ဒဂုံတက္ကသိုလ်မှသခင်မြပန်းခြံအထိပြေးဆွဲမည့် YBS ယာဉ်လမ်းကြောင်းသစ်ကို ဇွန်လ ၁ ရက်မှစတင်မည်

 17189

ဖူးပြည့် (NP News) - မေ ၂၉
YBS ယာဉ်လိုင်းသစ်ဖြစ်သည့် YBS-128 တို့ကို ဇွန်လ (၁) ရက်မှစတင်ပြေးဆွဲမည်ဖြစ်ကြောင်း ဗန္ဓုလအများပိုင်ကုမ္ပဏီလီမိတက်၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ယာဉ်လိုင်းကို ကျောင်းသူ၊ ကျောင်းသားများနှင့်ခရီးသွားများအဆင်ပြေစွာသွားလာနိုင်ရေးအတွက် ဒဂုံတက္ကသိုလ်မှသခင်မြပန်းခြံအထိပြေးဆွဲမည်ဖြစ်သည်။

ထို့ကြောင့် YBS - 128 ခရီးစဥ်လမ်းကြောင်းအစ/အဆုံးသည် ဒဂုံတက္ကသိုလ် - မင်းရဲ​ကျော်စွာလမ်း - ၇/၈လမ်းဆုံ - ပြည်​ထောင်စုလမ်း - မဝတလမ်းဆုံ - ပင်လုံလမ်း - ​ဘေလီ - သံသုမာလမ်း - ​တောင်ဥက္ကလာပဘုရား - စံပြ​စျေး - ​လေး​ထောင့်ကန်လမ်း - ဇဝန - အသင်းတိုက် - အ​​ရှေ့မျဥ်းပြိုင်ကွင်းလမ်း - တာ​မွေအ၀ိုင်း - ​ရွှေဂုံတိုင် - ​မြေနီကုန်း - ပြည်လမ်း - ဗဟိုရ်စည် - သခင်မြပန်းခြံအထိဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) လက် အောက်ရှိ ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲသည့် ဂိတ်ရင်း၊ ဂိတ်ဖျားမတူသည့် YBS ယာဉ်လိုင်းများကို ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှစတင်ပြောင်းလဲပြေးဆွဲလျက်ရှိသည်။

YRTC လက်အောက်တွင် YBS ယာဉ်လိုင်းပေါင်း ၁ဝ၃ လိုင်းရှိပြီး YBS ယာဉ်အစီးရေ ၆ဝဝဝ ကျော်ရှိကာ နေ့စဉ်ယာဉ်အစီးရေ ၃ဝဝဝ ခန့်ပြေးဆွဲပေးနေကြောင်းသိရသည်။

https://npnewsmm.com/news/6293238ab204db62d80daa4a

zawgyi version
ဒဂုံတကၠသိုလ္မွသခင္ျမပန္းၿခံအထိေျပးဆြဲမည့္ YBS ယာဥ္လမ္းေၾကာင္းသစ္ကို ဇြန္လ ၁ ရက္မွစတင္မည္
ဖူးျပည့္ (NP News) - ေမ ၂၉

YBS ယာဥ္လိုင္းသစ္ျဖစ္သည့္ YBS-128 တို႔ကို ဇြန္လ (၁) ရက္မွစတင္ေျပးဆြဲမည္ျဖစ္ေၾကာင္း ဗႏၶဳလအမ်ားပိုင္ကုမၸဏီလီမိတက္၏ ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ ယာဥ္လိုင္းကို ေက်ာင္းသူ၊ ေက်ာင္းသားမ်ားႏွင့္ခရီးသြားမ်ားအဆင္ေျပစြာသြားလာႏိုင္ေရးအတြက္ ဒဂုံတ ကၠသိုလ္မွသခင္ျမပန္းၿခံအထိေျပးဆြဲမည္ျဖစ္သည္။

ထို႔ေၾကာင့္ YBS - 128 ခရီးစဥ္လမ္းေၾကာင္းအစ/အဆုံးသည္ ဒဂုံတကၠသိုလ္ - မင္းရဲေက်ာ္စြာလမ္း - ၇/၈လမ္းဆုံ - ျပည္ေထာင္စုလမ္း - မဝတလမ္းဆုံ - ပင္လုံလမ္း - ေဘလီ - သံသုမာလမ္း - ေတာင္ဥကၠလာပဘုရား - စံျပေဈး - ေလးေထာင့္ကန္လမ္း - ဇဝန - အသင္းတိုက္ - အေရွ႕မ်ဥ္းၿပိဳင္ကြင္းလမ္း - တာေမြအဝိုင္း - ေ႐ႊဂုံတိုင္ - ေျမနီကုန္း - ျပည္လမ္း - ဗဟိုရ္စည္ - သခင္ျမပန္းၿခံအထိျဖစ္သည္။

လက္ရွိအခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC) လက္ ေအာက္ရွိ ယာဥ္လိုင္းနံပါတ္တူၿပီး ေျပးဆြဲသည့္ ဂိတ္ရင္း၊ ဂိတ္ဖ်ားမတူသည့္ YBS ယာဥ္လိုင္းမ်ားကို ယာဥ္လိုင္းနံပါတ္အသစ္မ်ားျဖင့္ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၂ ရက္မွစတင္ေျပာင္းလဲေျပးဆြဲလ်က္ရွိသည္။

YRTC လက္ေအာက္တြင္ YBS ယာဥ္လိုင္းေပါင္း ၁ဝ၃ လိုင္းရွိၿပီး YBS ယာဥ္အစီးေရ ၆ဝဝဝ ေက်ာ္ရွိကာ ေန႔စဥ္ယာဥ္အစီးေရ ၃ဝဝဝ ခန႔္ေျပးဆြဲေပးေနေၾကာင္းသိရသည္။

https://npnewsmm.com/news/6293238ab204db62d80daa4a

Related news

© 2021. All rights reserved.