လိင်တူချစ်သူများ လက်တွဲဖော်ရှာဖွေနိုင်တဲ့ Grindr App ကို blank-cheque ကုမ္ပဏီမှတစ်ဆင့်ဖြန့်ဝေမည်

761

ရောင်နီ (NP News) - မေ ၁ဝ
လိင်တူချစ်သူများ လက်တွဲဖော်ရှာနိုင်မယ့် Grindr App ကို blank-cheque ကုမ္ပဏီတစ်ခုကဝယ်ယူလိုက်ပြီး ယင်းမှတစ်ဆင့်ဖြန့်ဝေသွားတော့မည်ဖြစ်ကြောင်း US Securities and Exchange Commission က တနင်္လာနေ့(မေလ ၉ ရက်)မှာပြောကြားပါတယ်။
အဆိုပါ အက်ပလီကေးရှင်းကို ၂ဝ၂ဝ ခုနှစ်က မူရင်းတရုတ်ပိုင်ရှင်မှ Tiga Acquisition Corp ကို ရောင်းချခဲ့ချိန်မှာ တန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၆၂ဝ ရှိခဲ့ပါတယ်။ Tiga Acquisition Corp ဟာ Grindr ဝယ်ယူပြီး လအနည်းငယ်အကြာမှာ အက်ပ်ပလီကေးရှင်း တန်ဖိုးကိုဒေါ်လာသန်း ၂၄ဝ သန်းထပ်မြှင့်ချင်တာကြောင့် ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာလက အက်ပလီကေးရှင်းကို Public ဖွင့်ခဲ့ပါတယ်။
အက်ပ်ဟာကျန်ရှိနေသေးတဲ့ အကြွေးကျန်တွေအတွက် deadline သက် တမ်းတိုးထားပြီးဖြစ်ပေမယ့်ဖြစ်နိုင်ချေရှိတဲ့ သဘောတူညီချက်အသစ်တစ်ခု ထပ်မံမပြုလုပ်နိုင်ပါက SPAC ဟာ ယခုလနှောင်းပိုင်းမှာ ဒေဝါလီ ခံရမှာ ဖြစ်ပါတယ်။ SPAC တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Raymond Zage III ဟာ ၂ဝ၂ဝ ခုနှစ်က Beijing's Kunlun Tech Co မှ Grindr ကိုဝယ်ယူခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းစု San Vicente ရဲ့ အဖွဲ့ဝင်လည်း ဖြစ်တယ်လို့ သိရပါတယ်။
https://www.aljazeera.com/economy/2022/5/10/gay-dating-app-grindr-to-go-public-via-blank-check-company?

zawgyi version
လိင္တူခ်စ္သူမ်ား လက္တြဲေဖာ္ရွာေဖြႏိုင္တဲ့ Grindr App ကို blank-cheque ကုမၸဏီမွတစ္ဆင့္ျဖန႔္ေဝမည္
ေရာင္နီ (NP News) - ေမ ၁ဝ
လိင္တူခ်စ္သူမ်ား လက္တြဲေဖာ္ရွာႏိုင္မယ့္ Grindr App ကို blank-cheque ကုမၸဏီတစ္ခုကဝယ္ယူလိုက္ၿပီး ယင္းမွတစ္ဆင့္ျဖန႔္ေဝသြားေတာ့မည္ျဖစ္ေၾကာင္း US Securities and Exchange Commission က တနလၤာေန႔(ေမလ ၉ ရက္)မွာေျပာၾကားပါတယ္။
အဆိုပါ အက္ပလီေကးရွင္းကို ၂ဝ၂ဝ ခုႏွစ္က မူရင္းတ႐ုတ္ပိုင္ရွင္မွ Tiga Acquisition Corp ကို ေရာင္းခ်ခဲ့ခ်ိန္မွာ တန္ဖိုးအားျဖင့္ ေဒၚလာ သန္း ၆၂ဝ ရွိခဲ့ပါတယ္။ Tiga Acquisition Corp ဟာ Grindr ဝယ္ယူၿပီး လအနည္းငယ္အၾကာမွာ အက္ပ္ပလီေကးရွင္း တန္ဖိုးကိုေဒၚလာသန္း ၂၄ဝ သန္းထပ္ျမႇင့္ခ်င္တာေၾကာင့္ ၂ဝ၂ဝ ခုႏွစ္ ႏိုဝင္ဘာလက အက္ပလီေကးရွင္းကို Public ဖြင့္ခဲ့ပါတယ္။
အက္ပ္ဟာက်န္ရွိေနေသးတဲ့ အေႂကြးက်န္ေတြအတြက္ deadline သက္ တမ္းတိုးထားၿပီးျဖစ္ေပမယ့္ျဖစ္ႏိုင္ေခ်ရွိတဲ့ သေဘာတူညီခ်က္အသစ္တစ္ခု ထပ္မံမျပဳလုပ္ႏိုင္ပါက SPAC ဟာ ယခုလေႏွာင္းပိုင္းမွာ ေဒဝါလီ ခံရမွာ ျဖစ္ပါတယ္။ SPAC တည္ေထာင္သူနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ Raymond Zage III ဟာ ၂ဝ၂ဝ ခုႏွစ္က Beijing's Kunlun Tech Co မွ Grindr ကိုဝယ္ယူခဲ့တဲ့ ရင္းႏွီးျမႇဳပ္ႏွံသူလုပ္ငန္းစု San Vicente ရဲ႕ အဖြဲ႕ဝင္လည္း ျဖစ္တယ္လို႔ သိရပါတယ္။
https://www.aljazeera.com/economy/2022/5/10/gay-dating-app-grindr-to-go-public-via-blank-check-company?