တရုတ်-မြန်မာလမ်းကြောင်းသစ် နိုင်ငံတကာရထားလမ်း ရထားတွဲ ဇွန်လပထမပတ်တွင် မန္တလေးသို့ရောက်ရှိမည်

4215

ဖူးပြည့် (NP News) - မေ ၂၄
တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်း ရထားတွဲသည် မေလ ၂၃ ရက်တွင် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှစတင်ထွက်ခွာလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ (မေလ ၂၄ ရက်)တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ရထားတွဲသည် တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) စတင်လည်ပတ်ခြင်းကို ကိုယ် စားပြုကြောင်းသိရသည်။
ရထားတွဲသည် ယူနန်ပြည်နယ် လင်ချန်းနယ်စပ်ဂိတ်မှတစ်ဆင့်ပြည်ထွက်၍ ကားလမ်းနှင့်ရထားလမ်း ပူးပေါင်းပို့ ဆောင်သည့်ပုံစံဖြင့် ၁၅ ရက်အကြာတွင် မြန်မာနိုင်ငံ မန္တလေးမြို့သို့ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ခန့် မှန်းတွက်ချက်မှုအရ ချုံချင့်နှင့်မြန်မာနိုင်ငံအကြား ကုန် စည်ပို့ဆောင်မှုကြာချိန်သည် သမားရိုးကျ နည်းလမ်းထက် ရက်ပေါင်း ၂ဝ လျော့နည်းသွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂ဝ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း သံရုံးက အသိပေးထားသည်။
အဆိုပါ ရထားတွဲ၌ စက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ တင် ဆောင်လာသည့် စံချိန်မီကွန်တိန်နာပေါင်း အလုံး ၆ဝ ပါဝင်ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာဝမ်ယိ၏ ဖိတ် ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံသို့ မတ်လက သွားရောက်ခဲ့စဉ် တရုတ်နိုင်ငံ၊ ချုံချင်းမြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကိုလည်း တရားဝင် ထူထောင်ခဲ့သည်။
ထို့ပြင် မေလ ၂၁ ရက်ကလည်း တရုတ်နိုင်ငံ၏ ပထမဆုံး “မီးရထားဖြင့် ပြည်ဝင်ပြည်ထွက် မြန်ဆန်စွာ ဂိတ်ဖြတ် သန်းခြင်း” ပုံစံကို အသုံးပြု၍ ပြည်ထွက်လာသော ကုန်း လမ်း-ရေကြောင်းလမ်းကြောင်းသစ် တရုတ်-လာအိုမီးရ ထားသည် တရုတ်နိုင်ငံ ချုံချင့်မြို့မှ အဆင်ပြေချောမွေ့စွာ စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။ ချုံချင့်အကောက်ခွန်ဌာန၏ စာရင်းဇယားများအရ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ် တရုတ်-လာအိုမီးရထားသည် စုစုပေါင်း ၅၄ ကြိမ် ခုတ်မောင်းပြေးဆွဲခဲ့ပြီး ပုံမှန်ကုန်သေတ္တာ ၁၄၂၂ ခုကို ပို့ဆောင်ခဲ့ရာ ကုန် ပစ္စည်းတန်ဖိုးမှာ ယွမ် သန်း ၂၅ဝ ကျော်ရှိကြောင်း၊ ကုန် ပစ္စည်းများကို လာအို၊ ထိုင်း၊ မလေးရှား၊ မြန်မာ စသည့် အင်ဒိုချိုင်းနားကျွန်းဆွယ်နိုင်ငံများသို့ သယ်ယူပို့ ဆောင်ပေးပြီး ယူရေးရှား အလယ်ပိုင်းအထိ ဆက်လက်ဖြန့်ကျက်လျက်ရှိကြောင်း သိရသည်။
https://npnewsmm.com/news/628cb12fef5c203fab1aa769

zawgyi version
တ႐ုတ္-ျမန္မာလမ္းေၾကာင္းသစ္ ႏိုင္ငံတကာရထားလမ္း ရထားတြဲ ဇြန္လပထမပတ္တြင္ မႏၲေလးသို႔ေရာက္ရွိမည္
ဖူးျပည့္ (NP News) - ေမ ၂၄
တ႐ုတ္-ျမန္မာလမ္းေၾကာင္းသစ္ (ခ်ဳံခ်င့္-လင္ခ်န္း-ျမန္မာ) ႏိုင္ငံတကာရထားလမ္း ရထားတြဲသည္ ေမလ ၂၃ ရက္တြင္ ခ်ဳံခ်င့္ၿမိဳ႕ ေကာ္ယြမ္ဆိပ္ကမ္း ယြီေႂကြဘူတာမွစတင္ထြက္ခြာလာခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ယေန႔ (ေမလ ၂၄ ရက္)တြင္ ထုတ္ျပန္လိုက္သည္။
အဆိုပါ ရထားတြဲသည္ တ႐ုတ္-ျမန္မာလမ္းေၾကာင္းသစ္ (ခ်ဳံခ်င့္-လင္ခ်န္း-ျမန္မာ) စတင္လည္ပတ္ျခင္းကို ကိုယ္ စားျပဳေၾကာင္းသိရသည္။
ရထားတြဲသည္ ယူနန္ျပည္နယ္ လင္ခ်န္းနယ္စပ္ဂိတ္မွတစ္ဆင့္ျပည္ထြက္၍ ကားလမ္းႏွင့္ရထားလမ္း ပူးေပါင္းပို႔ ေဆာင္သည့္ပုံစံျဖင့္ ၁၅ ရက္အၾကာတြင္ ျမန္မာႏိုင္ငံ မႏၲေလးၿမိဳ႕သို႔ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။ ခန႔္ မွန္းတြက္ခ်က္မႈအရ ခ်ဳံခ်င့္ႏွင့္ျမန္မာႏိုင္ငံအၾကား ကုန္ စည္ပို႔ေဆာင္မႈၾကာခ်ိန္သည္ သမား႐ိုးက် နည္းလမ္းထက္ ရက္ေပါင္း ၂ဝ ေလ်ာ့နည္းသြားမည္ျဖစ္ၿပီး ကုန္စည္စီးဆင္းမႈအရင္းအႏွီး ၂ဝ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း သံ႐ုံးက အသိေပးထားသည္။
အဆိုပါ ရထားတြဲ၌ စက္ပစၥည္းမ်ား၊ အီလက္ထေရာနစ္အပိုပစၥည္းမ်ား၊ ကားႏွင့္ဆိုင္ကယ္အပိုပစၥည္းမ်ား တင္ ေဆာင္လာသည့္ စံခ်ိန္မီကြန္တိန္နာေပါင္း အလုံး ၆ဝ ပါဝင္ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ မစၥတာဝမ္ယိ၏ ဖိတ္ ၾကားခ်က္အရ ႏိုင္ငံျခားေရးဝန္ႀကီးဦးဝဏၰေမာင္လြင္က တ႐ုတ္ႏိုင္ငံသို႔ မတ္လက သြားေရာက္ခဲ့စဥ္ တ႐ုတ္ႏိုင္ငံ၊ ခ်ဳံခ်င္းၿမိဳ႕၌ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးကိုလည္း တရားဝင္ ထူေထာင္ခဲ့သည္။
ထို႔ျပင္ ေမလ ၂၁ ရက္ကလည္း တ႐ုတ္ႏိုင္ငံ၏ ပထမဆုံး “မီးရထားျဖင့္ ျပည္ဝင္ျပည္ထြက္ ျမန္ဆန္စြာ ဂိတ္ျဖတ္ သန္းျခင္း” ပုံစံကို အသုံးျပဳ၍ ျပည္ထြက္လာေသာ ကုန္း လမ္း-ေရေၾကာင္းလမ္းေၾကာင္းသစ္ တ႐ုတ္-လာအိုမီးရ ထားသည္ တ႐ုတ္ႏိုင္ငံ ခ်ဳံခ်င့္ၿမိဳ႕မွ အဆင္ေျပေခ်ာေမြ႕စြာ စတင္ထြက္ခြာခဲ့ေၾကာင္း သိရသည္။ ခ်ဳံခ်င့္အေကာက္ခြန္ဌာန၏ စာရင္းဇယားမ်ားအရ ယခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလအထိ ကုန္းလမ္း-ေရေၾကာင္းလမ္းေၾကာင္းသစ္ တ႐ုတ္-လာအိုမီးရထားသည္ စုစုေပါင္း ၅၄ ႀကိမ္ ခုတ္ေမာင္းေျပးဆြဲခဲ့ၿပီး ပုံမွန္ကုန္ေသတၱာ ၁၄၂၂ ခုကို ပို႔ေဆာင္ခဲ့ရာ ကုန္ ပစၥည္းတန္ဖိုးမွာ ယြမ္ သန္း ၂၅ဝ ေက်ာ္ရွိေၾကာင္း၊ ကုန္ ပစၥည္းမ်ားကို လာအို၊ ထိုင္း၊ မေလးရွား၊ ျမန္မာ စသည့္ အင္ဒိုခ်ိဳင္းနားကြၽန္းဆြယ္ႏိုင္ငံမ်ားသို႔ သယ္ယူပို႔ ေဆာင္ေပးၿပီး ယူေရးရွား အလယ္ပိုင္းအထိ ဆက္လက္ျဖန႔္က်က္လ်က္ရွိေၾကာင္း သိရသည္။
https://npnewsmm.com/news/628cb12fef5c203fab1aa769