တိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ သင်္ဘောဖြင့်လာရောက်လည်ပတ်နိုင်ရန် ဆိပ်ခံဗောတံတားတည်ဆောက်မည်

2684

ဖူးပြည့် (NP News) - မေ ၁၈
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ ပဲခူးမြစ်မှတစ်ဆင့် အပန်းဖြေရေယာဉ်သင်္ဘောတို့ဖြင့် လာရောက်လည်ပတ်နိုင်ရေး ဆိပ်ခံဗောတံတားတည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ် ကြောင်း သိရသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစောထွန်းအောင်မြင့်က မေလ ၁၇ ရက်က ပြည်ထောင်စုတိုင်းရင်းသားကျေး ရွာ(ရန်ကုန်) ၌ သင်္ဘောကပ်ရန်တည်ဆောက်မည့် ဆိပ်ခံဗောတံတား သယ်ယူခြင်း၊ လွန်းတင်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးပွားရေယာဉ်ဖြင့် ဗိုလ်တထောင်ဆိပ်ကမ်းတွင် ကမ်းကပ်ထားသည့် ဆိပ်ခံဗောကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
“တိုင်းရင်းသားကျေးရွာကို သာယာလှပရေးနဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် မလွဲမသွေ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ရငွေလျာထားမှုပြည့်မီရေး၊ လုပ်ငန်းတိုးတက်မှု အခြေအနေများကို သုံးလတစ်ကြိမ်တင်ပြဆောင် ရွက်သွားကြဖို့နဲ့ တာဝန်ရှိသူတွေကလည်း အဆင့်ဆင့်ကြပ်မတ် ဆောင် ရွက်သွားရမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။
ထို့ပြင် တိုင်းရင်းသားကျေးရွာအတွင်းရှိ တိုင်းရင်းသားရိုးရာနေအိမ်များတွင် ရေရရှိရေးအတွက် အဝီစိရေတွင်းများ တူးဖော်ပေးသွားမည် ဖြစ် ကြောင်းသိရသည်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအား ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ် ၁ဝ မြောက်ရပ်ကွက်၊ ရန်ကုန်-သံလျင် တံတားအနီးရှိ မြေဧက ၁၁၇ ဧကပေါ်တွင် ၁၉၉၄ ခုနှစ်၊ ဧပြီလမှ စတင်အ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂ဝဝ၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ တိုင်းရင်းသားကျေးရွာသည် ပဲခူးမြစ်ကမ်းတွင်တည်ရှိပြီး မြောက်ဘက်တွင် လယ်ယာရွာ၊ အရှေ့ဘက်တွင် ရတနာလမ်းနှင့် ရတနာအိမ်ယာ၊ တောင်ဘက်တွင် ပဲခူးမြစ်နှင့် အနောက်ဘက်တွင် ရန်ကုန်-သန်လျင်မီးရထားလမ်းတို့ရှိကြောင်း သိရသည်။
https://npnewsmm.com/news/6284dcd9b6e3f86ecf42f059

zawgyi version
တိုင္းရင္းသားေက်း႐ြာ(ရန္ကုန္)သို႔ သေဘၤာျဖင့္လာေရာက္လည္ပတ္ႏိုင္ရန္ ဆိပ္ခံေဗာတံတားတည္ေဆာက္မည္
ဖူးျပည့္ (NP News) - ေမ ၁၈
ျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာ(ရန္ကုန္)သို႔ ပဲခူးျမစ္မွတစ္ဆင့္ အပန္းေျဖေရယာဥ္သေဘၤာတို႔ျဖင့္ လာေရာက္လည္ပတ္ႏိုင္ေရး ဆိပ္ခံေဗာတံတားတည္ေဆာက္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနၿပီျဖစ္ ေၾကာင္း သိရသည္။
တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးေစာထြန္းေအာင္ျမင့္က ေမလ ၁၇ ရက္က ျပည္ေထာင္စုတိုင္းရင္းသားေက်း ႐ြာ(ရန္ကုန္) ၌ သေဘၤာကပ္ရန္တည္ေဆာက္မည့္ ဆိပ္ခံေဗာတံတား သယ္ယူျခင္း၊ လြန္းတင္ျခင္း၊ ျပင္ဆင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ တိုးပြားေရယာဥ္ျဖင့္ ဗိုလ္တေထာင္ဆိပ္ကမ္းတြင္ ကမ္းကပ္ထားသည့္ ဆိပ္ခံေဗာကို သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။
“တိုင္းရင္းသားေက်း႐ြာကို သာယာလွပေရးနဲ႔ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ မလြဲမေသြ ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္။ ရေငြလ်ာထားမႈျပည့္မီေရး၊ လုပ္ငန္းတိုးတက္မႈ အေျခအေနမ်ားကို သုံးလတစ္ႀကိမ္တင္ျပေဆာင္ ႐ြက္သြားၾကဖို႔နဲ႔ တာဝန္ရွိသူေတြကလည္း အဆင့္ဆင့္ၾကပ္မတ္ ေဆာင္ ႐ြက္သြားရမွာျဖစ္ပါတယ္”ဟု ျပည္ေထာင္စုဝန္ႀကီးကေျပာသည္။
ထို႔ျပင္ တိုင္းရင္းသားေက်း႐ြာအတြင္းရွိ တိုင္းရင္းသား႐ိုးရာေနအိမ္မ်ားတြင္ ေရရရွိေရးအတြက္ အဝီစိေရတြင္းမ်ား တူးေဖာ္ေပးသြားမည္ ျဖစ္ ေၾကာင္းသိရသည္။
ျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာအား ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္၊ အမွတ္ ၁ဝ ေျမာက္ရပ္ကြက္၊ ရန္ကုန္-သံလ်င္ တံတားအနီးရွိ ေျမဧက ၁၁၇ ဧကေပၚတြင္ ၁၉၉၄ ခုႏွစ္၊ ဧၿပီလမွ စတင္အ ေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ၿပီး ၂ဝဝ၂ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့သည္။ တိုင္းရင္းသားေက်း႐ြာသည္ ပဲခူးျမစ္ကမ္းတြင္တည္ရွိၿပီး ေျမာက္ဘက္တြင္ လယ္ယာ႐ြာ၊ အေရွ႕ဘက္တြင္ ရတနာလမ္းႏွင့္ ရတနာအိမ္ယာ၊ ေတာင္ဘက္တြင္ ပဲခူးျမစ္ႏွင့္ အေနာက္ဘက္တြင္ ရန္ကုန္-သန္လ်င္မီးရထားလမ္းတို႔ရွိေၾကာင္း သိရသည္။
https://npnewsmm.com/news/6284dcd9b6e3f86ecf42f059