ငါးသိုင်းချောင်း-ဂွကားလမ်းတွင် လူ(၄ဝ)ဦးခန့်လိုက်ပါလာသည့် ခရီးသည်တင်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွား

 1490

ရဲပြည့် (NP News) - မေ ၁
ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြိုနယ်ရှိ ငါးသိုင်းချောင်း-ဂွကားလမ်း ဗေဒါ (၂၈/၅၆) မရောက်မီ မိုင်တိုင်၂၆/၅၆ တွင် ခရီးသည်(၄ဝ)ခန့်လိုက်ပါလာသည့်”ရွှေစင်ဝတီ”ယာဉ်လိုင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း ငါးသိုင်းချောင်းမြို့နယ်ရှိ အာယုပါလဆေးနှင့်သွေးအလှူတော်အဖွဲ့ထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ဧပြီလ (၃ဝ)ရက်၊ ညနေ(၆)ခွဲခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာယုပါလဆေးနှင့်သွေးအလှူတော်အဖွဲ့မှ လူနာတင်ယာဉ် (၃) စီးအပါအဝင် လူနာတင်ယာဉ်စုစုပေါင်း(၉)စီးဖြင့် သွားရောက်ကူညီပေးခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

“ငါးသိုင်းချောင်းနယ်မြေရဲစခန်းက ကားတစ်စီးတိမ်မှောက်မှုဖြစ်ပွားလို့ဖုန်းဆက်တယ်။ ခရီးသည်တင်ယာဉ်ဖြစ်တော့ လူများမယ်လို့သူတို့က ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့ကို လူနာတင်ကား ထွက်ပေးလို့ရရင် ထွက်ပေးပါလို့ပြောတယ်။ အဲဒါနဲ့ကျွန်တော်တိုရှိတဲ့(၃)စီးနဲ့သွားတယ်။ အသေအပျောက်တော့မရှိဘူး။ ကျွန်တော်တို့မရောက်ခင်လေးမှာ Canter တစ်စီးနဲ့ ထိခိုက်ဒဏ်ရတဲ့သူတွေကို တင်ပေးလိုက်တယ်လို့ပြောတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာတော့ ခေါင်းပေါက်တာ ၊ခြေထောက်နာတာ၊ လက်နာတာ ဒီလောက်ပဲကျန်တော့တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

ငါးသိုင်းချောင်း-ဂွသွားလမ်းရှိ ဗေဒါ (၂၈/၅၆) မရောက်မီ မိုင်တိုင်၂၆/၅၆ နေရာသည် အကွေ့အကောက်အတက်အဆင်းလမ်းပိုင်းဖြစ်ပြီးသတိ ထားမောင်းနင်ရသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ထို့ပြင် ယာဉ်တိမ်းမှောက်မှုကြောင့် ကားခေါင်းခန်းတစ်ခုလုံးနီးပါး ကြေ မွသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ရေကြည်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ငါးသိုင္းေခ်ာင္း-ဂြကားလမ္းတြင္ လူ(၄ဝ)ဦးခန႔္လိုက္ပါလာသည့္ ခရီးသည္တင္ယာဥ္(၁)စီး တိမ္းေမွာက္မႈျဖစ္ပြား
ရဲျပည့္ (NP News) - ေမ ၁

ဧရာဝတီတိုင္းေဒသႀကီး ငါးသိုင္းေခ်ာင္းၿမိဳနယ္ရွိ ငါးသိုင္းေခ်ာင္း-ဂြကားလမ္း ေဗဒါ (၂၈/၅၆) မေရာက္မီ မိုင္တိုင္၂၆/၅၆ တြင္ ခရီးသည္(၄ဝ)ခန႔္လိုက္ပါလာသည့္”ေ႐ႊစင္ဝတီ”ယာဥ္လိုင္းတိမ္းေမွာက္မႈျဖစ္ပြားခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ အမ်ားအျပားရွိခဲ့ေၾကာင္း ငါးသိုင္းေခ်ာင္းၿမိဳ႕နယ္ရွိ အာယုပါလေဆးႏွင့္ေသြးအလႉေတာ္အဖြဲ႕ထံမွ သိရသည္။

အဆိုပါ ျဖစ္စဥ္သည္ ဧၿပီလ (၃ဝ)ရက္၊ ညေန(၆)ခြဲခန႔္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အာယုပါလေဆးႏွင့္ေသြးအလႉေတာ္အဖြဲ႕မွ လူနာတင္ယာဥ္ (၃) စီးအပါအဝင္ လူနာတင္ယာဥ္စုစုေပါင္း(၉)စီးျဖင့္ သြားေရာက္ကူညီေပးခဲ့ေၾကာင္း အဆိုပါအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

“ငါးသိုင္းေခ်ာင္းနယ္ေျမရဲစခန္းက ကားတစ္စီးတိမ္ေမွာက္မႈျဖစ္ပြားလို႔ဖုန္းဆက္တယ္။ ခရီးသည္တင္ယာဥ္ျဖစ္ေတာ့ လူမ်ားမယ္လို႔သူတို႔က ယူဆတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ကို လူနာတင္ကား ထြက္ေပးလို႔ရရင္ ထြက္ေပးပါလို႔ေျပာတယ္။ အဲဒါနဲ႔ကြၽန္ေတာ္တိုရွိတဲ့(၃)စီးနဲ႔သြားတယ္။ အေသအေပ်ာက္ေတာ့မရွိဘူး။ ကြၽန္ေတာ္တို႔မေရာက္ခင္ေလးမွာ Canter တစ္စီးနဲ႔ ထိခိုက္ဒဏ္ရတဲ့သူေတြကို တင္ေပးလိုက္တယ္လို႔ေျပာတယ္။ ကြၽန္ေတာ္တို႔ ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ေခါင္းေပါက္တာ ၊ေျခေထာက္နာတာ၊ လက္နာတာ ဒီေလာက္ပဲက်န္ေတာ့တယ္" ဟု ၎က ဆက္လက္ေျပာသည္။

ငါးသိုင္းေခ်ာင္း-ဂြသြားလမ္းရွိ ေဗဒါ (၂၈/၅၆) မေရာက္မီ မိုင္တိုင္၂၆/၅၆ ေနရာသည္ အေကြ႕အေကာက္အတက္အဆင္းလမ္းပိုင္းျဖစ္ၿပီးသတိ ထားေမာင္းနင္ရသည့္ လမ္းေၾကာင္းတစ္ခုျဖစ္ေၾကာင္းလည္း ေဒသခံမ်ား၏ ေျပာျပခ်က္အရသိရသည္။

ထို႔ျပင္ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကားေခါင္းခန္းတစ္ခုလုံးနီးပါး ေၾက မြသြားခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားအား ေရၾကည္ၿမိဳ႕နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ေဆးကုသမႈမ်ားေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.