ကမ္ဘာပေါ်မှ ဈေးအကြီးဆုံး ခွေးအမျိုးအစားများ

 3462

ဝတီ (NP News) - မေ ၇
ခွေးတွေဟာ လူကြိုက်အများဆုံး အိမ်မွေးတိရစ္ဆာန်ပါ။ ခွေးတွေဟာ သခင်ကို သိပ်တွယ်တာတတ်ကြပါတယ်။ ဒါကြောင့်လည်း လူအများစုက အိမ်မွေးတိရစ္ဆာန်မွေးမယ်ဆိုရင် ခွေးတွေကိုပဲ မွေးလေ့ရှိကြတာပါ။ ခွေးတွေက သခင်ကို သိပ်ချစ်တတ်၊ သခင်ကို သိပ်သစ္စာရှိတဲ့အပြင် အိမ်လည်း စောင့်ပေးဖော်ရတယ်မဟုတ်လား။ ဒါပေမဲ့ ဘယ်အိမ်မွေးတိရစ္ဆာန်ပဲ မွေးမွေး၊ ကိုယ်အပြည့်အဝတာဝန်ယူနိုင်မှ မွေးတာအ ကောင်းဆုံးပါ။ ခွေးလေးတွေ မွေးထားရင် အပန်းပြေတယ်၊ အဖော်ရတယ်စတဲ့ ကောင်းကျိုးတွေရှိသလို တာဝန်ယူမှုတွေကလည်း တွဲပါလာတာပါပဲ။ သူတို့လေးတွေကို ကာကွယ်ဆေးထိုးပေးရမယ်၊ သူတို့ နေထိုင်မကောင်းရင် ဆေးခန်းပြပေးရမယ်၊ အစာရေစာ ဂရုတစိုက်ကျွေးမွေးရမယ်၊ ရေချိုးပေးရမယ် စတာတွေပေါ့။ ဒါတွေကို အစဉ်တစိုက်မလုပ်ပေးနိုင်ဘူး၊ တာဝန်မယူနိုင်ဘူးဆိုရင်တော့ မမွေးတာ အကောင်းဆုံးပါပဲ။ မျိုးကောင်းမျိုးသန့် နိုင်ငံခြားမျိုး ခွေးတွေဟာ ဈေးအရမ်းကြီးသလို သူတို့လေးတွေကို ဒီလို ထိန်းသိမ်းဂရုစိုက်ရတဲ့ စရိတ်ကလည်း အရမ်းကြီးတယ်လေ။ ခွေးကို ဝယ်လိုက်ရုံနဲ့ ပြီးတာမဟုတ်ဘဲ အဲဒီနောက်က စရိတ်တွေကလည်း အများကြီး လိုက်လာ သေးတာပါ။ ဒါကြောင့် ကိုယ်က အကောင်းဆုံးတာဝန်ယူနိုင်မှ မွေးတာပဲ ကောင်းပါတယ်။ ကဲ..ဒီတော့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ခွေးမျိုးကောင်းမျိုးသန့်တွေက ဘယ်အမျိုးအစားတွေလဲ၊ ဘယ်လောက်တောင်မှ ဈေးကြီးသလဲဆိုတာတွေကို ကြည့်လိုက်ကြရအောင်ပါ။

zawgyi version
ကမာၻေပၚမွ ေဈးအႀကီးဆုံး ေခြးအမ်ိဳးအစားမ်ား
ဝတီ (NP News) - ေမ ၇

ေခြးေတြဟာ လူႀကိဳက္အမ်ားဆုံး အိမ္ေမြးတိရစာၦန္ပါ။ ေခြးေတြဟာ သခင္ကို သိပ္တြယ္တာတတ္ၾကပါတယ္။ ဒါေၾကာင့္လည္း လူအမ်ားစုက အိမ္ေမြးတိရစာၦန္ေမြးမယ္ဆိုရင္ ေခြးေတြကိုပဲ ေမြးေလ့ရွိၾကတာပါ။ ေခြးေတြက သခင္ကို သိပ္ခ်စ္တတ္၊ သခင္ကို သိပ္သစၥာရွိတဲ့အျပင္ အိမ္လည္း ေစာင့္ေပးေဖာ္ရတယ္မဟုတ္လား။ ဒါေပမဲ့ ဘယ္အိမ္ေမြးတိရစာၦန္ပဲ ေမြးေမြး၊ ကိုယ္အျပည့္အဝတာဝန္ယူႏိုင္မွ ေမြးတာအ ေကာင္းဆုံးပါ။ ေခြးေလးေတြ ေမြးထားရင္ အပန္းေျပတယ္၊ အေဖာ္ရတယ္စတဲ့ ေကာင္းက်ိဳးေတြရွိသလို တာဝန္ယူမႈေတြကလည္း တြဲပါလာတာပါပဲ။ သူတို႔ေလးေတြကို ကာကြယ္ေဆးထိုးေပးရမယ္၊ သူတို႔ ေနထိုင္မေကာင္းရင္ ေဆးခန္းျပေပးရမယ္၊ အစာေရစာ ဂ႐ုတစိုက္ေကြၽးေမြးရမယ္၊ ေရခ်ိဳးေပးရမယ္ စတာေတြေပါ့။ ဒါေတြကို အစဥ္တစိုက္မလုပ္ေပးႏိုင္ဘူး၊ တာဝန္မယူႏိုင္ဘူးဆိုရင္ေတာ့ မေမြးတာ အေကာင္းဆုံးပါပဲ။ မ်ိဳးေကာင္းမ်ိဳးသန႔္ ႏိုင္ငံျခားမ်ိဳး ေခြးေတြဟာ ေဈးအရမ္းႀကီးသလို သူတို႔ေလးေတြကို ဒီလို ထိန္းသိမ္းဂ႐ုစိုက္ရတဲ့ စရိတ္ကလည္း အရမ္းႀကီးတယ္ေလ။ ေခြးကို ဝယ္လိုက္႐ုံနဲ႔ ၿပီးတာမဟုတ္ဘဲ အဲဒီေနာက္က စရိတ္ေတြကလည္း အမ်ားႀကီး လိုက္လာ ေသးတာပါ။ ဒါေၾကာင့္ ကိုယ္က အေကာင္းဆုံးတာဝန္ယူႏိုင္မွ ေမြးတာပဲ ေကာင္းပါတယ္။ ကဲ..ဒီေတာ့ ကမာၻေပၚမွာ ေဈးအႀကီးဆုံး ေခြးမ်ိဳးေကာင္းမ်ိဳးသန႔္ေတြက ဘယ္အမ်ိဳးအစားေတြလဲ၊ ဘယ္ေလာက္ေတာင္မွ ေဈးႀကီးသလဲဆိုတာေတြကို ၾကည့္လိုက္ၾကရေအာင္ပါ။

ဒေါ့ဂို အာဂျင်တီနို ( Dogo Argentino)
တောင့်တောင့်တင်းတင်း ကြံ့ကြံ့ခိုင်ခိုင်၊ အဖြူရောင် ဒီအကောင်ကြီးတွေဟာ ဒေါ့ဂို အာဂျင်တီနိုဆိုတဲ့ နာမည်အတိုင်းကိုပဲ အာဂျင်တီးနားက ဆင်းသက်လာတဲ့ ခွေးမျိုးပါ။ သားကောင် ခပ်ကြီးကြီးတွေကို အမဲလိုက်ဖို့ ရယ်၊ သခင်ကို ကာကွယ်ဖို့ရယ်ဆိုပြီး လူတွေက သူတို့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် စမွေးမြူလာခဲ့ကြတာဖြစ်ပါတယ်။ သူတို့က အားကောင်းမောင်းသန်တွေဖြစ်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း ကစားနည်းတွေကို ကြိုက်ပါတယ်။ ဒီအကောင်တွေ မွေးထားမယ်ဆိုရင်တော့ သူတို့ကို ကိုက်စရာအရုပ်ဖြစ်ဖြစ်၊ အရိုးကြီးကြီးဖြစ်ဖြစ် ပုံမှန်ပေးထားမှရပါမယ်။ မဟုတ်ရင် အိမ်က ပစ္စည်းပစ္စယတွေ သူတို့ကိုက်လို့ အကုန်ပျက်စီးကုန်ပါလိမ့်မယ်။ ဒီအကောင်ကြီးတွေက အားကိုးရသလို တန်ဖိုးကလည်း အတော်ကြီးပါတယ်။ တစ်ကောင်ကို ဒေါ်လာ ၁ဝဝဝ ကနေ ၄ဝဝဝ ကြား ရှိတယ်လေ။

zawgyi version
ေဒါ့ဂို အာဂ်င္တီႏို ( Dogo Argentino)
ေတာင့္ေတာင့္တင္းတင္း ႀကံ့ႀကံ့ခိုင္ခိုင္၊ အျဖဴေရာင္ ဒီအေကာင္ႀကီးေတြဟာ ေဒါ့ဂို အာဂ်င္တီႏိုဆိုတဲ့ နာမည္အတိုင္းကိုပဲ အာဂ်င္တီးနားက ဆင္းသက္လာတဲ့ ေခြးမ်ိဳးပါ။ သားေကာင္ ခပ္ႀကီးႀကီးေတြကို အမဲလိုက္ဖို႔ ရယ္၊ သခင္ကို ကာကြယ္ဖို႔ရယ္ဆိုၿပီး လူေတြက သူတို႔ကို အိမ္ေမြးတိရစာၦန္အျဖစ္ စေမြးျမဴလာခဲ့ၾကတာျဖစ္ပါတယ္။ သူတို႔က အားေကာင္းေမာင္းသန္ေတြျဖစ္တဲ့အတြက္ ၾကမ္းၾကမ္းတမ္းတမ္း ကစားနည္းေတြကို ႀကိဳက္ပါတယ္။ ဒီအေကာင္ေတြ ေမြးထားမယ္ဆိုရင္ေတာ့ သူတို႔ကို ကိုက္စရာအ႐ုပ္ျဖစ္ျဖစ္၊ အ႐ိုးႀကီးႀကီးျဖစ္ျဖစ္ ပုံမွန္ေပးထားမွရပါမယ္။ မဟုတ္ရင္ အိမ္က ပစၥည္းပစၥယေတြ သူတို႔ကိုက္လို႔ အကုန္ပ်က္စီးကုန္ပါလိမ့္မယ္။ ဒီအေကာင္ႀကီးေတြက အားကိုးရသလို တန္ဖိုးကလည္း အေတာ္ႀကီးပါတယ္။ တစ္ေကာင္ကို ေဒၚလာ ၁ဝဝဝ ကေန ၄ဝဝဝ ၾကား ရွိတယ္ေလ။

ပြင်သစ်ခွေးဘီလူး ( French Bulldog )
အခုနောက်ပိုင်းမှာ အရမ်းလူကြိုက်များလာတဲ့ ဒီအကောင်တွေကတော့ လူလည်းခင်သလို အဆော့လည်းသန်ပါတယ်။ ဒါပေမဲ့ သူတို့က နည်းနည်း ချူချာနိုင်ပါတယ်။ သူတို့က လူလည်းခင်၊ သဘောလည်းကောင်းတော့ ကလေးရှိတဲ့ အိမ်တွေအတွက်၊ တခြား အိမ်မွေးတိရစ္ဆာန်တွေလည်း ရှိတဲ့ အိမ်တွေအတွက် အဆင်ပြေပါတယ်။ ပြင်သစ်ခွေးဘီလူးတစ်ကောင်ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၂၂ဝဝ ကနေ ဒေါ်လာ ၄၅ဝဝ ကြား ရှိပါတယ်။

zawgyi version
ျပင္သစ္ေခြးဘီလူး ( French Bulldog )
အခုေနာက္ပိုင္းမွာ အရမ္းလူႀကိဳက္မ်ားလာတဲ့ ဒီအေကာင္ေတြကေတာ့ လူလည္းခင္သလို အေဆာ့လည္းသန္ပါတယ္။ ဒါေပမဲ့ သူတို႔က နည္းနည္း ခ်ဴခ်ာႏိုင္ပါတယ္။ သူတို႔က လူလည္းခင္၊ သေဘာလည္းေကာင္းေတာ့ ကေလးရွိတဲ့ အိမ္ေတြအတြက္၊ တျခား အိမ္ေမြးတိရစာၦန္ေတြလည္း ရွိတဲ့ အိမ္ေတြအတြက္ အဆင္ေျပပါတယ္။ ျပင္သစ္ေခြးဘီလူးတစ္ေကာင္ရဲ႕ တန္ဖိုးကေတာ့ ေဒၚလာ ၂၂ဝဝ ကေန ေဒၚလာ ၄၅ဝဝ ၾကား ရွိပါတယ္။

ဆလူကီ ( Saluki )
ပုံစံက နည်းနည်း တစ်မျိုးဆန်းနေတဲ့ ဒီခွေးတွေရဲ့ မူလဇာစ်မြစ်ကတော့ ရှေးခေတ်အီဂျစ်ပါ။ ဆလူကီဆိုတဲ့ ဒီခွေးမျိုးဟာ အိမ်မွေးတိရစ္ဆာန်ခွေးအမျိုးအစား အများကြီးထဲမှာ ကမ္ဘာ့ရှေးအကျဆုံး ခွေးမျိုးလို့ ယူဆရပါတယ်။ အပြေးအင်မတန်မြန်တဲ့ ဒီခွေးတစ်ကောင်ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၂ဝဝဝ ကနေ ၅ဝဝဝ ကြား ရှိပါတယ်။

zawgyi version
ဆလူကီ ( Saluki )
ပုံစံက နည္းနည္း တစ္မ်ိဳးဆန္းေနတဲ့ ဒီေခြးေတြရဲ႕ မူလဇာစ္ျမစ္ကေတာ့ ေရွးေခတ္အီဂ်စ္ပါ။ ဆလူကီဆိုတဲ့ ဒီေခြးမ်ိဳးဟာ အိမ္ေမြးတိရစာၦန္ေခြးအမ်ိဳးအစား အမ်ားႀကီးထဲမွာ ကမာၻ႔ေရွးအက်ဆုံး ေခြးမ်ိဳးလို႔ ယူဆရပါတယ္။ အေျပးအင္မတန္ျမန္တဲ့ ဒီေခြးတစ္ေကာင္ရဲ႕ တန္ဖိုးကေတာ့ ေဒၚလာ ၂ဝဝဝ ကေန ၅ဝဝဝ ၾကား ရွိပါတယ္။

ရော့တ်ဝီလာ ( Rottweiler )
အိမ်စောင့်ဖို့ မွေးချင်တယ်ဆိုရင်တော့ ဒီကောင်ကြီးတွေက သင့်တော်ပါတယ်။ ဒီကောင်တွေက အကောင်အင်မတန်ကြီးပြီး အချိန် ၁၃၅ ပေါင်အထိ ရှိနိုင်တဲ့အပြင် ဘယ်သူ့ကိုမှ သူ့နယ်နိမိတ်နား၊ သူ့အိမ်ခြံဝင်းနား လုံးဝအကပ်မခံပါဘူး။ ကြမ်းကြမ်းရမ်းရမ်း သဘာ၁တရှိတဲ့အတွက် ဒီကောင်တွေကို ခွေးပေါက်စ ဘဝကတည်းက သေသေချာချာလေ့ကျင့်ပေးထား၊ သခင်တွေကို ခင်အောင်လုပ်ပေးထားမှရပါမယ်။ ဒီအကောင်ကြီးတွေက ဉာဏ်လည်း ကောင်းပါတယ်။ ဒီကောင်တွေကို မွေးမယ်ဆိုရင်တော့ သူတို့ကို ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ မဟုတ်ရင် အဝလွန်သွားနိုင်လို့ပါ။ ဒီတစ်ကောင်ရဲ့ တန်ဖိုးကတော့ ဒေါ် လာ ၂ဝဝဝ ကနေ ၆ဝဝဝ ကြား ရှိပါသတဲ့။

zawgyi version
ေရာ့တ္ဝီလာ ( Rottweiler )
အိမ္ေစာင့္ဖို႔ ေမြးခ်င္တယ္ဆိုရင္ေတာ့ ဒီေကာင္ႀကီးေတြက သင့္ေတာ္ပါတယ္။ ဒီေကာင္ေတြက အေကာင္အင္မတန္ႀကီးၿပီး အခ်ိန္ ၁၃၅ ေပါင္အထိ ရွိႏိုင္တဲ့အျပင္ ဘယ္သူ႔ကိုမွ သူ႔နယ္နိမိတ္နား၊ သူ႔အိမ္ၿခံဝင္းနား လုံးဝအကပ္မခံပါဘူး။ ၾကမ္းၾကမ္းရမ္းရမ္း သဘာ၁တရွိတဲ့အတြက္ ဒီေကာင္ေတြကို ေခြးေပါက္စ ဘဝကတည္းက ေသေသခ်ာခ်ာေလ့က်င့္ေပးထား၊ သခင္ေတြကို ခင္ေအာင္လုပ္ေပးထားမွရပါမယ္။ ဒီအေကာင္ႀကီးေတြက ဉာဏ္လည္း ေကာင္းပါတယ္။ ဒီေကာင္ေတြကို ေမြးမယ္ဆိုရင္ေတာ့ သူတို႔ကို ပုံမွန္ ေလ့က်င့္ခန္း လုပ္ေပးဖို႔ မျဖစ္မေန လိုအပ္ပါတယ္။ မဟုတ္ရင္ အဝလြန္သြားႏိုင္လို႔ပါ။ ဒီတစ္ေကာင္ရဲ႕ တန္ဖိုးကေတာ့ ေဒၚ လာ ၂ဝဝဝ ကေန ၆ဝဝဝ ၾကား ရွိပါသတဲ့။

ချောင်ချောင် ( Chow Chow )
အမွှေးပွပွလုံးလုံးနဲ့ ချစ်စရာကြီးဆိုတော့ ကလေးတွေက ဒီအကောင်တွေကို အတော်သဘောကျလေ့ရှိပါတယ်။ ဒီကောင်ကြီးတွေ ပုံစံက အရုပ်ကြီးတွေအတိုင်းပဲဆိုတော့ ကလေးတွေက ကြိုက်တာပေါ့။ ဒီခွေးတွေက တရုတ်မျိုးရင်းဖြစ်ပါတယ်။ ဒီကောင်တစ်ကောင်ရဲ့တန်ဖိုးကဒေါ်လာ ၁၉ဝဝ ကနေ ဒေါ်လာ ၆၅ဝဝ ကြားရှိပါတယ်။

zawgyi version
ေခ်ာင္ေခ်ာင္ ( Chow Chow )
အေမႊးပြပြလုံးလုံးနဲ႔ ခ်စ္စရာႀကီးဆိုေတာ့ ကေလးေတြက ဒီအေကာင္ေတြကို အေတာ္သေဘာက်ေလ့ရွိပါတယ္။ ဒီေကာင္ႀကီးေတြ ပုံစံက အ႐ုပ္ႀကီးေတြအတိုင္းပဲဆိုေတာ့ ကေလးေတြက ႀကိဳက္တာေပါ့။ ဒီေခြးေတြက တ႐ုတ္မ်ိဳးရင္းျဖစ္ပါတယ္။ ဒီေကာင္တစ္ေကာင္ရဲ႕တန္ဖိုးကေဒၚလာ ၁၉ဝဝ ကေန ေဒၚလာ ၆၅ဝဝ ၾကားရွိပါတယ္။

လိုချန် ( Lowchen )
အိမ်မှာ အဖော်ရအောင် မွေးလို့ကောင်းတဲ့ ဒီခွေးမျိုးကတော့ ချစ်ဖို့ကောင်းတဲ့အပြင် ဉာဏ်လည်းကောင်း၊ အဆော့လည်း သန်ပါတယ်။ သူတို့က လူခင်တတ်တော့ ကလေးရှိတဲ့အိမ်တွေအတွက် အဆင်ပြေတယ်လေ။ ကလေးတွေကို ရန်မလုပ်ဘူးပေါ့။ သူက အကောင်သေးသေးလေးဆိုတော့ တိုက်ခန်းတို့၊ ကွန်ဒိုတို့မှာ မွေးလည်း အဆင်ပြေမှာပါ။ သူက အကောင်သာ သေးတာ၊ ဈေးကတော့ မသေးပါဘူး။ ဒီလိုတစ်ကောင်ကို ဒေါ်လာ ၂ဝဝဝ ကနေ ၈ဝဝဝ ကြား ဈေးပေါက်တယ်လေ။

zawgyi version
လိုခ်န္ ( Lowchen )
အိမ္မွာ အေဖာ္ရေအာင္ ေမြးလို႔ေကာင္းတဲ့ ဒီေခြးမ်ိဳးကေတာ့ ခ်စ္ဖို႔ေကာင္းတဲ့အျပင္ ဉာဏ္လည္းေကာင္း၊ အေဆာ့လည္း သန္ပါတယ္။ သူတို႔က လူခင္တတ္ေတာ့ ကေလးရွိတဲ့အိမ္ေတြအတြက္ အဆင္ေျပတယ္ေလ။ ကေလးေတြကို ရန္မလုပ္ဘူးေပါ့။ သူက အေကာင္ေသးေသးေလးဆိုေတာ့ တိုက္ခန္းတို႔၊ ကြန္ဒိုတို႔မွာ ေမြးလည္း အဆင္ေျပမွာပါ။ သူက အေကာင္သာ ေသးတာ၊ ေဈးကေတာ့ မေသးပါဘူး။ ဒီလိုတစ္ေကာင္ကို ေဒၚလာ ၂ဝဝဝ ကေန ၈ဝဝဝ ၾကား ေဈးေပါက္တယ္ေလ။

ဆမ်မိုယက်ဒ် ( Samoyed )
မြင်သူတကာ ချစ်ချင်စရာကောင်းလှတဲ့ ဒီအမွှေးပွ ခွေးဖြူလေးကတော့ ဆိုက်ဘေးရီးယားမျိုးရင်းဖြစ်ပါတယ်။ သူ့မျက်နှာလေးက မသိရင် အမြဲပြုံးနေသလိုလေးဖြစ်နေတယ်လေ။ သူတို့က တကယ့်ခွေး ချောလေးတွေ ဖြစ်တဲ့အပြင် လူကိုလည်း အရမ်းချစ်တတ်တော့ အင်မတန် လူကြိုက်များတဲ့ ခွေးအမျိုးအစား ဖြစ်နေတော့တာပေ့ါ။ ဒါပေမဲ့ ဒီကောင်တွေက အမွှေးအတော်ကျွတ်ပါတယ်။ ဒါကြောင့် သူတို့အမွှေးတွေကို နေ့တိုင်းဖြီးပေးနိုင်မှ တော်ကာ ကျပါမယ်။ ဒီတစ်ကောင်ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၄ဝဝဝ ကနေ ၉ဝဝဝ ကြားရှိပါတယ်။

zawgyi version
ဆမ္မိုယက္ဒ္ ( Samoyed )
ျမင္သူတကာ ခ်စ္ခ်င္စရာေကာင္းလွတဲ့ ဒီအေမႊးပြ ေခြးျဖဴေလးကေတာ့ ဆိုက္ေဘးရီးယားမ်ိဳးရင္းျဖစ္ပါတယ္။ သူ႔မ်က္ႏွာေလးက မသိရင္ အၿမဲၿပဳံးေနသလိုေလးျဖစ္ေနတယ္ေလ။ သူတို႔က တကယ့္ေခြး ေခ်ာေလးေတြ ျဖစ္တဲ့အျပင္ လူကိုလည္း အရမ္းခ်စ္တတ္ေတာ့ အင္မတန္ လူႀကိဳက္မ်ားတဲ့ ေခြးအမ်ိဳးအစား ျဖစ္ေနေတာ့တာေပ့ါ။ ဒါေပမဲ့ ဒီေကာင္ေတြက အေမႊးအေတာ္ကြၽတ္ပါတယ္။ ဒါေၾကာင့္ သူတို႔အေမႊးေတြကို ေန႔တိုင္းၿဖီးေပးႏိုင္မွ ေတာ္ကာ က်ပါမယ္။ ဒီတစ္ေကာင္ရဲ႕တန္ဖိုးကေတာ့ ေဒၚလာ ၄ဝဝဝ ကေန ၉ဝဝဝ ၾကားရွိပါတယ္။

တိဘက်တန် မာ့စ်တစ်ဖ် ( Tibetan Mastiff )
ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးခွေးမျိုးအဖြစ် ဗိုလ်စွဲနေတာကတော့ ဒီခွေးမျိုးပါပဲ။ ဒီတစ်ကောင်ရဲ့ တန်ဖိုးက ဒေါ်လာ ၆ဝဝဝ ကနေ စပါတယ်။ တန်ဖိုးက အောက်ထစ် ဒေါ်လာ ၆ဝဝဝ ဆိုပေမယ့် အမြင့်ဆုံးဈေးက တော့ ဒေါ်လာတစ်သန်းတောင် ကောင်းကောင်း ကျော်သွားနိုင်ပါသေးသတဲ့။ ၂ဝ၁၄ ခုနှစ်တုန်းကဆိုရင် တရုတ်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်က ဒီလိုခွေးတစ်ကောင်ကို ဒေါ်လာ ၁ ဒသမ ၉ သန်းနဲ့ ဝယ်သွားခဲ့တယ်လေ။

zawgyi version
တိဘက္တန္ မာ့စ္တစ္ဖ္ ( Tibetan Mastiff )
ကမာၻေပၚမွာ ေဈးအႀကီးဆုံးေခြးမ်ိဳးအျဖစ္ ဗိုလ္စြဲေနတာကေတာ့ ဒီေခြးမ်ိဳးပါပဲ။ ဒီတစ္ေကာင္ရဲ႕ တန္ဖိုးက ေဒၚလာ ၆ဝဝဝ ကေန စပါတယ္။ တန္ဖိုးက ေအာက္ထစ္ ေဒၚလာ ၆ဝဝဝ ဆိုေပမယ့္ အျမင့္ဆုံးေဈးက ေတာ့ ေဒၚလာတစ္သန္းေတာင္ ေကာင္းေကာင္း ေက်ာ္သြားႏိုင္ပါေသးသတဲ့။ ၂ဝ၁၄ ခုႏွစ္တုန္းကဆိုရင္ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ေယာက္က ဒီလိုေခြးတစ္ေကာင္ကို ေဒၚလာ ၁ ဒသမ ၉ သန္းနဲ႔ ဝယ္သြားခဲ့တယ္ေလ။

https://luxurycolumnist.com/most-expensive-dog-breeds/

Related news

© 2021. All rights reserved.