ဘောလုံးအကယ်ဒမီ(၃)ကျောင်းအတွက် ကျောင်းသားသစ် (၁၆ဝ)ခန့်ရွေးချယ်ခေါ်ယူမည်

2291

ဟိန်း (NP News) - မေ ၁၂
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)မှဖွင့်လှစ်ထားသည့် မြန်မာဘော လုံးအကယ်ဒမီ (မန္တလေး)၌ (၂ဝ၂၂-၂ဝ၂၃) ပညာသင်နှစ်အတွက်
ကျောင်းသားသစ်များ ရွေးချယ်ခေါ်ယူခြင်းကို မေလ(၁၂)ရက်တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)၌ မေလ(၁၂)ရက်မှ (၁၅)ရက်အ ထိ မနက်ပိုင်းနှင့် ညနေပိုင်းခွဲကာ ရွေးချယ်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဟု သိရသည်။
မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်)အတွက် လူရွေးပွဲကို မေလ ၅ ရက်၊ ၆ ရက်၊ ၇ ရက်တွင် ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၌ ပြုလုပ်ခဲ့ပြီး အမျိုး သားဘောလုံးအကယ်ဒမီ (ရန်ကုန်)အတွက် လူရွေးပွဲကို မေလ ၈ ရက်၊ ၉ ရက်၊ ၁ဝ ရက်တွင် သုဝဏ္ဏဘောလုံးကွင်း၌ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ အ ဆိုပါလူရွေးပွဲများတွင် စုစုပေါင်း ကျောင်းသား ၂၅ဝ ကျော် လာရောက်ရွေးချယ်ခံခဲ့ကြောင်း သိရသည်။
ရွေးချယ်မှုသက်တမ်းအနေဖြင့် (၂ဝ၁ဝ/၂ဝ၁၁)ခုနှစ်ဖွား (အသက် ၁၁/၁၂)နှစ်အောက်၊ (၂ဝဝ၉)ခုနှစ်ဖွား (အသက် ၁၃)နှစ်အောက်၊ (၂ဝဝ၈)ခုနှစ်ဖွား (အသက် ၁၄)နှစ်အောက်နှင့် (၂ဝဝ၇)ခုနှစ်ဖွား (အသက် ၁၅)နှစ်အောက် သတ်မှတ်ထားပြီး ကျောင်းသားများအား ဘောလုံးအကယ်ဒမီ (၃)ကျောင်းအတွက် ရွေးချယ်ခေါ်ယူခြင်းဖြစ် သည်။
လာရောက်ရွေးချယ်ခံသူများအနေဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား (မူရင်းနှင့်မိတ္တူ)၊အိမ်ထောင်စုစာရင်း(မူရင်းနှင့်မိတ္တူ)၊မွေးစာရင်း(မူရင်းနှင့်မိတ္တူ)၊ကျောင်းထောက်ခံစာမူရင်း၊ဘောလုံးကန်ဖိနပ်၊ဝတ်စုံနှင့်လိုင် စင်ဓာတ်ပုံ ၃ ပုံတို့အားယူဆောင်လာရမည်ဖြစ်ပြီး ဘောလုံးတော့ခြင်း၊ ဘောလုံးပေးပို့ခြင်း၊ ဘောလုံးထိန်းသိမ်းခြင်း၊ ဘောလုံးလိမ်ခေါက်ဆွဲပြေးခြင်း၊ ဘောလုံးကန်သွင်းခြင်းစသည့် ဘောလုံးပိုင်းဆိုင်ရာများ၊ ကာယပိုင်းနှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာများ၊ နည်းစနစ်ပိုင်းကျွမ်းကျင်မှုများအား တစ်ဦးချင်းစီအလိုက် စစ်ဆေးရွေးချယ်သွားမည်ဟု သိရသည်။
အဆိုပါ ဘောလုံးအကယ်ဒမီ(၃)ကျောင်း၌ လူရွေးချယ်မှုများ ပြီးစီးသွားပါက တာဝန်ရှိသူများမှ စိစစ်ရွေးချယ်ထားသူများကို ဘောလုံးအကယ်ဒ မီကျောင်းများအလိုက် ထုတ်ပြန်ပေးသွားမည်ဟုသိရပြီး ယခုနှစ်အ တွက် ကျောင်းသားသစ်များရွေးချယ်ခေါ်ယူမှုအနေဖြင့် (၁၆ဝ)ဝန်းကျင်ခန့်လျာထားကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)၊ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)နှင့် မြန်မာဘောလုံးအ ကယ်ဒမီ(ပုသိမ်)တို့အား တည်ထောင်ဖွင့်လှစ်ထားပြီး ရွေးချယ်ခံရသည့် ကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏စီစဥ်ပေးမှု ဖြင့် ဘောလုံးပညာနှင့်အတန်းပညာတို့အား အကယ်ဒမီကျောင်း၌ ကျောင်းအိပ်ကျောင်းစားအဖြစ် သင်ယူရမည်ဖြစ်ကာ လစဥ်ထောက် ပံ့ကြေးအပါအဝင် အခြားသင်ကြားမှုနှင့်သက်ဆိုင်သည့် အထောက်အပံ့ များရရှိမည်ဖြစ်သည်။
မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) ကို ၂ဝ၁၁ ခုနှစ်တွင်လည်း ကောင်း၊ မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်) ကို ၂ဝ၁၃ ခုနှစ်တွင်လည်း ကောင်း၊ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)ကို ၂ဝ၁၇ ခုနှစ်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့သည်။
https://npnewsmm.com/news/627cce7d563749336c0ed6b7

zawgyi version
ေဘာလုံးအကယ္ဒမီ(၃)ေက်ာင္းအတြက္ ေက်ာင္းသားသစ္ (၁၆ဝ)ခန္႔ေ႐ြးခ်ယ္ေခၚယူမည္
ဟိန္း (NP News) - ေမ ၁၂
ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ (MFF)မွဖြင့္လွစ္ထားသည့္ ျမန္မာေဘာ လုံးအကယ္ဒမီ (မႏၲေလး)၌ (၂ဝ၂၂-၂ဝ၂၃) ပညာသင္ႏွစ္အတြက္ ေက်ာင္းသားသစ္မ်ား ေ႐ြးခ်ယ္ေခၚယူျခင္းကို ေမလ(၁၂)ရက္တြင္ စတင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာေဘာလုံးအကယ္ဒမီ (မႏၲေလး)၌ ေမလ(၁၂)ရက္မွ (၁၅)ရက္အ ထိ မနက္ပိုင္းႏွင့္ ညေနပိုင္းခြဲကာ ေ႐ြးခ်ယ္စစ္ေဆးမႈမ်ားေဆာင္႐ြက္သြားမည္ဟု သိရသည္။
ျမန္မာေဘာလုံးအကယ္ဒမီ (ပုသိမ္)အတြက္ လူေ႐ြးပြဲကို ေမလ ၅ ရက္၊ ၆ ရက္၊ ၇ ရက္တြင္ ပုသိမ္ၿမိဳ႕ရွိ ေက်ာက္တိုင္ကြင္း၌ ျပဳလုပ္ခဲ့ၿပီး အမ်ိဳး သားေဘာလုံးအကယ္ဒမီ (ရန္ကုန္)အတြက္ လူေ႐ြးပြဲကို ေမလ ၈ ရက္၊ ၉ ရက္၊ ၁ဝ ရက္တြင္ သုဝဏၰေဘာလုံးကြင္း၌ ျပဳလုပ္ခဲ့ၿပီးျဖစ္သည္။ အ ဆိုပါလူေ႐ြးပြဲမ်ားတြင္ စုစုေပါင္း ေက်ာင္းသား ၂၅ဝ ေက်ာ္ လာေရာက္ေ႐ြးခ်ယ္ခံခဲ့ေၾကာင္း သိရသည္။
ေ႐ြးခ်ယ္မႈသက္တမ္းအေနျဖင့္ (၂ဝ၁ဝ/၂ဝ၁၁)ခုႏွစ္ဖြား (အသက္ ၁၁/၁၂)ႏွစ္ေအာက္၊ (၂ဝဝ၉)ခုႏွစ္ဖြား (အသက္ ၁၃)ႏွစ္ေအာက္၊ (၂ဝဝ၈)ခုႏွစ္ဖြား (အသက္ ၁၄)ႏွစ္ေအာက္ႏွင့္ (၂ဝဝ၇)ခုႏွစ္ဖြား (အသက္ ၁၅)ႏွစ္ေအာက္ သတ္မွတ္ထားၿပီး ေက်ာင္းသားမ်ားအား ေဘာလုံးအကယ္ဒမီ (၃)ေက်ာင္းအတြက္ ေ႐ြးခ်ယ္ေခၚယူျခင္းျဖစ္ သည္။
လာေရာက္ေ႐ြးခ်ယ္ခံသူမ်ားအေနျဖင့္ ႏိုင္ငံသားစီစစ္ေရးကတ္ျပား (မူရင္းႏွင့္မိတၱဴ)၊အိမ္ေထာင္စုစာရင္း(မူရင္းႏွင့္မိတၱဴ)၊ေမြးစာရင္း(မူရင္းႏွင့္မိတၱဴ)၊ေက်ာင္းေထာက္ခံစာမူရင္း၊ေဘာလုံးကန္ဖိနပ္၊ဝတ္စုံႏွင့္လိုင္ စင္ဓာတ္ပုံ ၃ ပုံတို႔အားယူေဆာင္လာရမည္ျဖစ္ၿပီး ေဘာလုံးေတာ့ျခင္း၊ ေဘာလုံးေပးပို႔ျခင္း၊ ေဘာလုံးထိန္းသိမ္းျခင္း၊ ေဘာလုံးလိမ္ေခါက္ဆြဲေျပးျခင္း၊ ေဘာလုံးကန္သြင္းျခင္းစသည့္ ေဘာလုံးပိုင္းဆိုင္ရာမ်ား၊ ကာယပိုင္းႏွင့္ စိတ္ဓါတ္ပိုင္းဆိုင္ရာမ်ား၊ နည္းစနစ္ပိုင္းကြၽမ္းက်င္မႈမ်ားအား တစ္ဦးခ်င္းစီအလိုက္ စစ္ေဆးေ႐ြးခ်ယ္သြားမည္ဟု သိရသည္။
အဆိုပါ ေဘာလုံးအကယ္ဒမီ(၃)ေက်ာင္း၌ လူေ႐ြးခ်ယ္မႈမ်ား ၿပီးစီးသြားပါက တာဝန္ရွိသူမ်ားမွ စိစစ္ေ႐ြးခ်ယ္ထားသူမ်ားကို ေဘာလုံးအကယ္ဒ မီေက်ာင္းမ်ားအလိုက္ ထုတ္ျပန္ေပးသြားမည္ဟုသိရၿပီး ယခုႏွစ္အ တြက္ ေက်ာင္းသားသစ္မ်ားေ႐ြးခ်ယ္ေခၚယူမႈအေနျဖင့္ (၁၆ဝ)ဝန္းက်င္ခန္႔လ်ာထားေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္မွ အမ်ိဳးသားေဘာလုံးအကယ္ဒမီ(ရန္ကုန္)၊ ျမန္မာေဘာလုံးအကယ္ဒမီ(မႏၲေလး)ႏွင့္ ျမန္မာေဘာလုံးအ ကယ္ဒမီ(ပုသိမ္)တို႔အား တည္ေထာင္ဖြင့္လွစ္ထားၿပီး ေ႐ြးခ်ယ္ခံရသည့္ ေက်ာင္းသားမ်ားအေနျဖင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၏စီစဥ္ေပးမႈ ျဖင့္ ေဘာလုံးပညာႏွင့္အတန္းပညာတို႔အား အကယ္ဒမီေက်ာင္း၌ ေက်ာင္းအိပ္ေက်ာင္းစားအျဖစ္ သင္ယူရမည္ျဖစ္ကာ လစဥ္ေထာက္ ပံ့ေၾကးအပါအဝင္ အျခားသင္ၾကားမႈႏွင့္သက္ဆိုင္သည့္ အေထာက္အပံ့ မ်ားရရွိမည္ျဖစ္သည္။
ျမန္မာေဘာလုံးအကယ္ဒမီ (မႏၲေလး) ကို ၂ဝ၁၁ ခုႏွစ္တြင္လည္း ေကာင္း၊ ျမန္မာေဘာလုံးအကယ္ဒမီ (ပုသိမ္) ကို ၂ဝ၁၃ ခုႏွစ္တြင္လည္း ေကာင္း၊ အမ်ိဳးသားေဘာလုံးအကယ္ဒမီ (ရန္ကုန္)ကို ၂ဝ၁၇ ခုႏွစ္တြင္လည္းေကာင္း ဖြင့္လွစ္ခဲ့သည္။
https://npnewsmm.com/news/627cce7d563749336c0ed6b7