ယဉ်ကျေးမှုတက္ကသိုလ်များတွင် တိုင်းရင်းသားများ၏ ရိုးရာဂီတနှင့်အကကို ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားမည်

778

ဖူးပြည့် (NP News) - ဧပြီ ၂၇
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး) တို့တွင် နစက တာဝန်ယူသည့်ကာလ၌ တိုင်းရင်းသားများ၏ ရိုးရာဂီတနှင့်အကကို ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးသွား မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းရရှိသည်။
သင်ကြားမည့် တိုင်းရင်းသားများတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတို့ပါဝင်မည်ဖြစ်ပြီး ဘာသာရပ်များကို သက်ဆိုင်ရာ တိုင်းရင်း သားကျွမ်းကျင်ပညာရှင်များဖြင့် သင်ကြားပို့ချနိုင်ရန်အတွက် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်များသင်ကြားပေးနိုင်မည့် ဆရာ ၊ ဆရာမများ ခန့် ထားရန်အတွက် ဝန်ထမ်းဖွဲ့စည်းပုံကိုလည်း တင်ပြခွင့်ပြုချက်ရရှိထားပြီးဖြစ်ကာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ကိုယ်စားလှယ် အဖွဲ့သည် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့တို့၏ အကူ အညီဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များနှင့် သွားရောက်တွေ့ဆုံ၍ တိုင်းရင်းသားတို့၏ ရိုးရာဂီတ နှင့် အကဘာသာရပ်များ သင်ကြားပို့ချနိုင်ရေး သင်ရိုးညွှန်းတမ်းပြုစုရေးဆွဲရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သည်လည်း သင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲ ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) တွင် ကရင်၊ မွန်၊ ရခိုင်တိုင်းရင်းသားသုံး မျိုးတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကိုသင်ကြားပေးမည်ဖြစ်ပြီး အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး)တွင် ကချင်၊ ကယား၊ ချင်း၊ ရှမ်း တိုင်းရင်းသား လေးမျိုးတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို သင်ကြားရန်စီစဉ်ထားကြောင်းသိရသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ၊ ဆရာအတတ်သင်ပညာဦးစီးဌာနရှိ ပညာ ရေး၊ ဒီဂရီကောလိပ်များ၌ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ၂ဝ၂၂ ခုနှစ် မေလ (၁၂) ရက်တွင်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သည် မြန်မာ့ရိုးရာ အနုပညာဘာသာရပ်များအတွက် ဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဘွဲ့လွန်သင်တန်းများကို ဖွင့်လှစ်၍ သင်ကြားပေးနေပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပ ညာတက္ကသိုလ်(မန္တလေး) သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင်တည်ရှိကာ မြန်မာနိုင်ငံရှိ အနုပညာတက္ကသိုလ်နှစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။

zawgyi version
ယဥ္ေက်းမႈတကၠသိုလ္မ်ားတြင္ တိုင္းရင္းသားမ်ား၏ ႐ိုးရာဂီတႏွင့္အကကို ဘာသာရပ္တစ္ခုအေနျဖင့္ ထည့္သြင္းသင္ၾကားမည္
ဖူးျပည့္ (NP News) - ဧၿပီ ၂၇
အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္(ရန္ကုန္)ႏွင့္ (မႏၲေလး) တို႔တြင္ နစက တာဝန္ယူသည့္ကာလ၌ တိုင္းရင္းသားမ်ား၏ ႐ိုးရာဂီတႏွင့္အကကို ဘာသာရပ္တစ္ခုအေနျဖင့္ ထည့္သြင္းသင္ၾကားေပးသြား မည္ျဖစ္ေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနမွ သတင္းရရွိသည္။
သင္ၾကားမည့္ တိုင္းရင္းသားမ်ားတြင္ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ရခိုင္၊ ရွမ္းတို႔ပါဝင္မည္ျဖစ္ၿပီး ဘာသာရပ္မ်ားကို သက္ဆိုင္ရာ တိုင္းရင္း သားကြၽမ္းက်င္ပညာရွင္မ်ားျဖင့္ သင္ၾကားပို႔ခ်ႏိုင္ရန္အတြက္ ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ ဘာသာရပ္မ်ားသင္ၾကားေပးႏိုင္မည့္ ဆရာ ၊ ဆရာမမ်ား ခန႔္ ထားရန္အတြက္ ဝန္ထမ္းဖြဲ႕စည္းပုံကိုလည္း တင္ျပခြင့္ျပဳခ်က္ရရွိထားၿပီးျဖစ္ကာ အမ်ိဳးသားယဥ္ေက်းမႈႏွင့္အႏုပညာ တကၠသိုလ္(ရန္ကုန္)မွ ကိုယ္စားလွယ္ အဖြဲ႕သည္ သက္ဆိုင္ရာျပည္နယ္အစိုးရအဖြဲ႕တို႔၏ အကူ အညီျဖင့္ တိုင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈ အဖြဲ႕မ်ားႏွင့္ သြားေရာက္ေတြ႕ဆုံ၍ တိုင္းရင္းသားတို႔၏ ႐ိုးရာဂီတ ႏွင့္ အကဘာသာရပ္မ်ား သင္ၾကားပို႔ခ်ႏိုင္ေရး သင္႐ိုးၫႊန္းတမ္းျပဳစုေရးဆြဲရန္ ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔အတူ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (မႏၲေလး) သည္လည္း သင္႐ိုးၫႊန္းတမ္း ျပဳစုေရးဆြဲ ရန္အတြက္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္(ရန္ကုန္) တြင္ ကရင္၊ မြန္၊ ရခိုင္တိုင္းရင္းသားသုံး မ်ိဳးတို႔၏ ႐ိုးရာဂီတႏွင့္ အကဘာသာရပ္မ်ားကိုသင္ၾကားေပးမည္ျဖစ္ၿပီး အမ်ိဳးသား ယဥ္ေက်းမႈႏွင့္အႏုပညာ တကၠသိုလ္(မႏၲေလး)တြင္ ကခ်င္၊ ကယား၊ ခ်င္း၊ ရွမ္း တိုင္းရင္းသား ေလးမ်ိဳးတို႔၏ ႐ိုးရာဂီတႏွင့္ အကဘာသာရပ္မ်ားကို သင္ၾကားရန္စီစဥ္ထားေၾကာင္းသိရသည္။
ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနရွိ တကၠသိုလ္၊ ဒီဂရီေကာလိပ္ႏွင့္ေကာလိပ္မ်ား၊ ဆရာအတတ္သင္ပညာဦးစီးဌာနရွိ ပညာ ေရး၊ ဒီဂရီေကာလိပ္မ်ား၌ ဘြဲ႕ႀကိဳ၊ ဘြဲ႕လြန္သင္တန္းမ်ားကို ၂ဝ၂၂ ခုႏွစ္ ေမလ (၁၂) ရက္တြင္စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီး ဌာနက ထုတ္ျပန္ထားၿပီးျဖစ္သည္။
အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္(ရန္ကုန္)သည္ ျမန္မာ့႐ိုးရာ အႏုပညာဘာသာရပ္မ်ားအတြက္ ဝိဇၨာဘြဲ႕၊ ဝိဇၨာဘြဲ႕လြန္သင္တန္းမ်ားကို ဖြင့္လွစ္၍ သင္ၾကားေပးေနၿပီး အမ်ိဳးသားယဥ္ေက်းမႈႏွင့္အႏုပ ညာတကၠသိုလ္(မႏၲေလး) သည္ မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္တြင္တည္ရွိကာ ျမန္မာႏိုင္ငံရွိ အႏုပညာတကၠသိုလ္ႏွစ္ခုအနက္ တစ္ခုအပါအဝင္ျဖစ္သည္။