စင်ကာပူမှာ လောင်စာဆီ ဈေးနှုန်းများနဲ့ ရေနံဈေးများ စံချိန်တင်မြင့်တက်နေ

3470

ရောင်နီ (NP News) - မေ ၂ဝ
စင်ကာပူမှာ လောင်စာဆီဈေးနှုန်းများ မတ်လကထက် ၁၅ ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်တက်လာနေပြီး မတ်လ အစောပိုင်းက စံချိန်တင်မြင့်တက်ခဲ့တဲ့ဈေးနှုန်းကို ကျော်လွန်ကာ နောက်ထပ်အမြင့်မားဆုံး စံချိန်သစ်သို ရောက်ရှိလာတယ်လို့ သိရပါတယ်။
လောင်စာဆီ လက်လီလောင်စာဈေးနှုန်း နှိုင်းယှဉ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Fuel Kaki ရဲ့အဆိုအရ စင်ကာပူ စားသုံးသူများအသင်းမှ စတင်ခဲ့တဲ့ လောင်စာဆီဈေးနှုန်းဟာ ဒီဇယ်တစ်လီတာလျှင် ၃ ဒေါ်လာ (SPC၊ Sinopec) နဲ့ ၃ ဒသမ ၁ ဒေါ်လာ (Caltex၊ Shell) အကြားမှာ ရှိပြီး မတ်လက စံချိန်တင် နှုန်းထားထက် ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
အခုအခါ 92-octane ဓာတ်ဆီတစ်လီတာလျှင် ၃ ဒသမ ၁၃ ဒေါ်လာ (SPC) မှ ၃ ဒသမ ၂ ဒေါ်လာ (Caltex) သို့ရောက်ရှိခဲ့ပြီး မတ်လကထက် ၇ ရာခိုင်နှုန်း ပိုများမြင့်တက်လာခဲ့ပါတယ်။ 95-octane ဓာတ်ဆီတစ်လီတာ လျှင် ၃ ဒသမ ၁၆ ဒေါ်လာ (SPC) နဲ့ ၃ ဒသမ ၂၅ ဒေါ်လာ (Shell, Caltex) ကြားမှာ ရှိပြီး 98-octane ဓာတ်ဆီမှာ ၃ ဒသမ ၆၄ ဒေါ်လာ (SPC, Sinopec) နဲ့ ၃ ဒသမ ၇၄ ဒေါ်လာ (Shell) ကြားမှာ ရှိကာ မတ်လက အမြင့်ဆုံးနှုန်းထက် ဝ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်ထိ မြင့်တက်လာခဲ့ပါတယ်။
ပရီမီယံ 98-grade ဟာဆိုရင် အခုအခါ တစ်လီတာကို ၃ ဒသမ ၇၇ ဒေါ်လာ (Sinopec) နဲ့ ၃ ဒသမ ၉၅ ဒေါ်လာ ကြားမှာရှိပြီး ၎င်းတိုရဲ့ မတ်လ အမြင့်ဆုံးစံချိန်များထက် ဝ ဒသမ ၅ ရာခိုင်နှုန်း ပိုမြင့်တက်လာပါတယ်။ Brent ရေနံစိမ်းကတော့ ကြသပတေးနေ့ (မေလ ၁၉ ရက်) က တစ်စည်ကို အမေရိကန်ဒေါ်လာ ၁ဝ၉ ဝန်းကျင်နဲ့ နောက်ဆုံးပိတ်ခဲ့ပြီး မတ်လ (၈) ရက်နေ့က တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၂၈ နီးပါးမှ ကျဆင်းသွားခဲ့ပါ တယ်။
RBOB ဓာတ်ဆီဟာဆိုရင်လည်း မတ်လက တစ်ဂါလန်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ နီးပါးမှ အခုသီတင်း ပတ်အစောပိုင်းမှာ ၄ ဒေါ်လာထိ ရောက်ရှိသွားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ရေနံလုပ်ငန်းကြီးများမှာ အမြတ်အစွန်းများ တက်လာတယ်ဆိုတဲ့သတင်း သိရပြီး USA Today မှ ပြုစုတဲ့အစီရင်ခံစာတွေအရ လောင်စာဆီကုမ္ပဏီ Shell ဟာ ပထမသုံးလပတ် ဝင်ငွေ အမေရိကန် ဒေါ်လာ ၉ ဒသမ ၁ ဘီလျံအထိ မြင့်တက်ခဲ့ပြီး BP ဟာ ပထမသုံးလပတ် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလျံ ရရှိခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးပဲ ဖြစ်တယ်လို့ သိရပါတယ်။
https://www.straitstimes.com/singapore/transport/pump-prices-reach-new-high-despite-softer-oil-prices?utm_campaign=stfb&utm_medium=social&utm_source=facebook&fbclid=IwAR2qa8fgZ_kOdnJmgRPtmFfuckeV9fNo2G8c0p14Dw26G85EFDrhBCcnnRs

Zawgyi Version;
စင္ကာပူမွာ ေလာင္စာဆီ ေဈးႏႈန္းမ်ားနဲ႔ ေရနံေဈးမ်ား စံခ်ိန္တင္ျမင့္တက္ေန
ေရာင္နီ (NP News) - ေမ ၂ဝ
စင္ကာပူမွာ ေလာင္စာဆီေဈးႏႈန္းမ်ား မတ္လကထက္ ၁၅ ရာခိုင္ႏႈန္းဝန္းက်င္အထိ ျမင့္တက္လာေနၿပီး မတ္လ အေစာပိုင္းက စံခ်ိန္တင္ျမင့္တက္ခဲ့တဲ့ေဈးႏႈန္းကို ေက်ာ္လြန္ကာ ေနာက္ထပ္အျမင့္မားဆုံး စံခ်ိန္သစ္သို ေရာက္ရွိလာတယ္လို႔ သိရပါတယ္။
ေလာင္စာဆီ လက္လီေလာင္စာေစ်းႏႈန္း ႏႈိင္းယွဥ္ဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ Fuel Kaki ရဲ႕အဆိုအရ စင္ကာပူ စားသုံးသူမ်ားအသင္းမွ စတင္ခဲ့တဲ့ ေလာင္စာဆီေဈးႏႈန္းဟာ ဒီဇယ္တစ္လီတာလွ်င္ ၃ ေဒၚလာ (SPC၊ Sinopec) နဲ႔ ၃ ဒသမ ၁ ေဒၚလာ (Caltex၊ Shell) အၾကားမွာ ရွိၿပီး မတ္လက စံခ်ိန္တင္ ႏႈန္းထားထက္ ၁၅ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ပါတယ္။
အခုအခါ 92-octane ဓာတ္ဆီတစ္လီတာလွ်င္ ၃ ဒသမ ၁၃ ေဒၚလာ (SPC) မွ ၃ ဒသမ ၂ ေဒၚလာ (Caltex) သို႔ေရာက္ရွိခဲ့ၿပီး မတ္လကထက္ ၇ ရာခိုင္ႏႈန္း ပိုမ်ားျမင့္တက္လာခဲ့ပါတယ္။ 95-octane ဓာတ္ဆီတစ္လီတာ လွ်င္ ၃ ဒသမ ၁၆ ေဒၚလာ (SPC) နဲ႔ ၃ ဒသမ ၂၅ ေဒၚလာ (Shell, Caltex) ၾကားမွာ ရွိၿပီး 98-octane ဓာတ္ဆီမွာ ၃ ဒသမ ၆၄ ေဒၚလာ (SPC, Sinopec) နဲ႔ ၃ ဒသမ ၇၄ ေဒၚလာ (Shell) ၾကားမွာ ရွိကာ မတ္လက အျမင့္ဆုံးႏႈန္းထက္ ဝ ဒသမ ၅ ရာခိုင္ႏႈန္းဝန္းက်င္ထိ ျမင့္တက္လာခဲ့ပါတယ္။
ပရီမီယံ 98-grade ဟာဆိုရင္ အခုအခါ တစ္လီတာကို ၃ ဒသမ ၇၇ ေဒၚလာ (Sinopec) နဲ႔ ၃ ဒသမ ၉၅ ေဒၚလာ ၾကားမွာရွိၿပီး ၎တိုရဲ႕ မတ္လ အျမင့္ဆုံးစံခ်ိန္မ်ားထက္ ဝ ဒသမ ၅ ရာခိုင္ႏႈန္း ပိုျမင့္တက္လာပါတယ္။ Brent ေရနံစိမ္းကေတာ့ ၾကသပေတးေန႔ (ေမလ ၁၉ ရက္) က တစ္စည္ကို အေမရိကန္ေဒၚလာ ၁ဝ၉ ဝန္းက်င္နဲ႔ ေနာက္ဆုံးပိတ္ခဲ့ၿပီး မတ္လ (၈) ရက္ေန႔က တစ္စည္ကို အေမရိကန္ေဒၚလာ ၁၂၈ နီးပါးမွ က်ဆင္းသြားခဲ့ပါ တယ္။
RBOB ဓာတ္ဆီဟာဆိုရင္လည္း မတ္လက တစ္ဂါလန္ကို အေမရိကန္ေဒၚလာ ၃ ဒသမ ၇ နီးပါးမွ အခုသီတင္း ပတ္အေစာပိုင္းမွာ ၄ ေဒၚလာထိ ေရာက္ရွိသြားခဲ့ပါတယ္။
တစ္ခ်ိန္တည္းမွာပဲ ေရနံလုပ္ငန္းႀကီးမ်ားမွာ အျမတ္အစြန္းမ်ား တက္လာတယ္ဆိုတဲ့သတင္း သိရၿပီး USA Today မွ ျပဳစုတဲ့အစီရင္ခံစာေတြအရ ေလာင္စာဆီကုမၸဏီ Shell ဟာ ပထမသုံးလပတ္ ဝင္ေငြ အေမရိကန္ ေဒၚလာ ၉ ဒသမ ၁ ဘီလ်ံအထိ ျမင့္တက္ခဲ့ၿပီး BP ဟာ ပထမသုံးလပတ္ အျမတ္ေငြ အေမရိကန္ေဒၚလာ ၆ ဒသမ ၂ ဘီလ်ံ ရရွိခဲ့ပါတယ္။ ဒါဟာ ဆယ္စုႏွစ္တစ္ခုအတြင္း အျမင့္ဆုံးပဲ ျဖစ္တယ္လို႔ သိရပါတယ္။
https://www.straitstimes.com/singapore/transport/pump-prices-reach-new-high-despite-softer-oil-prices?utm_campaign=stfb&utm_medium=social&utm_source=facebook&fbclid=IwAR2qa8fgZ_kOdnJmgRPtmFfuckeV9fNo2G8c0p14Dw26G85EFDrhBCcnnRs