ဒီကနေ့အထိ အလုပ်လုပ်နေသေးတဲ့ ကမ္ဘာ့အသက်အကြီးဆုံး အနုပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲ

 717

ဝတီ (NP News) - မေ ၁၈
ရုပ်ရှင်ဆိုတာ လူငယ်၊ လူလတ်ပိုင်းတွေကိုပဲ အဓိကဇာတ်အိမ်တည် ထားလေ့ရှိတာကြောင့် အနုပညာရှင်တွေဟာ လူကြီးပိုင်းရောက်လာတဲ့အခါ လုပ်ကွက်မရတော့ဘဲ အနုပညာအလုပ်ကနေ အနားယူလိုက်ရလေ့ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အနုပညာလောကမှာ ဒီနေ့ဒီအချိန်အထိ ရပ်တည်နိုင်နေသေးတဲ့ သက်ကြီးရွယ်အို အနုပညာရှင်တွေ ရှားရှားပါးပါး ရှိနေကြတုန်းပါပဲ။ အသက်တွေ ဒီလောက်ကြီးနေတာတောင် အဲဒီလုပ်ငန်းမှာ ရပ်တည်နိုင်နေကြသေးတာဟာ နည်းနည်းနောနော အောင် မြင်မှု မဟုတ်ပါဘူး။ ဒီအသက်ဒီအရွယ်ထိတောင် အလုပ်လုပ်နေသေး တာဟာလည်း တကယ့်ကို ချီးကျူးစရာကောင်းလှပါတယ်။ ဒါကြောင့် လက်ရှိအချိန်ထိ အနုပညာအလုပ်တွေ လုပ်နေဆဲ လေးစားအားကျစရာ ကမ္ဘာ့အသက်အကြီးဆုံး အနုပညာရှင်တွေက ဘယ်သူတွေလဲ၊ သူတို့တွေ အသက်ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာတွေကို ကြည့်လိုက်ကြရအောင်ပါ။

zawgyi version
ဒီကေန႔အထိ အလုပ္လုပ္ေနေသးတဲ့ ကမာၻ႔အသက္အႀကီးဆုံး အႏုပညာရွင္ေတြက ဘယ္သူေတြျဖစ္မလဲ
ဝတီ (NP News) - ေမ ၁၈

႐ုပ္ရွင္ဆိုတာ လူငယ္၊ လူလတ္ပိုင္းေတြကိုပဲ အဓိကဇာတ္အိမ္တည္ ထားေလ့ရွိတာေၾကာင့္ အႏုပညာရွင္ေတြဟာ လူႀကီးပိုင္းေရာက္လာတဲ့အခါ လုပ္ကြက္မရေတာ့ဘဲ အႏုပညာအလုပ္ကေန အနားယူလိုက္ရေလ့ရွိပါတယ္။ ဒါေပမဲ့ ကမာၻ႔အႏုပညာေလာကမွာ ဒီေန႔ဒီအခ်ိန္အထိ ရပ္တည္ႏိုင္ေနေသးတဲ့ သက္ႀကီး႐ြယ္အို အႏုပညာရွင္ေတြ ရွားရွားပါးပါး ရွိေနၾကတုန္းပါပဲ။ အသက္ေတြ ဒီေလာက္ႀကီးေနတာေတာင္ အဲဒီလုပ္ငန္းမွာ ရပ္တည္ႏိုင္ေနၾကေသးတာဟာ နည္းနည္းေနာေနာ ေအာင္ ျမင္မႈ မဟုတ္ပါဘူး။ ဒီအသက္ဒီအ႐ြယ္ထိေတာင္ အလုပ္လုပ္ေနေသး တာဟာလည္း တကယ့္ကို ခ်ီးက်ဴးစရာေကာင္းလွပါတယ္။ ဒါေၾကာင့္ လက္ရွိအခ်ိန္ထိ အႏုပညာအလုပ္ေတြ လုပ္ေနဆဲ ေလးစားအားက်စရာ ကမာၻ႔အသက္အႀကီးဆုံး အႏုပညာရွင္ေတြက ဘယ္သူေတြလဲ၊ သူတို႔ေတြ အသက္ဘယ္ေလာက္ေတာင္ ရွိေနၿပီလဲဆိုတာေတြကို ၾကည့္လိုက္ၾကရေအာင္ပါ။

အီဗာမာရီစိန့်တ် (Eva Marie Saint)
ဒီမင်းသမီးကြီးဟာ ၁၉၂၄ ခုနှစ်မှာ မွေးဖွားတာဖြစ်ပြီး အခုဆိုရင် အသက် ၉၈ နှစ်ရှိနေပါပြီ။ သူဟာ ၁၉၅၄ ခုနှစ်မှာထွက်တဲ့ On The Waterfront ဆိုတဲ့ ရုပ်ရှင်ကားနဲ့ အော်စကာဆုကြီး ဆွတ်ခူးခဲ့သူပါ။ ဒါ့ပြင် သူဟာ ၁၉၅၉ ခုနှစ်မှာထွက်တဲ့ North by Northwest ဆိုတဲ့ရုပ်ရှင်ကားကြောင့်လည်း အင်မတန်လူသိများထင်ရှားခဲ့ပါတယ်။ အခုအချိန်မှာ အသက် ၁ဝဝ နီးပါးရှိနေပြီဖြစ်တဲ့ ဒီမင်းသမီးကြီးဟာ ၂ဝ၁၉ ခုနှစ်မှာထွက်တဲ့ Mariette In Ectasy (မဲရီးယက်တ်အင်အက်ခ်တဆီ) ရုပ်ရှင်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ သေးသလို ၂ဝ၂ဝ ခုနှစ်မှာလည်း The Pack Podcast ဆိုတဲ့ ဟာသဇာတ်လမ်းတွဲမှာ အသံသရုပ်ဆောင်ခဲ့ပါသေးတယ်။

zawgyi version
အီဗာမာရီစိန႔္တ္ (Eva Marie Saint)
ဒီမင္းသမီးႀကီးဟာ ၁၉၂၄ ခုႏွစ္မွာ ေမြးဖြားတာျဖစ္ၿပီး အခုဆိုရင္ အသက္ ၉၈ ႏွစ္ရွိေနပါၿပီ။ သူဟာ ၁၉၅၄ ခုႏွစ္မွာထြက္တဲ့ On The Waterfront ဆိုတဲ့ ႐ုပ္ရွင္ကားနဲ႔ ေအာ္စကာဆုႀကီး ဆြတ္ခူးခဲ့သူပါ။ ဒါ့ျပင္ သူဟာ ၁၉၅၉ ခုႏွစ္မွာထြက္တဲ့ North by Northwest ဆိုတဲ့႐ုပ္ရွင္ကားေၾကာင့္လည္း အင္မတန္လူသိမ်ားထင္ရွားခဲ့ပါတယ္။ အခုအခ်ိန္မွာ အသက္ ၁ဝဝ နီးပါးရွိေနၿပီျဖစ္တဲ့ ဒီမင္းသမီးႀကီးဟာ ၂ဝ၁၉ ခုႏွစ္မွာထြက္တဲ့ Mariette In Ectasy (မဲရီးယက္တ္အင္အက္ခ္တဆီ) ႐ုပ္ရွင္ကားမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ ေသးသလို ၂ဝ၂ဝ ခုႏွစ္မွာလည္း The Pack Podcast ဆိုတဲ့ ဟာသဇာတ္လမ္းတြဲမွာ အသံသ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။

အိန်ဂျလာလန်စ်ဘူရီ (Angela Lansbury)
အိန်ဂျလာလန်စ်ဘူရီကတော့ ၁၉၄၄ ခုနှစ်မှာ ထွက်တဲ့ Gaslight ဆိုတဲ့ ဇာတ်ကားနဲ့ အနုပညာလောကထဲ စပြီးခြေချခဲ့တာပါ။ ၁၉၉၁ ခုနှစ်မှာ ထွက်တဲ့ Beauty and the Beast ဆိုတဲ့ ဒစ္စနေးကာတွန်းကားမှာလည်း သူက အသံသရုပ်ဆောင်ခဲ့သေးတယ်လေ။ ၂ဝ၁၈ ခုနှစ်မှာတော့ Mary Poppins Returns ဆိုတဲ့ ဇာတ်ကားမှာ သူပါဝင်သရုပ်ဆောင်ခဲ့ပြန်ပါသေးတယ်။ အခုအချိန်မှာတော့ သူ့အသက်က ၉၇ နှစ် ရှိနေပါပြီ။

zawgyi version
အိန္ဂ်လာလန္စ္ဘူရီ (Angela Lansbury)
အိန္ဂ်လာလန္စ္ဘူရီကေတာ့ ၁၉၄၄ ခုႏွစ္မွာ ထြက္တဲ့ Gaslight ဆိုတဲ့ ဇာတ္ကားနဲ႔ အႏုပညာေလာကထဲ စၿပီးေျခခ်ခဲ့တာပါ။ ၁၉၉၁ ခုႏွစ္မွာ ထြက္တဲ့ Beauty and the Beast ဆိုတဲ့ ဒစၥေနးကာတြန္းကားမွာလည္း သူက အသံသ႐ုပ္ေဆာင္ခဲ့ေသးတယ္ေလ။ ၂ဝ၁၈ ခုႏွစ္မွာေတာ့ Mary Poppins Returns ဆိုတဲ့ ဇာတ္ကားမွာ သူပါဝင္သ႐ုပ္ေဆာင္ခဲ့ျပန္ပါေသးတယ္။ အခုအခ်ိန္မွာေတာ့ သူ႔အသက္က ၉၇ ႏွစ္ ရွိေနပါၿပီ။

ဒစ်ခ်ဗန်ဒိုင်ကီ (Dick Van Dyke)
အသက် ၉၇ နှစ်ရှိပြီဖြစ်တဲ့ ဒီမင်းသားကြီးဟာလည်း ဒီနေ့ဒီအချိန်အထိ အလုပ်လုပ်နေဆဲ လေးစားအားကျစရာ ပုဂ္ဂိုလ်ကြီးပါပဲ။ သူဟာ ၁၉၆၄ ခုနှစ်မှာတုန်းက Marry Poppins ဆိုတဲ့ဇာတ်ကားနဲ့ လူသိများခဲ့ပြီး ၂ဝ၁၈ ခုနှစ်မှာလည်း Mary Poppins Returns ဆိုတဲ့ ဇာတ်ကားမှာ ပြန်ပြီးပါဝင်ခွင့်ရခဲ့ပါတယ်။ သူဟာ ၂ဝ၂ဝ ခုနှစ်တုန်းက တီဗီဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်ခဲ့သေးပြီး အသစ်ထွက်ဟာသကားတစ်ကားမှာ ပါဝင်ဖို့လည်း စာ ချုပ်ချုပ်ထားပါသေးတယ်။

zawgyi version
ဒစ္ခ္ဗန္ဒိုင္ကီ (Dick Van Dyke)
အသက္ ၉၇ ႏွစ္ရွိၿပီျဖစ္တဲ့ ဒီမင္းသားႀကီးဟာလည္း ဒီေန႔ဒီအခ်ိန္အထိ အလုပ္လုပ္ေနဆဲ ေလးစားအားက်စရာ ပုဂၢိဳလ္ႀကီးပါပဲ။ သူဟာ ၁၉၆၄ ခုႏွစ္မွာတုန္းက Marry Poppins ဆိုတဲ့ဇာတ္ကားနဲ႔ လူသိမ်ားခဲ့ၿပီး ၂ဝ၁၈ ခုႏွစ္မွာလည္း Mary Poppins Returns ဆိုတဲ့ ဇာတ္ကားမွာ ျပန္ၿပီးပါဝင္ခြင့္ရခဲ့ပါတယ္။ သူဟာ ၂ဝ၂ဝ ခုႏွစ္တုန္းက တီဗီဇာတ္လမ္းတြဲတစ္ခုမွာ ပါဝင္ခဲ့ေသးၿပီး အသစ္ထြက္ဟာသကားတစ္ကားမွာ ပါဝင္ဖို႔လည္း စာ ခ်ဳပ္ခ်ဳပ္ထားပါေသးတယ္။

မဲလ်ဘရွတ်ခ်စ် (Mel Brooks)
အသက် ၉၆ နှစ်ရှိသွားပြီဆိုတော့ မဲလ်ဘရွတ်ခ်စ်ရဲ့ အနုပညာသက်တမ်းဟာလည်း အင်မတန်ကိုမှ ရှည်လျားနေပါပြီ။ ဒါ့ပြင် စုံလည်း အင်မတန်စုံနေပါပြီ။ သူက မင်းသားလည်းလုပ်၊ ဟာသပြက်လုံးတွေ လည်းရေး၊ ဒါရိုက်တာလည်းလုပ်၊ ထုတ်လုပ်သူလည်းလုပ်၊ စာလည်းရေးတယ်လေ။ ၂ဝ၂၁ ခုနှစ်မှာတော့ Blazing Samurai ဆိုတဲ့ ဇာတ်ကားမှာ သူအသံသရုပ်ဆောင်ခဲ့ပါတယ်။

zawgyi version
မဲလ္ဘ႐ြတ္ခ္စ္ (Mel Brooks)
အသက္ ၉၆ ႏွစ္ရွိသြားၿပီဆိုေတာ့ မဲလ္ဘ႐ြတ္ခ္စ္ရဲ႕ အႏုပညာသက္တမ္းဟာလည္း အင္မတန္ကိုမွ ရွည္လ်ားေနပါၿပီ။ ဒါ့ျပင္ စုံလည္း အင္မတန္စုံေနပါၿပီ။ သူက မင္းသားလည္းလုပ္၊ ဟာသျပက္လုံးေတြ လည္းေရး၊ ဒါ႐ိုက္တာလည္းလုပ္၊ ထုတ္လုပ္သူလည္းလုပ္၊ စာလည္းေရးတယ္ေလ။ ၂ဝ၂၁ ခုႏွစ္မွာေတာ့ Blazing Samurai ဆိုတဲ့ ဇာတ္ကားမွာ သူအသံသ႐ုပ္ေဆာင္ခဲ့ပါတယ္။

လီဆာလူ (Lisa Lu)
လီဆာလူကတော့ ၁၉၅ဝ ပြည့်လွန်နှစ်တွေမှာ အမေရိကကို ရွှေ့ပြောင်းလာတဲ့ တရုတ်လူမျိုးပါ။ အနုပညာလောကထဲ သူခြေစုံပစ်ဝင်ခဲ့တာ ကြာလှပြီပေါ့။ အသက် ၉ဝ ကျော်အရွယ်၊ ၂ဝ၁၈ ခုနှစ်မှာတော့ သူက Crazy Rich Asians ဇာတ်ကားမှာ ပီပီပြင်ပြင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ၂ဝ၂၁ ခုနှစ်မှာထွက်တဲ့ The Disappearance of Mrs. Wu ဇာတ် ကားမှာလည်း သူပါဝင်ခဲ့ပါသေးတယ်။ အခုဆိုရင်တော့ သူဟာ အသက် ၉၅ နှစ် ရှိနေပါပြီ။

zawgyi version
လီဆာလူ (Lisa Lu)
လီဆာလူကေတာ့ ၁၉၅ဝ ျပည့္လြန္ႏွစ္ေတြမွာ အေမရိကကို ေ႐ႊ႕ေျပာင္းလာတဲ့ တ႐ုတ္လူမ်ိဳးပါ။ အႏုပညာေလာကထဲ သူေျခစုံပစ္ဝင္ခဲ့တာ ၾကာလွၿပီေပါ့။ အသက္ ၉ဝ ေက်ာ္အ႐ြယ္၊ ၂ဝ၁၈ ခုႏွစ္မွာေတာ့ သူက Crazy Rich Asians ဇာတ္ကားမွာ ပီပီျပင္ျပင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ ၂ဝ၂၁ ခုႏွစ္မွာထြက္တဲ့ The Disappearance of Mrs. Wu ဇာတ္ ကားမွာလည္း သူပါဝင္ခဲ့ပါေသးတယ္။ အခုဆိုရင္ေတာ့ သူဟာ အသက္ ၉၅ ႏွစ္ ရွိေနပါၿပီ။

ဂျွန်စကွစ်ဘ် (June Squibb)
ဒီမင်းသမီးကြီးကတော့ Nebraska ဆိုတဲ့ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်ခဲ့တာကြောင့် အသက် ၈၄ နှစ်အရွယ်မှာ အော်စကာဆုအတွက် လျာထားခံခဲ့ရပါတယ်။ သူဟာလည်း အသက် ၉ဝ ကျော်တဲ့အထိကို အနုပညာအလုပ်တွေ အင်တိုက်အားတိုက်လုပ်နေတုန်းပါပဲ။ Family Squares ဆိုတဲ့ ဇာတ်ကားနဲ့ Back of Book ဆိုတဲ့ဇာတ်ကားတွေမှာ သူ ပါဝင်ဦးမှာလေ။ သူ့အသက်ကတော့ ၉၃ နှစ် ရှိနေပါပြီ။

zawgyi version
ဂြၽန္စကြစ္ဘ္ (June Squibb)
ဒီမင္းသမီးႀကီးကေတာ့ Nebraska ဆိုတဲ့ဇာတ္ကားမွာ ပါဝင္သ႐ုပ္ ေဆာင္ခဲ့တာေၾကာင့္ အသက္ ၈၄ ႏွစ္အ႐ြယ္မွာ ေအာ္စကာဆုအတြက္ လ်ာထားခံခဲ့ရပါတယ္။ သူဟာလည္း အသက္ ၉ဝ ေက်ာ္တဲ့အထိကို အႏုပညာအလုပ္ေတြ အင္တိုက္အားတိုက္လုပ္ေနတုန္းပါပဲ။ Family Squares ဆိုတဲ့ ဇာတ္ကားနဲ႔ Back of Book ဆိုတဲ့ဇာတ္ကားေတြမွာ သူ ပါဝင္ဦးမွာေလ။ သူ႔အသက္ကေတာ့ ၉၃ ႏွစ္ ရွိေနပါၿပီ။

အမီတာဘချမ်း (Amitabh Bachchan)
ကဲ.. ဒီတစ်ခါတော့ မြန်မာပရိသတ်တွေနဲ့ အရင်းနှီးဆုံး နိုင်ငံခြားမင်းသားကြီး လာပါပြီ။ အသက် ၈ဝ ရှိနေပြီဖြစ်တဲ့ ဒီမင်းသားကြီးရဲ့ အနုပညာသက်တမ်းကတော့ အခုဆိုရင် ၅၃ နှစ်တောင် ရှိနေပြီပေါ့။ သူက ရုပ်ရှင်မင်းသားအပြင် ထုတ်လုပ်သူလည်းလုပ်၊ သီချင်းလည်း ဆို၊ အစီအစဉ်တင်ဆက်သူလည်း လုပ်ပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ် တောင့်တောင့်ဖြောင့်ဖြောင့် မင်းသားတွေကြီးစိုးတဲ့ ဘောလီးဝုဒ်လောကမှာ အမီတာဘချမ်းက အသက် ၈ဝ ရှိနေတာတောင် ဇာတ်ကားတွေ လက်မလည်အောင် ရိုက်နေရတုန်း ပါပဲ။ ၂ဝ၂၂ ခုနှစ်ထဲမှာ ထွက်မယ့် အမီတာဘချမ်းဇာတ်ကားတွေထဲမှာ Runway 34 ၊ Jhund (ဂျေဟွန်းဒ်)ဆိုတဲ့ဇာတ်ကားတွေ ပါပါတယ်။

https://stacker.com/stories/4852/50-oldest-actors-still-working?fbclid=IwAR3RF8xb4RVxaskMQVwdn-nr8WF82dz9nIhQmoX93YuTqQLANtXb5KVQQi4

zawgyi version
အမီတာဘခ်မ္း (Amitabh Bachchan)
ကဲ.. ဒီတစ္ခါေတာ့ ျမန္မာပရိသတ္ေတြနဲ႔ အရင္းႏွီးဆုံး ႏိုင္ငံျခားမင္းသားႀကီး လာပါၿပီ။ အသက္ ၈ဝ ရွိေနၿပီျဖစ္တဲ့ ဒီမင္းသားႀကီးရဲ႕ အႏုပညာသက္တမ္းကေတာ့ အခုဆိုရင္ ၅၃ ႏွစ္ေတာင္ ရွိေနၿပီေပါ့။ သူက ႐ုပ္ရွင္မင္းသားအျပင္ ထုတ္လုပ္သူလည္းလုပ္၊ သီခ်င္းလည္း ဆို၊ အစီအစဥ္တင္ဆက္သူလည္း လုပ္ပါေသးတယ္။ ငယ္ငယ္႐ြယ္႐ြယ္ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ မင္းသားေတြႀကီးစိုးတဲ့ ေဘာလီးဝုဒ္ေလာကမွာ အမီတာဘခ်မ္းက အသက္ ၈ဝ ရွိေနတာေတာင္ ဇာတ္ကားေတြ လက္မလည္ေအာင္ ႐ိုက္ေနရတုန္း ပါပဲ။ ၂ဝ၂၂ ခုႏွစ္ထဲမွာ ထြက္မယ့္ အမီတာဘခ်မ္းဇာတ္ကားေတြထဲမွာ Runway 34 ၊ Jhund (ေဂ်ဟြန္းဒ္)ဆိုတဲ့ဇာတ္ကားေတြ ပါပါတယ္။

https://stacker.com/stories/4852/50-oldest-actors-still-working?fbclid=IwAR3RF8xb4RVxaskMQVwdn-nr8WF82dz9nIhQmoX93YuTqQLANtXb5KVQQi4

Related news

© 2021. All rights reserved.