သပြေဝ ဆိုလာဓာတ်ပေးစက်ရုံအနီးတွင် နိုင်ငံလျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ပေးနိုင်မည့် ဆိုလာစီမံကိန်းသစ် ထပ်မံလုပ်ဆောင်မည်

 1502

မျိုးကြီး (NP News) - မေ ၁၆
သပြေဝဆိုလာဓာတ်ပေးစက်ရုံအနီးတွင် နိုင်ငံလျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဆိုလာ စီမံကိန်းသစ်များကို ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်မည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က ပြောသည်။

ဝန်ကြီးဦးသောင်းဟန်က မေလ ၁၅ ရက်တွင် မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှုများကို သွားရောက်ကြည့်ရှု့ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၃ဝ မဂ္ဂါဝပ် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို Clean Power Energy ကုမ္ပဏီက တည်ဆောက်ထားခြင်းဖြစ်ပြီး ဓာတ်အားထုတ်လုပ်ပေးနေပြီဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် နေရောင်ခြည်စွမ်းအင်အရင်းအမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည့်အတွက် နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော်တည်ဆောက်သွားရမည်ဟု ဝန်ကြီး ဦးသောင်းဟန်က ဆိုသည်။

သပြေဝပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ရန် နိုင်နင်းသည့်အတွက် ၎င်းဓာတ်အားပေးစက်ရုံအနီးတွင်ရှိ သော မြေလွတ်မြေရိုင်းများပေါ်တွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဆိုလာစီမံကိန်းသစ်များ ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးသွားမည် ဟု ဝန်ကြီးက ပြောသည်။

ထိုသို့ ထပ်မံတည်ဆောက်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာမည့် လျှပ်စစ် ဓါတ်အားများကို သပြေဝပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ဖြန့်ဖြူးပေးနိုင် ရေး ကြိုတင်ဆောင်ရွက်ထားရန်လည်း ဝန်ကြီးဦးသောင်းဟန်က ဆိုသည်။

သပြေဝနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံသည် သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ မြေဧရိယာ ၁၃၃ ဒသမ ၄၄ ဧကပေါ်တွင် တည်ရှိပြီး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ နှစ်သိန်း ကျော်ခန့်ထုတ်လုပ်နိုင်ကာ မြန်မာနိုင်ငံတွင် ဒုတိယမြောက်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တစ်ခုလည်းဖြစ်သည်။

https://npnewsmm.com/news/6281e5782a002a60844bb244

Zawgyi Version;
သေျပဝ ဆိုလာဓာတ္ေပးစက္႐ုံအနီးတြင္ ႏိုင္ငံလွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ေပးႏိုင္မည့္ ဆိုလာစီမံကိန္းသစ္ ထပ္မံလုပ္ေဆာင္မည္
မ်ိဳးႀကီး (NP News) - ေမ ၁၆
သေျပဝဆိုလာဓာတ္ေပးစက္႐ုံအနီးတြင္ ႏိုင္ငံလွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မည့္ ဆိုလာ စီမံကိန္းသစ္မ်ားကို ထပ္မံအေကာင္အထည္ေဖာ္ေဆာင္႐ြက္မည္ဟု လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဦးေသာင္းဟန္က ေျပာသည္။

ဝန္ႀကီးဦးေသာင္းဟန္က ေမလ ၁၅ ရက္တြင္ မႏၲေလးတိုင္း၊ သာစည္ၿမိဳ႕နယ္၊ သေျပဝေက်း႐ြာအနီးရွိ သေျပဝ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံ၏ ဓာတ္အားထုတ္လုပ္ေနမႈမ်ားကို သြားေရာက္ၾကည့္ရႈ႕ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ၃ဝ မဂၢါဝပ္ သေျပဝေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံကို Clean Power Energy ကုမၸဏီက တည္ေဆာက္ထားျခင္းျဖစ္ၿပီး ဓာတ္အားထုတ္လုပ္ေပးေနၿပီျဖစ္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံသည္ ေနေရာင္ျခည္စြမ္းအင္အရင္းအျမစ္မ်ား ေပါႂကြယ္ဝသည့္ႏိုင္ငံျဖစ္သည့္အတြက္ ေနေရာင္ျခည္ စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံမ်ားကို အေကာင္အထည္ေဖာ္တည္ေဆာက္သြားရမည္ဟု ဝန္ႀကီး ဦးေသာင္းဟန္က ဆိုသည္။

သေျပဝပင္မဓာတ္အားခြဲ႐ုံမွ ဓာတ္အားပို႔လႊတ္ရန္ ႏိုင္နင္းသည့္အတြက္ ၎ဓာတ္အားေပးစက္႐ုံအနီးတြင္ရွိ ေသာ ေျမလြတ္ေျမ႐ိုင္းမ်ားေပၚတြင္ ႏိုင္ငံေတာ္၏ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မည့္ ဆိုလာစီမံကိန္းသစ္မ်ား ထပ္မံအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရးအတြက္ စီမံေဆာင္႐ြက္ေပးသြားမည္ ဟု ဝန္ႀကီးက ေျပာသည္။

ထိုသို႔ ထပ္မံတည္ေဆာက္မည့္ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံမ်ားမွ ထြက္ရွိလာမည့္ လွ်ပ္စစ္ ဓါတ္အားမ်ားကို သေျပဝပင္မဓာတ္အားခြဲ႐ုံမွတစ္ဆင့္ ႏိုင္ငံေတာ္ဓာတ္အားစနစ္သို႔ ခ်ိတ္ဆက္ျဖန႔္ျဖဴးေပးႏိုင္ ေရး ႀကိဳတင္ေဆာင္႐ြက္ထားရန္လည္း ဝန္ႀကီးဦးေသာင္းဟန္က ဆိုသည္။

သေျပဝေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံသည္ သာစည္ၿမိဳ႕နယ္၊ သေျပဝေက်း႐ြာအနီးရွိ ေျမဧရိယာ ၁၃၃ ဒသမ ၄၄ ဧကေပၚတြင္ တည္ရွိၿပီး တစ္ရက္လွ်င္ လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီ ႏွစ္သိန္း ေက်ာ္ခန႔္ထုတ္လုပ္ႏိုင္ကာ ျမန္မာႏိုင္ငံတြင္ ဒုတိယေျမာက္ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံ တစ္ခုလည္းျဖစ္သည္။

https://npnewsmm.com/news/6281e5782a002a60844bb244

Picture

Wai Phyo

16/05/2022 19:48

ကြိုဆိုပါတယ် အမြန်ဆုံး အကောင်အထည်ဖေါ်နိုင်ပါစေ

Related news

© 2021. All rights reserved.