ဘင်္ဂလားပင်လယ်အော်မုန်တိုင်းငယ်မှ “အာစနီ”မုန်တိုင်းဖြစ်လာပြီး ဘင်္ဂလားဒေ့ရှ်ကို ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ဖြတ်ကျော်မည်

924

Htay Oung (NP News) - မေ ၈
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ သောကြာနေ့ (မေလ ၆ ရက်)က မှတ်သားဖွယ်ကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ “မုန်တိုင်းငယ်” အဖြစ် လျင်မြန်စွာပိုမိုအားကောင်းလာခဲ့ပြီးနောက် တနင်္ဂနွေနေ့(မေလ ၈ ရက်)မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲရန် လုံလောက်သော စွမ်းအင်စုဆောင်းမိပြီး ဖြစ်လာခဲ့ပါတယ်။ လေတိုက်နှုန်း တစ်နာရီလျှင် ၅၅ မိုင်အထိ တိုက်ခတ်နိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကို အလှည့်ကျ သီရိလင်္ကာနိုင်ငံက “အာစနီ”လို့ နာမည်ပေးထားပြီး ဆင်ဟာလီဘာသာ စကားနဲ့ “ ဒေါသမာန် ”လို့ အဓိပ္ပာယ်ရကြောင်း ဘင်္ဂလားအခြေစိုက် bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ယနေ့ (မေလ ၈ ရက်)တွင် ရေးသားပါတယ်။
ဆိုင်ကလုန်း မုန်တိုင်း “ဒေါသမာန်"ဟာ စစ်တကောင်းဆိပ်ကမ်းရဲ့ တောင်-အနောက်တောင်ဘက် ၇၈ဝ မိုင်၊ ကော့ခ်ဘဇား ဆိပ်ကမ်းရဲ့ အနောက်တောင်ဘက် ၇၃ဝ မိုင်၊ ပိုင်ရာဆိပ်ကမ်းတောင်ဘက် ၇၇၅ မိုင်နဲ့ မွန်ဂလာ ဆိပ်ကမ်းရဲ့ တောင်ဘက် မိုင် ၇၅ဝ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း တနင်္ဂနွေနေ့ နံနက် ၆ နာရီ မိုးလေဝသအထူးသတင်း ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
ဆိုင်ကလုန်းဗဟိုချက်မှ မိုင် ၃ဝ အတွင်း အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ ခန့်ရှိပြီး မိုးသက်လေပြင်းကျရောက်စဉ် တစ်နာရီလျှင် ၅၅ မိုင်အထိ မြင့်တက်လာနိုင်ကြောင်း သိရှိရပါတယ်။
ဆိုင်ကလုန်းဗဟိုချက်အနီး ပင်လယ်ပြင်ဟာ လှိုင်းလေ အလွန်ကြမ်း တမ်းမှာဖြစ်ကြောင်း ခန့်မှန်းထားတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင် ဘက်ရှိ ဆိပ်ကမ်းတို့မှာ အဝေးတစ်နေရာ၌ အန္တရာယ်ကျ ရောက်နိုင် ကြောင်း မိုးလေဝသတိပေးအချက်ပြ အမှတ် ၂ ကို လွှင့်တင်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ကမ်းဝေးငါးဖမ်းလှေများ၊ ငါးဖမ်းသင်္ဘောများအားလုံးတို့အနေနဲ့ ကမ်းရိုး တန်းအနီး၌သာ ရှိနေကြပြီး သ တိဖြင့် ဆက်လက်လုပ်ဆောင်ကြရန်။ ရေနက်ပိုင်းသို့ စွန့်စားသွားလာခြင်း မပြုကြရန်လည်း အကြံပြုထားသည်။
အိန္ဒိယနိုင်ငံ မိုးလေဝသဌာန IMD ကတော့ “ အာစနီ" ဟာ လာမည့် ၂၄ နာရီအတွင်း ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းဒေသမှာ ဆက်လက် တည်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။
ဆိုင်ကလုန်းရဲ့ရွေ့လျားမှုလမ်းကြောင်းအရ အင်္ဂါနေ့မှာ အင်ဒရာပရာဒက်ရှ်နဲ့ သြရိဿပြည်နယ် ကမ်းရိုးတန်း နှင့် နီးကပ်လာဖွယ် ရှိပါတယ်။ ဒါပေမဲ့ ကုန်းတွင်းပိုင်းသို့ဝင်ရောက်ရန် မဖြစ်နိုင်သလို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်း “ဂျာဝဒ်” နည်းတူ သြရိဿပြည်နယ် တောင်ပိုင်းကို ဖြတ်ကျော်ဝင် ရောက်ရန် အလားအလာ မရှိဘူးလို့ IMD က ခန့်မှန်းထားပါတယ်။
လောလောဆယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြည်နယ် ၇ ခုတို့ဟာ ပူပြင်းတဲ့ နွေရာသီရဲ့ တတိယမြောက် အပူလှိုင်း ကို ကြုံတွေ့နေရဆဲဖြစ်ကြောင်း မိုးလေဝသဌာနအဆိုအရ သိရှိရပါတယ်။
အရှေ့ပိုင်း ရမ်ဂါမတီမြို့မှာ စနေနေ့ အပူချိန်ဟာ ၃၇ ဒီဂရီဆဲလ်စီးယပ်နဲ့ တစ်နိုင်ငံလုံးမှာ အမြင့်ဆုံးအဖြစ် မှတ် တမ်းတင်ခဲ့ပြီး ဒါကာမြို့မှာ ၃၅.၂ ဒီဂရီစင်ဆဲလ်စီးယပ်အထိ အပူချိန်မြင့်တက်ခဲ့ပါတယ်။
ဒေသအချို့မှာ ဖြစ်ပွားနေတဲ့ အပူရှိန် မြင့်တက်မှုဟာ နိုင်ငံအနှံ့အပြားသို့ မပျံ့နှံ့ခြင်းမတိုင်မီ အပူလှိုင်းအနေနဲ့ ရက်အနည်းငယ်ကြာ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝှမ်း နေ့နှင့် ညအပူချိန်များ အနည်းငယ်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသပညာရှင်တစ်ဦးက ခန့်မှန်းပါတယ်။
ဧပြီလ စောစောပိုင်း နိုင်ငံအနှံ့အပြားမှာ အပူလှိုင်းနှစ်ခု ဖြတ်သန်းခဲ့ပြီး အပူချိန်ဟာ ၄၁.၂ ဒီဂရီစင်ဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပါတယ်။
https://bdnews24.com/bangladesh/2022/05/08/bangladesh-bakes-in-heatwave-as-cyclone-asani-brews-over-bay

zawgyi version
ဘဂၤလားပင္လယ္ေအာ္မုန္တိုင္းငယ္မွ “အာစနီ”မုန္တိုင္းျဖစ္လာၿပီး ဘဂၤလားေဒ့ရွ္ကို ဆိုင္ကလုန္း မုန္တိုင္းအျဖစ္ ျဖတ္ေက်ာ္မည္
Htay Oung (NP News) - ေမ ၈
ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းမွာ ေသာၾကာေန႔ (ေမလ ၆ ရက္)က မွတ္သားဖြယ္ေကာင္းတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ “မုန္တိုင္းငယ္” အျဖစ္ လ်င္ျမန္စြာပိုမိုအားေကာင္းလာခဲ့ၿပီးေနာက္ တနဂၤေႏြေန႔(ေမလ ၈ ရက္)မွာ ဆိုင္ကလုန္းမုန္တိုင္းအျဖစ္သို႔ ေျပာင္းလဲရန္ လုံေလာက္ေသာ စြမ္းအင္စုေဆာင္းမိၿပီး ျဖစ္လာခဲ့ပါတယ္။ ေလတိုက္ႏႈန္း တစ္နာရီလွ်င္ ၅၅ မိုင္အထိ တိုက္ခတ္ႏိုင္တဲ့ ဆိုင္ကလုန္းမုန္တိုင္းကို အလွည့္က် သီရိလကၤာႏိုင္ငံက “အာစနီ”လို႔ နာမည္ေပးထားၿပီး ဆင္ဟာလီဘာသာ စကားနဲ႔ “ ေဒါသမာန္ ”လို႔ အဓိပၸာယ္ရေၾကာင္း ဘဂၤလားအေျခစိုက္ bdnews24 ဒစ္ဂ်စ္တယ္မီဒီယာက ယေန႔ (ေမလ ၈ ရက္)တြင္ ေရးသားပါတယ္။
ဆိုင္ကလုန္း မုန္တိုင္း “ေဒါသမာန္"ဟာ စစ္တေကာင္းဆိပ္ကမ္းရဲ႕ ေတာင္-အေနာက္ေတာင္ဘက္ ၇၈ဝ မိုင္၊ ေကာ့ခ္ဘဇား ဆိပ္ကမ္းရဲ႕ အေနာက္ေတာင္ဘက္ ၇၃ဝ မိုင္၊ ပိုင္ရာဆိပ္ကမ္းေတာင္ဘက္ ၇၇၅ မိုင္နဲ႔ မြန္ဂလာ ဆိပ္ကမ္းရဲ႕ ေတာင္ဘက္ မိုင္ ၇၅ဝ အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနေၾကာင္း တနဂၤေႏြေန႔ နံနက္ ၆ နာရီ မိုးေလဝသအထူးသတင္း ထုတ္ျပန္ခ်က္အရ သိရွိရပါတယ္။
ဆိုင္ကလုန္းဗဟိုခ်က္မွ မိုင္ ၃ဝ အတြင္း အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ မိုင္ ၄ဝ ခန႔္ရွိၿပီး မိုးသက္ေလျပင္းက်ေရာက္စဥ္ တစ္နာရီလွ်င္ ၅၅ မိုင္အထိ ျမင့္တက္လာႏိုင္ေၾကာင္း သိရွိရပါတယ္။
ဆိုင္ကလုန္းဗဟိုခ်က္အနီး ပင္လယ္ျပင္ဟာ လႈိင္းေလ အလြန္ၾကမ္း တမ္းမွာျဖစ္ေၾကာင္း ခန႔္မွန္းထားတာေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေတာင္ ဘက္ရွိ ဆိပ္ကမ္းတို႔မွာ အေဝးတစ္ေနရာ၌ အႏၲရာယ္က် ေရာက္ႏိုင္ ေၾကာင္း မိုးေလဝသတိေပးအခ်က္ျပ အမွတ္ ၂ ကို လႊင့္တင္ထားပါတယ္။
ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းနဲ႔ ကမ္းေဝးငါးဖမ္းေလွမ်ား၊ ငါးဖမ္းသေဘၤာမ်ားအားလုံးတို႔အေနနဲ႔ ကမ္း႐ိုး တန္းအနီး၌သာ ရွိေနၾကၿပီး သ တိျဖင့္ ဆက္လက္လုပ္ေဆာင္ၾကရန္။ ေရနက္ပိုင္းသို႔ စြန႔္စားသြားလာျခင္း မျပဳၾကရန္လည္း အႀကံျပဳထားသည္။
အိႏၵိယႏိုင္ငံ မိုးေလဝသဌာန IMD ကေတာ့ “ အာစနီ" ဟာ လာမည့္ ၂၄ နာရီအတြင္း ျပင္းထန္တဲ့ ဆိုင္ကလုန္းမုန္တိုင္းအျဖစ္ ပိုမိုအားေကာင္းလာၿပီး ဘဂၤလားပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းေဒသမွာ ဆက္လက္ တည္ရွိေနဦးမယ္လို႔ ခန႔္မွန္းထားပါတယ္။
ဆိုင္ကလုန္းရဲ႕ေ႐ြ႕လ်ားမႈလမ္းေၾကာင္းအရ အဂၤါေန႔မွာ အင္ဒရာပရာဒက္ရွ္နဲ႔ ၾသရိႆျပည္နယ္ ကမ္း႐ိုးတန္း ႏွင့္ နီးကပ္လာဖြယ္ ရွိပါတယ္။ ဒါေပမဲ့ ကုန္းတြင္းပိုင္းသို႔ဝင္ေရာက္ရန္ မျဖစ္ႏိုင္သလို ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလတုန္းက ျဖစ္ေပၚခဲ့တဲ့ ဆိုင္ကလုန္း “ဂ်ာဝဒ္” နည္းတူ ၾသရိႆျပည္နယ္ ေတာင္ပိုင္းကို ျဖတ္ေက်ာ္ဝင္ ေရာက္ရန္ အလားအလာ မရွိဘူးလို႔ IMD က ခန႔္မွန္းထားပါတယ္။
ေလာေလာဆယ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ျပည္နယ္ ၇ ခုတို႔ဟာ ပူျပင္းတဲ့ ေႏြရာသီရဲ႕ တတိယေျမာက္ အပူလႈိင္း ကို ႀကဳံေတြ႕ေနရဆဲျဖစ္ေၾကာင္း မိုးေလဝသဌာနအဆိုအရ သိရွိရပါတယ္။
အေရွ႕ပိုင္း ရမ္ဂါမတီၿမိဳ႕မွာ စေနေန႔ အပူခ်ိန္ဟာ ၃၇ ဒီဂရီဆဲလ္စီးယပ္နဲ႔ တစ္ႏိုင္ငံလုံးမွာ အျမင့္ဆုံးအျဖစ္ မွတ္ တမ္းတင္ခဲ့ၿပီး ဒါကာၿမိဳ႕မွာ ၃၅.၂ ဒီဂရီစင္ဆဲလ္စီးယပ္အထိ အပူခ်ိန္ျမင့္တက္ခဲ့ပါတယ္။
ေဒသအခ်ိဳ႕မွာ ျဖစ္ပြားေနတဲ့ အပူရွိန္ ျမင့္တက္မႈဟာ ႏိုင္ငံအႏွံ႔အျပားသို႔ မပ်ံ႕ႏွံ႔ျခင္းမတိုင္မီ အပူလႈိင္းအေနနဲ႔ ရက္အနည္းငယ္ၾကာ ဆက္လက္ျဖစ္ပြားႏိုင္ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံတဝွမ္း ေန႔ႏွင့္ ညအပူခ်ိန္မ်ား အနည္းငယ္ျမင့္တက္လာႏိုင္ဖြယ္ရွိေၾကာင္း မိုးေလဝသပညာရွင္တစ္ဦးက ခန႔္မွန္းပါတယ္။
ဧၿပီလ ေစာေစာပိုင္း ႏိုင္ငံအႏွံ႔အျပားမွာ အပူလႈိင္းႏွစ္ခု ျဖတ္သန္းခဲ့ၿပီး အပူခ်ိန္ဟာ ၄၁.၂ ဒီဂရီစင္ဆဲလ္စီးယပ္အထိ ျမင့္တက္ခဲ့ပါတယ္။
https://bdnews24.com/bangladesh/2022/05/08/bangladesh-bakes-in-heatwave-as-cyclone-asani-brews-over-bay