ကမ္ဘောဒီးယားတော်ဝင်နန်းတော်အနီးမှာ ဒုတိယကမ္ဘာစစ်လက်ကျန် အလေးချိန်တစ်တန်ရှိ ဗုံးကြီးတစ်လုံးတွေ့ရှိ

756

ဂျန်ဇက် (NP News) - မေ ၇
ကမ္ဘောဒီးယားတော်ဝင်နန်းတော်အနီးမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် အလေးချိန် ၁ဝဝဝ ကီလိုဂရမ်ရှိ ဗုံးကြီးတစ်လုံးတွေ့ရှိခဲ့ကြောင်း ကမ္ဘော ဒီးယားသတင်းတွေကဖော်ပြပါတယ်။
အဆိုပါ အလေးချိန် တစ်တန် သို့မဟုတ် ၁ဝဝဝ ကီလိုဂရမ်ရှိ ဗုံးကြီးရဲ့တစ်ဝက်နီးပါးမှာ ပေါက်ကွဲစေတဲ့ပစ္စည်းများပါဝင်နေပြီး တော်ဝင်နန်း တော်အနီးရှိ ချာတိုမက် မြစ်နားမှာတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီး ယားမိုင်းရှင်းလင်းရေးစင်တာမှ ညွှန်ကြားရေးမှူးချုပ် ရာတာနာကပြောပါတယ်။
အဆိုပါ ဗုံးဟာ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးဖြစ်ကာ အမေရိကန်နိုင်ငံထုတ် AN-M66 အမျိုးအစား ဗုံးဖြစ်ကြောင်း သိရပါတယ်။ ညွှန်ကြား ရေးမှူးချုပ် ရာတာနာက "တော်ဝင်နန်းတော်နားရှိ Sokha Phnom Penh အနီးကတွေ့ရှိခဲ့တဲ့ဗုံးကြီးသာ ပေါက်ကွဲခဲ့မယ်ဆိုရင် ဟိုတယ်နဲ့ အနီးနားပတ်ဝန်းကျင်ရှိ အိမ်ယာများ၊ ထိခိုက်ပျက်စီးနိုင်ဖွယ်ရှိသလို တော်ဝင်နန်းတော်လည်း ထိခိုက်နိုင်ဖွယ်ရှိပါတယ်။ ဒီဗုံးကြီး မပေါက်ကွဲခဲ့တာဟာ ကမ္ဘောဒီးယားပြည်သူအားလုံးအတွက် အလွန်ကံကောင်းလွန်းတယ်ပြောရမယ်"လို့ပြောပါတယ်။
ဗုံးရှင်းလင်းရေးစင်တာက ဗုံးကျွမ်းကျင်သူတွေဟာ လက်ရှိအချိန်မှာ အလေးချိန် ၁ဝဝဝ ကီလိုဂရမ်ရှိ ဗုံးကြီးကို ဘေးကင်းရာကို ရွှေ့ပြောင်းနိုင်ဖို့ ကမ္ဘောဒီးယားအစိုးရတာဝန်ရှိသူများနဲ့ အနီးကပ်ပူးပေါင်းဆောင် ရွက်နေကြောင်းသိရပါတယ်။ ကမ္ဘောဒီးယားအစိုးရတာဝန်ရှိသူတွေကဗုံးဟာ အလွန်အန္တရာယ်ရှိတဲ့ဗုံးဖြစ်သလို စစ်ပွဲအတွင်းက လက်ကျန်ဗုံးတစ်လုံးဖြစ်ကြောင်း ဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ဒုတိယကမ္ဘာစစ်တုန်းက မပေါက်ကွဲဘဲကျန်ခဲ့တဲ့ ဗုံးတွေ၊ မြေမြုပ်မိုင်းတွေအပြင် ပြည်တွင်းစစ်ပွဲကာလတုန်းက ဗုံးတွေ၊ မြေမြုပ်မိုင်းတွေမကြာခဏတွေ့ရှိရကြောင်းသိရပါတယ်။ မိုင်းရှင်းလင်းရေးစင်တာဟာ ဂျပန်နိုင်ငံရဲ့အကူညီနဲ့ ကမ္ဘောဒီးယားနိုင်ငံအတွင်း မပေါက်ကွဲဘဲကျန်ရစ်နေတဲ့ ဗုံးတွေ၊ မိုင်းတွေကို ရှာဖွေရှင်းလင်းတာမျိုးတွေလုပ်ဆောင်နေကြောင်းသိရပါတယ်။
https://www.phnompenhpost.com/national/one-tonne-world-war-ii-bomb-discovered-near-royal-palace

zawgyi version
ကေမာၻဒီးယားေတာ္ဝင္နန္းေတာ္အနီးမွာ ဒုတိယကမာၻစစ္လက္က်န္ အေလးခ်ိန္တစ္တန္ရွိ ဗုံးႀကီးတစ္လုံးေတြ႕ရွိ
ဂ်န္ဇက္ (NP News) - ေမ ၇
ကေမာၻဒီးယားေတာ္ဝင္နန္းေတာ္အနီးမွာ ဒုတိယ ကမာၻစစ္လက္က်န္ အေလးခ်ိန္ ၁ဝဝဝ ကီလိုဂရမ္ရွိ ဗုံးႀကီးတစ္လုံးေတြ႕ရွိခဲ့ေၾကာင္း ကေမာၻ ဒီးယားသတင္းေတြကေဖာ္ျပပါတယ္။
အဆိုပါ အေလးခ်ိန္ တစ္တန္ သို႔မဟုတ္ ၁ဝဝဝ ကီလိုဂရမ္ရွိ ဗုံးႀကီးရဲ႕တစ္ဝက္နီးပါးမွာ ေပါက္ကြဲေစတဲ့ပစၥည္းမ်ားပါဝင္ေနၿပီး ေတာ္ဝင္နန္း ေတာ္အနီးရွိ ခ်ာတိုမက္ ျမစ္နားမွာေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ကေမာၻဒီး ယားမိုင္းရွင္းလင္းေရးစင္တာမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ရာတာနာကေျပာပါတယ္။
အဆိုပါ ဗုံးဟာ ဒုတိယကမာၻစစ္လက္က်န္ဗုံးျဖစ္ကာ အေမရိကန္ႏိုင္ငံထုတ္ AN-M66 အမ်ိဳးအစား ဗုံးျဖစ္ေၾကာင္း သိရပါတယ္။ ၫႊန္ၾကား ေရးမႉးခ်ဳပ္ ရာတာနာက "ေတာ္ဝင္နန္းေတာ္နားရွိ Sokha Phnom Penh အနီးကေတြ႕ရွိခဲ့တဲ့ဗုံးႀကီးသာ ေပါက္ကြဲခဲ့မယ္ဆိုရင္ ဟိုတယ္နဲ႔ အနီးနားပတ္ဝန္းက်င္ရွိ အိမ္ယာမ်ား၊ ထိခိုက္ပ်က္စီးႏိုင္ဖြယ္ရွိသလို ေတာ္ဝင္နန္းေတာ္လည္း ထိခိုက္ႏိုင္ဖြယ္ရွိပါတယ္။ ဒီဗုံးႀကီး မေပါက္ကြဲခဲ့တာဟာ ကေမာၻဒီးယားျပည္သူအားလုံးအတြက္ အလြန္ကံေကာင္းလြန္းတယ္ေျပာရမယ္"လို႔ေျပာပါတယ္။
ဗုံးရွင္းလင္းေရးစင္တာက ဗုံးကြၽမ္းက်င္သူေတြဟာ လက္ရွိအခ်ိန္မွာ အေလးခ်ိန္ ၁ဝဝဝ ကီလိုဂရမ္ရွိ ဗုံးႀကီးကို ေဘးကင္းရာကို ေ႐ႊ႕ေျပာင္းႏိုင္ဖို႔ ကေမာၻဒီးယားအစိုးရတာဝန္ရွိသူမ်ားနဲ႔ အနီးကပ္ပူးေပါင္းေဆာင္ ႐ြက္ေနေၾကာင္းသိရပါတယ္။ ကေမာၻဒီးယားအစိုးရတာဝန္ရွိသူေတြကဗုံးဟာ အလြန္အႏၲရာယ္ရွိတဲ့ဗုံးျဖစ္သလို စစ္ပြဲအတြင္းက လက္က်န္ဗုံးတစ္လုံးျဖစ္ေၾကာင္း ဆိုပါတယ္။ ကေမာၻဒီးယားႏိုင္ငံမွာ ဒုတိယကမာၻစစ္တုန္းက မေပါက္ကြဲဘဲက်န္ခဲ့တဲ့ ဗုံးေတြ၊ ေျမျမဳပ္မိုင္းေတြအျပင္ ျပည္တြင္းစစ္ပြဲကာလတုန္းက ဗုံးေတြ၊ ေျမျမဳပ္မိုင္းေတြမၾကာခဏေတြ႕ရွိရေၾကာင္းသိရပါတယ္။ မိုင္းရွင္းလင္းေရးစင္တာဟာ ဂ်ပန္ႏိုင္ငံရဲ႕အကူညီနဲ႔ ကေမာၻဒီးယားႏိုင္ငံအတြင္း မေပါက္ကြဲဘဲက်န္ရစ္ေနတဲ့ ဗုံးေတြ၊ မိုင္းေတြကို ရွာေဖြရွင္းလင္းတာမ်ိဳးေတြလုပ္ေဆာင္ေနေၾကာင္းသိရပါတယ္။
https://www.phnompenhpost.com/national/one-tonne-world-war-ii-bomb-discovered-near-royal-palace