမရှိဘူး။ ၂ဝ၁၇ က ဈေးနှုန်း အတိုင်းပဲ တစ်တန်ရောင်းဈေး ၁၂ဝဝဝ ကျော်နဲ့ပဲတွက်ပြီး ကောက်ခံတယ်။ ကောက်ခံတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော်ကနေ ဓာတ်သတ္တုအပေါ် ကျပ်သန်း ၁၉ဝဝ၊ နိုင်ငံတော်ကရရှိဖို့ ၃ဝ ရာခိုင်နှုန်းပေါ်မှာ ငွေကျပ်သန်းပေါင်း ၁၄ဝဝဝ ကျော်၊ စုစုပေါင်း ငွေကျပ်သန်းပေါင်း ၁၅၉ဝဝ ကျော် နစ်နာခဲ့တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ စာချုပ်ချုပ်ဆိုရာတွင် ပါဝင်သည့် ပေးသွင်းရမည့်ငွေကြေးများနှင့် ပတ်သက်၍လည်း လျော့နည်းပေးသွင်းခဲ့ကြောင်းနှင့် ၎င်းအပေါ်တွင်လည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တီကျစ်မိုင်းတွင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စုတွင် တည်ရှိပြီး ဧဒင်စွမ်းအင်ကုမ္ပဏီမှ ၂ဝဝ၄ ခုနှစ်တွင် စတင်၍ ကျောက်မီးသွေး တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
တီက်စ္မိုင္းတြင္းထုတ္လုပ္မႈတြင္ ႏိုင္ငံအတြက္ က်ပ္သန္းေပါင္း ၁၅ဝဝဝ ေက်ာ္ နစ္နာမႈရွိခဲ့ေသာေၾကာင့္ ဦးခ်စ္ခိုင္ကို ထိန္းသိမ္းျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျဖရွင္း
NP News - ဧၿပီ ၂၆
တီက်စ္ေက်ာက္မီးေသြးမိုင္းတြင္းကိစၥႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္အတြက္ ေငြက်ပ္သန္းေပါင္း ၁၅ဝဝဝ ေက်ာ္ နစ္နာမႈရွိခဲ့ေသာေၾကာင့္ ဧဒင္ကုမၸဏီအုပ္စုဥကၠ႒ ဦးခ်စ္ခိုင္ကို ထိန္းသိမ္းျခင္းျဖစ္ေၾကာင္း နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက NP News ကို ေျပာၾကားသည္။

လက္ရွိတြင္ လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ သတင္းထြက္ေပၚေနသည့္ စက္သုံးဆီေဈးႏႈန္းကိစၥ၊ ေဒၚလာကိစၥမ်ားႏွင့္ပတ္သက္၍ ဘာမွမဆိုင္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

အဆိုပါ တီက်စ္ေက်ာက္မီးေသြးမိုင္းတြင္းကိစၥႏွင့္ပတ္သက္၍ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးေဟာင္း ဦးဝင္းခိုင္၊ ဒုတိယဝန္ႀကီးေဟာင္း ေဒါက္တာထြန္းႏိုင္ႏွင့္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးအုန္းဝင္း တို႔သည္လည္း အေရးယူခံရမည့္ အလားအလာရွိေနေၾကာင္း သိရသည္။

“ဦးဝင္းခိုင္ရယ္၊ ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏိုင္ရယ္၊ အဓိကေတာ့ အဲဒီေက်ာက္မီးေသြးတြင္းက သူတို႔ကုမၸဏီ ပဲ လုပ္တာ။ ေနာက္ၿပီးေတာ့ ေက်ာက္မီးေသြးဓာတ္အားေပးစက္႐ုံကလည္း သူတို႔ကုမၸဏီက လုပ္တာ။ အဓိက ကေတာ့ ႏိုင္ငံေတာ္က ၃ဝ ရာခိုင္ႏႈန္း၊ ပုဂၢလိက ၇ဝ ရာခိုင္ႏႈန္းေပါ့ေနာ္။ အဲဒီမွာ ခြဲေဝခံစားတဲ့ ႏိုင္ငံေတာ္ကို ေပးသြင္းရမယ့္ ဓာတ္သတၱဳ ၇ ရာခိုင္ႏႈန္း၊ အဲဒီဓာတ္သတၱဳေတြကို ေရာင္းခ်တဲ့အခါမွာ ေျပာင္းလဲလာတဲ့ ႏွစ္အလိုက္ေပါ့ ဓာတ္သတၱဳထုတ္လုပ္မႈ တစ္တန္ေရာင္းေဈး ၂ဝ၁၉ မွာ ဘယ္ေလာက္၊ ၂ဝ၁၉-၂ဝ၂ဝ မွာ ဘယ္ေလာက္ ျပင္ဆင္ေကာက္ခံရမည္ျဖစ္ေသာ္လည္း ျပင္ဆင္ေကာက္ခံျခင္းမရွိဘူး။ ၂ဝ၁၇ က ေဈးႏႈန္း အတိုင္းပဲ တစ္တန္ေရာင္းေဈး ၁၂ဝဝဝ ေက်ာ္နဲ႔ပဲတြက္ၿပီး ေကာက္ခံတယ္။ ေကာက္ခံတဲ့အတြက္ေၾကာင့္မို႔လို႔ ႏိုင္ငံေတာ္ကေန ဓာတ္သတၱဳအေပၚ က်ပ္သန္း ၁၉ဝဝ၊ ႏိုင္ငံေတာ္ကရရွိဖို႔ ၃ဝ ရာခိုင္ႏႈန္းေပၚမွာ ေငြက်ပ္သန္းေပါင္း ၁၄ဝဝဝ ေက်ာ္၊ စုစုေပါင္း ေငြက်ပ္သန္းေပါင္း ၁၅၉ဝဝ ေက်ာ္ နစ္နာခဲ့တယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ထို႔ျပင္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၌ စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ ပါဝင္သည့္ ေပးသြင္းရမည့္ေငြေၾကးမ်ားႏွင့္ ပတ္သက္၍လည္း ေလ်ာ့နည္းေပးသြင္းခဲ့ေၾကာင္းႏွင့္ ၎အေပၚတြင္လည္း အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

တီက်စ္မိုင္းတြင္းသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္ေလာင္းၿမိဳ႕နယ္ တီက်စ္ေက်း႐ြာအုပ္စုတြင္ တည္ရွိၿပီး ဧဒင္စြမ္းအင္ကုမၸဏီမွ ၂ဝဝ၄ ခုႏွစ္တြင္ စတင္၍ ေက်ာက္မီးေသြး တူးေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Picture

Ko Marky

26/04/2022 22:12

ဒီအချိန်မှာ ရရှိသင့်တဲ့ အခွန်ငွေနဲ့ ပေးသွင်းငွေတွေကိုပဲ ရအောင်ယူသင့်တယ်။ သူ့ကိုထောင်ချလိုက်လို့ သူ့စီးပွားရေးအင်ပါယာ ပြိုလဲပျက်ဆီးသွားရင်၊ မှီခိုနေတဲ့ မိသားစုတွေအပြင် နောက်ဆက်တွဲအနေနဲ့ တိုင်းပြည်စီးပွားရေးပါ ပိုအထိနာလိမ့်မယ်။

Related news

© 2021. All rights reserved.