B.Ed ပညာရေးဘွဲ့သင်တန်းကို ယခုနှစ်တွင် ဆရာ/ဆရာမ (၂ဝဝဝဝ) ကျော်အထိ တက်ရောက်ခွင့်ပြုသွားမည်

 1873

မျိုးကြီး (NP News) - မေ ၃ဝ
B.Ed ပညာရေးဘွဲ့သင်တန်းများကို ယခင်က တစ်နှစ်လျှင် ဆရာ/ဆရာမ (၃ဝဝဝ) ဝန်းကျင်သာ တက်ရောက်ခွင့်ရခဲ့ရာမှ ယခုနှစ်တွင် (၂ဝဝဝဝ) ကျော်အထိ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဒေါက်တာညွန့်ဖေက ပြောသည်။

ဝန်ကြီးဒေါက်တာညွန့်ဖေက မေလ ၂၉ ရက်တွင် ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသွားသို့ သွားရောက်ကြည့်ရှုသောခရီးစဉ်အတွင်း အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ် သည်။

နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် နိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအားပေးကာ ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း ပညာရေးဝန်ကြီးဒေါက်တာညွန့်ဖေက ဆိုသည်။

ထို့ပြင် ဝန်ကြီးဒေါက်တာညွန့်ဖေက လုပ်ငန်းခွင်ဆရာ၊ ဆရာမများအနေဖြင့် ယခင်က B.Ed ပညာရေးဘွဲ့သင်တန်းများကို တစ်နှစ်လျှင် (၃ဝဝဝ) ဝန်းကျင်ခန့်သာ တက်ရောက်ခွင့်ရပြီး ယခုအခါတွင် တစ်နှစ်လျှင် လုပ်ငန်းခွင်မှ ဆရာ၊ ဆရာမဦးရေ (၂ဝဝဝဝ) ကျော်အထိ B.Ed ပညာရေးဘွဲ့သင်တန်းများကို တက်ရောက်သင်ကြားခွင့်ရရန် ဆောင် ရွက်ပေးနေကြောင်း ပြောသည်။

လက်ရှိတွင် နစကအနေဖြင့် နိုင်ငံရေးပဋိပက္ခများကြောင့် CDM လုပ်ခဲ့သော ဆရာ၊ ဆရာမများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် တာဝန်မှလွတ်ကင်းနေသော ဆရာ၊ ဆရာမများကို ပညာရေးဝန်ထမ်းအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ရန်အတွက်လည်း ဖိတ်ခေါ်ထားသည်။

https://npnewsmm.com/news/62944e6d0cb4a226667f5bc4

zawgyi version
B.Ed ပညာေရးဘြဲ႕သင္တန္းကို ယခုႏွစ္တြင္ ဆရာ/ဆရာမ (၂ဝဝဝဝ) ေက်ာ္အထိ တက္ေရာက္ခြင့္ျပဳသြားမည္
မ်ိဳးႀကီး (NP News) - ေမ ၃ဝ

B.Ed ပညာေရးဘြဲ႕သင္တန္းမ်ားကို ယခင္က တစ္ႏွစ္လွ်င္ ဆရာ/ဆရာမ (၃ဝဝဝ) ဝန္းက်င္သာ တက္ေရာက္ခြင့္ရခဲ့ရာမွ ယခုႏွစ္တြင္ (၂ဝဝဝဝ) ေက်ာ္အထိ တက္ေရာက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးေဒါက္တာၫြန႔္ေဖက ေျပာသည္။

ဝန္ႀကီးေဒါက္တာၫြန႔္ေဖက ေမလ ၂၉ ရက္တြင္ ရွမ္းျပည္နယ္အတြင္းရွိ အေျခခံပညာအထက္တန္းေက်ာင္းမ်ားသြားသို႔ သြားေရာက္ၾကည့္ရႈေသာခရီးစဥ္အတြင္း အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ သည္။

ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အေနျဖင့္ ႏိုင္ငံ၏ ပညာေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အထူးအားေပးကာ ျဖည့္ဆည္းေဆာင္႐ြက္ေပးေနေၾကာင္း ပညာေရးဝန္ႀကီးေဒါက္တာၫြန႔္ေဖက ဆိုသည္။

ထို႔ျပင္ ဝန္ႀကီးေဒါက္တာၫြန႔္ေဖက လုပ္ငန္းခြင္ဆရာ၊ ဆရာမမ်ားအေနျဖင့္ ယခင္က B.Ed ပညာေရးဘြဲ႕သင္တန္းမ်ားကို တစ္ႏွစ္လွ်င္ (၃ဝဝဝ) ဝန္းက်င္ခန႔္သာ တက္ေရာက္ခြင့္ရၿပီး ယခုအခါတြင္ တစ္ႏွစ္လွ်င္ လုပ္ငန္းခြင္မွ ဆရာ၊ ဆရာမဦးေရ (၂ဝဝဝဝ) ေက်ာ္အထိ B.Ed ပညာေရးဘြဲ႕သင္တန္းမ်ားကို တက္ေရာက္သင္ၾကားခြင့္ရရန္ ေဆာင္ ႐ြက္ေပးေနေၾကာင္း ေျပာသည္။

လက္ရွိတြင္ နစကအေနျဖင့္ ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ CDM လုပ္ခဲ့ေသာ ဆရာ၊ ဆရာမမ်ားအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တာဝန္မွလြတ္ကင္းေနေသာ ဆရာ၊ ဆရာမမ်ားကို ပညာေရးဝန္ထမ္းအျဖစ္ ျပန္လည္တာဝန္ထမ္းေဆာင္ရန္အတြက္လည္း ဖိတ္ေခၚထားသည္။

https://npnewsmm.com/news/62944e6d0cb4a226667f5bc4

Picture

Nay.M Hlaing

31/05/2022 16:30

ဆရာကောင်း သမားကောင်းတွေများစွာ ပေါ်ထွက်လာဖို့မျှော်လင့်ပါတယ်ဗျာ

Related news

© 2021. All rights reserved.