မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ Green House Inn တည်းခိုးခန်း၌ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွင် လက်နက်များနှင့်အတူ အသေဖမ်းဆီးရမိဟု ဆို

 1254

NP News - မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြိုနယ်ရှိ Green House Inn တည်းခိုးခန်းတွင် အပြန် အလှန် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီနောက် ဖမ်းဆီးရမိသူများအား လက်နက်များနှင့်အတူ အသေဖမ်းဆီးရမိခဲ့ ကြောင်း နစက၏ မေလ ၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်သည် မေလ(၃) ရက်နေ့ မွန်းလွှဲ ၁၂ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရကာ အပြန် အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် တည်ခိုးခန်းတွင်နေထိုင်ခဲ့သူ (၅) ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းများ ထွက်ပေါ်ခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်သာယာရပ် Green House Inn တည်းခိုခန်း တွင် လက်နက်ကိုင်သမားများ ရောက်ရှိတည်းခိုနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေ စစ်ဆေးစဉ် လက်နက်ကိုင်သမားများဘက်မှ စတင်၍ ပစ္စတိုသေနတ်များဖြင့် အခန်းအတွင်းမှပစ်ခတ်ကာ ပြတင်းပေါက်မှ ခုန်ချထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နစက ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်အရ ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၉ တောင့်၊ လက်ပစ်ဗုံး(၁)လုံးတိုနှင့်အတူ အဆိုပါလက်နက်ကိုင်သမားများအား အသေဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများအတွင်း သေဆုံးသွားခဲ့သူများမှာ MNPDF (မြစ်ငယ် PDF) အဖွဲ့မှ ဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ပြီး၊ ဒဏ်ရာများရရှိခဲ့မှုကြောင့် Green House Inn တည်းခိုခန်းတွင် ဝင်ရောက် တည်းခိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သေဆုံးခဲ့မှုနှင့်ပတ်သက်၍ MNPDF (မြစ်ငယ် PDF) အဖွဲ့မှ ဗိုလ်ကျုံးထန်၊ ရဲဘော်ညီကို၊ ရဲဘော်သြဘာ၊ ရဲဘော်ဖက်တီး နှင့် ရဲဘော်မအိ တို့ဖြစ် ကြောင်းနှင့် ၎င်းတိုသေဆုံးမှုအတွက် ဝမ်းနည်းရပါကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

https://npnewsmm.com/news/627328d6ae00bc781e6b94f6

Zawgyi Version;
မႏၲေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ Green House Inn တည္းခိုးခန္း၌ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈတြင္ လက္နက္မ်ားႏွင့္အတူ အေသဖမ္းဆီးရမိဟု ဆို
NP News - ေမ ၅
မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳနယ္ရွိ Green House Inn တည္းခိုးခန္းတြင္ အျပန္ အလွန္ ပစ္ခတ္တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ၿပီေနာက္ ဖမ္းဆီးရမိသူမ်ားအား လက္နက္မ်ားႏွင့္အတူ အေသဖမ္းဆီးရမိခဲ့ ေၾကာင္း နစက၏ ေမလ ၅ ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါျဖစ္စဥ္သည္ ေမလ(၃) ရက္ေန႔ မြန္းလႊဲ ၁၂ နာရီတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရကာ အျပန္ အလွန္ ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ျခင္းေၾကာင့္ တည္ခိုးခန္းတြင္ေနထိုင္ခဲ့သူ (၅) ဦး ေသဆုံးခဲ့ေၾကာင္း ကနဦးသတင္းမ်ား ထြက္ေပၚခဲ့သည္။

ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ကန္သာယာရပ္ Green House Inn တည္းခိုခန္း တြင္ လက္နက္ကိုင္သမားမ်ား ေရာက္ရွိတည္းခိုေနေၾကာင္း သတင္းအရ ဝင္ေရာက္ရွာေဖြ စစ္ေဆးစဥ္ လက္နက္ကိုင္သမားမ်ားဘက္မွ စတင္၍ ပစၥတိုေသနတ္မ်ားျဖင့္ အခန္းအတြင္းမွပစ္ခတ္ကာ ျပတင္းေပါက္မွ ခုန္ခ်ထြက္ေျပးသြားခဲ့ေၾကာင္း၊ ထို႔ေနာက္ လံုျခံဳေရးတပ္ဖြဲ႕ဝင္မ်ားမွ ျပန္လည္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း နစက ထုတ္ျပန္ခ်က္အရ သိရသည္။ ထုတ္ျပန္ခ်က္အရ ပစၥတိုေသနတ္ ၁ လက္၊ ၉ မမက်ည္ ၉ ေတာင့္၊ လက္ပစ္ဗုံး(၁)လုံးတိုႏွင့္အတူ အဆိုပါလက္နက္ကိုင္သမားမ်ားအား အေသဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။

အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားအတြင္း ေသဆုံးသြားခဲ့သူမ်ားမွာ MNPDF (ျမစ္ငယ္ PDF) အဖြဲ႕မွ ျဖစ္ေၾကာင္း စစ္ေဆးသိရွိခဲ့ၿပီး၊ ဒဏ္ရာမ်ားရရွိခဲ့မႈေၾကာင့္ Green House Inn တည္းခိုခန္းတြင္ ဝင္ေရာက္ တည္းခိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၄င္းတို႔ေသဆံုးခဲ့မႈနွင့္ပတ္သက္၍ MNPDF (ျမစ္ငယ္ PDF) အဖြဲ႕မွ ဗိုလ္က်ဳံးထန္၊ ရဲေဘာ္ညီကို၊ ရဲေဘာ္ၾသဘာ၊ ရဲေဘာ္ဖက္တီး ႏွင့္ ရဲေဘာ္မအိ တို႔ျဖစ္ ေၾကာင္းႏွင့္ ၄င္းတိုေသဆုံးမႈအတြက္ ဝမ္းနည္းရပါေၾကာင္း ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။

https://npnewsmm.com/news/627328d6ae00bc781e6b94f6

© 2021. All rights reserved.