ရန်ကုန်မြို့ သမိုင်းလမ်းဆုံရှိ နှစ်ထပ်ယာဉ်ထိန်းရုံး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး၊ ရဲတစ်ဦးနှင့် အရပ်သား(၂)ဦး ဒဏ်ရာရရှိခဲ့

 1712

NP News - မေ ၁၇
ရန်ကုန်မြို၊ သမိုင်းလမ်းဆုံရှိ နှစ်ထပ်ယာဉ်ထိန်းရုံးမှာ ယနေ့ မေ ၁၇ ရက် နေ့လည်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ ပြီး လုံခြုံရေးဆောင်ရွက်နေသော ရဲတစ်ဦးနှင့် အရပ်သား(၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိ သည်။

ဖြစ်စဉ်မှာ မရမ်းကုန်မြိုနယ်၊ အမှတ်(၁)ရပ်ကွက်၊ အင်းစိန်လမ်းနှင့်ကျိုက်ဝိုင်းဘုရားလမ်းထောင့်၊ သမိုင်းလမ်းဆုံ ရှိ နှစ်ထပ်ယာဉ်ထိန်းရုံးသည် ၄ဝ မမ ဟု ယူဆရသောအရာဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းအနီးတွင်နေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

အဆိုပါနှစ်ထပ်ယာဉ်ထိန်းရုံးတွင် တပ်ကြပ်အဆင့်ရှိသူတစ်ဦး၊ တပ်သားတစ်ဦး၊ ရဲတစ်ဦးနှင့် ယာဉ်ထိန်းရဲနှစ်ဦး တို့သည် လုံခြုံရေးဆောင်ရွက်နေစဉ်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။

ထိုသို့ပစ်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ခြေထောက်တွင် အသက်အန္တရာယ်မစိုးရိမ်ရသော ထိခိုက် ဒဏ်ရာများရရှိခဲ့ပြီး ၎င်းဖြစ်စဉ်အနီးတွင် ဖြတ်သန်းသွားလာနေသော ကားတစ်စီးပေါ်မှာ အသက် ၆ဝ ကျော် အရွယ် အမျိုးသမီးတစ်ဦးနှင့် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးတို့မှာ အသက်အန္တရာယ်စိုးရိမ်ရသော ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သူများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

https://npnewsmm.com/news/628357581b8dca571c300548

Zawgyi Version;
ရန္ကုန္ၿမိဳ႕ သမိုင္းလမ္းဆုံရွိ ႏွစ္ထပ္ယာဥ္ထိန္း႐ုံး ပစ္ခတ္တိုက္ခိုက္ခံခဲ့ရၿပီး၊ ရဲတစ္ဦးႏွင့္ အရပ္သား(၂)ဦး ဒဏ္ရာရရွိခဲ့
NP News - ေမ ၁၇
ရန္ကုန္ၿမိဳ၊ သမိုင္းလမ္းဆုံရွိ ႏွစ္ထပ္ယာဥ္ထိန္း႐ုံးမွာ ယေန႔ ေမ ၁၇ ရက္ ေန႔လည္ပိုင္းက ပစ္ခတ္တိုက္ခိုက္ခံခဲ့ရ ၿပီး လုံၿခဳံေရးေဆာင္႐ြက္ေနေသာ ရဲတစ္ဦးႏွင့္ အရပ္သား(၂)ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သတင္းရရွိ သည္။

ျဖစ္စဥ္မွာ မရမ္းကုန္ၿမိဳနယ္၊ အမွတ္(၁)ရပ္ကြက္၊ အင္းစိန္လမ္းႏွင့္က်ိဳက္ဝိုင္းဘုရားလမ္းေထာင့္၊ သမိုင္းလမ္းဆုံ ရွိ ႏွစ္ထပ္ယာဥ္ထိန္း႐ုံးသည္ ၄ဝ မမ ဟု ယူဆရေသာအရာျဖင့္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ၎အနီးတြင္ေနထိုင္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

အဆိုပါႏွစ္ထပ္ယာဥ္ထိန္း႐ုံးတြင္ တပ္ၾကပ္အဆင့္ရွိသူတစ္ဦး၊ တပ္သားတစ္ဦး၊ ရဲတစ္ဦးႏွင့္ ယာဥ္ထိန္းရဲႏွစ္ဦး တို႔သည္ လုံၿခဳံေရးေဆာင္႐ြက္ေနစဥ္အခ်ိန္တြင္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာ သည္။

ထိုသို႔ပစ္ခံရမႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးသည္ ေျခေထာက္တြင္ အသက္အႏၲရာယ္မစိုးရိမ္ရေသာ ထိခိုက္ ဒဏ္ရာမ်ားရရွိခဲ့ၿပီး ၎ျဖစ္စဥ္အနီးတြင္ ျဖတ္သန္းသြားလာေနေသာ ကားတစ္စီးေပၚမွာ အသက္ ၆ဝ ေက်ာ္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးႏွင့္ ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးတို႔မွာ အသက္အႏၲရာယ္စိုးရိမ္ရေသာ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဒဏ္ရာရရွိခဲ့သူမ်ားကို ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႔ဝင္မ်ားကလည္း ပိတ္ဆို႔စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။

https://npnewsmm.com/news/628357581b8dca571c300548

Related news

© 2021. All rights reserved.