အသက်(၁၈)နှစ်အောက် ကလေးများအတွက် တားမြစ်ထားသည့် ဘေးအန္တရာယ်ဖြစ်စေမည့် လုပ်ငန်းအမျိုးအစားများအတည်ပြုပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်နေဟုဆို

1467

ရဲပြည့် (NP News) - မေ ၂
အသက်(၁၈)နှစ်အောက် ကလေးများအတွက် တားမြစ်ထားသည့် ဘေး အန္တရာယ်ဖြစ်စေမည့် လုပ်ငန်းအမျိုးအစားများနှင့် လုပ်ငန်းခွင်များစာ ရင်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နစက ဥက္ကဋ္ဌက မေလ(၁)ရက်တွင်ကျရောက်သည့် ကမ္ဘာ့အလုပ်သမားများနေ့အခမ်းအနားသို့ပေးပိုသည့် သဝဏ်လွှာတွင် ယခုကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများ ပုံမှန်လည်ပတ်လုပ်ကိုင်နိုင်ရေးနှင့် ထုတ်လုပ်မှု လုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ အလုပ်သမား၊ အလုပ်ရှင်များ ဝင်ငွေရရှိပြီး နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိစေရေးတို့ အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများပါဝင်သည့်အဖွဲမှ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက် စေရေးကို ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းမှ ထည့်သွင်းပြောသည်။
ထို့ပြင် လုပ်ငန်းခွင်အေးချမ်းသာယာစေရေးနှင့် ကုန်ထုတ်လုပ်မှု တိုး တက်ရေးတို့အတွက် လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုများ လျော့နည်းစေရေးသည် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ခြင်းကြောင့် လုပ်ငန်းများတွင် ဖြစ်ပွားသည့် အငြင်းပွားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များပါဝင်သည့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) များ၊ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သော မြိုနယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲများ၊ တိုင်းဒေသကြီး / ပြည်နယ်ခုံသမာဓိအဖွဲ့များနှင့် ခုံသမာဓိကောင်စီတို့ကို ဖွဲစည်းထားရှိပြီး အငြင်းပွားမှုများကို မျှမျှတတနှင့် သမာသမတ်ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
သမိုင်းမှတ်တမ်းများအရ ၁၉ ရာစုတွင် စက်ရုံ အလုပ်ရုံများ၌ အလုပ် သမားများအနေဖြင့် သတ်မှတ်အချိန်ထက် ပိုမိုစေခိုင်းခံရပြီး လုပ်အားရယူ အမြတ်ထုတ်ခံရမှုများအပေါ် ၎င်းတို့၏ ရသင့်ရထိုက်သည့် အခွင့် အရေးများရရှိရေးအတွက် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသောအားဖြင့် မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ် သည်။
၂ဝ၁၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ နိုင်ငံ၏ လုပ်သားအင်အားတွင် အသက် ၁၅ နှစ်နှင့်အထက် အလုပ်လုပ်ကိုင်သူ ဦးရေအချိုးသည် ၆၃.၄ ရာခိုင်နှုန်း ဖြစ်ပြီး အသက် ၁၅ နှစ်နှင့် အထက် အလုပ်လုပ်ကိုင်သူ ဦးရေ၏ ၃.၉ ရာခိုင်နှုန်းသည် အလုပ် လုပ်ကိုင်ရန် လျှောက်ထား ကြသော်လည်း အလုပ်ရရှိမှု မရှိကြောင်း သိရသည်။

zawgyi version
အသက္(၁၈)ႏွစ္ေအာက္ ကေလးမ်ားအတြက္ တားျမစ္ထားသည့္ ေဘးအႏၲရာယ္ျဖစ္ေစမည့္ လုပ္ငန္းအမ်ိဳးအစားမ်ားအတည္ျပဳျပ႒ာန္းႏိုင္ေရးေဆာင္႐ြက္ေနဟုဆို
ရဲျပည့္ (NP News) - ေမ ၂
အသက္(၁၈)ႏွစ္ေအာက္ ကေလးမ်ားအတြက္ တားျမစ္ထားသည့္ ေဘး အႏၲရာယ္ျဖစ္ေစမည့္ လုပ္ငန္းအမ်ိဳးအစားမ်ားႏွင့္ လုပ္ငန္းခြင္မ်ားစာရင္း အတည္ျပဳျပ႒ာန္းႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစက ဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
နစက ဥကၠ႒က ေမလ(၁)ရက္တြင္က်ေရာက္သည့္ ကမာၻ႔အလုပ္သမားမ်ားေန႔အခမ္းအနားသို႔ေပးပိုသည့္ သဝဏ္လႊာတြင္ ယခုကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
စက္႐ုံ၊ အလုပ္႐ုံ၊ ဆိုင္၊ အလုပ္ဌာနမ်ား ပုံမွန္လည္ပတ္လုပ္ကိုင္ႏိုင္ေရးႏွင့္ ထုတ္လုပ္မႈ လုပ္ငန္းမ်ားအား ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ေရး၊ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရရွိေစေရး၊ အလုပ္သမား၊ အလုပ္ရွင္မ်ား ဝင္ေငြရရွိၿပီး ႏိုင္ငံျခားဝင္ေငြမ်ား တိုးတက္ရရွိေစေရးတို႔ အတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားပါဝင္သည့္အဖြဲမွ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္ေရး ၫႊန္ၾကားခ်က္၊ လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာၫႊန္ၾကားခ်က္မ်ားႏွင့္အညီ လုပ္ကိုင္ေဆာင္႐ြက္ ေစေရးကို ၾကပ္မတ္စစ္ေဆး ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ၎မွ ထည့္သြင္းေျပာသည္။
ထို႔ျပင္ လုပ္ငန္းခြင္ေအးခ်မ္းသာယာေစေရးႏွင့္ ကုန္ထုတ္လုပ္မႈ တိုး တက္ေရးတို႔အတြက္ လုပ္ငန္းခြင္ဆိုင္ရာ အျငင္းပြားမႈမ်ား ေလ်ာ့နည္းေစေရးသည္ အေရးပါေသာ က႑တစ္ရပ္ျဖစ္ျခင္းေၾကာင့္ လုပ္ငန္းမ်ားတြင္ ျဖစ္ပြားသည့္ အျငင္းပြားမႈမ်ားႏွင့္ပတ္သက္၍ ေျဖရွင္းေဆာင္႐ြက္ႏိုင္ရန္အတြက္ အလုပ္ရွင္ႏွင့္ အလုပ္သမား ကိုယ္စားလွယ္မ်ားပါဝင္သည့္ အလုပ္သမားေရးရာ လုပ္ငန္းညႇိႏႈိင္းေရးေကာ္မတီ (WCC) မ်ား၊ အစိုးရ၊ အလုပ္ရွင္ႏွင့္ အလုပ္သမား ကိုယ္စားလွယ္မ်ား ပါဝင္ေသာ ၿမိဳနယ္ညႇိႏႈိင္းဖ်န္ေျဖေရး အဖြဲမ်ား၊ တိုင္းေဒသႀကီး / ျပည္နယ္ခုံသမာဓိအဖြဲ႕မ်ားႏွင့္ ခုံသမာဓိေကာင္စီတို႔ကို ဖြဲစည္းထားရွိၿပီး အျငင္းပြားမႈမ်ားကို မွ်မွ်တတႏွင့္ သမာသမတ္ျဖင့္ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးျဖစ္ေစေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။
သမိုင္းမွတ္တမ္းမ်ားအရ ၁၉ ရာစုတြင္ စက္႐ုံ အလုပ္႐ုံမ်ား၌ အလုပ္ သမားမ်ားအေနျဖင့္ သတ္မွတ္အခ်ိန္ထက္ ပိုမိုေစခိုင္းခံရၿပီး လုပ္အားရယူ အျမတ္ထုတ္ခံရမႈမ်ားအေပၚ ၎တို႔၏ ရသင့္ရထိုက္သည့္ အခြင့္ အေရးမ်ားရရွိေရးအတြက္ ႀကိဳးစားအားထုတ္မႈကို အသိအမွတ္ျပဳေသာအားျဖင့္ ေမလ ၁ ရက္ေန႔ကို ကမာၻ႔အလုပ္သမားေန႔အျဖစ္ သတ္မွတ္ခဲ့ၿပီး ျမန္မာႏိုင္ငံအပါအဝင္ ကမာၻတစ္ဝန္းတြင္ ႏွစ္စဥ္က်င္းပခဲ့ျခင္းျဖစ္ သည္။
၂ဝ၁၄ ခုႏွစ္ လူဦးေရ ႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းအရ ႏိုင္ငံ၏ လုပ္သားအင္အားတြင္ အသက္ ၁၅ ႏွစ္ႏွင့္အထက္ အလုပ္လုပ္ကိုင္သူ ဦးေရအခ်ိဳးသည္ ၆၃.၄ ရာခိုင္ႏႈန္း ျဖစ္ၿပီး အသက္ ၁၅ ႏွစ္ႏွင့္ အထက္ အလုပ္လုပ္ကိုင္သူ ဦးေရ၏ ၃.၉ ရာခိုင္ႏႈန္းသည္ အလုပ္ လုပ္ကိုင္ရန္ ေလွ်ာက္ထား ၾကေသာ္လည္း အလုပ္ရရွိမႈ မရွိေၾကာင္း သိရသည္။