နေ့တိုင်း သစ်သီးစားပေးရင် ရလာမယ့် ကောင်းကျိုးတွေ

792

ဝတီ (NP News) - မေ ၁၁
သစ်သီးတွေဟာ အရောင်စုံ၊ အရွယ်စုံ၊ အရသာစုံနဲ့ စားလို့ အင်မတန် ကောင်းလှပါတယ်။ စားလို့ကောင်းသလို သူက လူကိုလည်း ကောင်း ကျိုးတွေ အများကြီးပေးပါတယ်။ သစ်သီးကို နေ့တိုင်း မှန်မှန်စားပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေကလည်း ဆိုထားတယ်လေ။ သစ်သီးတွေက ဈေးကြီးလို့ နေ့တိုင်းစားဖို့ မလွယ်ဘူးဆိုရင်တော့ ရာသီပေါ် သစ်သီးတွေကို စားပါလို့ တိုက်တွန်းလိုက်ပါရစေ။ ရာသီပေါ် သစ်သီးတွေဆိုရင် ဈေးသက်သာတော့ လူတိုင်းလိုလို၊ နေ့တိုင်းလိုလို စားနိုင်ကြမှာပါ။ သစ်သီးများနေ့တိုင်းကြီးတော့ မစားချင်ပါဘူးလို့ ဆိုချင်သူတွေအတွက် သစ်သီးနေ့တိုင်းစားရင်ရလာမယ့် သွားရည်ကျစရာ ကောင်း ကျိုးတွေကို ဖော်ပြလိုက်ပါတယ်။
zawgyi version
ေန႔တိုင္း သစ္သီးစားေပးရင္ ရလာမယ့္ ေကာင္းက်ိဳးေတြ
ဝတီ (NP News) - ေမ ၁၁
သစ္သီးေတြဟာ အေရာင္စုံ၊ အ႐ြယ္စုံ၊ အရသာစုံနဲ႔ စားလို႔ အင္မတန္ ေကာင္းလွပါတယ္။ စားလို႔ေကာင္းသလို သူက လူကိုလည္း ေကာင္း က်ိဳးေတြ အမ်ားႀကီးေပးပါတယ္။ သစ္သီးကို ေန႔တိုင္း မွန္မွန္စားေပးသင့္တယ္လို႔ ကြၽမ္းက်င္သူေတြကလည္း ဆိုထားတယ္ေလ။ သစ္သီးေတြက ေဈးႀကီးလို႔ ေန႔တိုင္းစားဖို႔ မလြယ္ဘူးဆိုရင္ေတာ့ ရာသီေပၚ သစ္သီးေတြကို စားပါလို႔ တိုက္တြန္းလိုက္ပါရေစ။ ရာသီေပၚ သစ္သီးေတြဆိုရင္ ေဈးသက္သာေတာ့ လူတိုင္းလိုလို၊ ေန႔တိုင္းလိုလို စားႏိုင္ၾကမွာပါ။ သစ္သီးမ်ားေန႔တိုင္းႀကီးေတာ့ မစားခ်င္ပါဘူးလို႔ ဆိုခ်င္သူေတြအတြက္ သစ္သီးေန႔တိုင္းစားရင္ရလာမယ့္ သြားရည္က်စရာ ေကာင္း က်ိဳးေတြကို ေဖာ္ျပလိုက္ပါတယ္။

သစ်သီးက ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ သစ်သီးတွေကို အရောင်စုံအောင်စားပါဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အသီးတွေကို အဲဒီလို အရောင်အမျိုးမျိုးဖြစ်စေတဲ့ အာဟာရကွန်ပေါင်းတွေက အန်တီအောက်ဆီးဒင့် (Antioxidants)တွေ ဖြစ်ပြီး အန်တီအောက်ဆီးဒင့်တွေက ရောင်ရမ်းမှုကို လျော့ကျစေနိုင်လို့ပါပဲ။ သစ်သီးတိုင်းလိုလိုမှာ အန်တီအောက်ဆီးဒင့်တွေ ပါတယ်ဆိုပေမယ့် တချို့သစ် သီးတွေမှာတော့ ပါဝင်မှုပိုများနေတတ်ပါတယ်။ ဥပမာပြောရရင် ဘယ်ရီသီးတွေမှာ အန်တီအောက်ဆီးဒင့်တွေ အများကြီးပါတယ်လေ။ ပြီးတော့ လိမ္မော်သီး အစရှိတဲ့ ရှောက်မျိုးနွယ်ဝင် သစ်သီးတွေကလည်း ကောင်း ကျိုးတွေ အများကြီး ပေးပါတယ်။
zawgyi version
သစ္သီးက ေရာင္ရမ္းမႈကို ေလ်ာ့က်ေစပါတယ္။ သစ္သီးေတြကို အေရာင္စုံေအာင္စားပါဆိုတဲ့ စကားကို ၾကားဖူးၾကမွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ အသီးေတြကို အဲဒီလို အေရာင္အမ်ိဳးမ်ိဳးျဖစ္ေစတဲ့ အာဟာရကြန္ေပါင္းေတြက အန္တီေအာက္ဆီးဒင့္ (Antioxidants)ေတြ ျဖစ္ၿပီး အန္တီေအာက္ဆီးဒင့္ေတြက ေရာင္ရမ္းမႈကို ေလ်ာ့က်ေစႏိုင္လို႔ပါပဲ။ သစ္သီးတိုင္းလိုလိုမွာ အန္တီေအာက္ဆီးဒင့္ေတြ ပါတယ္ဆိုေပမယ့္ တခ်ိဳ႕သစ္ သီးေတြမွာေတာ့ ပါဝင္မႈပိုမ်ားေနတတ္ပါတယ္။ ဥပမာေျပာရရင္ ဘယ္ရီသီးေတြမွာ အန္တီေအာက္ဆီးဒင့္ေတြ အမ်ားႀကီးပါတယ္ေလ။ ၿပီးေတာ့ လိေမၼာ္သီး အစရွိတဲ့ ေရွာက္မ်ိဳးႏြယ္ဝင္ သစ္သီးေတြကလည္း ေကာင္း က်ိဳးေတြ အမ်ားႀကီး ေပးပါတယ္။

သစ်သီးပုံမှန်စားပေးရင် နာတာရှည် ရောဂါစွဲကပ်နိုင်ခြေနည်းသွားနိုင်တယ်။ သစ်သီးကို နေ့တိုင်းပုံမှန်စားပေးတဲ့အခါ ရောင်ရမ်းနိုင်ခြေနည်းသွားနိုင်သလို တခြား အံ့မခန်း အကျိုးထူးတွေလည်း တစ်ပါတည်းရဦးမှာပါ။ အဲဒါကတော့ နာတာရှည်ရောဂါ စွဲကပ်နိုင်ခြေ နည်းသွားနိုင်တယ်ဆိုတဲ့ အကျိုးထူးပါပဲ။ သစ်သီးထဲမှာ ဗီတာမင်တွေ၊ သတ္တု ဓာတ်တွေ၊ အန်တီအောက်ဆီးဒင့်တွေ ပါတဲ့အတွက် သူတို့တွေက အတူလက်တွဲ အလုပ်လုပ်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ သစ်သီးနေ့တိုင်းစားပေးရင် ဒီဓာတ်တွေကို ပုံမှန် ရနေမှာဖြစ်တဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေ လျော့ကျသွားနိုင်တဲ့အပြင် သွေးဖိအား ကျပြီး တချို့ကင်ဆာရောဂါတွေလည်း စွဲကပ်နိုင်ခြေ နည်းသွား ဦးမှာပါ။ သစ်သီးက အူလမ်းကြောင်းကျန်းမာရေးကောင်းအောင် ကူညီထောက်ပံ့ပေးတယ်။ ဒီနေ့ခေတ်မှာဆိုရင်တော့ အူလမ်းကြောင်းကျန်းမာရေး ကောင်းအောင် ဘယ်လို ဂရုစိုက်သင့်တယ်ဆိုပြီး အတော်ကြီး ပြောဆိုရေးသားနေကြပါပြီ။ အူလမ်းကြောင်းကျန်းမာရေး ကောင်းတာဟာ ဆီးချိုအမျိုးအစားနှစ် ဖြစ်နိုင်ခြေ နည်းသွားတာကအစ စိတ်ကျန်းမာရေး ပိုကောင်းမွန်လာတာ အဆုံး အားလုံးနဲ့ ဆက်စပ်နေတယ်မဟုတ်လား။ အူလမ်းကြောင်းကောင်း မွန် ကျန်းမာဖို့ဆိုတဲ့နေရာမှာ သစ်သီးက အဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သစ်သီးမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အူလမ်းကြောင်း အတွက် ကောင်းသလို ဝမ်းချုပ်တာလိုမျိုး အစာချေစနစ်ဆိုင်ရာ ပြဿနာတွေ မဖြစ်အောင်လည်း အမျှင်ဓာတ်ကပဲ ကာကွယ်ပေးတာပါ။ အမျှင်ဓာတ်ပါတဲ့အတွက် သစ်သီးစားပြီးတဲ့အခါ ပိုပြီးကြာကြာအဆာခံမှာပါ။ အဲဒီအမျှင်ဓာတ်ရှိတဲ့အတွက် အစာချေစနစ် အလုပ်လုပ်ရတာ ပိုထိရောက်မယ်၊ အူထဲက အကျိုးပြုဘက်တီးရီးယားတွေအတွက်လည်း ကောင်းပါလိမ့်မယ်။ ဒီတော့ သစ်သီးထဲက အမျှင်ဓာတ်ဟာ အစာချေစနစ် ကောင်းမွန်ရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
zawgyi version
သစ္သီးပုံမွန္စားေပးရင္ နာတာရွည္ ေရာဂါစြဲကပ္ႏိုင္ေျခနည္းသြားႏိုင္တယ္။ သစ္သီးကို ေန႔တိုင္းပုံမွန္စားေပးတဲ့အခါ ေရာင္ရမ္းႏိုင္ေျခနည္းသြားႏိုင္သလို တျခား အံ့မခန္း အက်ိဳးထူးေတြလည္း တစ္ပါတည္းရဦးမွာပါ။ အဲဒါကေတာ့ နာတာရွည္ေရာဂါ စြဲကပ္ႏိုင္ေျခ နည္းသြားႏိုင္တယ္ဆိုတဲ့ အက်ိဳးထူးပါပဲ။ သစ္သီးထဲမွာ ဗီတာမင္ေတြ၊ သတၱဳ ဓာတ္ေတြ၊ အန္တီေအာက္ဆီးဒင့္ေတြ ပါတဲ့အတြက္ သူတို႔ေတြက အတူလက္တြဲ အလုပ္လုပ္ၿပီး ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးပါတယ္။ သစ္သီးေန႔တိုင္းစားေပးရင္ ဒီဓာတ္ေတြကို ပုံမွန္ ရေနမွာျဖစ္တဲ့အတြက္ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခ၊ ေလျဖတ္ႏိုင္ေျခ ေလ်ာ့က်သြားႏိုင္တဲ့အျပင္ ေသြးဖိအား က်ၿပီး တခ်ိဳ႕ကင္ဆာေရာဂါေတြလည္း စြဲကပ္ႏိုင္ေျခ နည္းသြား ဦးမွာပါ။ သစ္သီးက အူလမ္းေၾကာင္းက်န္းမာေရးေကာင္းေအာင္ ကူညီေထာက္ပံ့ေပးတယ္။ ဒီေန႔ေခတ္မွာဆိုရင္ေတာ့ အူလမ္းေၾကာင္းက်န္းမာေရး ေကာင္းေအာင္ ဘယ္လို ဂ႐ုစိုက္သင့္တယ္ဆိုၿပီး အေတာ္ႀကီး ေျပာဆိုေရးသားေနၾကပါၿပီ။ အူလမ္းေၾကာင္းက်န္းမာေရး ေကာင္းတာဟာ ဆီးခ်ိဳအမ်ိဳးအစားႏွစ္ ျဖစ္ႏိုင္ေျခ နည္းသြားတာကအစ စိတ္က်န္းမာေရး ပိုေကာင္းမြန္လာတာ အဆုံး အားလုံးနဲ႔ ဆက္စပ္ေနတယ္မဟုတ္လား။ အူလမ္းေၾကာင္းေကာင္း မြန္ က်န္းမာဖို႔ဆိုတဲ့ေနရာမွာ သစ္သီးက အဓိကအခန္းက႑ကေနပါဝင္ေနပါတယ္။ သစ္သီးမွာ အမွ်င္ဓာတ္ပါဝင္တာေၾကာင့္ အူလမ္းေၾကာင္း အတြက္ ေကာင္းသလို ဝမ္းခ်ဳပ္တာလိုမ်ိဳး အစာေခ်စနစ္ဆိုင္ရာ ျပႆနာေတြ မျဖစ္ေအာင္လည္း အမွ်င္ဓာတ္ကပဲ ကာကြယ္ေပးတာပါ။ အမွ်င္ဓာတ္ပါတဲ့အတြက္ သစ္သီးစားၿပီးတဲ့အခါ ပိုၿပီးၾကာၾကာအဆာခံမွာပါ။ အဲဒီအမွ်င္ဓာတ္ရွိတဲ့အတြက္ အစာေခ်စနစ္ အလုပ္လုပ္ရတာ ပိုထိေရာက္မယ္၊ အူထဲက အက်ိဳးျပဳဘက္တီးရီးယားေတြအတြက္လည္း ေကာင္းပါလိမ့္မယ္။ ဒီေတာ့ သစ္သီးထဲက အမွ်င္ဓာတ္ဟာ အစာေခ်စနစ္ ေကာင္းမြန္ေရးအတြက္ မရွိမျဖစ္လိုအပ္ပါတယ္။
သစ်သီးက အရေပြားကျန်းမာရေးအတွက် အင်မတန်ကောင်းပါတယ်။ အသားအရေ စိုပြေဝင်းလက်တောက်ပချင်တယ်ဆိုရင် အလှကုန်ပစ္စည်း တွေကိုချည်းပဲအားမကိုးဘဲ သစ်သီးတွေကိုလည်း ရေရှည်မှီဝဲအားကိုးကြည့်လိုက်ပါဦး။ သစ်သီးတွေကိုသာ နေ့တိုင်းနေ့တိုင်း ရေရှည် ပုံမှန်စားပေးနေရင် အသားအရေ ကောင်းမွန်လှပလာပါလိမ့်မယ်။ စောစောက ပြောခဲ့တဲ့အတိုင်း သစ်သီးထဲမှာ အန်တီအောက်ဆီးဒင့်တွေပါလို့ အန်တီအောက်ဆီးဒင့်တွေက အရေပြားဆဲလ်တွေ လွယ်လွယ်ကူကူ၊ မြန်မြန် ဆန်ဆန် ပျက်စီးမသွားအောင် ထိန်းပေးထားမှာပါ။ သစ်သီးက လူကို ရေဓာတ်ပြည့်နေစေပါတယ်။
zawgyi version
သစ္သီးက အေရျပားက်န္းမာေရးအတြက္ အင္မတန္ေကာင္းပါတယ္။ အသားအေရ စိုေျပဝင္းလက္ေတာက္ပခ်င္တယ္ဆိုရင္ အလွကုန္ပစၥည္း ေတြကိုခ်ည္းပဲအားမကိုးဘဲ သစ္သီးေတြကိုလည္း ေရရွည္မွီဝဲအားကိုးၾကည့္လိုက္ပါဦး။ သစ္သီးေတြကိုသာ ေန႔တိုင္းေန႔တိုင္း ေရရွည္ ပုံမွန္စားေပးေနရင္ အသားအေရ ေကာင္းမြန္လွပလာပါလိမ့္မယ္။ ေစာေစာက ေျပာခဲ့တဲ့အတိုင္း သစ္သီးထဲမွာ အန္တီေအာက္ဆီးဒင့္ေတြပါလို႔ အန္တီေအာက္ဆီးဒင့္ေတြက အေရျပားဆဲလ္ေတြ လြယ္လြယ္ကူကူ၊ ျမန္ျမန္ ဆန္ဆန္ ပ်က္စီးမသြားေအာင္ ထိန္းေပးထားမွာပါ။ သစ္သီးက လူကို ေရဓာတ္ျပည့္ေနေစပါတယ္။

ရေများများ သောက်ပေးမှ ကျန်းမာမှာပါ။ ဒါပေမဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ရေတစ်မျိုးတည်းကနေ မဟုတ်ဘဲ သစ်သီးတွေ ကနေလည်း ရရှိနိုင်ပါတယ်။ အရည်ရွှမ်းတဲ့ သစ်သီးတွေ ပုံမှန်စားပေးရင် ရေဓာတ် အပြည့်အ၀ ရနေမှာပါပဲ။ ဥပမာအားဖြင့် ပြောရရင်တော့ ဖရဲသီး ပေါ့။ ဖရဲသီးမှာ ရေဓာတ်အပြင် အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်တွေ၊ သတ္တု ဓာတ်တွေလည်း ပါတယ်လေ။ ပြီးတော့ စတော်ဘယ်ရီသီး၊ ရှောက်ပန်းသီးလည်း အရည်ရွှမ်းတာပါပဲ။ ကိုယ့်မှာလိုအပ်တဲ့ ရေဓာတ်ပြည့်ဝနေတယ်ဆိုရင် အစာချေစနစ်အတွက်လည်းကောင်းပြီး ခန္ဓာကိုယ်ထဲက အရိုးအဆစ်တွေ တစ်ခုနဲ့တစ်ခု တိုက်ရိုက်မပွတ်မိအောင်လည်း ကူညီပေးတယ်၊ အာဟာရဓာတ်တွေ ဆဲလ်တွေထဲ ပုံမှန် သွားနိုင်အောင်လည်း ရေဓာတ်က ကူညီပြီး သယ်ယူပို့ဆောင်ပေးပါတယ်။ သစ်သီးက ဝိတ်ချတဲ့နေရာမှာလည်း အထောက်အကူ ပြုပါတယ်။ ကိုယ်က ဝိတ်ချနေတယ်ဆိုရင် သကြားဓာတ် အများကြီး ပါတယ်ဆိုပြီး သစ်သီးတွေကို ရှောင်နေစရာ မလိုပါဘူး။ သစ်သီးက လူကို ဝစေတယ်လို့ တသမတ်တည်း သတ်မှတ်လို့မရပါဘူး။ လေ့လာချက်တွေအရဆိုရင်တော့ ဝိတ်ချတဲ့လူတွေအတွက် သစ်သီးက ကောင်းကျိုးတောင် ပေးပါသေးတယ်။ အရွယ်ရောက်ပြီးသား လူပေါင်း ၂၆ဝဝဝ ကျော်ကို သေသေချာချာ လေ့လာကြည့်တော့ သစ်သီးနဲ့အရွက် များများစားလေ ခန္ဓာကိုယ်မှာ အဆီ နည်းလေဆိုတာ တွေ့ရပါသတဲ့လေ။ ဒါကြောင့် သစ်သီးဟာ အဝမလွန်စေဖို့၊ ခန္ဓာကိုယ်ထဲမှာ အဆီပိုတွေ မများစေဖို့ ကာကွယ် ပေးနိုင်ပါတယ်။ သစ်သီးအများစုက ကယ်လိုရီ နည်းပြီး အမျှင်ဓာတ်များပါတယ်။ ဒါကြောင့် သစ်သီးစားရင် အကြာကြီး အဆာခံတဲ့အတွက် ဝိတ်ချတဲ့နေရာမှာ ကောင်းကောင်း အထောက် အကူဖြစ်နိုင်တာပါ။ ဝိတ်ချနေတဲ့ လူတွေဟာ အမျှင်ဓာတ်အများကြီးပါပြီး သကြားဓာတ်နည်းတဲ့ အသီးတွေကို စားကြည့်သင့်ပါတယ်။ ဘယ်လိုအသီးတွေလဲဆိုတော့ ပင်မှည့်၊ ရက်စ်ဘယ်ရီ၊ ဘလက်ခ်ဘယ်ရီ၊ တလည်းသီး စတဲ့အသီးတွေပေါ့။
zawgyi version
ေရမ်ားမ်ား ေသာက္ေပးမွ က်န္းမာမွာပါ။ ဒါေပမဲ့ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ေရဓာတ္ကို ေရတစ္မ်ိဳးတည္းကေန မဟုတ္ဘဲ သစ္သီးေတြ ကေနလည္း ရရွိႏိုင္ပါတယ္။ အရည္႐ႊမ္းတဲ့ သစ္သီးေတြ ပုံမွန္စားေပးရင္ ေရဓာတ္ အျပည့္အ၀ ရေနမွာပါပဲ။ ဥပမာအားျဖင့္ ေျပာရရင္ေတာ့ ဖရဲသီး ေပါ့။ ဖရဲသီးမွာ ေရဓာတ္အျပင္ အမွ်င္ဓာတ္၊ ဗီတာမင္ဓာတ္ေတြ၊ သတၱဳ ဓာတ္ေတြလည္း ပါတယ္ေလ။ ၿပီးေတာ့ စေတာ္ဘယ္ရီသီး၊ ေရွာက္ပန္းသီးလည္း အရည္႐ႊမ္းတာပါပဲ။ ကိုယ့္မွာလိုအပ္တဲ့ ေရဓာတ္ျပည့္ဝေနတယ္ဆိုရင္ အစာေခ်စနစ္အတြက္လည္းေကာင္းၿပီး ခႏၶာကိုယ္ထဲက အ႐ိုးအဆစ္ေတြ တစ္ခုနဲ႔တစ္ခု တိုက္႐ိုက္မပြတ္မိေအာင္လည္း ကူညီေပးတယ္၊ အာဟာရဓာတ္ေတြ ဆဲလ္ေတြထဲ ပုံမွန္ သြားႏိုင္ေအာင္လည္း ေရဓာတ္က ကူညီၿပီး သယ္ယူပို႔ေဆာင္ေပးပါတယ္။ သစ္သီးက ဝိတ္ခ်တဲ့ေနရာမွာလည္း အေထာက္အကူ ျပဳပါတယ္။ ကိုယ္က ဝိတ္ခ်ေနတယ္ဆိုရင္ သၾကားဓာတ္ အမ်ားႀကီး ပါတယ္ဆိုၿပီး သစ္သီးေတြကို ေရွာင္ေနစရာ မလိုပါဘူး။ သစ္သီးက လူကို ဝေစတယ္လို႔ တသမတ္တည္း သတ္မွတ္လို႔မရပါဘူး။ ေလ့လာခ်က္ေတြအရဆိုရင္ေတာ့ ဝိတ္ခ်တဲ့လူေတြအတြက္ သစ္သီးက ေကာင္းက်ိဳးေတာင္ ေပးပါေသးတယ္။ အ႐ြယ္ေရာက္ၿပီးသား လူေပါင္း ၂၆ဝဝဝ ေက်ာ္ကို ေသေသခ်ာခ်ာ ေလ့လာၾကည့္ေတာ့ သစ္သီးနဲ႔အ႐ြက္ မ်ားမ်ားစားေလ ခႏၶာကိုယ္မွာ အဆီ နည္းေလဆိုတာ ေတြ႕ရပါသတဲ့ေလ။ ဒါေၾကာင့္ သစ္သီးဟာ အဝမလြန္ေစဖို႔၊ ခႏၶာကိုယ္ထဲမွာ အဆီပိုေတြ မမ်ားေစဖို႔ ကာကြယ္ ေပးႏိုင္ပါတယ္။ သစ္သီးအမ်ားစုက ကယ္လိုရီ နည္းၿပီး အမွ်င္ဓာတ္မ်ားပါတယ္။ ဒါေၾကာင့္ သစ္သီးစားရင္ အၾကာႀကီး အဆာခံတဲ့အတြက္ ဝိတ္ခ်တဲ့ေနရာမွာ ေကာင္းေကာင္း အေထာက္ အကူျဖစ္ႏိုင္တာပါ။ ဝိတ္ခ်ေနတဲ့ လူေတြဟာ အမွ်င္ဓာတ္အမ်ားႀကီးပါၿပီး သၾကားဓာတ္နည္းတဲ့ အသီးေတြကို စားၾကည့္သင့္ပါတယ္။ ဘယ္လိုအသီးေတြလဲဆိုေတာ့ ပင္မွည့္၊ ရက္စ္ဘယ္ရီ၊ ဘလက္ခ္ဘယ္ရီ၊ တလည္းသီး စတဲ့အသီးေတြေပါ့။
https://www.eatthis.com/incredible-effects-eating-fruit-every-day/?fbclid=IwAR2kGiwgYwk3q4PnVKNmNrq0tp7iEYoD-UinwnyZElVKSp9GpgW3yxwTai4