ရွှေပြည်သာမြို့နယ် အမှတ်(၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိ

1303

NP News - မေ ၂၈
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ယနေ့ (မေလ ၂၈ ရက်)နေ့လည်ပိုင်းက သေနတ်ဖြင့် ဝင်ရောက်ပစ် ခတ်မှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်အတွင်းရှိ အမှတ်(၁၄)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ရပ်ကွက်အတွင်းနေထိုင်သည့် သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလင်းအောင်၊ အဖွဲဝင်များဖြစ်သော ဦးဝင်းလှိုင်၊ ဦးဝင်းညွန့်နှင့် ဦးသန်းထွန်းတို့ သည် ရုံးကိစ္စများလုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေစဉ်အချိန်တွင် လူငယ်(၄)ဦးသည် ရုံးအတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။
သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦးအနက် တစ်ဦးမှာ သေနတ်ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးခဲ့ပြီး နှစ်ဦးမှာလည်း အသက်အန္တရာယ်စိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲဝင်များ ရောက်ရှိလာကာ ပိတ်ဆိုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
zawgyi version
ေ႐ႊျပည္သာၿမိဳ႕နယ္ အမွတ္(၁၄)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္း ဝင္ေရာက္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး တစ္ဦးေသဆုံးခဲ့ကာ ႏွစ္ဦးဒဏ္ရာရရွိ
NP News - ေမ ၂၈
ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္းသို႔ ယေန႔ (ေမလ ၂၈ ရက္)ေန႔လည္ပိုင္းက ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ ခတ္မႈေၾကာင့္ တစ္ဦးေသဆုံးခဲ့ၿပီး ႏွစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ေ႐ႊျပည္သာၿမိဳ႕နယ္အတြင္းရွိ အမွတ္(၁၄)ရပ္ကြက္၊ မဟာဗႏၶဳလလမ္းေပၚရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း ရပ္ကြက္အတြင္းေနထိုင္သည့္ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။
ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္း အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးလင္းေအာင္၊ အဖြဲဝင္မ်ားျဖစ္ေသာ ဦးဝင္းလႈိင္၊ ဦးဝင္းၫြန႔္ႏွင့္ ဦးသန္းထြန္းတို႔ သည္ ႐ုံးကိစၥမ်ားလုပ္ကိုင္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္ေနစဥ္အခ်ိန္တြင္ လူငယ္(၄)ဦးသည္ ႐ုံးအတြင္းဝင္ေရာက္ကာ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။
ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္မႈေၾကာင့္ အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ၄ ဦးအနက္ တစ္ဦးမွာ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေနရာတြင္ပင္ေသဆုံးခဲ့ၿပီး ႏွစ္ဦးမွာလည္း အသက္အႏၲရာယ္စိုးရိမ္ရေသာ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲဝင္မ်ား ေရာက္ရွိလာကာ ပိတ္ဆိုစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
https://npnewsmm.com/news/6291f6e290e129371c272364