ထိုင်းလေကြောင်းလိုင်းသုံးခု ရန်ကုန်နိုင်ငံတကာလေဆိပ်နဲ့ချိတ်ဆက်ပျံသန်းမှုများ ပြန်လည်စတင်

5153

ဂျန်ဇက် (NP News) - မေ ၂၅
ထိုင်းလေကြောင်းလိုင်းတွေဖြစ်တဲ့ Nok Air၊ Thai Smile နဲ့ Air Asia တို့ဟာ မြန်မာနိုင်ငံ ရန်ကုန်နိုင်ငံတကာလေဆိပ်နဲ့ လေကြောင်းပျံသန်းပြေးဆွဲမှုများကို ပြန်လည်စတင်တော့မှာဖြစ်ကြောင်း ထိုင်းအခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။
အဆိုပါလေကြောင်းသုံးခုအနက် Thai Smile နဲ့ Air Asia airlines လေကြောင်းလိုင်းက ဇွန်လ ၁ရက်၊ Nok Airလေကြောင်းလိုင်းက ဇူလိုင် ၁ ရက်နေ့တို့မှာ ရန်ကုန်နိုင်ငံတကာလေဆိပ်နဲ့ ပြန်လည်ပျံသန်းပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အဆိုပါလေကြောင်းလိုင်းသုံးခုကို ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်နဲ့ ပျံသန်းပြေးဆွဲမှုများကို ယာယီဆိုင်းငံ့ခဲ့တာဖြစ်ပြီး၊ စင်ကာပူလေကြောင်းလိုင်းဟာ ရန်ကုန်-စင်ကာပူလေကြောင်းပျံသန်းပြေးဆွဲမှုများကို ဧပြီ ၁ ရက်နေ့က ပြန်လည် စတင်ပြေးဆွဲခဲ့ပြီးနောက် ထိုင်းလေကြောင်းလိုင်းသုံးခုဟာ ရန်ကုန်မြို့နဲ့ ပျံသန်းပြေးဆွဲဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ ပြည်တွင်းလေကြောင်းလိုင်းတွေဖြစ်တဲ့ MAI and MNA တို့အပြင် မလေးရှားလေကြောင်းလိုင်းနဲ့ စင်ကာပူလေကြောင်းလိုင်းတို့ ပျံသန်းပြေးဆွဲလျက်ရှိနေတယ်လို့ သိရပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်းဖြစ်တဲ့ (MNA ဟာလက်ရှိအချိန်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ၊ ဘန်ကောက်မြို့နဲ့ စင်ကာပူတို့ကို ရန်ကုန်နိုင်ငံတကာလေဆိပ်က ပျံသန်းပြေးဆွဲမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် (MAI) လေကြောင်းလိုင်းဟာ ရန်ကုန်နိုင်ငံတကာလေဆိပ်ကနေ ဘန်ကောက်၊ တိုကျို၊ ကွာလာလမ်ပူ၊ ဆိုးလ်ရှား၊ ဒူဘိုင်း၊ ကာလကတ္တား၊ ဒေးလီ၊ ဖနွမ်းပင် နဲ့ Guangzhou ဂွမ်ဇူးမြို့များကို ပျံသန်း ပြေးဆွဲလျက်ရှိနေတယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအပြည့်အဝထိုးနှံ့ထားတဲ့ခရီးသည်ဟာ နိုင်ငံအတွင်းဝင်ရောက်ဖို့ ဆေးစစ်မှုတွေ ခံရမှာမဟုတ်ပေမယ့် စင်ကာပူနိုင်ငံမှာတော့ quarantine ဝင်ရောက်ရဖွယ်ရှိနေပါတယ်။
https://www.nationthailand.com/international/40015913

Zawgyi Version;
ထိုင္းေလေၾကာင္းလိုင္းသုံးခု ရန္ကုန္ႏိုင္ငံတကာေလဆိပ္နဲ႔ခ်ိတ္ဆက္ပ်ံသန္းမႈမ်ား ျပန္လည္စတင္
ဂ်န္ဇက္ (NP News) - ေမ ၂၅
ထိုင္းေလေၾကာင္းလိုင္းေတြျဖစ္တဲ့ Nok Air၊ Thai Smile နဲ႔ Air Asia တို႔ဟာ ျမန္မာႏိုင္ငံ ရန္ကုန္ႏိုင္ငံတကာေလဆိပ္နဲ႔ ေလေၾကာင္းပ်ံသန္းေျပးဆြဲမႈမ်ားကို ျပန္လည္စတင္ေတာ့မွာျဖစ္ေၾကာင္း ထိုင္းအေျခစိုက္သတင္းေတြက ေဖာ္ျပပါတယ္။
အဆိုပါေလေၾကာင္းသုံးခုအနက္ Thai Smile နဲ႔ Air Asia airlines ေလေၾကာင္းလိုင္းက ဇြန္လ ၁ရက္၊ Nok Airေလေၾကာင္းလိုင္းက ဇူလိုင္ ၁ ရက္ေန႔တို႔မွာ ရန္ကုန္ႏိုင္ငံတကာေလဆိပ္နဲ႔ ျပန္လည္ပ်ံသန္းေျပးဆြဲသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ အဆိုပါေလေၾကာင္းလိုင္းသုံးခုကို ၿပီးခဲ့တဲ့ ၂ဝ၂ဝ ျပည့္ႏွစ္ မတ္လ ၂၉ ရက္ေန႔က ရန္ကုန္ေလဆိပ္နဲ႔ ပ်ံသန္းေျပးဆြဲမႈမ်ားကို ယာယီဆိုင္းငံ့ခဲ့တာျဖစ္ၿပီး၊ စင္ကာပူေလေၾကာင္းလိုင္းဟာ ရန္ကုန္-စင္ကာပူေလေၾကာင္းပ်ံသန္းေျပးဆြဲမႈမ်ားကို ဧၿပီ ၁ ရက္ေန႔က ျပန္လည္ စတင္ေျပးဆြဲခဲ့ၿပီးေနာက္ ထိုင္းေလေၾကာင္းလိုင္းသုံးခုဟာ ရန္ကုန္ၿမိဳ႕နဲ႔ ပ်ံသန္းေျပးဆြဲဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။
ရန္ကုန္ႏိုင္ငံတကာေလဆိပ္မွာ ျပည္တြင္းေလေၾကာင္းလိုင္းေတြျဖစ္တဲ့ MAI and MNA တို႔အျပင္ မေလးရွားေလေၾကာင္းလိုင္းနဲ႔ စင္ကာပူေလေၾကာင္းလိုင္းတို႔ ပ်ံသန္းေျပးဆြဲလ်က္ရွိေနတယ္လို႔ သိရပါတယ္။
ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းျဖစ္တဲ့ (MNA ဟာလက္ရွိအခ်ိန္မွာ မေလးရွားႏိုင္ငံ ကြာလာလမ္ပူ၊ ဘန္ေကာက္ၿမိဳ႕နဲ႔ စင္ကာပူတို႔ကို ရန္ကုန္ႏိုင္ငံတကာေလဆိပ္က ပ်ံသန္းေျပးဆြဲမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ (MAI) ေလေၾကာင္းလိုင္းဟာ ရန္ကုန္ႏိုင္ငံတကာေလဆိပ္ကေန ဘန္ေကာက္၊ တိုက်ိဳ၊ ကြာလာလမ္ပူ၊ ဆိုးလ္ရွား၊ ဒူဘိုင္း၊ ကာလကတၱား၊ ေဒးလီ၊ ဖႏြမ္းပင္ နဲ႔ Guangzhou ဂြမ္ဇူးၿမိဳ႕မ်ားကို ပ်ံသန္း ေျပးဆြဲလ်က္ရွိေနတယ္လို႔ သိရပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအျပည့္အဝထိုးႏွံ႔ထားတဲ့ခရီးသည္ဟာ ႏိုင္ငံအတြင္းဝင္ေရာက္ဖို႔ ေဆးစစ္မႈေတြ ခံရမွာမဟုတ္ေပမယ့္ စင္ကာပူႏိုင္ငံမွာေတာ့ quarantine ဝင္ေရာက္ရဖြယ္ရွိေနပါတယ္။
https://www.nationthailand.com/international/40015913