အခေါက်ရွှေ အတုံး/အခဲရောင်းဝယ်မှုအတွက် လိုင်စင်လုပ်ဆောင်ရမည်ဟု YGEA အသိပေး

 1823

ဖူးပြည့် (NP News) - မေ ၁၇
နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုများနှင့် မှောင်ခိုရွှေရောင်းဝယ်မှုများကို တားဆီးနိုင်ရေးအတွက် အခေါက်ရွှေ အတုံး/အခဲရောင်းဝယ်မှုများအတွက် လိုင်စင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များအသင်း(YGEA) က မေလ ၁၇ ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။

အခေါက်ရွှေ (မီးလင်းရွှေ)အတုံး/အခဲ ရောင်းဝယ်ရာတွင် စည်ပင်လိုင်စင် ပြုလုပ်ရာတါင် ပါဝင်ရမည့် YGEA ၏ ထောက်ခံစာကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) အသင်းရုံးတွင် ရုံးချိန်အတွင်း လာရောက် ရယူနိုင်ကြောင်းလည်း အသိပေးထားသည်။

“အခေါက်ရွှေအတုံး/အခဲကို ဆိုင်တွေကရောင်းတာလည်းရှိတယ်။ တစ်ချို့ကိုင်ပြီးတော့လုပ်တာလည်းရှိတယ်။ နောက်ပိုင်းကျတော့ ရွှေဈေးကွက်က အများစိတ်ဝင်စားလာပြီးတော့ ဈေးကွက်မှာ ဈေးကစားမယ့်လူရော၊ နယ်စပ်ဖြတ်ကျော်ရောင်း မယ့်လူရော အဲ့လိုတွေဝင်လာတဲ့အတွက် ဈေးနှုန်းတည်ငြိမ်းရေးနဲ့ ရွှေဈေးကွက် တည်ငြိမ်ရေးအတွက်ကို ဦးတည်ပြီး အခုလိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အပြင်မှာသယ်တာတို့၊ ရောင်းတာတို့ရှိခဲ့လို့ရှိရင် လိုင်စင်နဲ့သွားရလာရပါ့မယ်။ ရွှေမှောင်ခိုရောင်းဝယ်ခြင်းကို အဓိကတားဆီလိုတာပါပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က NP News ကို ပြောသည်။

YGEA အသင်းအနေဖြင့် ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ထားခြင်းမရှိသော ရွှေဆိုင်များ၊ ရွှေအရောင်းအဝယ် လိုင်စင်ပြုလုပ်ကြရန်၊ မီးလင်း ရွှေအတုံးအခဲအရောင်းအဝယ်ပြုလုပ်သူများလိုင်စင်ပြုလုပ်ထားကြရန်၊ Social Media Application များမှ တစ်ဆင့် ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ထားခြင်းမရှိသော အရောင်းအဝယ်ပြုလုပ်သူများအား အရေးယူရန်၊ မီးလင်းရွှေအတုံးအခဲအရောင်းအဝယ်ပြုလုပ်နေသော ရွှေဆိုင်များ မီးလင်းရွှေအတုံးအခဲစာရင်းများ တိကျမှန်ကန် စွာ စာရင်းပြုစုထားရှိရန်၊ ရွှေအရောင်းအဝယ်စာရင်းဇယားများကို တိကျမှန်ကန်စွာ ဖြည့်စွက်ပေးရန်၊ ရွှေမှောင်ခိုင် ဈေးကွက်ပပျောက်စေရန်နှင့် ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ရွှေအရောင်းအဝယ်ကိစ္စများကို အသင်းရုံးခန်း အတွင်းမှအပ မည်သည့်နေရာတွင်မဆို အရောင်းအဝယ်ပြုလုပ်ခြင်းများ လုံးဝမပြုလုပ်ကြရန်၊ လက်ငင်းအရောင်း အဝယ်သာပြုလုပ်ကြရန်နှင့် စာရင်းပေး၊ သတင်းပေးပို့ခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော်အရောင်းအဝယ်ပြုလုပ်ခြင်း များကို မပြုလုပ်ကြရန် အသိပေးထားပြီး အဆိုပါအချက်အ လက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသော ပုဂ္ဂိုလ်များနှင့်ဆိုင်များအား တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိပေးထားသည်။

“ကျွန်တော်တို့က ရွှေဈေးနှုန်းကိုကျအောင်ချပေးတယ်။ ရွှေဈေးနိမ့်နေတဲ့အခါကျတော့ နယ်စပ်ဖြတ်ကျော်ရောင်း ဝယ်မယ့် လူတွေက မသမာမှု ၊ ဈေးကစားလာတာပေါ့။ အဲဒါကိုကာကွယ်တဲ့သဘောပါဘဲ။ ဆိုင်တွေမှာလည်း အရင်တုန်းက လက်ဝတ်လက်စားလာဝယ်တဲ့လူတွေရှိတယ်။ အခုကတော့ ဖြတ်စတွေပဲရောင်းရတော့တယ်။ အရောင်းအဝယ်အေးနေတယ်”ဟု ဦးမျိုးမြင့်က ဆက်လက်ပြောသည်။

ထို့ပြင် မေလ ၁၆ ရက်ကလည်း ရွှေလုပ်ငန်းရှင်များအသင်းမှရွှေကုန် သည်အချို့ ဖမ်းဆီးခံရသည့်သတင်းထွက်ပေါ်ခဲ့သော်လည်း ၎င်းတို့သည် ရွှေကုန်သည်များမဟုတ်ဘဲ လက်ငင်းအရောင်းအဝယ်မလုပ်ဘဲ လမ်းပေါ်မှ လေပတ်ကားရောင်းချနေသူများဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ မေလ (၁၇) ရက် ညနေ ၃ နာရီဝန်းကျင် အခေါက်ရွှေအပိတ်ဈေးနှုန်းအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂ဝ၄ဝဝဝဝ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးသည်လည်း တစ်အောင်စလျှင် ၁၈၂၈ ဒေါ်လာရှိကြောင်း သိရသည်။

https://npnewsmm.com/news/62838adbfe59bc5a0c17ff29

zawgyi version
အေခါက္ေ႐ႊ အတုံး/အခဲေရာင္းဝယ္မႈအတြက္ လိုင္စင္လုပ္ေဆာင္ရမည္ဟု YGEA အသိေပး
ဖူးျပည့္ (NP News) - ေမ ၁၇

နယ္စပ္ျဖတ္ေက်ာ္ေရာင္းဝယ္မႈမ်ားႏွင့္ ေမွာင္ခိုေ႐ႊေရာင္းဝယ္မႈမ်ားကို တားဆီးႏိုင္ေရးအတြက္ အေခါက္ေ႐ႊ အတုံး/အခဲေရာင္းဝယ္မႈမ်ားအတြက္ လိုင္စင္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊ လုပ္ငန္းရွင္မ်ားအသင္း(YGEA) က ေမလ ၁၇ ရက္တြင္ အသိေပးထုတ္ျပန္လိုက္သည္။

အေခါက္ေ႐ႊ (မီးလင္းေ႐ႊ)အတုံး/အခဲ ေရာင္းဝယ္ရာတြင္ စည္ပင္လိုင္စင္ ျပဳလုပ္ရာတါင္ ပါဝင္ရမည့္ YGEA ၏ ေထာက္ခံစာကို ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) အသင္း႐ုံးတြင္ ႐ုံးခ်ိန္အတြင္း လာေရာက္ ရယူႏိုင္ေၾကာင္းလည္း အသိေပးထားသည္။

“အေခါက္ေ႐ႊအတုံး/အခဲကို ဆိုင္ေတြကေရာင္းတာလည္းရွိတယ္။ တစ္ခ်ိဳ႕ကိုင္ၿပီးေတာ့လုပ္တာလည္းရွိတယ္။ ေနာက္ပိုင္းက်ေတာ့ ေ႐ႊေဈးကြက္က အမ်ားစိတ္ဝင္စားလာၿပီးေတာ့ ေဈးကြက္မွာ ေဈးကစားမယ့္လူေရာ၊ နယ္စပ္ျဖတ္ေက်ာ္ေရာင္း မယ့္လူေရာ အဲ့လိုေတြဝင္လာတဲ့အတြက္ ေဈးႏႈန္းတည္ၿငိမ္းေရးနဲ႔ ေ႐ႊေဈးကြက္ တည္ၿငိမ္ေရးအတြက္ကို ဦးတည္ၿပီး အခုလိုေဆာင္႐ြက္ျခင္းျဖစ္ပါတယ္။ အျပင္မွာသယ္တာတို႔၊ ေရာင္းတာတို႔ရွိခဲ့လို႔ရွိရင္ လိုင္စင္နဲ႔သြားရလာရပါ့မယ္။ ေ႐ႊေမွာင္ခိုေရာင္းဝယ္ျခင္းကို အဓိကတားဆီလိုတာပါပဲ”ဟု ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးမ်ိဳးျမင့္က NP News ကို ေျပာသည္။

YGEA အသင္းအေနျဖင့္ ေ႐ႊအေရာင္းအဝယ္လိုင္စင္ျပဳလုပ္ထားျခင္းမရွိေသာ ေ႐ႊဆိုင္မ်ား၊ ေ႐ႊအေရာင္းအဝယ္ လိုင္စင္ျပဳလုပ္ၾကရန္၊ မီးလင္း ေ႐ႊအတုံးအခဲအေရာင္းအဝယ္ျပဳလုပ္သူမ်ားလိုင္စင္ျပဳလုပ္ထားၾကရန္၊ Social Media Application မ်ားမွ တစ္ဆင့္ ေ႐ႊအေရာင္းအဝယ္လိုင္စင္ျပဳလုပ္ထားျခင္းမရွိေသာ အေရာင္းအဝယ္ျပဳလုပ္သူမ်ားအား အေရးယူရန္၊ မီးလင္းေ႐ႊအတုံးအခဲအေရာင္းအဝယ္ျပဳလုပ္ေနေသာ ေ႐ႊဆိုင္မ်ား မီးလင္းေ႐ႊအတုံးအခဲစာရင္းမ်ား တိက်မွန္ကန္ စြာ စာရင္းျပဳစုထားရွိရန္၊ ေ႐ႊအေရာင္းအဝယ္စာရင္းဇယားမ်ားကို တိက်မွန္ကန္စြာ ျဖည့္စြက္ေပးရန္၊ ေ႐ႊေမွာင္ခိုင္ ေဈးကြက္ပေပ်ာက္ေစရန္ႏွင့္ ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေစေရးအတြက္ ေ႐ႊအေရာင္းအဝယ္ကိစၥမ်ားကို အသင္း႐ုံးခန္း အတြင္းမွအပ မည္သည့္ေနရာတြင္မဆို အေရာင္းအဝယ္ျပဳလုပ္ျခင္းမ်ား လုံးဝမျပဳလုပ္ၾကရန္၊ လက္ငင္းအေရာင္း အဝယ္သာျပဳလုပ္ၾကရန္ႏွင့္ စာရင္းေပး၊ သတင္းေပးပို႔ျခင္းမရွိဘဲ နယ္စပ္ျဖတ္ေက်ာ္အေရာင္းအဝယ္ျပဳလုပ္ျခင္း မ်ားကို မျပဳလုပ္ၾကရန္ အသိေပးထားၿပီး အဆိုပါအခ်က္အ လက္မ်ားကို လိုက္နာေဆာင္႐ြက္ျခင္းမရွိေသာ ပုဂၢိဳလ္မ်ားႏွင့္ဆိုင္မ်ားအား တည္ဆဲဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အိေပးထားသည္။

“ကြၽန္ေတာ္တို႔က ေ႐ႊေဈးႏႈန္းကိုက်ေအာင္ခ်ေပးတယ္။ ေ႐ႊေဈးနိမ့္ေနတဲ့အခါက်ေတာ့ နယ္စပ္ျဖတ္ေက်ာ္ေရာင္း ဝယ္မယ့္ လူေတြက မသမာမႈ ၊ ေဈးကစားလာတာေပါ့။ အဲဒါကိုကာကြယ္တဲ့သေဘာပါဘဲ။ ဆိုင္ေတြမွာလည္း အရင္တုန္းက လက္ဝတ္လက္စားလာဝယ္တဲ့လူေတြရွိတယ္။ အခုကေတာ့ ျဖတ္စေတြပဲေရာင္းရေတာ့တယ္။ အေရာင္းအဝယ္ေအးေနတယ္”ဟု ဦးမ်ိဳးျမင့္က ဆက္လက္ေျပာသည္။

ထို႔ျပင္ ေမလ ၁၆ ရက္ကလည္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွေ႐ႊကုန္ သည္အခ်ိဳ႕ ဖမ္းဆီးခံရသည့္သတင္းထြက္ေပၚခဲ့ေသာ္လည္း ၎တို႔သည္ ေ႐ႊကုန္သည္မ်ားမဟုတ္ဘဲ လက္ငင္းအေရာင္းအဝယ္မလုပ္ဘဲ လမ္းေပၚမွ ေလပတ္ကားေရာင္းခ်ေနသူမ်ားျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) ၏ ေမလ (၁၇) ရက္ ညေန ၃ နာရီဝန္းက်င္ အေခါက္ေ႐ႊအပိတ္ေဈးႏႈန္းအရ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ ၂ဝ၄ဝဝဝဝ က်ပ္ျဖစ္ၿပီး ကမာၻ႔ေ႐ႊေဈးသည္လည္း တစ္ေအာင္စလွ်င္ ၁၈၂၈ ေဒၚလာရွိေၾကာင္း သိရသည္။

https://npnewsmm.com/news/62838adbfe59bc5a0c17ff29

Related news

© 2021. All rights reserved.