မြန်မာကုန်စည်သင်္ဘောနှစ်စီးကို မလေးရှားအစိုးရဖမ်းဆီးပြီး သင်္ဘောသားများကို စုံစမ်းစစ်ဆေးနေ

 4713

ဂျန်ဇက် (NP News) - မေ ၂၂
သက်ဆိုင်ရာစာရွက်စာတမ်းများ ပြနိုင်ခြင်းမရှိတဲ့အတွက် ပီနန်ရေကြောင်းပိုင်နက်အတွင်းမှာ မြန်မာနိုင်ငံက ကုန်စည်သင်္ဘောနှစ်စင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း မလေးရှား ရေကြောင်းထိန်းချုပ်ရေး အေဂျင်စီ က ဆိုပါတယ်။

ပီနန်ရေကြောင်းအာဏာပိုင်အဖွဲ့ညွှန်ကြားရေးမှူး ရာဇက် မိုဟာမက်ဒ် အဆိုပါကုန်စည်သင်္ဘောနှစ်စင်းဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ မှတ်ပုံတင်ထားကြောင်း၊ပီနန်ဆိပ်ကမ်းမှ အနောက်မြောက်ဘက် ရေမိုင် ဝ ဒသမ ၈ မိုင်မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ညွှန်ကြားရေးမှူး ရာဇက် မိုဟာမက်ဒ် က " ဓနသိဒ္ဓိ (၉)အမည်ရှိ ကုန်စည်သင်္ဘော နဲ့ သိဒ္ဓိအောင် (၃) အမည်ရှိ ကုန်စည်သင်္ဘောတို့ကို ဖမ်းဆီးခဲ့တာဖြစ်တယ်။ သိဒ္ဓိအောင် (၃) သင်္ဘောမှာ သင်္ဘောသား ၉ ဦးပါဝင်ခဲ့ပြီး ဓနသိဒ္ဓိ (၉) ကုန်စည်သင်္ဘောမှာတော့ သင်္ဘောသား ၈ ဦးရှိနေခဲ့တယ်။ ဖမ်းဆီးခံရတဲ့သင်္ဘောမှာပါတဲ့ သင်္ဘောသား အားလုံးဟာ အသက် ၂၂ နှစ်နဲ့ ၆၄ နှစ်အရွယ်ကြားရှိ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ သူတို့မှာ တော့ တရားဝင်စာရွက်စာတမ်းအထောက်ထားတွေရှိနေတယ်"လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

အဆိုပါသင်္ဘောနှစ်စင်းစလုံးဟာ ရန်ကုန်မြို့ကနေ မလေးရှားနိုင်ငံ ပီနန်မြို့သို့ ပိတောက်သစ်သားများ ပို့ဆောင်ဖို့လာတဲ့ ကုန်စည်သင်္ဘောများဖြစ်တယ်လို့ မလေးရှားသတင်းတွေက ဖော်ပြထားပါတယ်။၊ စုံစမ်း စစ်ဆေးချိန်အတွင်း လိုအပ်တဲ့စာရွက်စာတမ်းများမပြနိုင်တဲ့အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သက်ဆိုင်တဲ့ စာရွက်စာတမ်းများမပြနိုင်ခဲ့ကြောင်း မလေးရှားရေကြောင်းထိန်းချုပ်ရေးအေဂျင်စီက ဆိုပါတယ်။
သင်္ဘောသားများကို ထပ်မံစုံစမ်းစစ်ဆေးမှုတွေ ထပ်မံလုပ်ဆောင်နိုင်ဖို့ ပီနန် ရေကြောင်းရဲစခန်းထံ လွှဲပြောင်း ပေးထားတယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာ ၁၉၅၂ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ကုန်စည်သင်္ဘောဥပဒေအရ စုံးစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ မလေးရှား ရေကြောင်းထိန်းချုပ်ရေးအေဂျင်စီက ပြောပါတယ်။

https://www.thesundaily.my/home/penang-mmea-detains-two-barter-trade-ships-from-myanmar-DH9229544

https://www.thestar.com.my/news/nation/2022/05/21/penang-mmea-detains-two-barter-trade-ships-from-myanmar

Zawgyi Version;
ျမန္မာကုန္စည္သေဘၤာႏွစ္စီးကို မေလးရွားအစိုးရဖမ္းဆီးၿပီး သေဘၤာသားမ်ားကို စုံစမ္းစစ္ေဆးေန
ဂ်န္ဇက္ (NP News) - ေမ
သက္ဆိုင္ရာစာ႐ြက္စာတမ္းမ်ား ျပႏိုင္ျခင္းမရွိတဲ့အတြက္ ပီနန္ေရေၾကာင္းပိုင္နက္အတြင္းမွာ ျမန္မာႏိုင္ငံက ကုန္စည္သေဘၤာႏွစ္စင္းကို ၿပီးခဲ့တဲ့ရက္ပိုင္းက ဖမ္းဆီးခဲ့ေၾကာင္း မေလးရွား ေရေၾကာင္းထိန္းခ်ဳပ္ေရး ေအဂ်င္စီ က ဆိုပါတယ္။

ပီနန္ေရေၾကာင္းအာဏာပိုင္အဖြဲ႕ၫႊန္ၾကားေရးမႉး ရာဇက္ မိုဟာမက္ဒ္ အဆိုပါကုန္စည္သေဘၤာႏွစ္စင္းဟာ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕မွာ မွတ္ပုံတင္ထားေၾကာင္း၊ပီနန္ဆိပ္ကမ္းမွ အေနာက္ေျမာက္ဘက္ ေရမိုင္ ဝ ဒသမ ၈ မိုင္မွာ ဖမ္းဆီးခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ၫႊန္ၾကားေရးမႉး ရာဇက္ မိုဟာမက္ဒ္ က " ဓနသိဒၶိ (၉)အမည္ရွိ ကုန္စည္သေဘၤာ နဲ႔ သိဒၶိေအာင္ (၃) အမည္ရွိ ကုန္စည္သေဘၤာတို႔ကို ဖမ္းဆီးခဲ့တာျဖစ္တယ္။ သိဒၶိေအာင္ (၃) သေဘၤာမွာ သေဘၤာသား ၉ ဦးပါဝင္ခဲ့ၿပီး ဓနသိဒၶိ (၉) ကုန္စည္သေဘၤာမွာေတာ့ သေဘၤာသား ၈ ဦးရွိေနခဲ့တယ္။ ဖမ္းဆီးခံရတဲ့သေဘၤာမွာပါတဲ့ သေဘၤာသား အားလုံးဟာ အသက္ ၂၂ ႏွစ္နဲ႔ ၆၄ ႏွစ္အ႐ြယ္ၾကားရွိ ျမန္မာႏိုင္ငံသားေတြျဖစ္ပါတယ္။ သူတို႔မွာ ေတာ့ တရားဝင္စာ႐ြက္စာတမ္းအေထာက္ထားေတြရွိေနတယ္"လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

အဆိုပါသေဘၤာႏွစ္စင္းစလုံးဟာ ရန္ကုန္ၿမိဳ႕ကေန မေလးရွားႏိုင္ငံ ပီနန္ၿမိဳ႕သို႔ ပိေတာက္သစ္သားမ်ား ပို႔ေဆာင္ဖို႔လာတဲ့ ကုန္စည္သေဘၤာမ်ားျဖစ္တယ္လို႔ မေလးရွားသတင္းေတြက ေဖာ္ျပထားပါတယ္။၊ စုံစမ္း စစ္ေဆးခ်ိန္အတြင္း လိုအပ္တဲ့စာ႐ြက္စာတမ္းမ်ားမျပႏိုင္တဲ့အတြက္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သက္ဆိုင္တဲ့ စာ႐ြက္စာတမ္းမ်ားမျပႏိုင္ခဲ့ေၾကာင္း မေလးရွားေရေၾကာင္းထိန္းခ်ဳပ္ေရးေအဂ်င္စီက ဆိုပါတယ္။
သေဘၤာသားမ်ားကို ထပ္မံစုံစမ္းစစ္ေဆးမႈေတြ ထပ္မံလုပ္ေဆာင္ႏိုင္ဖို႔ ပီနန္ ေရေၾကာင္းရဲစခန္းထံ လႊဲေျပာင္း ေပးထားတယ္လို႔ သိရပါတယ္။ မေလးရွားႏိုင္ငံမွာ ၁၉၅၂ ခုႏွစ္က ျပ႒ာန္းထားတဲ့ ကုန္စည္သေဘၤာဥပေဒအရ စုံးစမ္းစစ္ေဆးသြားမွာျဖစ္တယ္လို႔ မေလးရွား ေရေၾကာင္းထိန္းခ်ဳပ္ေရးေအဂ်င္စီက ေျပာပါတယ္။

https://www.thesundaily.my/home/penang-mmea-detains-two-barter-trade-ships-from-myanmar-DH9229544

https://www.thestar.com.my/news/nation/2022/05/21/penang-mmea-detains-two-barter-trade-ships-from-myanmar

Related news

© 2021. All rights reserved.