မြန်မာအမျိုးသမီးဘောလုံးအသင်း ဗိုလ်လုပွဲတက်ရန်အတွက် အိမ်ရှင် ဗီယက်နမ်အသင်းနှင့်ယှဉ်ပြိုင်မည်

 2549

ရဲပြည့် (NP News) - မေ ၁၈
ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားတဲ့ မြန်မာအမျိုးသမီးအသင်းဟာ ဒီကနေ(မေလ ၁၈ ရက်) မှာတော့ အိမ်ရှင်ဖြစ်သလို လက်ရှိဆီးဂိမ်းချန်ပီယံလည်းဖြစ်တဲ့ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရတော့မှာဖြစ်ပါတယ်။

မြန်မာအမျိုးသားဘောလုံးအသင်းက အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့်လည်း အမျိုးသမီးအသင်းကတော့ ထိုင်း၊ စင်ကာပူ၊ လာအို တို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး အုပ်စုတွင် ရှုံးပွဲမရှိခဲ့ပဲ ထိုင်းအသင်းနဲ့ (၇)မှတ်စီရမှတ်တူကာ ဂိုးကွာခြားချက်နဲ့ အုပ်စုဒုတိယနေရာကနေ တက်လှမ်းခဲ့ရတာဖြစ်ပါတယ်။ အိမ်ရှင် ဗီယက်အသင်းက အုပ်စု ပထမဖြင့်တက်ရောက်လာခဲ့ခြင်းကြောင့် ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်အသင်းသည် ယခုဆီးဂိမ်းပြိုင်ပွဲ၏ အိမ်ရှင်အသင်းဖြစ်သလို လက်ရှိချန်ပီယံအသင်းလည်းဖြစ်ရာ မြန်မာအသင်းအနေဖြင့် ပိုမိုအား ထုတ်ကစားရဖွယ်ရှိနေပြီး အုပ်စုပွဲစဉ်များထက် ပိုမိုကောင်းမွန်သည့် ခြေစွမ်းဖြင့် ကစားနိုင်မှသာ ဗိုလ်လုပွဲသို့ တစ်ကျော့ပြန်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဆီးဂိမ်းပြိုင်ပွဲ ဗိုလ်လုပွဲနဲ့ဝေးကွာနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အုပ်စုပွဲများကို လိုအပ်ချက်များ ပြန် လည်ပြင်ဆင်ကာ တိုက်စစ်ကစားပုံ ကောင်းမွန်လာပါက နိုင်ပွဲရယူနိုင်ရန် မျှော်လင့်ချက် ရှိနေတာဖြစ်ပါတယ်။

အဆိုပါနှစ်သင်း နောက်ဆုံးတွေ့ဆုံကစားခဲ့တဲ့ပွဲစဉ်မှာတော့ တစ်ဖက်တဂိုးစီသရေကျခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဘယ်အသင်းက အနိုင်ယူကျော်ဖြတ်သွားနိုင်မလဲဆိုတာကို စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ဆီးမီးဖိုင်နယ်ကို တက်လှမ်းခဲ့တာကြောင့် ဆုတံဆိပ်တစ်ခုခုကို ရရှိဖို့သေချာနေပြီး မြန်မာအမျိုးသမီးအသင်းဟာ ဆီးဂိမ်းအမျိုးသမီးပြိုင်ပွဲတွင် ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ခုနစ်ခုရရှိထားပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့အကြိမ်တိုင်း ဆုတံဆိပ်မလွတ်တမ်း ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပရိသတ်တွေအနေနဲ့လည်း မြန်မာအမျိုးသမီးက အိမ်ရှင်ဗီယက်နမ်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ဖို့ စောင့်ကြည့်အားပေးကြရန် တိုက်တွန်းလိုက်ချင်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ယနေ့ (မေလ ၁၈ ရက်)ညနေ ၃ နာရီခွဲတွင် ထိုင်းနှင့် ဖိလစ်ပိုင်အသင်း၊ ညနေ ၆ နာရီခွဲတွင် အိမ်ရှင်ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

https://npnewsmm.com/news/628476187c0a58456865cd03

zawgyi version
ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္း ဗိုလ္လုပြဲတက္ရန္အတြက္ အိမ္ရွင္ ဗီယက္နမ္အသင္းႏွင့္ယွဥ္ၿပိဳင္မည္
ရဲျပည့္ (NP News) - ေမ ၁၈

ဗီယက္နမ္ႏိုင္ငံ၌ က်င္းပလ်က္ရွိသည့္ (၃၁)ႀကိမ္ေျမာက္ ဆီးဂိမ္းအမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္ကို တက္လွမ္းသြားတဲ့ ျမန္မာအမ်ိဳးသမီးအသင္းဟာ ဒီကေန(ေမလ ၁၈ ရက္)မွာေတာ့ အိမ္ရွင္ျဖစ္သလို လက္ရွိဆီးဂိမ္းခ်န္ပီယံလည္းျဖစ္တဲ့ ဗီယက္နမ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားရေတာ့မွာျဖစ္ပါတယ္။

ျမန္မာအမ်ိဳးသားေဘာလုံးအသင္းက အုပ္စုအဆင့္ကေန ထြက္ခြာခဲ့ရေပမယ့္လည္း အမ်ိဳးသမီးအသင္းကေတာ့ ထိုင္း၊ စင္ကာပူ၊ လာအို တို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ခဲ့ၿပီး အုပ္စုတြင္ ရႈံးပြဲမရွိခဲ့ပဲ ထိုင္းအသင္းနဲ႔ (၇)မွတ္စီရမွတ္တူကာ ဂိုးကြာျခားခ်က္နဲ႔ အုပ္စုဒုတိယေနရာကေန တက္လွမ္းခဲ့ရတာျဖစ္ပါတယ္။ အိမ္ရွင္ ဗီယက္အသင္းက အုပ္စု ပထမျဖင့္တက္ေရာက္လာခဲ့ျခင္းေၾကာင့္ ထိပ္တိုက္ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ဗီယက္နမ္အသင္းသည္ ယခုဆီးဂိမ္းၿပိဳင္ပြဲ၏ အိမ္ရွင္အသင္းျဖစ္သလို လက္ရွိခ်န္ပီယံအသင္းလည္းျဖစ္ရာ ျမန္မာအသင္းအေနျဖင့္ ပိုမိုအား ထုတ္ကစားရဖြယ္ရွိေနၿပီး အုပ္စုပြဲစဥ္မ်ားထက္ ပိုမိုေကာင္းမြန္သည့္ ေျခစြမ္းျဖင့္ ကစားႏိုင္မွသာ ဗိုလ္လုပြဲသို႔ တစ္ေက်ာ့ျပန္တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။ ျမန္မာအသင္းဟာ ဆီးဂိမ္းၿပိဳင္ပြဲ ဗိုလ္လုပြဲနဲ႔ေဝးကြာေနသည္မွာ ၾကာျမင့္ေနၿပီျဖစ္ၿပီး အုပ္စုပြဲမ်ားကို လိုအပ္ခ်က္မ်ား ျပန္ လည္ျပင္ဆင္ကာ တိုက္စစ္ကစားပုံ ေကာင္းမြန္လာပါက ႏိုင္ပြဲရယူႏိုင္ရန္ ေမွ်ာ္လင့္ခ်က္ ရွိေနတာျဖစ္ပါတယ္။

အဆိုပါႏွစ္သင္း ေနာက္ဆုံးေတြ႕ဆုံကစားခဲ့တဲ့ပြဲစဥ္မွာေတာ့ တစ္ဖက္တဂိုးစီသေရက်ခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ဘယ္အသင္းက အႏိုင္ယူေက်ာ္ျဖတ္သြားႏိုင္မလဲဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာလည္းျဖစ္ပါတယ္။

ျမန္မာအမ်ိဳးသမီးအသင္းဟာ ဆီးမီးဖိုင္နယ္ကို တက္လွမ္းခဲ့တာေၾကာင့္ ဆုတံဆိပ္တစ္ခုခုကို ရရွိဖို႔ေသခ်ာေနၿပီး ျမန္မာအမ်ိဳးသမီးအသင္းဟာ ဆီးဂိမ္းအမ်ိဳးသမီးၿပိဳင္ပြဲတြင္ ေငြတံဆိပ္ သုံးခု၊ ေၾကးတံဆိပ္ ခုနစ္ခုရရွိထားၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့အႀကိမ္တိုင္း ဆုတံဆိပ္မလြတ္တမ္း ရယူႏိုင္ခဲ့တဲ့ မွတ္တမ္းေကာင္းရွိေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာပရိသတ္ေတြအေနနဲ႔လည္း ျမန္မာအမ်ိဳးသမီးက အိမ္ရွင္ဗီယက္နမ္ကို ေက်ာ္ျဖတ္ၿပီး ဗိုလ္လုပြဲကို တက္လွမ္းသြားႏိုင္ဖို႔ ေစာင့္ၾကည့္အားေပးၾကရန္ တိုက္တြန္းလိုက္ခ်င္ပါတယ္။

ဆီမီးဖိုင္နယ္ပြဲစဥ္မ်ားအျဖစ္ ယေန႔ (ေမလ ၁၈ ရက္)ညေန ၃ နာရီခြဲတြင္ ထိုင္းႏွင့္ ဖိလစ္ပိုင္အသင္း၊ ညေန ၆ နာရီခြဲတြင္ အိမ္ရွင္ဗီယက္နမ္ႏွင့္ ျမန္မာအသင္းတို႔ ယွဥ္ၿပိဳင္ကစားမည္ျဖစ္သည္။

https://npnewsmm.com/news/628476187c0a58456865cd03

Related news

© 2021. All rights reserved.