ရဲမှူးချုပ်ရာထူးအပါအဝင် ထိပ်တန်းရာထူးများအပြောင်းအလဲဖြစ်ပေါ်

 5819

NP News -မေ ၂၄
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ်များအပါအဝင် ထိပ်ပိုင်းရဲမှူးကြီးများအား ရာထူးနေရာ ပြောင်းရွှေ့တာဝန်ပေးအပ်မှုများကို မေလ ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

မြန်မာနိုင်ငံရဲမှူးချုပ်မြဝင်းအား ရဲရာထူးခန့်ချုပ်အဖြစ်လည်းကောင်း၊ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ်ဇော်ထွန်းအောင်အား ရထားရဲတပ်ဖွဲ့တပ်ဖွဲမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲမှူး ယာယီရဲမှူးချုပ်သက်နိုင်အား ရဲဦးစီးအရာရှိချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မကွေးတိုင်းရဲတပ်ဖွဲ့ တပ်ဖွဲမှူး၊ ရဲမှူးကြီး သူရသွင်ကိုကိုအား ရဲအတတ်သင်ကျောင်း(လှော်ကား)ကျောင်းအုပ်ကြီးအဖြစ်လည်း ကောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ တပ်ဖွဲ့မှူး ရဲမှူးကြီး စိုးမြင့်ဦးအား စည်ပင်သာယာရဲတပ်ဖွဲ့(နေပြည်တော်) တပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အမှတ်(၃)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ခွဲ အဖွဲ့ခွဲမှူး ရဲမှူးကြီးလင်းဦးအား အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ဒုတိယကွပ်ကဲရေးမှူးအဖြစ်လည်းကောင်း၊ ကယားပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲမှူး ရဲမှူးကြီးမျိုးဆွေအား မွန်ပြည်နယ်ရဲတပ်ဖွဲ့တပ်ဖွဲ့မှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

အမှတ်(၄)ရဲလေ့ကျင့်ရေးကျောင်း ကျောင်းအုပ် ရဲမှူးကြီးမောင်မောင်ဦးအား ကယားပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးအဖြစ် လည်းကောင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ(လားရှိး) ဒုတိယတပ်ဖွဲမှူး ရဲမှူးကြီး ဗညားဦးအား အမှတ်(၄)ရဲလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်အဖြစ်လည်းကောင်း ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြင့်နိုင်အား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(လားရှိုး) ဒုတိယတပ်ဖွဲ့မှူးအဖြစ် လည်းကောင်း၊ အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ဒုတိယကွပ်ကဲရေးမှူး ရဲမှူးကြီးအောင်ကိုဦးအား ချင်းပြည်နယ်ရဲ တပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူးအဖြစ်လည်း ကောင်း ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ထို့ပြင် စည်ပင်သာယာရဲတပ်ဖွဲ့(နေပြည်တော်) တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ကျော်မင်းအား ယာဉ်ထိန်းရဲတပ်ဖွဲ့တပ်ဖွဲမှူးအဖြစ်နှင့် စစ်ကိုင်းတိုင်ရဲတပ်ဖွဲ့ တပ်ဖွဲမှူး ရဲမှူးကြီး ကျော်ထွန်းအား ကချင်ပြည်နယ်ရဲတပ်ဖွဲ့တပ်ဖွဲမှူးအဖြစ်သို့ ပြောင်းရွှေ့ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲအတတ်သင်ကျောင်း(လှော်ကား) ကျောင်းအုပ် ရဲမှူးကြီး လင်းထွဋ်အား မကွေးတိုင်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးအဖြစ်နှင့် ကချင် ပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးကြီး ဉာဏ်မြင့်ကျော်အား စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

"ဟုတ်ပါတယ်။ မနေ့ကမှ ပြောင်းရွှေ့မိန့်ထုတ်တာပါ။ ပုံမှန်လုပ်နေကျပါပဲ။ ဖွဲစည်းပုံချဲ့တာနဲ့မဆိုင်ပါဘူး” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ်အပါအဝင် ရဲမှူးကြီး စုစုပေါင်း ၁၅ ဦးကို နေရာပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

https://npnewsmm.com/news/628ca7272807f62715671a94

zawgyi version
ရဲမႉးခ်ဳပ္ရာထူးအပါအဝင္ ထိပ္တန္းရာထူးမ်ားအေျပာင္းအလဲျဖစ္ေပၚ
NP News -ေမ ၂၄

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ရဲမႉးခ်ဳပ္မ်ားအပါအဝင္ ထိပ္ပိုင္းရဲမႉးႀကီးမ်ားအား ရာထူးေနရာ ေျပာင္းေ႐ႊ႕တာဝန္ေပးအပ္မႈမ်ားကို ေမလ ၂၃ ရက္က ျပဳလုပ္ခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ျမန္မာႏိုင္ငံရဲမႉးခ်ဳပ္ျမဝင္းအား ရဲရာထူးခန႔္ခ်ဳပ္အျဖစ္လည္းေကာင္း၊ ရဲဦးစီးအရာရွိခ်ဳပ္ ရဲမႉးခ်ဳပ္ေဇာ္ထြန္းေအာင္အား ရထားရဲတပ္ဖြဲ႕တပ္ဖြဲမႉးအျဖစ္လည္းေကာင္း ေျပာင္းေ႐ႊ႕တာဝန္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မြန္ျပည္နယ္ရဲတပ္ဖြဲ႕ တပ္ဖြဲမႉး ယာယီရဲမႉးခ်ဳပ္သက္ႏိုင္အား ရဲဦးစီးအရာရွိခ်ဳပ္အျဖစ္ ေျပာင္းေ႐ႊ႕တာဝန္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္ၿပီး မေကြးတိုင္းရဲတပ္ဖြဲ႕ တပ္ဖြဲမႉး၊ ရဲမႉးႀကီး သူရသြင္ကိုကိုအား ရဲအတတ္သင္ေက်ာင္း(ေလွာ္ကား)ေက်ာင္းအုပ္ႀကီးအျဖစ္လည္း ေကာင္း၊ ယာဥ္ထိန္းရဲတပ္ဖြဲ တပ္ဖြဲ႕မႉး ရဲမႉးႀကီး စိုးျမင့္ဦးအား စည္ပင္သာယာရဲတပ္ဖြဲ႕(ေနျပည္ေတာ္) တပ္ဖြဲ႕မႉးအျဖစ္ ေျပာင္းေ႐ႊ႕တာဝန္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အမွတ္(၃)လုံၿခဳံေရးရဲကြပ္ကဲမႈအဖြဲ႕ခြဲ အဖြဲ႕ခြဲမႉး ရဲမႉးႀကီးလင္းဦးအား အမွတ္(၂)လုံၿခဳံေရးရဲကြပ္ကဲမႈအဖြဲ႕မႉး႐ုံး ဒုတိယကြပ္ကဲေရးမႉးအျဖစ္လည္းေကာင္း၊ ကယားျပည္နယ္ရဲတပ္ဖြဲ႕ တပ္ဖြဲမႉး ရဲမႉးႀကီးမ်ိဳးေဆြအား မြန္ျပည္နယ္ရဲတပ္ဖြဲ႕တပ္ဖြဲ႕မႉးအျဖစ္လည္းေကာင္း ေျပာင္းေ႐ႊ႕ခဲ့ေၾကာင္း သိရသည္။

အမွတ္(၄)ရဲေလ့က်င့္ေရးေက်ာင္း ေက်ာင္းအုပ္ ရဲမႉးႀကီးေမာင္ေမာင္ဦးအား ကယားျပည္နယ္ရဲတပ္ဖြဲ႕ တပ္ဖြဲ႕မႉးအျဖစ္ လည္းေကာင္း၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ(လားရွိး) ဒုတိယတပ္ဖြဲမႉး ရဲမႉးႀကီး ဗညားဦးအား အမွတ္(၄)ရဲေလ့က်င့္ေရးေက်ာင္း ေက်ာင္းအုပ္အျဖစ္လည္းေကာင္း ေျပာင္းေ႐ႊ႕တာဝန္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ခ်င္းျပည္နယ္ရဲတပ္ဖြဲ႕ ဒုတိယတပ္ဖြဲ႕မႉး ရဲမႉးႀကီးေအာင္ျမင့္ႏိုင္အား ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕(လားရႈိး) ဒုတိယတပ္ဖြဲ႕မႉးအျဖစ္ လည္းေကာင္း၊ အမွတ္(၂)လုံၿခဳံေရးရဲကြပ္ကဲမႈအဖြဲ႕မႉး႐ုံး ဒုတိယကြပ္ကဲေရးမႉး ရဲမႉးႀကီးေအာင္ကိုဦးအား ခ်င္းျပည္နယ္ရဲ တပ္ဖြဲ႕ ဒုတိယတပ္ဖြဲ႕မႉးအျဖစ္လည္း ေကာင္း ေျပာင္းေ႐ႊ႕ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ စည္ပင္သာယာရဲတပ္ဖြဲ႕(ေနျပည္ေတာ္) တပ္ဖြဲ႕မႉး ရဲမႉးႀကီး ေက်ာ္ေက်ာ္မင္းအား ယာဥ္ထိန္းရဲတပ္ဖြဲ႕တပ္ဖြဲမႉးအျဖစ္ႏွင့္ စစ္ကိုင္းတိုင္ရဲတပ္ဖြဲ႕ တပ္ဖြဲမႉး ရဲမႉးႀကီး ေက်ာ္ထြန္းအား ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕တပ္ဖြဲမႉးအျဖစ္သို႔ ေျပာင္းေ႐ႊ႕ တာဝန္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ရဲအတတ္သင္ေက်ာင္း(ေလွာ္ကား) ေက်ာင္းအုပ္ ရဲမႉးႀကီး လင္းထြဋ္အား မေကြးတိုင္းရဲတပ္ဖြဲ႕ တပ္ဖြဲ႕မႉးအျဖစ္ႏွင့္ ကခ်င္ ျပည္နယ္ရဲတပ္ဖြဲ႕ တပ္ဖြဲ႕မႉးရဲမႉးႀကီး ဉာဏ္ျမင့္ေက်ာ္အား စစ္ကိုင္းတိုင္းရဲတပ္ဖြဲ႕ တပ္ဖြဲ႕မႉးအျဖစ္လည္းေကာင္း ေျပာင္းေ႐ႊ႕တာဝန္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

"ဟုတ္ပါတယ္။ မေန႔ကမွ ေျပာင္းေ႐ႊ႕မိန႔္ထုတ္တာပါ။ ပုံမွန္လုပ္ေနက်ပါပဲ။ ဖြဲစည္းပုံခ်ဲ႕တာနဲ႔မဆိုင္ပါဘူး” ဟု ျပည္ထဲေရးဝန္ႀကီးဌာနမွ သတင္းအရင္းအျမစ္တစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ရဲမႉးခ်ဳပ္အပါအဝင္ ရဲမႉးႀကီး စုစုေပါင္း ၁၅ ဦးကို ေနရာေျပာင္းေ႐ႊ႕တာဝန္ေပးအပ္ခဲ့ျခင္းျဖစ္သည္။

https://npnewsmm.com/news/628ca7272807f62715671a94

Related news

© 2021. All rights reserved.