ပူတင်၏ တံခါးပေါက်ဝကို နေတိုးက သွား“ဟောင်” သဖြင့် ယူကရိန်းစစ် စတင်ဖြစ်ရခြင်းဖြစ်ဟု ပုပ်ရဟန်းမင်း မိန့်ကြား (ဘာသာပြန်ဆောင်းပါး)

 1736

Htay Oung (NP News) - မေ ၅
ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှှုစတင်ကတည်းက အပစ်အခတ်ရပ်စဲရေး ကြားဝင်စေ့စပ်ဖို့အတွက် ကိရိ ယက်ဗ်မြို့သို့ ခရီးထွက်ဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က စိတ်ကူးရွက်လွှင့်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အခု သုံးလနီးပါးကြာမြင့်လာပြီဖြစ်တဲ့စစ်ပွဲမှာ အမြင်အားဖြင့် ကိုယ်တိုင် ရှုံ့ချခဲ့ဖူးခြင်းမရှိတဲ့ ဗလာဒီမာပူတင်နဲ့ စကားစမြည်ပြောဆိုဖို့ မော်စကိုမြို့သို့သွားဖို့ ပိုမိုနှစ်သက်ကြောင်း မိန့်ကြားတယ်လို့ အမေရိကန်သတင်းမီဒီယာ Daily Beast က ယမန်နေ့ရေးသားပါတယ်။

“ ကိရိယက်ဗ်ကို မသွားခင် မော်စကိုကို အရင်သွားရမယ်လို့ စိတ်ထဲခံစားရတယ်" လို့ အီတလီသတင်းစာ “ကော်ရီလီဒီလာဆီရာ” နဲ့ မေလ ၃ ရက်၊ အင်္ဂါနေ့က တွေ့ဆုံရာမှာ မိန့်ကြားလိုက်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ရဟန်းမင်းကြီး မိန့်ကြားပုံအရ တွေ့ဆုံမှုဟာ ပူတင်ကို ရှုတ်ချဖို့တော့ အတိအကျ ဟုတ်ပုံမရဘူးလို့ အီတလီ သတင်းစာက သုံးသပ်ပါတယ်။ “ ပူတင်ရဲ့ စစ်” လို့ မကောင်းသတင်း အပုပ်နံ့ထွက်နေရခြင်းဟာ တကယ်တော့ “ရုရှားရဲ့တံခါးပေါက်ဝကို နေတိုးက သွားဟောင်လို့ စတင်ခဲ့တာဖြစ်ပြီး တစ်ဖက်က ဆိုးဆိုးရွားရွားတုန့်ပြန်တဲ့ အခါ ပဋိပက္ခတွေ အန်ထွက်လာခြင်းဖြစ်တယ်လို့ ဖရန့်စစ်က မိန့်ကြားပါတယ်။

သက်တော် ၈၅ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဒူးရွတ်စုတ်ပြဲတဲ့ ဒဏ်ရာရရှိခဲ့လို့ လမ်းမလျှောက်နိုင်ဘဲ ရှိနေပြီး မကြာမီ ခွဲစိတ်ကုသတော့ရမယ်လို့ သိရပါတယ်။ အဲဒီလိုဖြစ်နေချိန် ကိုယ်တော်ဖုန်းခေါ်တာကိုတောင် ပူတင်အနေနဲ့ ဘယ်တုန်းကမှ အရေးမလုပ်ခဲ့ဘူးဆိုတာလဲ အလေးအနက်ထားခြင်း မရှိပါ။

စစ်ပွဲဟာ လက်နက်ရောင်းဝယ်ကြဖို့ အတော်ကြီးမားတဲ့အခွင့်အလမ်းဆိုတာထက် သာလွန်နေကြောင်းနဲ့ ယူကရိန်းသို့လက်နက်များ အတောမသတ်နိုင်တင်ပို့နေလို့သာ စစ်ပွဲ ဆက်လက်ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း အင်တာဗျူးသူနဲ့ အခြားပရိသတ်ဗိုလ်ပုံအလည်မှာ ပုပ်ဖရန်စစ်က ထပ်ခါတလဲလဲ မှတ်ချက်ပေးခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇီလန်စကီးနဲ့ နှစ်ကြိမ်တိုင်တိုင် ဖုန်းပြောဆိုခဲ့သမျှ အများစုဟာ ရန်မူတုန့်ပြန်ခြင်း မပြု ဖို့ တိုက်တွန်းထားပါတယ်။ အခုဖြစ်ပျက်နေတဲ့ကိစ္စများနဲ့ပတ်သက်ပြီး “ကိုယ်တော်ရဲ့စိုးရိမ်မှုများကို ဖော်ပြရန်” အတွက် ကျူးကျော်မှုစတင်ဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ရုရှားသံရုံးကိုလည်း ကြွရောက်ခဲ့ပါသေးတယ်။

"ယူကရိန်းနိုင်ငံသားတွေကို ထောက်ပံ့ပေးနေကြတာ တရားမျှတမှန်ကန်မှု ရှိ/မရှိဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး “ကိုယ်တော် ဘယ်လိုဖြေရမှန်း မသိတော့ဘူး။ အရမ်းဝေးနေတယ်" လို့ပဲ မှတ်ချက်ပေးပါတယ်။

“ရှင်းရှင်းပြောရရင် အဲဒီလက်နက်တွေနဲ့ ယူကရိန်းမှာ စမ်းသပ်နေကြပါတယ်။ တင့်ကားတွေကို နည်းနည်းပဲ သုံးပြီး တစ်ခြားအရာများကို တွေးတောနေကြတယ်ဆိုတာ ရုရှားတွေ အခုသိလာကြပါတယ်၊ အဲဒီလိုနဲ့ ထုတ် လုပ်ထားသမျှ လက်နက်တွေကိုစမ်းသပ်ဖို့ စစ်တိုက်နေကြပါတယ်။ ဒီလိုကုန်သွယ်မှုကိစ္စမျိုးကို ဆန့်ကျင်နေသူ လူနည်းနည်းလောက်ပဲ ရှိသေးပေမယ့် ဒီထက်မက လုပ်ဆောင်သင့်ကြောင်း ပုပ်ဖရန်စစ်က မိန့်ကြားပါတယ်။

အီတလီသတင်းထောက်များ မမေးသည်ဖြစ်စေ၊ ပုပ်ရဟန်းမင်းက မဖြေသည်ဖြစ်စေ ယူကရိန်းနိုင်ငံသားများ အနေနဲ့ ပြင်းထန်စွာပြန်လည်တိုက်ခိုက်ခြင်းမပြုခဲ့လျှင် ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ပေါ်လွင်ခြင်း မရှိပါ ဘူး။ ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းပိုက်ဖို့အတွက်၊ လူပေါင်းသန်းချီသေဆုံးမှုများ ဒါမှမဟုတ် သြဇာအာဏာ ဆာလောင်နေတဲ့ ပူတင်ရဲ့အကြိုက်ဖြစ်သွားနိုင်လား ဆိုတာလဲ မသိရပါဘူး။

စစ်ပွဲကို သွေးထိုးလှုံ့ဆော်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို အပြစ်တင်ရင်းနဲ့ပဲ ပုပ်ရဟန်းမင်းဟာ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေဆီ စကားဦးတည်သွားရပါတယ်။ “လွတ်လပ်တဲ့တိုင်းပြည်တစ်ပြည်ဟာ အခြား လွတ်လပ်တဲ့တိုင်းပြည်ကို စစ်တိုက်ခွင့်ရှိကြောင်း မဆိုနိုင်ဘူး” လို့ မိန့်ကြားပါတယ်။ “ ယူကရိန်းမှာ ပဋိပက္ခကို ဖန်တီးတဲ့ တခြားသူတွေရှိနေတယ်လို့ ကိုယ်တော်ထင်ပါတယ်” “အားရစရာ မရှိဘူးဆိုပေမယ့် ကိုယ်တော့်အနေ နဲ့ကတော့ စစ်ပွဲကို ရပ်တန့်ဖို့တတ်နိုင်သမျှ လုပ်ရသွားမှာပါ” လို့ ဆက်လက်မိန့်ပါတယ်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘင်က ရောမမြို့သို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိလာ စဉ်တုန်းကလည်း အရာအားလုံးဟာ မေလ ၉ ရက်နေ့မှာ အဆုံးသတ်ဖို့ ရုရှားမှာ အစီအစဉ်ရှိနေကြောင်း ပြောဖူး တယ်လို့လို့ ပုပ်ဖရန့်စစ်က ဆိုပါတယ်။ မေလ ၉ ရက်ဟာ ရုရှားနိုင်ငံ လွတ်မြောက်ခြင်းနဲ့ ဒုတိယကမ္ဘာစစ် ပြီးဆုံး တဲ့ရက်ကို ဂုဏ်ပြုတဲ့နေ့ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်နဲ့ ပုဂ္ဂိုလ်ချင်း မတွေ့ဆုံရတဲ့သူကတော့ ရုရှားသြသိုဒေါက်စ်ဘုရားကျောင်းရဲ့အကြီး အကဲ ပက်ထ ရီယာ့ချ်ကာရေးလ်ပဲ ဖြစ်ပါတယ်။ ရုရှားဘုရားကျောင်းအကြီးအကဲကို ပူတင်က ကိုရင်လေးဖြစ် သွားအောင် လုပ်ပစ်မှာကို စိုးရိမ်လို့ဖြစ်ပါတယ်။ ” မတ်လ ၁၅ ရက်နေ့တုန်းက မိနစ် ၄ဝ လောက် ဖုန်းနဲ့စကား ပြောဆိုခဲ့ကြပါတယ်၊ ဒါပေမဲ့ အဲဒါ အပြည့်အဝနားလည်အောင် ပြောမပြတတ်ခဲ့ဘူး။ တပည့်တော်တို့ ကိုယ်တော် တို့ဟာ နိုင်ငံတော်ဘုန်းကြီးတွေ မဟုတ်ဘူး။ ယေရှုရဲ့စကားတွေကို နိုင်ငံရေးစကားတွေ လုပ်ပြီး မသုံးနိုင်ဘူး။ တပည့်တော်တို့ဟာ အဖဘုရားသခင်တည်းဟူသော သန့်ရှင်းမှုရဲ့ ဘုန်တော်ကြီးများသာဖြစ်ကြောင်း ဖုန်း ပြောခဲ့ ကြပါတယ်လို့ ပုပ်ရဟန်းမင်းက မိန့်ပါတယ်။

ယူကရိန်းအစား မော်စကိုမြို့သို့ လာရောက်လည်ပတ်လိုကြောင်း ပုပ်ရဲ့နိုင်ငံခြားရေးဝန်ကြီးမှတဆင့် ရက်ပေါင်း ၄ဝ ကြိုတင်တောင်းဆိုခဲ့ပေမယ့် ပူတင်က အကြောင်းပြန်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။ “ကိုယ်တော် လောလောဆယ်တော့ ကိရိယက်ဗ်ကို မသွားတော့ပါဘူး” “မသွားသင့်ဘူးလို့ ခံစားရတယ်။ ရုရှားက ခွင့်ပြုတယ် ဆိုရင် ပထမဆုံး မော်စကိုကို သွားမှာဖြစ်ပြီး၊ ဦးဆုံး ပူတင်နဲ့တွေ့ရပါမယ်။ ကိုယ်တော်က ဘုန်းတော်ကြီးလေ၊ ကိုယ်တော် ဘာလုပ်နိုင်မှာလဲ၊ ကိုယ်တော် တတ်နိုင်သမျှသာ ကိုယ်တော်လုပ်ရမှာပါ” လို့ ဖရန်စစ်က ရှင်းပြပါ တယ်။

မော်စကိုသို့သွားရောက်ဖွယ် အလားအလာရှိကြောင်း ခရီးစဉ်သတင်းများဟာ ပုပ်ရဟန်းမင်းကြီးနှင့်အတူ လိုက် ပါလာတဲ့ ဗာတီကန်သတင်းထောက်များက ရုရှားနိုင်ငံမှာရှိနေခိုက် စစ်ပွဲအကြောင်း သတင်းရေးမယ်ဆိုပါက ဖမ်းဆီးခံရမလားလို့ တွေးတောစရာများ ဖြစ်လာကြတာလဲ ရှိပါတယ်။

#ပုပ်ရဟန်းမင်းကြီးဖရန်စစ်
(Daily Beast., 03 May 2022,” Pope Francis Says NATO Started War in Ukraine by ‘Barking at Putin’s Door’” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်)

https://www.thedailybeast.com/pope-francis-says-nato-started-war-in-ukraine-by-barking-at-putins-door

Zawgyi Version;
ပူတင္၏ တံခါးေပါက္ဝကို ေနတိုးက သြား“ေဟာင္” သျဖင့္ ယူကရိန္းစစ္ စတင္ျဖစ္ရျခင္းျဖစ္ဟု ပုပ္ရဟန္းမင္း မိန႔္ၾကား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ေမ ၅
႐ုရွားက ယူကရိန္းအေပၚ က်ဴးေက်ာ္မွႈစတင္ကတည္းက အပစ္အခတ္ရပ္စဲေရး ၾကားဝင္ေစ့စပ္ဖို႔အတြက္ ကိရိ ယက္ဗ္ၿမိဳ႕သို႔ ခရီးထြက္ဖို႔ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္က စိတ္ကူး႐ြက္လႊင့္ခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း အခု သုံးလနီးပါးၾကာျမင့္လာၿပီျဖစ္တဲ့စစ္ပြဲမွာ အျမင္အားျဖင့္ ကိုယ္တိုင္ ရႈံ႕ခ်ခဲ့ဖူးျခင္းမရွိတဲ့ ဗလာဒီမာပူတင္နဲ႔ စကားစျမည္ေျပာဆိုဖို႔ ေမာ္စကိုၿမိဳ႕သို႔သြားဖို႔ ပိုမိုႏွစ္သက္ေၾကာင္း မိန႔္ၾကားတယ္လို႔ အေမရိကန္သတင္းမီဒီယာ Daily Beast က ယမန္ေန႔ေရးသားပါတယ္။

“ ကိရိယက္ဗ္ကို မသြားခင္ ေမာ္စကိုကို အရင္သြားရမယ္လို႔ စိတ္ထဲခံစားရတယ္" လို႔ အီတလီသတင္းစာ “ေကာ္ရီလီဒီလာဆီရာ” နဲ႔ ေမလ ၃ ရက္၊ အဂၤါေန႔က ေတြ႕ဆုံရာမွာ မိန႔္ၾကားလိုက္ျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ ရဟန္းမင္းႀကီး မိန႔္ၾကားပုံအရ ေတြ႕ဆုံမႈဟာ ပူတင္ကို ရႈတ္ခ်ဖို႔ေတာ့ အတိအက် ဟုတ္ပုံမရဘူးလို႔ အီတလီ သတင္းစာက သုံးသပ္ပါတယ္။ “ ပူတင္ရဲ႕ စစ္” လို႔ မေကာင္းသတင္း အပုပ္နံ႔ထြက္ေနရျခင္းဟာ တကယ္ေတာ့ “႐ုရွားရဲ႕တံခါးေပါက္ဝကို ေနတိုးက သြားေဟာင္လို႔ စတင္ခဲ့တာျဖစ္ၿပီး တစ္ဖက္က ဆိုးဆိုး႐ြား႐ြားတုန႔္ျပန္တဲ့ အခါ ပဋိပကၡေတြ အန္ထြက္လာျခင္းျဖစ္တယ္လို႔ ဖရန႔္စစ္က မိန႔္ၾကားပါတယ္။

သက္ေတာ္ ၈၅ ႏွစ္ရွိၿပီျဖစ္တဲ့ ပုပ္ရဟန္းမင္းႀကီးဟာ ဒူး႐ြတ္စုတ္ၿပဲတဲ့ ဒဏ္ရာရရွိခဲ့လို႔ လမ္းမေလွ်ာက္ႏိုင္ဘဲ ရွိေနၿပီး မၾကာမီ ခြဲစိတ္ကုသေတာ့ရမယ္လို႔ သိရပါတယ္။ အဲဒီလိုျဖစ္ေနခ်ိန္ ကိုယ္ေတာ္ဖုန္းေခၚတာကိုေတာင္ ပူတင္အေနနဲ႔ ဘယ္တုန္းကမွ အေရးမလုပ္ခဲ့ဘူးဆိုတာလဲ အေလးအနက္ထားျခင္း မရွိပါ။

စစ္ပြဲဟာ လက္နက္ေရာင္းဝယ္ၾကဖို႔ အေတာ္ႀကီးမားတဲ့အခြင့္အလမ္းဆိုတာထက္ သာလြန္ေနေၾကာင္းနဲ႔ ယူကရိန္းသို႔လက္နက္မ်ား အေတာမသတ္ႏိုင္တင္ပို႔ေနလို႔သာ စစ္ပြဲ ဆက္လက္ျဖစ္ပြားေနရျခင္းျဖစ္ေၾကာင္း အင္တာဗ်ဴးသူနဲ႔ အျခားပရိသတ္ဗိုလ္ပုံအလည္မွာ ပုပ္ဖရန္စစ္က ထပ္ခါတလဲလဲ မွတ္ခ်က္ေပးခဲ့ပါတယ္။ ယူကရိန္းသမၼတ ဗိုလိုဒီျမာဇီလန္စကီးနဲ႔ ႏွစ္ႀကိမ္တိုင္တိုင္ ဖုန္းေျပာဆိုခဲ့သမွ် အမ်ားစုဟာ ရန္မူတုန႔္ျပန္ျခင္း မျပဳ ဖို႔ တိုက္တြန္းထားပါတယ္။ အခုျဖစ္ပ်က္ေနတဲ့ကိစၥမ်ားနဲ႔ပတ္သက္ၿပီး “ကိုယ္ေတာ္ရဲ႕စိုးရိမ္မႈမ်ားကို ေဖာ္ျပရန္” အတြက္ က်ဴးေက်ာ္မႈစတင္ျဖစ္ပြားၿပီး ရက္ပိုင္းအတြင္းမွာပဲ ႐ုရွားသံ႐ုံးကိုလည္း ႂကြေရာက္ခဲ့ပါေသးတယ္။

"ယူကရိန္းႏိုင္ငံသားေတြကို ေထာက္ပံ့ေပးေနၾကတာ တရားမွ်တမွန္ကန္မႈ ရွိ/မရွိဆိုတဲ့ ေမးခြန္းနဲ႔ပတ္သက္ၿပီး “ကိုယ္ေတာ္ ဘယ္လိုေျဖရမွန္း မသိေတာ့ဘူး။ အရမ္းေဝးေနတယ္" လို႔ပဲ မွတ္ခ်က္ေပးပါတယ္။

“ရွင္းရွင္းေျပာရရင္ အဲဒီလက္နက္ေတြနဲ႔ ယူကရိန္းမွာ စမ္းသပ္ေနၾကပါတယ္။ တင့္ကားေတြကို နည္းနည္းပဲ သုံးၿပီး တစ္ျခားအရာမ်ားကို ေတြးေတာေနၾကတယ္ဆိုတာ ႐ုရွားေတြ အခုသိလာၾကပါတယ္၊ အဲဒီလိုနဲ႔ ထုတ္ လုပ္ထားသမွ် လက္နက္ေတြကိုစမ္းသပ္ဖို႔ စစ္တိုက္ေနၾကပါတယ္။ ဒီလိုကုန္သြယ္မႈကိစၥမ်ိဳးကို ဆန႔္က်င္ေနသူ လူနည္းနည္းေလာက္ပဲ ရွိေသးေပမယ့္ ဒီထက္မက လုပ္ေဆာင္သင့္ေၾကာင္း ပုပ္ဖရန္စစ္က မိန႔္ၾကားပါတယ္။

အီတလီသတင္းေထာက္မ်ား မေမးသည္ျဖစ္ေစ၊ ပုပ္ရဟန္းမင္းက မေျဖသည္ျဖစ္ေစ ယူကရိန္းႏိုင္ငံသားမ်ား အေနနဲ႔ ျပင္းထန္စြာျပန္လည္တိုက္ခိုက္ျခင္းမျပဳခဲ့လွ်င္ ဘာေတြဆက္ျဖစ္မယ္ဆိုတာကိုေတာ့ ေပၚလြင္ျခင္း မရွိပါ ဘူး။ ယူကရိန္းတစ္ႏိုင္ငံလုံးကို သိမ္းပိုက္ဖို႔အတြက္၊ လူေပါင္းသန္းခ်ီေသဆုံးမႈမ်ား ဒါမွမဟုတ္ ၾသဇာအာဏာ ဆာေလာင္ေနတဲ့ ပူတင္ရဲ႕အႀကိဳက္ျဖစ္သြားႏိုင္လား ဆိုတာလဲ မသိရပါဘူး။

စစ္ပြဲကို ေသြးထိုးလႈံ႕ေဆာ္တဲ့အတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းကို အျပစ္တင္ရင္းနဲ႔ပဲ ပုပ္ရဟန္းမင္းဟာ လွ်ိဳ႕ဝွက္ပူးေပါင္းႀကံစည္မႈေတြဆီ စကားဦးတည္သြားရပါတယ္။ “လြတ္လပ္တဲ့တိုင္းျပည္တစ္ျပည္ဟာ အျခား လြတ္လပ္တဲ့တိုင္းျပည္ကို စစ္တိုက္ခြင့္ရွိေၾကာင္း မဆိုႏိုင္ဘူး” လို႔ မိန႔္ၾကားပါတယ္။ “ ယူကရိန္းမွာ ပဋိပကၡကို ဖန္တီးတဲ့ တျခားသူေတြရွိေနတယ္လို႔ ကိုယ္ေတာ္ထင္ပါတယ္” “အားရစရာ မရွိဘူးဆိုေပမယ့္ ကိုယ္ေတာ့္အေန နဲ႔ကေတာ့ စစ္ပြဲကို ရပ္တန႔္ဖို႔တတ္ႏိုင္သမွ် လုပ္ရသြားမွာပါ” လို႔ ဆက္လက္မိန႔္ပါတယ္။

ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ဗစ္တာေအာ္ဘင္က ေရာမၿမိဳ႕သို႔ ႏိုင္ငံေတာ္အလည္အပတ္ခရီးစဥ္အျဖစ္ ေရာက္ရွိလာ စဥ္တုန္းကလည္း အရာအားလုံးဟာ ေမလ ၉ ရက္ေန႔မွာ အဆုံးသတ္ဖို႔ ႐ုရွားမွာ အစီအစဥ္ရွိေနေၾကာင္း ေျပာဖူး တယ္လို႔လို႔ ပုပ္ဖရန႔္စစ္က ဆိုပါတယ္။ ေမလ ၉ ရက္ဟာ ႐ုရွားႏိုင္ငံ လြတ္ေျမာက္ျခင္းနဲ႔ ဒုတိယကမာၻစစ္ ၿပီးဆုံး တဲ့ရက္ကို ဂုဏ္ျပဳတဲ့ေန႔ျဖစ္ပါတယ္။

ပုပ္ရဟန္းမင္းႀကီးဖရန္စစ္နဲ႔ ပုဂၢိဳလ္ခ်င္း မေတြ႕ဆုံရတဲ့သူကေတာ့ ႐ုရွားၾသသိုေဒါက္စ္ဘုရားေက်ာင္းရဲ႕အႀကီး အကဲ ပက္ထ ရီယာ့ခ်္ကာေရးလ္ပဲ ျဖစ္ပါတယ္။ ႐ုရွားဘုရားေက်ာင္းအႀကီးအကဲကို ပူတင္က ကိုရင္ေလးျဖစ္ သြားေအာင္ လုပ္ပစ္မွာကို စိုးရိမ္လို႔ျဖစ္ပါတယ္။ ” မတ္လ ၁၅ ရက္ေန႔တုန္းက မိနစ္ ၄ဝ ေလာက္ ဖုန္းနဲ႔စကား ေျပာဆိုခဲ့ၾကပါတယ္၊ ဒါေပမဲ့ အဲဒါ အျပည့္အဝနားလည္ေအာင္ ေျပာမျပတတ္ခဲ့ဘူး။ တပည့္ေတာ္တို႔ ကိုယ္ေတာ္ တို႔ဟာ ႏိုင္ငံေတာ္ဘုန္းႀကီးေတြ မဟုတ္ဘူး။ ေယရႈရဲ႕စကားေတြကို ႏိုင္ငံေရးစကားေတြ လုပ္ၿပီး မသုံးႏိုင္ဘူး။ တပည့္ေတာ္တို႔ဟာ အဖဘုရားသခင္တည္းဟူေသာ သန႔္ရွင္းမႈရဲ႕ ဘုန္ေတာ္ႀကီးမ်ားသာျဖစ္ေၾကာင္း ဖုန္း ေျပာခဲ့ ၾကပါတယ္လို႔ ပုပ္ရဟန္းမင္းက မိန႔္ပါတယ္။

ယူကရိန္းအစား ေမာ္စကိုၿမိဳ႕သို႔ လာေရာက္လည္ပတ္လိုေၾကာင္း ပုပ္ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးမွတဆင့္ ရက္ေပါင္း ၄ဝ ႀကိဳတင္ေတာင္းဆိုခဲ့ေပမယ့္ ပူတင္က အေၾကာင္းျပန္ျခင္း မရွိဘူးလို႔လည္း သိရပါတယ္။ “ကိုယ္ေတာ္ ေလာေလာဆယ္ေတာ့ ကိရိယက္ဗ္ကို မသြားေတာ့ပါဘူး” “မသြားသင့္ဘူးလို႔ ခံစားရတယ္။ ႐ုရွားက ခြင့္ျပဳတယ္ ဆိုရင္ ပထမဆုံး ေမာ္စကိုကို သြားမွာျဖစ္ၿပီး၊ ဦးဆုံး ပူတင္နဲ႔ေတြ႕ရပါမယ္။ ကိုယ္ေတာ္က ဘုန္းေတာ္ႀကီးေလ၊ ကိုယ္ေတာ္ ဘာလုပ္ႏိုင္မွာလဲ၊ ကိုယ္ေတာ္ တတ္ႏိုင္သမွ်သာ ကိုယ္ေတာ္လုပ္ရမွာပါ” လို႔ ဖရန္စစ္က ရွင္းျပပါ တယ္။

ေမာ္စကိုသို႔သြားေရာက္ဖြယ္ အလားအလာရွိေၾကာင္း ခရီးစဥ္သတင္းမ်ားဟာ ပုပ္ရဟန္းမင္းႀကီးႏွင့္အတူ လိုက္ ပါလာတဲ့ ဗာတီကန္သတင္းေထာက္မ်ားက ႐ုရွားႏိုင္ငံမွာရွိေနခိုက္ စစ္ပြဲအေၾကာင္း သတင္းေရးမယ္ဆိုပါက ဖမ္းဆီးခံရမလားလို႔ ေတြးေတာစရာမ်ား ျဖစ္လာၾကတာလဲ ရွိပါတယ္။

#ပုပ္ရဟန္းမင္းႀကီးဖရန္စစ္
(Daily Beast., 03 May 2022,” Pope Francis Says NATO Started War in Ukraine by ‘Barking at Putin’s Door’” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္)

https://www.thedailybeast.com/pope-francis-says-nato-started-war-in-ukraine-by-barking-at-putins-door

Related news

© 2021. All rights reserved.