ဘန်ကောက်ရှိ Siam Square ကုန်တိုက်အပြင်ဘက်မှာ နှစ်ပေါင်း ၆၆ သန်း သက်တမ်းရှိ ရေနေသတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိ

1713

ရောင်နီ (NP News) - မေ ၄
ဘန်ကောက်မြို့ ဈေးဝယ်စင်တာအပြင်ဘက်လျှောက်လမ်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းကျော်က ရေနေသတ္တဝါတို့ရဲ့အခွံ ၇ဝ ကျော်ကို တွေ့ရှိခဲ့တယ်လို့ ထိုင်းကျွမ်းကျင်သူတွေက အတည်ပြုခဲ့ပါတယ်။
Siam Square ဈေးဝယ်စင်တာရှိ မီတာ ၄ဝဝ ရှည်လျားသော လူသွားလမ်းတစ်လျှောက်မှာ ၁၂ စင်တီမီတာရှိ ခရုပုံသဏ္ဍာန် ရုပ်ကြွင်းများကို ဈေးဝယ်သူတစ်ဦးက ဦးစွာတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သုတေသန ပညာရှင်များက ယင်းနေရာမှာပဲ အမိုနိုက်ကျောက်ဖြစ်ရုပ်ကြွင်း ၇၇ ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Ammonites အမည်ရှိ ယင်းရေနေသတ္တဝါများဟာ လွန်ခဲ့သောနှစ်ပေါင်း ၆၆ သန်းခန့်က သေဆုံးခဲ့တယ်လို့ ယုံ ကြည်ရကြောင်း ဝန်ကြီးဌာန ရုပ်ကြွင်းကာကွယ်ရေးဌာနမှ ဒါရိုက်တာ Preecha Saithong က ဆိုပါတယ်။
Ammonites တွေ ရှင်သန်ခဲ့တယ်ဆိုတာ အမှန်ပါပဲလို့ ၎င်းက ပြောကြားပြီး အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းများဟာ ထိုင်းနိုင်ငံမှာတွေ့ရလေ့ရှိတဲ့ အမျိုးအစားများနဲ့ကွဲပြားကြောင်း ဆိုပါတယ်။ ဈေးဝယ်စင်တာက လူသွားလမ်းကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကပြုပြင်ခဲ့ပြီး ဆပ်ကန်ထရိုက်တာများက အလှဆင်တဲ့အနေနဲ့ ကွန်ကရစ်ခင်းရာမှာ ယင်းရုပ်ကြွင်းများကို ထည့်သွင်းဆောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြပါတယ်။
Jurassic နဲ့ Cretaceous ကာလများအတွင်း သုမုဒ္ဒရာမှာနေထိုင်ခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများကို မာဒါဂါစကာ နဲ့ မိုရိုကို အပါအဝင် နာမည်ကျော် ခရီးသွားနေရာအများအပြားမှာ အမှတ်တရအဖြစ် ရောင်းချလေ့ ရှိကြပါတယ်။

zawgyi version
ဘန္ေကာက္ရွိ Siam Square ကုန္တိုက္အျပင္ဘက္မွာ ႏွစ္ေပါင္း ၆၆ သန္း သက္တမ္းရွိ ေရေနသတၱဝါ ေက်ာက္ ျဖစ္႐ုပ္ႂကြင္းမ်ား ေတြ႕ရွိ
ေရာင္နီ (NP News) - ေမ ၄
ဘန္ေကာက္ၿမိဳ႕ ေဈးဝယ္စင္တာအျပင္ဘက္ေလွ်ာက္လမ္းမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၆၆ သန္းေက်ာ္က ေရေနသတၱဝါတို႔ရဲ႕အခြံ ၇ဝ ေက်ာ္ကို ေတြ႕ရွိခဲ့တယ္လို႔ ထိုင္းကြၽမ္းက်င္သူေတြက အတည္ျပဳခဲ့ပါတယ္။
Siam Square ေဈးဝယ္စင္တာရွိ မီတာ ၄ဝဝ ရွည္လ်ားေသာ လူသြားလမ္းတစ္ေလွ်ာက္မွာ ၁၂ စင္တီမီတာရွိ ခ႐ုပုံသ႑ာန္ ႐ုပ္ႂကြင္းမ်ားကို ေဈးဝယ္သူတစ္ဦးက ဦးစြာေတြ႕ရွိခဲ့ပါတယ္။ အဲ့ဒီေနာက္ သယံဇာတနဲ႔ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနမွ သုေတသန ပညာရွင္မ်ားက ယင္းေနရာမွာပဲ အမိုႏိုက္ေက်ာက္ျဖစ္႐ုပ္ႂကြင္း ၇၇ ခုကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ Ammonites အမည္ရွိ ယင္းေရေနသတၱဝါမ်ားဟာ လြန္ခဲ့ေသာႏွစ္ေပါင္း ၆၆ သန္းခန႔္က ေသဆုံးခဲ့တယ္လို႔ ယုံ ၾကည္ရေၾကာင္း ဝန္ႀကီးဌာန ႐ုပ္ႂကြင္းကာကြယ္ေရးဌာနမွ ဒါ႐ိုက္တာ Preecha Saithong က ဆိုပါတယ္။
Ammonites ေတြ ရွင္သန္ခဲ့တယ္ဆိုတာ အမွန္ပါပဲလို႔ ၎က ေျပာၾကားၿပီး အဆိုပါ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားဟာ ထိုင္းႏိုင္ငံမွာေတြ႕ရေလ့ရွိတဲ့ အမ်ိဳးအစားမ်ားနဲ႔ကြဲျပားေၾကာင္း ဆိုပါတယ္။ ေဈးဝယ္စင္တာက လူသြားလမ္းကို လြန္ခဲ့တဲ့ ၂ ႏွစ္ခန႔္ကျပဳျပင္ခဲ့ၿပီး ဆပ္ကန္ထ႐ိုက္တာမ်ားက အလွဆင္တဲ့အေနနဲ႔ ကြန္ကရစ္ခင္းရာမွာ ယင္း႐ုပ္ႂကြင္းမ်ားကို ထည့္သြင္းေဆာက္ခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း ေဒသတြင္း မီဒီယာမ်ားက ေဖာ္ျပပါတယ္။
Jurassic နဲ႔ Cretaceous ကာလမ်ားအတြင္း သုမုဒၵရာမွာေနထိုင္ခဲ့တဲ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားကို မာဒါဂါစကာ နဲ႔ မို႐ိုကို အပါအဝင္ နာမည္ေက်ာ္ ခရီးသြားေနရာအမ်ားအျပားမွာ အမွတ္တရအျဖစ္ ေရာင္းခ်ေလ့ ရွိၾကပါတယ္။