ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမား (၅ဝဝ)ခန့်ကို လာမည့်တစ်ပတ်အတွင်း ပထမဆုံးအနေဖြင့်စတင်စေလွှတ်မည်

 904

မျိုးကြီး (NP News) - မေ ၈
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမား ၅ဝဝ ခန့်ကို လာမည့် တစ်ပတ်အတွင်း ပထမဆုံးအနေဖြင့် စတင်စေလွှတ်သွားမည်ဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက NP News ကို ပြောကြားသည်။

ကိုဗစ်ကပ်ရောဂါတစ်ကမ္ဘာလုံးတွင် ဖြစ်ပွားလာမှုကြောင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းများကို ၂ဝ၂ဝ ပြည့်နှစ် မတ်လမှစ၍ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ အ လုပ်သမားများကို ပြန်လည်ခေါ်ယူလျက်ရှိနေသည်။

“ထိုင်းကတော့ ရှေ့အပတ်ကစပြီးတော့ ကျွန်တော်တို့ စထွက်ဖို့တော့ လုပ်နေပြီ။ ပထမဆုံးအသုတ်ကတော့ လူ ၅ဝဝ လောက်နဲ့ MoU နဲ့စပြီးတော့ သွားဖို့လုပ်နေပြီ။ အဲဒီအကြောင်းအောင်သွားရင်တော့ နောက် တောက်လျှောက်တောက်လျှောက်သွားမှာပေါ့” ဟု အမြဲတမ်းအတွင်း ဝန်ဦးညွန့်ဝင်းက ပြောသည်။

မြန်မာအလုပ်သမားများကို မြဝတီဂိတ်နှင့် ကော့သောင်းဂိတ်တို့မှတစ် ဆင့် စေလွှတ်ရန်ပြင်ဆင်ထားကြောင်း သိရသည်။

ဆက်လက်ပြီး ဦးညွန့်ဝင်းက “လက်ရှိမှာတော့ ကျွန်တော်တို့နဲ့ အလုပ် သမားဈေးကွက်က အကောင်းဆုံးက ထိုင်းပေါ့။ စင်္ကာပူလည်းကောင်းနေတယ်။ စင်္ကာပူက ဒုတိယသွားနေတယ်။ နောက် G to G နဲ့ ကိုရီးယားလည်း မဆိုးဘူးပေါ့။ သူလည်း စပြီးတော့ ရာဂဏန်းလောက်တွေ သွားနေတယ်” ဟု မှတ်ချက်ပြုသည်။

ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူများအနေဖြင့် ယခင်က အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကို ဝန်ဆောင်ခ ငွေကျပ် တစ်သိန်းခွဲသာပေးရပြီး လက်ရှိတွင် ငွေကျပ် သုံးသိန်းအထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။

https://npnewsmm.com/news/62774ad1c217d85b4647aab9

zawgyi version
ထိုင္းႏိုင္ငံသို႔ MoU စနစ္ျဖင့္ ျမန္မာအလုပ္သမား (၅ဝဝ)ခန႔္ကို လာမည့္တစ္ပတ္အတြင္း ပထမဆုံးအေနျဖင့္စတင္ေစလႊတ္မည္
မ်ိဳးႀကီး (NP News) - ေမ ၈

ထိုင္းႏိုင္ငံသို႔ MoU စနစ္ျဖင့္ ျမန္မာအလုပ္သမား ၅ဝဝ ခန႔္ကို လာမည့္ တစ္ပတ္အတြင္း ပထမဆုံးအေနျဖင့္ စတင္ေစလႊတ္သြားမည္ျဖစ္ ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက NP News ကို ေျပာၾကားသည္။

ကိုဗစ္ကပ္ေရာဂါတစ္ကမာၻလုံးတြင္ ျဖစ္ပြားလာမႈေၾကာင့္ ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံသို႔ အလုပ္သမားေစလႊတ္ေရးလုပ္ငန္းမ်ားကို ၂ဝ၂ဝ ျပည့္ႏွစ္ မတ္လမွစ၍ ရပ္ဆိုင္းထားခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ထိုင္းႏိုင္ငံမွ အ လုပ္သမားမ်ားကို ျပန္လည္ေခၚယူလ်က္ရွိေနသည္။

“ထိုင္းကေတာ့ ေရွ႕အပတ္ကစၿပီးေတာ့ ကြၽန္ေတာ္တို႔ စထြက္ဖို႔ေတာ့ လုပ္ေနၿပီ။ ပထမဆုံးအသုတ္ကေတာ့ လူ ၅ဝဝ ေလာက္နဲ႔ MoU နဲ႔စၿပီးေတာ့ သြားဖို႔လုပ္ေနၿပီ။ အဲဒီအေၾကာင္းေအာင္သြားရင္ေတာ့ ေနာက္ ေတာက္ေလွ်ာက္ေတာက္ေလွ်ာက္သြားမွာေပါ့” ဟု အၿမဲတမ္းအတြင္း ဝန္ဦးၫြန႔္ဝင္းက ေျပာသည္။

ျမန္မာအလုပ္သမားမ်ားကို ျမဝတီဂိတ္ႏွင့္ ေကာ့ေသာင္းဂိတ္တို႔မွတစ္ ဆင့္ ေစလႊတ္ရန္ျပင္ဆင္ထားေၾကာင္း သိရသည္။

ဆက္လက္ၿပီး ဦးၫြန႔္ဝင္းက “လက္ရွိမွာေတာ့ ကြၽန္ေတာ္တို႔နဲ႔ အလုပ္ သမားေဈးကြက္က အေကာင္းဆုံးက ထိုင္းေပါ့။ စကၤာပူလည္းေကာင္းေနတယ္။ စကၤာပူက ဒုတိယသြားေနတယ္။ ေနာက္ G to G နဲ႔ ကိုရီးယားလည္း မဆိုးဘူးေပါ့။ သူလည္း စၿပီးေတာ့ ရာဂဏန္းေလာက္ေတြ သြားေနတယ္” ဟု မွတ္ခ်က္ျပဳသည္။

ထိုင္းႏိုင္ငံသို႔ တရားဝင္အလုပ္သြားေရာက္လုပ္ကိုင္သူမ်ားအေနျဖင့္ ယခင္က အလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီကို ဝန္ေဆာင္ခ ေငြက်ပ္ တစ္သိန္းခြဲသာေပးရၿပီး လက္ရွိတြင္ ေငြက်ပ္ သုံးသိန္းအထိ တိုးျမႇင့္သတ္မွတ္ထားေၾကာင္း သိရသည္။

https://npnewsmm.com/news/62774ad1c217d85b4647aab9

Related news

© 2021. All rights reserved.