သတိပြုရမယ့် စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲနဲ့ သတင်းအတု၊ သတင်းအမှားများရဲ့အန္တရာယ်(ဆောင်းပါး)

 2159

မင်းခန့် (NP News) - မေ ၁၃
မြန်မာနိုင်ငံရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ထပ်တ လဲလဲ ဖြန့်ချိနေကြတာကို နေ့စဉ်ရက်ဆက် တွေ့ရှိနေရပါတယ်။ အထူးသဖြင့် ပြည်သူလူထုအသုံးများတဲ့ Facebook စာမျက်နှာတွေမှာ မီဒီယာအမည်ခံ Account အမျိုးမျိုးနဲ့ သတင်းစာသား၊ ဓာတ်ပုံ၊ ဗီဒီယိုများ အသုံးပြုပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုတွေ၊ လိုရာဆွဲပြီး အမှန်၊ အမှား ရောနှောထားတဲ့သတင်းအမှား တွေကို ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက လုပ်ဆောင်နေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

“အမှားပြောပါများတော့ အမှန်ထင်လာတယ်” ဆိုတဲ့အတိုင်းပဲ ဒီလိုသတင်းအတု၊ သတင်းအမှားတွေကို နေ့စဉ် ရက်ဆက် ထပ်တလဲလဲ တွေ့မြင်ဖတ်ရှုနေရတဲ့အခါ လူမှုကွန်ရက်အသုံးပြုသူပြည်သူများက အမှားကို အမှန် ထင်၊ တံလျှပ်ကို ရေထင်ပြီး ရွှေသမင်အလိုက်မှားကြပါတော့တယ်။ ဒီလိုဖြစ်တာက လူမှုကွန်ရက်ကို သာမန် အသုံးပြုသူများသာမက ချင့်ချိန်စိစစ်ပြီး အသုံးပြုသူများကိုယ်တိုင် ထင်ယောင်ထင်မှားဖြစ်လာတာတွေကို တွေ့ရှိနေရပါတယ်။ ဒါက ဘာကိုပြဆိုနေသလဲဆိုရင် မြန်မာနိုင်ငံအနေနဲ့ စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲ ဆင်နွှဲခံ နေရပြီဆိုတာ သေချာစေတဲ့ အချက်ပေးခေါင်းလောင်းထိုးနေခြင်းဖြစ်ပါတယ်။

စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲ
စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲ ဟူသည်မှာ အသစ်အဆန်းတော့ မဟုတ်ပါ။ သမိုင်းမတင်မီ ခေတ်ကတည်းက စစ်ပွဲတွေမှာ ပြိုင်ဘက်ရဲ့ စိတ်ဓာတ်စွမ်းရည်ကျဆင်းစေရန် အသုံးပြုခဲ့ကြတဲ့ နည်းနာတစ်ခုပဲဖြစ်ပါတယ်။ သမိုင်းကြောင်းလေးကို အကျဉ်းမျှ ပြဆိုလိုပါတယ်။ ဘီစီ ၅၂၅ လောက်က ပါရှန်အင်ပါယာနဲ့ အီဂျစ်တို့ ဖြစ်ပွားခဲ့တဲ့ Pelusium စစ်ပွဲမှာ ပါရှန်တို့ဘက်က ကြောင်သတ္တဝါတွေကို ဓားစာခံအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒီလိုသုံးရတဲ့အကြောင်းက အီဂျစ်တို့ဘက်က ဘာသာရေးယုံကြည်ချက်နဲ့ ဂါထာမန္တာန်တချို့ကြောင့် ကြောင် သတ္တဝါတွေကို အထွတ်အမြတ်ထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဘာသာရေးကန့်သတ်ချက်ကို စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်းတစ်ခုအနေနဲ့ သုံးခဲ့ခြင်း ဖြစ်ပါတယ်။

ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှတို့က ဂျာမနီကို ရင်ဆိုင်ရာမှာ လက်ကမ်းစာစောင်များ ဖြန့်ဝေတဲ့ စိတ်ဓာတ် စစ်ဆင်ရေးနည်းလမ်းကို အသုံးချခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းမှာတော့ အသံလွှင့်ဌာနတွေကနေတစ်ဆင့် ဝါဒဖြန့်ချိခြင်း နည်းလမ်းတွေကို စတင်အသုံးပြုခဲ့ကြပါတယ်။ ယခုကာလမှာတော့ အင်တာနက်နဲ့ လူမှုကွန်ရက်တွေဟာ စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ရာမှာ အဓိကအခန်း ကဏ္ဍကနေပါဝင်လာပြီး ပစ်မှတ်နိုင်ငံ၊ လူ့အဖွဲ့အစည်း၊ အုပ်စုတွေရဲ့အယူအဆ သဘောတရားတွေ၊ ယဉ်ကျေးမှုတွေ၊ အတွေးအခေါ် အယူအဆတွေ ပြောင်းလဲလာအောင် သတင်းအတု၊ သတင်းအမှားများ အပါအဝင် စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်းမျိုးစုံကို အသုံးချကြပါတယ်။

မြန်မာနိုင်ငံနဲ့နီးစပ်တဲ့ ဒေသတွင်းနိုင်ငံတစ်ခုမှာ ဖြစ်ခဲ့တဲ့ဥပမာကို ပြဆိုရရင် ဗီယက်နမ်စစ်ပွဲတွင် (အသုံးပြုခဲ့တဲ့ အမေရိကန်တို့ရဲ့ Phoenix Program နဲ့ Chieu Hoi Program ဆိုတာ အထူးထင်ရှားပါတယ်။ Phoenix Program ကတော့ Viet Cong တွေထဲကို စိမ့်ဝင်ထိုးဖောက်ရေး၊ စိတ်ဓာတ်ပျက်ပြားအောင် စစ်ကြောရေးနဲ့ ညှဉ်းပန်းနှိပ်စက်ရေး အပါအဝင် အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ရေးတွေအထိ ပါဝင်ပါတယ်။ Chieu Hoi Program ကတော့ Viet Cong တွေ ဘက်ပြောင်းလာစေရေးကို အဓိကထားတာဖြစ်ပါတယ်။ Phoenix Program ကြောင့် သာမန်ပြည်သူတွေနဲ့ Viet Cong ၈၁၇၄ဝ ဖမ်းဆီးခံခဲ့ရပြီး ၂၆၃၆၉ ဦး လုပ်ကြံသတ်ဖြတ်ခံ ခဲ့ရပါတယ်။ Chieu Hoi Program ကြောင့် Viet Cong ၁၀၁၅၁၁ ဦး ဘက်ပြောင်းစေခဲ့ပါတယ်။

ယခုအချိန်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တို့ အသုံးပြုခဲ့တဲ့ Phoenix Program နဲ့ Chieu Hoi Program ဆန်ဆန် စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်းတွေကို အင်တာနက်နဲ့ ဆိုရှယ်မီ ဒီယာတွေမှာ အသုံးချပြီးလုပ်ဆောင်နေတာကို ထင်ထင်ရှားရှား တွေ့ရှိနေရလို့ နိုင်ငံတော်လုံခြုံရေးအတွက် အထူးသတိပြုရမယ့် အချိန်အခါဖြစ်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲ
မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်စေခဲ့တဲ့ စနစ်တကျ မဲလိမ်မဲခိုးပြီး အစိုးရအခွင့်အာဏာကို ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အသုံးချခဲ့တဲ့အကြောင်းရင်းကို မျက်ကွယ်ပြုပြီး တပ်မတော်က အခြေခံ ဥပဒေအရ အာဏာထိန်းသိမ်းမှုကို စစ်အာဏာသိမ်းမှုအသွင် ပုံဖော်ခဲ့ကြပါတယ်။

ဒီလို လူမှုကွန်ရက်တွေပေါ်ကနေ ပုံဖော်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် စိတ်ဖိစီးပြီး မွန်းကျပ်နေတဲ့ ပြည်သူလူထုကို လမ်းပေါ်ဆွဲထုတ်ခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုလို့ ခေါင်းစဉ်တပ်ထားတဲ့ လူအုပ်ကြီးဟာ သိပ်မကြာ လိုက်တဲ့ အချိန်ကာလအတွင်းမှာပဲ ပရမ်းပတာ လူအုပ်စုကြီးအဖြစ် ပြောင်းလဲခံလိုက်ရပြီး မင်းမဲ့စရိုက်ဆန်ဆန် အဓိကရုဏ်းတွေနဲ့အကြမ်းဖက်မှုတွေကို ကျူးလွန်ကြပါတော့တယ်။ တစ်ချိန်တည်းမှာ အမေရိကန်နိုင်ငံသား တစ်ဦးက အင်တာနက်ပေါ်ကနေ မြန်မာလူငယ်တွေကို အကြမ်းဖက်သင်တန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပ နိုင်ငံကြီးတချို့ရဲ့ထောက်ပံ့မှုနဲ့ EAOs တချို့ကလည်း အကြမ်းဖက်သင်တန်းတွေပေးပြီး လက်နက်တပ်ဆင် ပေးခဲ့ကြပါတယ်။ ဒီလိုအခြေအနေတွေက အခါအခွင့်သင့်လို့ ဖြစ်လာခဲ့တာမဟုတ်ဘဲ နောက်ကွယ်က ကြိုးကိုင်မှု တွေနဲ့ချိတ်ဆက်ပြီး ပြည်သူလူထုက အသိမဲ့စွာနဲ့ သူတို့ဖြစ်စေချင်တဲ့အတိုင်း လိုက်ပါလုပ်ဆောင်လာအောင် စီမံနေကြခြင်းဖြစ်ပါတယ်။

အကြမ်းဖက်မှုကိုလှုံ့ဆော်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေနဲ့ မြေပြင်က အပြစ်မဲ့အရပ်သား ပြည်သူတွေ၊ ဝန်ထမ်း တွေနဲ့ သံဃာတွေကို သတ်ဖြတ်မှုတွေက တစ်ပြိုင်တည်းဖြစ်ပေါ်နေသလို လူမှုကွန်ရက်ကနေ သတင်းအတု၊ သတင်းအမှားများနဲ့လည်း စဉ်ဆက်မပြတ် လှုံ့ဆော်မီးထိုးပေးလျက်ရှိပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ တစ်ဖက်ပိတ် လော်ဘီတွေ၊ လူမှုရေးအရ ဩဇာရှိသူတွေနဲ့ အသားထဲကလောက်ထွက်တဲ့ မီဒီယာတချို့ကို ငွေကြေးထောက်ပံ့ပြီး အကြမ်းဖက်မှုတွေဖြစ်ပွားအောင်၊ အကြမ်းဖက်မှုတွေကို အားပေးလာအောင်၊ အကြမ်းဖက်သမားများ စိတ်ဓာတ်တက်ကြွအောင်၊ တပ်မတော်သားမိသားစုများ၊ အမျိုးသားရေးသမားများနဲ့ တပ်မတော်ကို အားပေးထောက်ခံသူများ စိတ်ဓာတ်ကျဆင်းလာအောင် လုပ်ကြံသတင်းအတုနဲ့ ပုံဖျက်သတင်း အမှားတွေ ထုတ်လွှင့်ပြီး စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲနေခြင်းဖြစ်ပါတယ်။

“လုပ်ကြံသတင်းအတု” ဆိုတာကတော့ ဖြစ်စဉ် လုံးဝမရှိဘဲ မြေပြင်မှာ အမှန်တကယ် ဖြစ်နေသလိုမျိုး ဓာတ်ပုံ၊ ဗီဒီယိုများအား ဖြတ်ညှပ်ကပ်ပြုလုပ်၍ လုပ်ကြံဖန်တီးရေးသား ဖော်ပြနေသော သတင်းများ ဖြစ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများကို နေ့စဉ်နဲ့အမျှ ကိန်းဂဏန်း အရေအတွက် အများအပြား ဖော်ပြရေးသားလေ့ရှိကြောင်း တွေ့ရှိရပါတယ်။ “ပုံဖျက်သတင်းအမှား” ဆိုတာကတော့ မြေပြင် ဖြစ်စဉ်အမှန်ကို အခြေခံပြီး သူတို့ပုံဖော်လိုတဲ့ အချက်ကို ပုံကြီးချဲ့ လိုရာဆွဲရေးသားတဲ့ သတင်းများဖြစ်ပါတယ်။ ပုံဖျက် သတင်းအမှားများဖော်ပြတဲ့အခါ ဗုံးပေါက်ကွဲမှုနဲ့ တိုက်ပွဲဖြစ်စဉ် အမှန်သတင်းတွေမှာ လုံခြုံရေးတပ်ဖွဲ့ ဝင်များ ထိခိုက်မှုမရှိပေမယ့်လည်း ထိခိုက်ကျဆုံးမှုအများအပြားဖော်ပြပြီး အမှန်၊ အမှား ရောထွေးဖော်ပြ လေ့ရှိပါတယ်။

ဒီလိုအခြေအမြစ်မရှိတဲ့ လုပ်ကြံသတင်းအတုနဲ့ ပုံဖျက်သတင်းအမှားများဟာ လူမှုကွန်ရက် အသုံးပြုတဲ့ ပြည်သူ များအတွက် သတင်းအဆိပ်အတောက် ဖြစ်စေပြီး ဆင်ခြင်သုံးသပ်နိုင်မှု အားနည်းတဲ့ ပြည်သူအချို့ ယုံကြည်ပြီး အားပေးလှုံ့ဆော်မှုတွေ ဖြစ်ပေါ်နေတာ ယနေ့ ပကတိအရှိတရား ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ကြံသတင်းအတု၊ သတင်းအမှားများကို စိစစ်မှုမရှိဘဲ သတင်းအဆင့်အတန်းမရှိ၊ မီဒီယာကျင့်ဝတ်သိက္ခာမဲ့စွာ သတင်းအဆိပ် အတောက်များကို ထပ်ခါတလဲလဲ ရေးသားဖော်ပြနေကြတဲ့ ပြည်တွင်း၊ ပြည်ပမီဒီယာအမည်ခံသတင်းဌာန တွေကို ပြည်ဖျက်မီဒီယာများလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

သတင်းအတု၊ သတင်းအမှား
ပြည်ဖျက်မီဒီယာများရဲ့နေ့စဉ်ဖော်ပြနေတဲ့သတင်းများကို လူမှုကွန်ရက် သတင်းအတု၊ သတင်းအမှား စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ FACT CHECK (Volunteer) အဖွဲ့က နေ့စဉ်စောင့်ကြည့် စိစစ်ဖော်ထုတ် ချက်များအရ Facebook စာမျက်နှာမှာ နေ့စဉ်သတင်းအတု၊ သတင်းအမှားအပုဒ်ရေ ၂ဝ မှ ၃ဝ ခန့်အထိ ရေးသားနေကြောင်း သိရှိရပါတယ်။

အစိုးရမဟုတ်တဲ့ ကြားနေ FACT CHECK (Volunteer)အဖွဲ့က သူတို့ရဲ့စိစစ်တွေ့ရှိချက်တွေကို လူမှုကွန်ရက် Platform တွေဖြစ်တဲ့ Facebook၊ Telegram၊ Twitter များပေါ်မှာ နေ့စဉ်စိစစ်ပြီး သတင်းအမှန်၊ သတင်းအမှား ခွဲခြားဖော်ပြပေးနေတာကိုလည်း တွေ့မြင်နေရပါတယ်။ အဆိုပါအဖွဲ့ရဲ့စိစစ်ထုတ်ပြန်ချက်များအနက် အနီးစပ်ဆုံး လတ်တလောကာလဖြစ်တဲ့ ဧပြီလ ၁ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ပြည်ဖျက်မီဒီယာများက Facebook စာမျက်နှာပေါ်မှာ လုပ်ကြံ သတင်းအတုနဲ့ ပုံဖျက်သတင်းအမှား အပုဒ် ၆၃၀ ရှိပြီး သတင်းအမှန် အနေနဲ့ ၃၂ ပုဒ်သာရှိကြောင်း သိရှိရပါတယ်။

စိစစ်ဖော်ပြထားတဲ့ လုပ်ကြံသတင်းအတုများစွာ ထဲက ဥပမာအနေဖြင့် Mizzima က ဧပြီလ ၅ ရက်နေ့မှာ ရေးသားဖော်ပြခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်မြို့ကနေ မတူပီမြို့ကို တက်လာသည့် စစ်ယာဉ်တန်းကို CDF-မင်းတပ်၊ The Youth Force နဲ့ CDF-မတူပီ အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ် ဘက်မှ ၅၀ ကျော် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်း၊ Khit Thit ကနေ ဧပြီလ ၁၁ ရက်နေ့မှာ ရေးသားဖော်ပြခဲ့တဲ့ မကွေးတိုင်း ပေါက်မြို့နယ် ကျအိုးကျေးရွာ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ PDF အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ဦးကျော် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်း၊ DVB ကနေ ဧပြီလ ၁၉ ရက်နေ့မှာ စစ်ကိုင်း တိုင်း မုံရွာမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို နံနက် ၈ နာရီ မိနစ် ၂ဝ ခန့်က PDF မဟာမိတ်လေးဖွဲ့ ပူးပေါင်း၍ မိုင်းစစ်ဆင်ရေးပြုလုပ်ခဲ့လို့ စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံးခဲ့ပြီး Jammer ကားတစ်စီး ပျက်စီးခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ ဖြစ်စဉ်လုံးဝမရှိဘဲ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုတွေ သာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

“ပုံဖျက်သတင်းအမှား”အနေဖြင့် Khit Thit ကနေ ဧပြီလ ၂ ရက်နေ့မှာ ရေးသားဖော်ပြခဲ့တဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် စိမ်းလန်းရုံးနဲ့ ဝရင်ငယ်-ရွာသစ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ တွေကို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကားတစ်စီး မီးလောင်ပြီး စစ်သားနဲ့ ပျူစောထီး ၁၅ ဦး သေဆုံးခဲ့ တယ်ဆိုတဲ့သတင်းတွေဟာ မိုင်းဆွဲဖြစ်စဉ် မှန်ကန်သော်လည်း စစ်ကားမီးလောင်ခြင်းမရှိ ရဲတစ်ဦးကျဆုံး၊ ပြည်သူ့စစ်သားတစ်ဦး ဒဏ်ရာရခဲ့ခြင်းသာ ဖြစ်ကြောင်း၊ DVB ကနေ ဧပြီလ ၇ ရက်နေ့မှာ ရေးသားဖော်ပြခဲ့တဲ့ မန္တလေး-မုံရွာကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း ကားငါးစီးကို PDF မှ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၃ဝ မှ ၄ဝ ခန့် သေဆုံးခဲ့တယ်ဆိုတဲ့သတင်းကလည်း မိုင်းဆွဲဖြစ်စဉ် မှန်ကန်သော်လည်းစစ်သည် နှစ်ဦးသာ ဒဏ်ရာ ရရှိပြီး ကျဆုံးမှုမရှိကြောင်း သိရှိရပါတယ်။

ထပ်ခါတလဲလဲ ထုတ်လွှင့်နေ
ဒီလိုတွေ လုပ်ကြံသတင်းအတုတွေနဲ့ ပုံဖျက်သတင်းအမှားတွေကို ထပ်ခါတလဲလဲ ထုတ်လွှင့်နေရတဲ့ ရည်ရွယ် ချက်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သက်မှတ်ခံထားရတဲ့ NUG ပြည်ပြေးအဖွဲ့ရဲ့အလုံးစုံပျက်စီးရေး လမ်းစဉ်အရ နိုင်ငံအနှံ့အပြားမှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ငါတို့နိုင်နေပြီဆိုတဲ့ လှုံ့ဆော်မှုကို ပြည်သူများ ယုံကြည်လာစေရန် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မျှော်လင့်ချက်မဲ့ပြီး ဦးတည်ရာ ပျောက်ဆုံးနေတဲ့ အကြမ်းဖက် PDF တွေနဲ့ သူတို့ကို ထောက်ခံသူတွေ စိတ်ဓာတ် တက်ကြွလာစေဖို့၊ အကြမ်းဖက်မှုတွေကို ပိုမို အားပေးလာစေဖို့၊ PDF များအတွက် အကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပကနေ ထောက်ပံ့ကြေးနဲ့ အလှူငွေတွေ တောင်းခံနိုင်ဖို့အတွက် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

အထူးသဖြင့် လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ နိုင်ငံကိုတည်ငြိမ်အောင် အုပ်ချုပ်နိုင်ခြင်းမရှိဘဲ Failed State အခြေအနေဖြစ်ဖို့ နီးလာနေကြောင်း ပုံဖော်နေပြီး တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နဲ့ ပြည်သူလူထုက တပ်မတော်အပေါ် အထင်လွဲမှားလာစေဖို့၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေအကြား သွေးခွဲဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်လိုခိုက်လိုစိတ် ကျဆင်းအောင် စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်နေကြ တာဖြစ်ပါတယ်။ အဆိုးဆုံးကတော့ အပြစ်မဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေ၊ သံဃာတွေကို အကြမ်းဖက် သတ်ဖြတ် ပြီး လူထုကြားထဲကို ၎င်းတို့ကိုမထောက်ခံရင် အသတ်ခံရမယ်ဆိုတဲ့အကြောက်တရားသွင်း သတင်းစကားပေး နေတာဖြစ်ပါတယ်။

ဒီလိုသတင်းတွေကို ပြည်ဖျက်မီဒီယာတွေနဲ့ ပြည်တွင်း၊ ပြည်ပအဖျက်သမားများက ၎င်းတို့ရဲ့ ကွန်ရက်တွေကနေ ဝေဝေဆာဆာ ဝိုင်းဝန်းထပ်ဆင့် လှုံ့ဆော်နေကြသလို နောက်ကွယ်က ကြိုးကိုင်စီစဉ် သူတွေကလည်း ငွေအင်အား၊ နည်းပညာအားတွေနဲ့ သတင်းအမှားတွေကို လူထုအကြား ပိုမိုပျံ့နှံ့ရောက်ရှိအောင် လုပ်ဆောင်နေ ကြတယ်ဆိုတာ ပြည်သူတွေအနေနဲ့သတိပြုကြဖို့ လိုအပ်ပါတယ်။ ဗီယက်နမ်မှာ လုပ်ဆောင်ခဲ့တဲ့ Phoenix Program လိုပဲ လက်တွေ့အကြမ်းဖက်မှု နည်းလမ်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်းကို တစ်ပြိုင်နက်တည်း ပေါင်းစပ်ကျင့်သုံးနေကြတာ တွေ့ရှိရသလို Chieu Hoi Program လိုပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘက်ပြောင်း လာစေဖို့ကိုလည်း ချမှတ်လုပ်ဆောင်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

နောက်ကွယ်က အကြောင်းရင်း
ဒီလိုလုပ်ဆောင်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းကလည်း နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးလှ ပါတယ်။ မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ ဖြစ်အောင် ဖန်တီးချင်နေတဲ့သူ တွေဟာ မြန်မာနိုင်ငံမှာ တပ်မတော် ပြိုကွဲမှသာ နိုင်ငံအစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမှာ ဖြစ်တဲ့အတွက် ၎င်းတို့ရဲ့မဟာဗျူဟာ အကျိုးစီးပွားဖော်ဆောင် မယ့်သူတွေကို ငွေအား၊ လူအား၊ နည်းပညာအားတွေနဲ့ ကူညီနေခြင်းဖြစ်ပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေ တွေအရ ပြည်သူအများ စိတ်ဝမ်းကွဲပြားပြီး နိုင်ငံတော်ရဲ့အကျိုးစီးပွားကိုပျက်စီးအောင် လုပ်ဆောင်နေရုံ သာမကဘဲ သူတို့လိုသလို ကြိုးကိုင်လို့ရမယ့် အစိုးရတစ်ရပ်ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ ရေတိုနဲ့ ပြီးသွားမှာမဟုတ်ဘဲ တပ်မတော်မပြိုကွဲမချင်း၊ တပ်မတော်နဲ့ပြည်သူ သွေးမကွဲမချင်း၊ မြန်မာနိုင်ငံကို ၎င်းတို့အလိုကျ ကြိုးကိုင်လို့မရမချင်း အကြောင်းပြချက်အမျိုးမျိုး၊ အသွင်အမျိုး မျိုးနဲ့ ရေရှည်ဆင်နွှဲနေမယ့်စစ်ပွဲတစ်ခုဖြစ်လို့ တပ်မတော်နဲ့ ပြည်သူ စည်းလုံးညီညွတ်မှုအားနဲ့ တုံ့ပြန်သွားကြရမှာ ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူအကြား၊ ပြည်သူအချင်းချင်းအကြား သွေးကွဲဖို့အတွက် ရေးသားထားတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းအတု၊ သတင်းအမှားတွေ မပျံ့နှံ့ဖို့ကိုလည်း ပြည်သူတွေဘက်က တာဝန်သိသိနဲ့ အပြည့်အဝ ကာကွယ်သွားဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် မီဒီယာကို လက်နက်သဖွယ်အသုံးချကာ သတင်းအတု၊ သတင်းအမှားတွေကို ရေးသားဖော်ပြပြီး ဝါဒဖြန့်ချိရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေတာကို ပြည်သူလူထုအနေနဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် စဉ်းစားချင့်ချိန်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နဲ့အတူ တိုင်းပြည် ချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်နဲ့ လက်တွဲဆောင်ရွက်သွားကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။

Zawgyi Version;
သတိျပဳရမယ့္ စိတ္ဓာတ္စစ္ဆင္ေရးစစ္ပြဲနဲ႔ သတင္းအတု၊ သတင္းအမွားမ်ားရဲ႕အႏၲရာယ္(ေဆာင္းပါး)
မင္းခန႔္ (NP News) - ေမ ၁၃
ျမန္မာႏိုင္ငံရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ သတင္းအတု၊ သတင္းအမွားေတြကို ရည္႐ြယ္ခ်က္ရွိရွိ ထပ္တ လဲလဲ ျဖန႔္ခ်ိေနၾကတာကို ေန႔စဥ္ရက္ဆက္ ေတြ႕ရွိေနရပါတယ္။ အထူးသျဖင့္ ျပည္သူလူထုအသုံးမ်ားတဲ့ Facebook စာမ်က္ႏွာေတြမွာ မီဒီယာအမည္ခံ Account အမ်ိဳးမ်ိဳးနဲ႔ သတင္းစာသား၊ ဓာတ္ပုံ၊ ဗီဒီယိုမ်ား အသုံးျပဳၿပီး လုပ္ႀကံဖန္တီးထားတဲ့ သတင္းအတုေတြ၊ လိုရာဆြဲၿပီး အမွန္၊ အမွား ေရာေႏွာထားတဲ့သတင္းအမွား ေတြကို ျပည္တြင္း၊ ျပည္ပမွ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းမ်ားက လုပ္ေဆာင္ေနတာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

“အမွားေျပာပါမ်ားေတာ့ အမွန္ထင္လာတယ္” ဆိုတဲ့အတိုင္းပဲ ဒီလိုသတင္းအတု၊ သတင္းအမွားေတြကို ေန႔စဥ္ ရက္ဆက္ ထပ္တလဲလဲ ေတြ႕ျမင္ဖတ္ရႈေနရတဲ့အခါ လူမႈကြန္ရက္အသုံးျပဳသူျပည္သူမ်ားက အမွားကို အမွန္ ထင္၊ တံလွ်ပ္ကို ေရထင္ၿပီး ေ႐ႊသမင္အလိုက္မွားၾကပါေတာ့တယ္။ ဒီလိုျဖစ္တာက လူမႈကြန္ရက္ကို သာမန္ အသုံးျပဳသူမ်ားသာမက ခ်င့္ခ်ိန္စိစစ္ၿပီး အသုံးျပဳသူမ်ားကိုယ္တိုင္ ထင္ေယာင္ထင္မွားျဖစ္လာတာေတြကို ေတြ႕ရွိေနရပါတယ္။ ဒါက ဘာကိုျပဆိုေနသလဲဆိုရင္ ျမန္မာႏိုင္ငံအေနနဲ႔ စိတ္ဓာတ္စစ္ဆင္ေရးစစ္ပြဲ ဆင္ႏႊဲခံ ေနရၿပီဆိုတာ ေသခ်ာေစတဲ့ အခ်က္ေပးေခါင္းေလာင္းထိုးေနျခင္းျဖစ္ပါတယ္။

စိတ္ဓာတ္စစ္ဆင္ေရးစစ္ပြဲ
စိတ္ဓာတ္စစ္ဆင္ေရးစစ္ပြဲ ဟူသည္မွာ အသစ္အဆန္းေတာ့ မဟုတ္ပါ။ သမိုင္းမတင္မီ ေခတ္ကတည္းက စစ္ပြဲေတြမွာ ၿပိဳင္ဘက္ရဲ႕ စိတ္ဓာတ္စြမ္းရည္က်ဆင္းေစရန္ အသုံးျပဳခဲ့ၾကတဲ့ နည္းနာတစ္ခုပဲျဖစ္ပါတယ္။ သမိုင္းေၾကာင္းေလးကို အက်ဥ္းမွ် ျပဆိုလိုပါတယ္။ ဘီစီ ၅၂၅ ေလာက္က ပါရွန္အင္ပါယာနဲ႔ အီဂ်စ္တို႔ ျဖစ္ပြားခဲ့တဲ့ Pelusium စစ္ပြဲမွာ ပါရွန္တို႔ဘက္က ေၾကာင္သတၱဝါေတြကို ဓားစာခံအျဖစ္ အသုံးျပဳခဲ့ၾကပါတယ္။ ဒီလိုသုံးရတဲ့အေၾကာင္းက အီဂ်စ္တို႔ဘက္က ဘာသာေရးယုံၾကည္ခ်က္နဲ႔ ဂါထာမႏၲာန္တခ်ိဳ႕ေၾကာင့္ ေၾကာင္ သတၱဝါေတြကို အထြတ္အျမတ္ထားတဲ့အတြက္ေၾကာင့္ပဲျဖစ္ပါတယ္။ ဘာသာေရးကန႔္သတ္ခ်က္ကို စိတ္ဓာတ္စစ္ဆင္ေရးနည္းလမ္းတစ္ခုအေနနဲ႔ သုံးခဲ့ျခင္း ျဖစ္ပါတယ္။

ပထမကမာၻစစ္အတြင္းမွာ ၿဗိတိသွ်တို႔က ဂ်ာမနီကို ရင္ဆိုင္ရာမွာ လက္ကမ္းစာေစာင္မ်ား ျဖန႔္ေဝတဲ့ စိတ္ဓာတ္ စစ္ဆင္ေရးနည္းလမ္းကို အသုံးခ်ခဲ့ပါတယ္။ ဒုတိယကမာၻစစ္ အတြင္းမွာေတာ့ အသံလႊင့္ဌာနေတြကေနတစ္ဆင့္ ဝါဒျဖန႔္ခ်ိျခင္း နည္းလမ္းေတြကို စတင္အသုံးျပဳခဲ့ၾကပါတယ္။ ယခုကာလမွာေတာ့ အင္တာနက္နဲ႔ လူမႈကြန္ရက္ေတြဟာ စိတ္ဓာတ္စစ္ဆင္ေရးျပဳလုပ္ရာမွာ အဓိကအခန္း က႑ကေနပါဝင္လာၿပီး ပစ္မွတ္ႏိုင္ငံ၊ လူ႔အဖြဲ႕အစည္း၊ အုပ္စုေတြရဲ႕အယူအဆ သေဘာတရားေတြ၊ ယဥ္ေက်းမႈေတြ၊ အေတြးအေခၚ အယူအဆေတြ ေျပာင္းလဲလာေအာင္ သတင္းအတု၊ သတင္းအမွားမ်ား အပါအဝင္ စိတ္ဓာတ္စစ္ဆင္ေရး နည္းလမ္းမ်ိဳးစုံကို အသုံးခ်ၾကပါတယ္။

ျမန္မာႏိုင္ငံနဲ႔နီးစပ္တဲ့ ေဒသတြင္းႏိုင္ငံတစ္ခုမွာ ျဖစ္ခဲ့တဲ့ဥပမာကို ျပဆိုရရင္ ဗီယက္နမ္စစ္ပြဲတြင္ (အသုံးျပဳခဲ့တဲ့ အေမရိကန္တို႔ရဲ႕ Phoenix Program နဲ႔ Chieu Hoi Program ဆိုတာ အထူးထင္ရွားပါတယ္။ Phoenix Program ကေတာ့ Viet Cong ေတြထဲကို စိမ့္ဝင္ထိုးေဖာက္ေရး၊ စိတ္ဓာတ္ပ်က္ျပားေအာင္ စစ္ေၾကာေရးနဲ႔ ညႇဥ္းပန္းႏွိပ္စက္ေရး အပါအဝင္ အၾကမ္းဖက္ လုပ္ႀကံသတ္ျဖတ္ေရးေတြအထိ ပါဝင္ပါတယ္။ Chieu Hoi Program ကေတာ့ Viet Cong ေတြ ဘက္ေျပာင္းလာေစေရးကို အဓိကထားတာျဖစ္ပါတယ္။ Phoenix Program ေၾကာင့္ သာမန္ျပည္သူေတြနဲ႔ Viet Cong ၈၁၇၄ဝ ဖမ္းဆီးခံခဲ့ရၿပီး ၂၆၃၆၉ ဦး လုပ္ႀကံသတ္ျဖတ္ခံ ခဲ့ရပါတယ္။ Chieu Hoi Program ေၾကာင့္ Viet Cong ၁၀၁၅၁၁ ဦး ဘက္ေျပာင္းေစခဲ့ပါတယ္။

ယခုအခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကိုလည္း ဗီယက္နမ္စစ္ပြဲမွာ အေမရိကန္တို႔ အသုံးျပဳခဲ့တဲ့ Phoenix Program နဲ႔ Chieu Hoi Program ဆန္ဆန္ စိတ္ဓာတ္စစ္ဆင္ေရးနည္းလမ္းေတြကို အင္တာနက္နဲ႔ ဆိုရွယ္မီ ဒီယာေတြမွာ အသုံးခ်ၿပီးလုပ္ေဆာင္ေနတာကို ထင္ထင္ရွားရွား ေတြ႕ရွိေနရလို႔ ႏိုင္ငံေတာ္လုံၿခဳံေရးအတြက္ အထူးသတိျပဳရမယ့္ အခ်ိန္အခါျဖစ္ပါတယ္။

ႏိုင္ငံေရးအေျပာင္းအလဲ
ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ေပၚေစခဲ့တဲ့ စနစ္တက် မဲလိမ္မဲခိုးၿပီး အစိုးရအခြင့္အာဏာကို ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ အသုံးခ်ခဲ့တဲ့အေၾကာင္းရင္းကို မ်က္ကြယ္ျပဳၿပီး တပ္မေတာ္က အေျခခံ ဥပေဒအရ အာဏာထိန္းသိမ္းမႈကို စစ္အာဏာသိမ္းမႈအသြင္ ပုံေဖာ္ခဲ့ၾကပါတယ္။

ဒီလို လူမႈကြန္ရက္ေတြေပၚကေန ပုံေဖာ္ၿပီး ကိုဗစ္-၁၉ ေရာဂါေၾကာင့္ စိတ္ဖိစီးၿပီး မြန္းက်ပ္ေနတဲ့ ျပည္သူလူထုကို လမ္းေပၚဆြဲထုတ္ခဲ့ၾကပါတယ္။ ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္မႈလို႔ ေခါင္းစဥ္တပ္ထားတဲ့ လူအုပ္ႀကီးဟာ သိပ္မၾကာ လိုက္တဲ့ အခ်ိန္ကာလအတြင္းမွာပဲ ပရမ္းပတာ လူအုပ္စုႀကီးအျဖစ္ ေျပာင္းလဲခံလိုက္ရၿပီး မင္းမဲ့စ႐ိုက္ဆန္ဆန္ အဓိက႐ုဏ္းေတြနဲ႔အၾကမ္းဖက္မႈေတြကို က်ဴးလြန္ၾကပါေတာ့တယ္။ တစ္ခ်ိန္တည္းမွာ အေမရိကန္ႏိုင္ငံသား တစ္ဦးက အင္တာနက္ေပၚကေန ျမန္မာလူငယ္ေတြကို အၾကမ္းဖက္သင္တန္းေပးခဲ့ပါတယ္။ ဒါ့အျပင္ ျပည္ပ ႏိုင္ငံႀကီးတခ်ိဳ႕ရဲ႕ေထာက္ပံ့မႈနဲ႔ EAOs တခ်ိဳ႕ကလည္း အၾကမ္းဖက္သင္တန္းေတြေပးၿပီး လက္နက္တပ္ဆင္ ေပးခဲ့ၾကပါတယ္။ ဒီလိုအေျခအေနေတြက အခါအခြင့္သင့္လို႔ ျဖစ္လာခဲ့တာမဟုတ္ဘဲ ေနာက္ကြယ္က ႀကိဳးကိုင္မႈ ေတြနဲ႔ခ်ိတ္ဆက္ၿပီး ျပည္သူလူထုက အသိမဲ့စြာနဲ႔ သူတို႔ျဖစ္ေစခ်င္တဲ့အတိုင္း လိုက္ပါလုပ္ေဆာင္လာေအာင္ စီမံေနၾကျခင္းျဖစ္ပါတယ္။

အၾကမ္းဖက္မႈကိုလႈံ႕ေဆာ္တဲ့ စိတ္ဓာတ္စစ္ဆင္ေရးေတြနဲ႔ ေျမျပင္က အျပစ္မဲ့အရပ္သား ျပည္သူေတြ၊ ဝန္ထမ္း ေတြနဲ႔ သံဃာေတြကို သတ္ျဖတ္မႈေတြက တစ္ၿပိဳင္တည္းျဖစ္ေပၚေနသလို လူမႈကြန္ရက္ကေန သတင္းအတု၊ သတင္းအမွားမ်ားနဲ႔လည္း စဥ္ဆက္မျပတ္ လႈံ႕ေဆာ္မီးထိုးေပးလ်က္ရွိပါတယ္။ ဒီလိုလုပ္ေဆာင္ရာမွာ တစ္ဖက္ပိတ္ ေလာ္ဘီေတြ၊ လူမႈေရးအရ ဩဇာရွိသူေတြနဲ႔ အသားထဲကေလာက္ထြက္တဲ့ မီဒီယာတခ်ိဳ႕ကို ေငြေၾကးေထာက္ပံ့ၿပီး အၾကမ္းဖက္မႈေတြျဖစ္ပြားေအာင္၊ အၾကမ္းဖက္မႈေတြကို အားေပးလာေအာင္၊ အၾကမ္းဖက္သမားမ်ား စိတ္ဓာတ္တက္ႂကြေအာင္၊ တပ္မေတာ္သားမိသားစုမ်ား၊ အမ်ိဳးသားေရးသမားမ်ားနဲ႔ တပ္မေတာ္ကို အားေပးေထာက္ခံသူမ်ား စိတ္ဓာတ္က်ဆင္းလာေအာင္ လုပ္ႀကံသတင္းအတုနဲ႔ ပုံဖ်က္သတင္း အမွားေတြ ထုတ္လႊင့္ၿပီး စိတ္ဓာတ္စစ္ဆင္ေရး ဆင္ႏႊဲေနျခင္းျဖစ္ပါတယ္။

“လုပ္ႀကံသတင္းအတု” ဆိုတာကေတာ့ ျဖစ္စဥ္ လုံးဝမရွိဘဲ ေျမျပင္မွာ အမွန္တကယ္ ျဖစ္ေနသလိုမ်ိဳး ဓာတ္ပုံ၊ ဗီဒီယိုမ်ားအား ျဖတ္ညႇပ္ကပ္ျပဳလုပ္၍ လုပ္ႀကံဖန္တီးေရးသား ေဖာ္ျပေနေသာ သတင္းမ်ား ျဖစ္ပါတယ္။ အထူးသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ထိခိုက္ ေသဆုံးမႈမ်ားကို ေန႔စဥ္နဲ႔အမွ် ကိန္းဂဏန္း အေရအတြက္ အမ်ားအျပား ေဖာ္ျပေရးသားေလ့ရွိေၾကာင္း ေတြ႕ရွိရပါတယ္။ “ပုံဖ်က္သတင္းအမွား” ဆိုတာကေတာ့ ေျမျပင္ ျဖစ္စဥ္အမွန္ကို အေျခခံၿပီး သူတို႔ပုံေဖာ္လိုတဲ့ အခ်က္ကို ပုံႀကီးခ်ဲ႕ လိုရာဆြဲေရးသားတဲ့ သတင္းမ်ားျဖစ္ပါတယ္။ ပုံဖ်က္ သတင္းအမွားမ်ားေဖာ္ျပတဲ့အခါ ဗုံးေပါက္ကြဲမႈနဲ႔ တိုက္ပြဲျဖစ္စဥ္ အမွန္သတင္းေတြမွာ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္မ်ား ထိခိုက္မႈမရွိေပမယ့္လည္း ထိခိုက္က်ဆုံးမႈအမ်ားအျပားေဖာ္ျပၿပီး အမွန္၊ အမွား ေရာေထြးေဖာ္ျပ ေလ့ရွိပါတယ္။

ဒီလိုအေျခအျမစ္မရွိတဲ့ လုပ္ႀကံသတင္းအတုနဲ႔ ပုံဖ်က္သတင္းအမွားမ်ားဟာ လူမႈကြန္ရက္ အသုံးျပဳတဲ့ ျပည္သူ မ်ားအတြက္ သတင္းအဆိပ္အေတာက္ ျဖစ္ေစၿပီး ဆင္ျခင္သုံးသပ္ႏိုင္မႈ အားနည္းတဲ့ ျပည္သူအခ်ိဳ႕ ယုံၾကည္ၿပီး အားေပးလႈံ႕ေဆာ္မႈေတြ ျဖစ္ေပၚေနတာ ယေန႔ ပကတိအရွိတရား ျဖစ္ပါတယ္။ ဒါေၾကာင့္ လုပ္ႀကံသတင္းအတု၊ သတင္းအမွားမ်ားကို စိစစ္မႈမရွိဘဲ သတင္းအဆင့္အတန္းမရွိ၊ မီဒီယာက်င့္ဝတ္သိကၡာမဲ့စြာ သတင္းအဆိပ္ အေတာက္မ်ားကို ထပ္ခါတလဲလဲ ေရးသားေဖာ္ျပေနၾကတဲ့ ျပည္တြင္း၊ ျပည္ပမီဒီယာအမည္ခံသတင္းဌာန ေတြကို ျပည္ဖ်က္မီဒီယာမ်ားလို႔ သတ္မွတ္ရမွာ ျဖစ္ပါတယ္။

သတင္းအတု၊ သတင္းအမွား
ျပည္ဖ်က္မီဒီယာမ်ားရဲ႕ေန႔စဥ္ေဖာ္ျပေနတဲ့သတင္းမ်ားကို လူမႈကြန္ရက္ သတင္းအတု၊ သတင္းအမွား ေစာင့္ၾကည့္ေရးအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ FACT CHECK (Volunteer) အဖြဲ႕က ေန႔စဥ္ေစာင့္ၾကည့္ စိစစ္ေဖာ္ထုတ္ ခ်က္မ်ားအရ Facebook စာမ်က္ႏွာမွာ ေန႔စဥ္သတင္းအတု၊ သတင္းအမွားအပုဒ္ေရ ၂ဝ မွ ၃ဝ ခန႔္အထိ ေရးသားေနေၾကာင္း သိရွိရပါတယ္။

အစိုးရမဟုတ္တဲ့ ၾကားေန FACT CHECK (Volunteer)အဖြဲ႕က သူတို႔ရဲ႕စိစစ္ေတြ႕ရွိခ်က္ေတြကို လူမႈကြန္ရက္ Platform ေတြျဖစ္တဲ့ Facebook၊ Telegram၊ Twitter မ်ားေပၚမွာ ေန႔စဥ္စိစစ္ၿပီး သတင္းအမွန္၊ သတင္းအမွား ခြဲျခားေဖာ္ျပေပးေနတာကိုလည္း ေတြ႕ျမင္ေနရပါတယ္။ အဆိုပါအဖြဲ႕ရဲ႕စိစစ္ထုတ္ျပန္ခ်က္မ်ားအနက္ အနီးစပ္ဆုံး လတ္တေလာကာလျဖစ္တဲ့ ဧၿပီလ ၁ ရက္ေန႔မွ ၃ဝ ရက္ေန႔အထိ ျပည္ဖ်က္မီဒီယာမ်ားက Facebook စာမ်က္ႏွာေပၚမွာ လုပ္ႀကံ သတင္းအတုနဲ႔ ပုံဖ်က္သတင္းအမွား အပုဒ္ ၆၃၀ ရွိၿပီး သတင္းအမွန္ အေနနဲ႔ ၃၂ ပုဒ္သာရွိေၾကာင္း သိရွိရပါတယ္။

စိစစ္ေဖာ္ျပထားတဲ့ လုပ္ႀကံသတင္းအတုမ်ားစြာ ထဲက ဥပမာအေနျဖင့္ Mizzima က ဧၿပီလ ၅ ရက္ေန႔မွာ ေရးသားေဖာ္ျပခဲ့တဲ့ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕ကေန မတူပီၿမိဳ႕ကို တက္လာသည့္ စစ္ယာဥ္တန္းကို CDF-မင္းတပ္၊ The Youth Force နဲ႔ CDF-မတူပီ အဖြဲ႕မ်ားက မိုင္းဆြဲတိုက္ခိုက္ခဲ့လို႔ စစ္ေကာင္စီတပ္ ဘက္မွ ၅၀ ေက်ာ္ ေသဆုံးခဲ့တယ္ဆိုတဲ့ သတင္း၊ Khit Thit ကေန ဧၿပီလ ၁၁ ရက္ေန႔မွာ ေရးသားေဖာ္ျပခဲ့တဲ့ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ က်အိုးေက်း႐ြာ အနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ PDF အဖြဲ႕ေတြၾကား တိုက္ပြဲျဖစ္ပြားခဲ့ရာမွာ စစ္ေကာင္စီဘက္က အနည္းဆုံး ၂၅ ဦးေက်ာ္ ေသဆုံးခဲ့တယ္ဆိုတဲ့ သတင္း၊ DVB ကေန ဧၿပီလ ၁၉ ရက္ေန႔မွာ စစ္ကိုင္း တိုင္း မုံ႐ြာၿမိဳ႕မွ ထြက္ခြာလာသည့္ စစ္ေကာင္စီတပ္ကို နံနက္ ၈ နာရီ မိနစ္ ၂ဝ ခန႔္က PDF မဟာမိတ္ေလးဖြဲ႕ ပူးေပါင္း၍ မိုင္းစစ္ဆင္ေရးျပဳလုပ္ခဲ့လို႔ စစ္ေကာင္စီဘက္က ၁၆ ဦး ေသဆုံးခဲ့ၿပီး Jammer ကားတစ္စီး ပ်က္စီးခဲ့တယ္ဆိုတဲ့ သတင္းေတြဟာ ျဖစ္စဥ္လုံးဝမရွိဘဲ လုပ္ႀကံဖန္တီးထားတဲ့ သတင္းအတုေတြ သာျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္။

“ပုံဖ်က္သတင္းအမွား”အေနျဖင့္ Khit Thit ကေန ဧၿပီလ ၂ ရက္ေန႔မွာ ေရးသားေဖာ္ျပခဲ့တဲ့ စစ္ကိုင္းတိုင္း တန႔္ဆည္ၿမိဳ႕နယ္ စိမ္းလန္း႐ုံးနဲ႔ ဝရင္ငယ္-႐ြာသစ္ေက်း႐ြာအနီးမွာ စစ္ေကာင္စီတပ္နဲ႔ ပ်ဴေစာထီးပူးေပါင္းအဖြဲ႕ ေတြကို PDF အဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့လို႔ စစ္ကားတစ္စီး မီးေလာင္ၿပီး စစ္သားနဲ႔ ပ်ဴေစာထီး ၁၅ ဦး ေသဆုံးခဲ့ တယ္ဆိုတဲ့သတင္းေတြဟာ မိုင္းဆြဲျဖစ္စဥ္ မွန္ကန္ေသာ္လည္း စစ္ကားမီးေလာင္ျခင္းမရွိ ရဲတစ္ဦးက်ဆုံး၊ ျပည္သူ႔စစ္သားတစ္ဦး ဒဏ္ရာရခဲ့ျခင္းသာ ျဖစ္ေၾကာင္း၊ DVB ကေန ဧၿပီလ ၇ ရက္ေန႔မွာ ေရးသားေဖာ္ျပခဲ့တဲ့ မႏၲေလး-မုံ႐ြာကားလမ္းေပၚမွာ စစ္ေကာင္စီယာဥ္တန္း ကားငါးစီးကို PDF မွ မိုင္းဆြဲတိုက္ခိုက္ခဲ့လို႔ စစ္သား ၃ဝ မွ ၄ဝ ခန႔္ ေသဆုံးခဲ့တယ္ဆိုတဲ့သတင္းကလည္း မိုင္းဆြဲျဖစ္စဥ္ မွန္ကန္ေသာ္လည္းစစ္သည္ ႏွစ္ဦးသာ ဒဏ္ရာ ရရွိၿပီး က်ဆုံးမႈမရွိေၾကာင္း သိရွိရပါတယ္။

ထပ္ခါတလဲလဲ ထုတ္လႊင့္ေန
ဒီလိုေတြ လုပ္ႀကံသတင္းအတုေတြနဲ႔ ပုံဖ်က္သတင္းအမွားေတြကို ထပ္ခါတလဲလဲ ထုတ္လႊင့္ေနရတဲ့ ရည္႐ြယ္ ခ်က္က အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သက္မွတ္ခံထားရတဲ့ NUG ျပည္ေျပးအဖြဲ႕ရဲ႕အလုံးစုံပ်က္စီးေရး လမ္းစဥ္အရ ႏိုင္ငံအႏွံ႔အျပားမွာ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားၿပီး ငါတို႔ႏိုင္ေနၿပီဆိုတဲ့ လႈံ႕ေဆာ္မႈကို ျပည္သူမ်ား ယုံၾကည္လာေစရန္ လုပ္ေဆာင္ေနျခင္းျဖစ္ပါတယ္။ ဒါ့အျပင္ ေမွ်ာ္လင့္ခ်က္မဲ့ၿပီး ဦးတည္ရာ ေပ်ာက္ဆုံးေနတဲ့ အၾကမ္းဖက္ PDF ေတြနဲ႔ သူတို႔ကို ေထာက္ခံသူေတြ စိတ္ဓာတ္ တက္ႂကြလာေစဖို႔၊ အၾကမ္းဖက္မႈေတြကို ပိုမို အားေပးလာေစဖို႔၊ PDF မ်ားအတြက္ အေၾကာင္းျပဳၿပီး ျပည္တြင္း၊ ျပည္ပကေန ေထာက္ပံ့ေၾကးနဲ႔ အလႉေငြေတြ ေတာင္းခံႏိုင္ဖို႔အတြက္ လုပ္ေဆာင္ေနျခင္းျဖစ္ပါတယ္။

အထူးသျဖင့္ လက္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအေနနဲ႔ ႏိုင္ငံကိုတည္ၿငိမ္ေအာင္ အုပ္ခ်ဳပ္ႏိုင္ျခင္းမရွိဘဲ Failed State အေျခအေနျဖစ္ဖို႔ နီးလာေနေၾကာင္း ပုံေဖာ္ေနၿပီး တပ္မေတာ္၏ ဂုဏ္သိကၡာက်ဆင္းေစရန္နဲ႔ ျပည္သူလူထုက တပ္မေတာ္အေပၚ အထင္လြဲမွားလာေစဖို႔၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ျပည္သူေတြအၾကား ေသြးခြဲဖို႔နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕တိုက္လိုခိုက္လိုစိတ္ က်ဆင္းေအာင္ စိတ္ဓာတ္စစ္ဆင္ေရးျပဳလုပ္ေနၾက တာျဖစ္ပါတယ္။ အဆိုးဆုံးကေတာ့ အျပစ္မဲ့ ျပည္သူေတြ၊ ဝန္ထမ္းေတြ၊ သံဃာေတြကို အၾကမ္းဖက္ သတ္ျဖတ္ ၿပီး လူထုၾကားထဲကို ၎တို႔ကိုမေထာက္ခံရင္ အသတ္ခံရမယ္ဆိုတဲ့အေၾကာက္တရားသြင္း သတင္းစကားေပး ေနတာျဖစ္ပါတယ္။

ဒီလိုသတင္းေတြကို ျပည္ဖ်က္မီဒီယာေတြနဲ႔ ျပည္တြင္း၊ ျပည္ပအဖ်က္သမားမ်ားက ၎တို႔ရဲ႕ ကြန္ရက္ေတြကေန ေဝေဝဆာဆာ ဝိုင္းဝန္းထပ္ဆင့္ လႈံ႕ေဆာ္ေနၾကသလို ေနာက္ကြယ္က ႀကိဳးကိုင္စီစဥ္ သူေတြကလည္း ေငြအင္အား၊ နည္းပညာအားေတြနဲ႔ သတင္းအမွားေတြကို လူထုအၾကား ပိုမိုပ်ံ႕ႏွံ႔ေရာက္ရွိေအာင္ လုပ္ေဆာင္ေန ၾကတယ္ဆိုတာ ျပည္သူေတြအေနနဲ႔သတိျပဳၾကဖို႔ လိုအပ္ပါတယ္။ ဗီယက္နမ္မွာ လုပ္ေဆာင္ခဲ့တဲ့ Phoenix Program လိုပဲ လက္ေတြ႕အၾကမ္းဖက္မႈ နည္းလမ္းနဲ႔ စိတ္ဓာတ္စစ္ဆင္ေရးနည္းလမ္းကို တစ္ၿပိဳင္နက္တည္း ေပါင္းစပ္က်င့္သုံးေနၾကတာ ေတြ႕ရွိရသလို Chieu Hoi Program လိုပဲ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ဘက္ေျပာင္း လာေစဖို႔ကိုလည္း ခ်မွတ္လုပ္ေဆာင္ေနတာကို ေတြ႕ရွိရမွာျဖစ္ပါတယ္။

ေနာက္ကြယ္က အေၾကာင္းရင္း
ဒီလိုလုပ္ေဆာင္ရျခင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းရင္းကလည္း ႏိုင္ငံေတာ္အတြက္ အလြန္အႏၲရာယ္ႀကီးလွ ပါတယ္။ ျမန္မာႏိုင္ငံမွာ မတည္ၿငိမ္မႈေတြ ျဖစ္ေအာင္ ဖန္တီးခ်င္ေနတဲ့သူ ေတြဟာ ျမန္မာႏိုင္ငံမွာ တပ္မေတာ္ ၿပိဳကြဲမွသာ ႏိုင္ငံအစိတ္စိတ္အႁမႊာႁမႊာ ၿပိဳကြဲမွာ ျဖစ္တဲ့အတြက္ ၎တို႔ရဲ႕မဟာဗ်ဴဟာ အက်ိဳးစီးပြားေဖာ္ေဆာင္ မယ့္သူေတြကို ေငြအား၊ လူအား၊ နည္းပညာအားေတြနဲ႔ ကူညီေနျခင္းျဖစ္ပါတယ္။ လက္ရွိ ႏိုင္ငံေရး အေျခအေန ေတြအရ ျပည္သူအမ်ား စိတ္ဝမ္းကြဲျပားၿပီး ႏိုင္ငံေတာ္ရဲ႕အက်ိဳးစီးပြားကိုပ်က္စီးေအာင္ လုပ္ေဆာင္ေန႐ုံ သာမကဘဲ သူတို႔လိုသလို ႀကိဳးကိုင္လို႔ရမယ့္ အစိုးရတစ္ရပ္ျဖစ္ေပၚလာေအာင္ လုပ္ေဆာင္ေနျခင္းျဖစ္ပါတယ္။ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္ေတြဟာ ေရတိုနဲ႔ ၿပီးသြားမွာမဟုတ္ဘဲ တပ္မေတာ္မၿပိဳကြဲမခ်င္း၊ တပ္မေတာ္နဲ႔ျပည္သူ ေသြးမကြဲမခ်င္း၊ ျမန္မာႏိုင္ငံကို ၎တို႔အလိုက် ႀကိဳးကိုင္လို႔မရမခ်င္း အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳး၊ အသြင္အမ်ိဳး မ်ိဳးနဲ႔ ေရရွည္ဆင္ႏႊဲေနမယ့္စစ္ပြဲတစ္ခုျဖစ္လို႔ တပ္မေတာ္နဲ႔ ျပည္သူ စည္းလုံးညီၫြတ္မႈအားနဲ႔ တုံ႔ျပန္သြားၾကရမွာ ျဖစ္ပါတယ္။ တပ္မေတာ္နဲ႔ ျပည္သူအၾကား၊ ျပည္သူအခ်င္းခ်င္းအၾကား ေသြးကြဲဖို႔အတြက္ ေရးသားထားတဲ့ ျပည္ဖ်က္မီဒီယာေတြရဲ႕ သတင္းအတု၊ သတင္းအမွားေတြ မပ်ံ႕ႏွံ႔ဖို႔ကိုလည္း ျပည္သူေတြဘက္က တာဝန္သိသိနဲ႔ အျပည့္အဝ ကာကြယ္သြားဖို႔ လိုအပ္ပါတယ္။

ဒါ့ေၾကာင့္ မီဒီယာကို လက္နက္သဖြယ္အသုံးခ်ကာ သတင္းအတု၊ သတင္းအမွားေတြကို ေရးသားေဖာ္ျပၿပီး ဝါဒျဖန႔္ခ်ိေရးနဲ႔ စိတ္ဓာတ္စစ္ဆင္ေရး လုပ္ေဆာင္ေနတာကို ျပည္သူလူထုအေနနဲ႔ ကိုယ္ပိုင္စဥ္းစားဉာဏ္ျဖင့္ စဥ္းစားခ်င့္ခ်ိန္ၿပီး ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တပ္မေတာ္နဲ႔အတူ တိုင္းျပည္ ခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္အျပည့္နဲ႔ လက္တြဲေဆာင္႐ြက္သြားၾကပါလို႔ တိုက္တြန္းႏႈိးေဆာ္လိုက္ရပါတယ္။ ။

Related news

© 2021. All rights reserved.