မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများသို့ဖြန့်ချီမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များထည့်ထားသည့် ဆာလာအိတ် ၄၈ အိတ်မီးရှို့ဖျက်ဆီးခံရ

1365

NP News - မေ ၂၆
မြိတ်ခရိုင်အတိုင်းရှိ စာသင်ကျောင်းများသိုဖြန့်ချီမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များထည့်ထားသည့် ဆာလာအိတ် ၄၈ ထုပ်မီးရှို့ဖျက်ဆီးခံရကြောင်း နစက၏ မေလ ၂၅ ရက်ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၄ ရက်၊ ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများသို ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ သယ်ဆောင်လာသည့် ၁၂ ဘီးယာဉ် (၂) စီးအား သရက်ချောင်းမြိုနယ်၊ အောက်သရက်ချောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တားဆီးရပ်တန့်၍ ကျောင်းသုံးပုံနှိပ်စာအုပ်များထည့်ထားသည့် စုစုပေါင်းဆာလာအိတ် (၁၅၉၇) အိတ်အနက်မှ ဆာလာအိတ် (၄၈) အိတ်အား ကားလမ်းဘေးသိုချကာ မီးရှိဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့်တရားခံများအား အမြန်ဆုံးဖော် ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်စုံစမ်းဖော် ထုတ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အတွက် စာသင်ကျောင်းများအား ဇွန်လ ၂ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ယနေ့ (မေလ ၂၆ ရက်)မှစကာ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံခွင့်ပြုနေပြီဖြစ်ကြောင်းလည်း သိရသည်။
https://npnewsmm.com/news/628f47ed3309df6f60507a56

zawgyi version
ၿမိတ္ခ႐ိုင္အတြင္းရွိ စာသင္ေက်ာင္းမ်ားသို႔ျဖန႔္ခ်ီမည့္ ေက်ာင္းသုံးပုံႏွိပ္စာအုပ္မ်ားထည့္ထားသည့္ ဆာလာအိတ္ ၄၈ အိတ္မီးရႈိ႕ဖ်က္ဆီးခံရ
NP News - ေမ ၂၆
ၿမိတ္ခ႐ိုင္အတိုင္းရွိ စာသင္ေက်ာင္းမ်ားသိုျဖန႔္ခ်ီမည့္ ေက်ာင္းသုံးပုံႏွိပ္စာအုပ္မ်ားထည့္ထားသည့္ ဆာလာအိတ္ ၄၈ ထုပ္မီးရႈိ႕ဖ်က္ဆီးခံရေၾကာင္း နစက၏ ေမလ ၂၅ ရက္ညပိုင္း သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ေမလ ၂၄ ရက္၊ ညေန ၆ နာရီခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္အတြင္းရွိ စာသင္ေက်ာင္းမ်ားသို ျဖန႔္ခ်ိမည့္ ေက်ာင္းသုံးပုံႏွိပ္စာအုပ္မ်ား သယ္ေဆာင္လာသည့္ ၁၂ ဘီးယာဥ္ (၂) စီးအား သရက္ေခ်ာင္းၿမိဳနယ္၊ ေအာက္သရက္ေခ်ာင္းေက်း႐ြာ၏ အေရွ႕ေျမာက္ဘက္ မီတာ ၂ဝဝဝ ခန႔္အကြာရွိ ထားဝယ္-ၿမိတ္ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က တားဆီးရပ္တန႔္၍ ေက်ာင္းသုံးပုံႏွိပ္စာအုပ္မ်ားထည့္ထားသည့္ စုစုေပါင္းဆာလာအိတ္ (၁၅၉၇) အိတ္အနက္မွ ဆာလာအိတ္ (၄၈) အိတ္အား ကားလမ္းေဘးသိုခ်ကာ မီးရွိဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
ယင္းျဖစ္စဥ္တြင္ ပါဝင္ပတ္သက္သည့္တရားခံမ်ားအား အျမန္ဆုံးေဖာ္ ထုတ္ဖမ္းဆီးရမိႏိုင္ေရး ဆက္လက္စုံစမ္းေဖာ္ ထုတ္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိ ၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္အတြက္ စာသင္ေက်ာင္းမ်ားအား ဇြန္လ ၂ ရက္မွစ၍ ျပန္လည္ဖြင့္လွစ္မည္ျဖစ္ၿပီး ယေန႔ (ေမလ ၂၆ ရက္)မွစကာ ဇြန္လ ၁ ရက္အထိ ေက်ာင္းအပ္ႏွံခြင့္ျပဳေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။
https://npnewsmm.com/news/628f47ed3309df6f60507a56