ရန်ကုန်မြို့ စော်ဘွားကြီးကုန်းမီးပွိုင့်အနီးတွင် ယာဉ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

 3780

NP News - မေ ၃ဝ
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း မီးပွိုင့်အနီးတွင် ယနေ့ (မေလ ၃ဝ ရက်)နံနက် ၅ နာရီအချိန်ခန့်တွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ဖြိုးသူရအောင်သည် ယာဉ်တန်းတစ်ခုကို ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်စဉ် ရန်ကုန်-ပြည်ကားလမ်း စော်ဘွားကြီးကုန်းမီးပွိုင့်အနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဖြစ်စဉ်အနီးတွင် နေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

“အဲဒီယာဉ်တန်းက ရွှေပြည်သာဘက်ကနေ မြို့ထဲဘက်ခြမ်းသွားတာဖြစ်လောက်တယ်။ ရှေ့ဆုံးမှာက ဆိုင်တစ်စီးနဲ့ ယာဉ်ထိန်းရဲတစ်ဦးရှိတယ်။ သူ့နောက်မှာက YBS ကား ၄ စီးလောက်ရှိမယ်။ အဲဒီနောက်မှာက အခုမြို့ထဲတွေမှာ လုံခြုံရေးလုပ်နေတဲ့ ရဲတွေပါတဲ့ ကားတစ်စီးပါတယ်။ သူ့နောက်မှာ ဆိုင်ကယ်တစ်စီးနဲ့ ယာဉ်ထိန်းရဲတစ်ဦး လိုက်တာတွေ့ရတယ်။ နောက်ဆုံးက ယာဉ်ထိန်းရဲက အပစ်ခံခဲ့ရတာ”ဟု အ ထက်ပါ သတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ယာဉ်ထိန်းရဲမှာ သေနတ်ဒဏ်ရာရရှိခဲ့သော် လည်း အသက်အန္တရာယ်စိုးရိမ်ရမှုမရှိကြောင်း ၎င်းက ဆက်လက်ပြော သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ ေစာ္ဘြားႀကီးကုန္းမီးပြိဳင့္အနီးတြင္ ယာဥ္ထိန္းရဲတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ
NP News - ေမ ၃ဝ

ရန္ကုန္ၿမိဳ႕၊ အင္းစိန္ၿမိဳ႕နယ္၊ ေစာ္ဘြားႀကီးကုန္း မီးပြိဳင့္အနီးတြင္ ယေန႔ (ေမလ ၃ဝ ရက္)နံနက္ ၅ နာရီအခ်ိန္ခန႔္တြင္ ယာဥ္ထိန္းရဲ တပ္ဖြဲ႕ဝင္တစ္ဦးေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ ၿဖိဳးသူရေအာင္သည္ ယာဥ္တန္းတစ္ခုကို ဆိုင္ကယ္ျဖင့္ လိုက္ပါပို႔ေဆာင္စဥ္ ရန္ကုန္-ျပည္ကားလမ္း ေစာ္ဘြားႀကီးကုန္းမီးပြိဳင့္အနီးတြင္ ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း ျဖစ္စဥ္အနီးတြင္ ေနထိုင္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

“အဲဒီယာဥ္တန္းက ေ႐ႊျပည္သာဘက္ကေန ၿမိဳ႕ထဲဘက္ျခမ္းသြားတာျဖစ္ေလာက္တယ္။ ေရွ႕ဆုံးမွာက ဆိုင္တစ္စီးနဲ႔ ယာဥ္ထိန္းရဲတစ္ဦးရွိတယ္။ သူ႔ေနာက္မွာက YBS ကား ၄ စီးေလာက္ရွိမယ္။ အဲဒီေနာက္မွာက အခုၿမိဳ႕ထဲေတြမွာ လုံၿခဳံေရးလုပ္ေနတဲ့ ရဲေတြပါတဲ့ ကားတစ္စီးပါတယ္။ သူ႔ေနာက္မွာ ဆိုင္ကယ္တစ္စီးနဲ႔ ယာဥ္ထိန္းရဲတစ္ဦး လိုက္တာေတြ႕ရတယ္။ ေနာက္ဆုံးက ယာဥ္ထိန္းရဲက အပစ္ခံခဲ့ရတာ”ဟု အ ထက္ပါ သတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ယာဥ္ထိန္းရဲမွာ ေသနတ္ဒဏ္ရာရရွိခဲ့ေသာ္ လည္း အသက္အႏၲရာယ္စိုးရိမ္ရမႈမရွိေၾကာင္း ၎က ဆက္လက္ေျပာ သည္။

ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားေရာက္ရွိလာကာ ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္သြားခဲ့ေၾကာင္း သိရသည္။

https://npnewsmm.com/news/62945612cc309e1dc9111dc6

Picture

Thin Thin Oo

30/05/2022 13:41

ဘာဖြစ်သွားလဲ မသေပါစေနဲ့

Related news

© 2021. All rights reserved.