တွံတေးမြို့ရှိ ရာအိမ်မှူးတစ်ဦး နေအိမ်တွင် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခံရ
                        
                            
                             
 2001
 
                             
                            
                            
                         
                        
                        NP News - မေ ၁၇
ရန်ကုန်တိုင်း၊ တွံတေးမြို့၊ ကွမ်းခြံရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦးသည် မေ လ ၁၆ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် နေအိမ်တွင် ရှိနေစဉ်အချိန်တွင် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါရာအိမ်မှူးသည် ဦးဝင်းဆန်းဖြစ်ပြီး နေအိမ်တွင်ရှိနေစဉ်အချိန်၌ ဆိုင်ကယ်ဖြင့် လူ(၃)ဦးရောက်ရှိလာကာ သေနတ်ဖြင့် ဝင်ရောက်ပစ် ခတ်သွားခြင်းဖြစ်ကြောင်း အဆိုပါရပ်ကွက်တွင်နေထိုင်သူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့သေနတ်ဖြင့် ပစ်ခတ်စဉ်အချိန်၌ ရာအိမ်မှူးဖြစ်သူဦးဝင်းဆန်းမှာ ပြန်လည်ခုခံကာ လုံးထွေးတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ၎င်းကဆက် လက်ပြောသည်။
ပြန်လည်ခုခံတိုက်ခိုက်ခဲ့မှုကြောင့် သေနတ်သမား(၃)ဦးသည် ပါလာသော ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်ဆံများထားရှိကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
သို့ရာတွင် ရာအိမ်မှူးဖြစ်သူ ဦးဝင်းဆန်းသည် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရပြီး အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လာရောက်စုံစမ်းဆေးမှုများပြုလုပ်သွားခဲ့ကြောင်း သိရသည်။
                            
https://npnewsmm.com/news/628379e951b9aa770f6f60d3
                     
                        
                                                                    
                                
                                
                                        zawgyi version
တြံေတးၿမိဳ႕ရွိ ရာအိမ္မႉးတစ္ဦး ေနအိမ္တြင္ ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ခံရ
NP News - ေမ ၁၇
ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕၊ ကြမ္းၿခံရပ္ကြက္ရွိ ရာအိမ္မႉးတစ္ဦးသည္ ေမ လ ၁၆ ရက္ ညေန ၅ နာရီအခ်ိန္ခန႔္တြင္ ေနအိမ္တြင္ ရွိေနစဥ္အခ်ိန္တြင္ ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ျခင္းခံခဲ့ရေၾကာင္း သတင္းရရွိသည္။
အဆိုပါရာအိမ္မႉးသည္ ဦးဝင္းဆန္းျဖစ္ၿပီး ေနအိမ္တြင္ရွိေနစဥ္အခ်ိန္၌ ဆိုင္ကယ္ျဖင့္ လူ(၃)ဦးေရာက္ရွိလာကာ ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ ခတ္သြားျခင္းျဖစ္ေၾကာင္း အဆိုပါရပ္ကြက္တြင္ေနထိုင္သူတစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ေသနတ္ျဖင့္ ပစ္ခတ္စဥ္အခ်ိန္၌ ရာအိမ္မႉးျဖစ္သူဦးဝင္းဆန္းမွာ ျပန္လည္ခုခံကာ လုံးေထြးတိုက္ခိုက္မႈျပဳလုပ္ခဲ့ေၾကာင္း ၎ကဆက္ လက္ေျပာသည္။
ျပန္လည္ခုခံတိုက္ခိုက္ခဲ့မႈေၾကာင့္ ေသနတ္သမား(၃)ဦးသည္ ပါလာေသာ ပစၥတိုေသနတ္တစ္လက္ႏွင့္ က်ည္ဆံမ်ားထားရွိကာ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
သို႔ရာတြင္ ရာအိမ္မႉးျဖစ္သူ ဦးဝင္းဆန္းသည္ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကာင္းသိရၿပီး အခင္းျဖစ္ပြားရာေနရာသို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ လာေရာက္စုံစမ္းေဆးမႈမ်ားျပဳလုပ္သြားခဲ့ေၾကာင္း သိရသည္။
https://npnewsmm.com/news/628379e951b9aa770f6f60d3