ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီး အီလွန်မတ်ရဲ့ ချစ်ဇာတ်လမ်းစုံ အဖုံဖုံ

2292
ဝတီ (NP News) - မေ ၃၁
အီလွန်မတ်( Elon Musk ) ဟာ ကမ္ဘာပေါ်မှာ လက်ရှိအချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးဆိုတော့ သူ့နားမှာ နာမည်ကြီးမိန်းမချောတွေဝိုင်းနေတာ မဆန်းပါဘူး။ မိန်းမတွေ ဝိုင်းဝိုင်းလည်နေတဲ့သူဆိုတော့ သူနဲ့ပတ်သက်ဖူးတဲ့ မိန်းမတွေအများကြီးပေါ့။ အဲဒီထဲကမှ သူနဲ့ လက်ထပ်ဖူးတဲ့သူ၊ သူနဲ့ အတော်ကြာကြာတွဲဖူးတဲ့သူတွေကို စုစည်းဖော်ပြသွားပါမယ်။
zawgyi version
ကမာၻ႔အခ်မ္းသာဆုံးသူေ႒းႀကီး အီလြန္မတ္ရဲ႕ ခ်စ္ဇာတ္လမ္းစုံ အဖုံဖုံ
ဝတီ (NP News) - ေမ ၃၁
အီလြန္မတ္( Elon Musk ) ဟာ ကမာၻေပၚမွာ လက္ရွိအခ်မ္းသာဆုံး ပုဂၢိဳလ္ႀကီးဆိုေတာ့ သူ႔နားမွာ နာမည္ႀကီးမိန္းမေခ်ာေတြဝိုင္းေနတာ မဆန္းပါဘူး။ မိန္းမေတြ ဝိုင္းဝိုင္းလည္ေနတဲ့သူဆိုေတာ့ သူနဲ႔ပတ္သက္ဖူးတဲ့ မိန္းမေတြအမ်ားႀကီးေပါ့။ အဲဒီထဲကမွ သူနဲ႔ လက္ထပ္ဖူးတဲ့သူ၊ သူနဲ႔ အေတာ္ၾကာၾကာတြဲဖူးတဲ့သူေတြကို စုစည္းေဖာ္ျပသြားပါမယ္။

စာရေးဆရာမ ဂျပ်စ်တင်ဝီလ်ဆင် ( Justine Wilson )
သူတို့နှစ်ယောက်ကတော့ တက္ကသိုလ်တက်ရင်းတွေ့သွားကြတာဖြစ်ပြီး အီလွန်မာ့စ်ခ်က ဂျပ်စ်တင်ဝီလ်ဆင်ကို ရအောင်ပိုးပန်းခဲ့တာပါ။ သူတို့သမီးရည်းစားနှစ်ယောက်ဟာ ၂ဝဝဝ ခုနှစ်မှာ လက်ထပ်လိုက်ကြပါတယ်။ ၂ဝဝ၂ ခုနှစ်မှာကလေးတစ်ယောက်ရခဲ့ပေမယ့် အဲဒီကလေးဟာ ဆယ်လသားအရွယ်မှာဆုံးပါးသွားခဲ့ပါတယ်။ ပထမ သားလေးတုန်းက အဖတ်မတင်ခဲ့ပေမယ့် ဒုတိယတစ်ခေါက်လည်းကျရော သူတို့ဇနီးမောင်နှံဟာ အမြွှာလေးရခဲ့ပါတယ်။ ၂ဝဝ၄ ခုနှစ်မှာ အမြွှာလေးရသွားတဲ့ သူတို့နှစ်ယောက်ဟာ၂ဝဝ၆ ခုနှစ်လည်း ရောက်ရော သုံးမြွှာပူးလေးရပါတယ်။ ဒီငါးယောက်လုံးကို သူတို့က ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ယူခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့အိမ်ထောင်ရေး ကြာရှည်မခံခဲ့ပါဘူး။ အီလွန်မတ်က
သူ့ကို ဇနီးသည်လိုပုံစံမျိုးထက် သူ့လက်အောက်ငယ်သားလိုပုံစံမျိုးနဲ့ ဆက်ဆံတယ်လို့ စာရေးဆရာမ ဂျပ်စ်တင်ဝီလ်ဆင်က ဆိုပါတယ်။
"သူက ယောကျ်ားတွေချည်းပဲကြီးစိုးတဲ့ တောင်အာဖရိကမှာ ကြီးပြင်းအရွယ်ရောက်လာတာဆိုတော့ အရာရာမှာ သူကချည်းပဲယှဉ်ပြိုင်အနိုင်ရချင်စိတ် ပြင်းထန်တယ်။ ဒါကြောင့်လည်း စီးပွားရေးမှာ သူအခုလို ထိပ် တန်းအဆင့် ရောက်တဲ့အထိ အောင်မြင်တာ။ ဒါပေမဲ့ သူက အဲဒီစိတ် ဓာတ်ကို လုပ်ငန်းခွင်မှာပဲ မထားခဲ့ဘဲ အိမ်ကိုလည်း သယ်လာတယ်။ကျွန် မကို သူ့လက်အောက်ငယ်သားလိုပဲ ဆက်ဆံတယ်။ ပိုက်ဆံရှာနိုင်တာချင်းကလည်း ကြာလေကွာလာလေဆိုတော့ ဒီအကြောင်းတွေက ကျွန်မတို့ အိမ်ထောင်ရေးမှာအက်ကြောင်းထင်စရာ ဖြစ်လာတော့တယ်။ သည်းမခံနိုင်တော့တဲ့အဆုံး ၂ဝဝ၈ ခုနှစ်မှာတော့ ကျွန်မတို့ ကွာရှင်းလိုက်ကြတော့တယ်။ ဒါပေမဲ့ ဒီအိမ်ထောင်ရေးနဲ့ပတ်သက်လို့ ကျွန်မ နောင်တတော့ မရပါဘူး"လို့ စာရေးဆရာမ ဂျပ်စ်တင်ဝီလ်ဆင်က ရေးသားခဲ့ပါတယ်။
သူတို့နှစ်ယောက်ရဲ့ သားသမီးငါးယောက်ကတော့ အီလွန်မတ်တည် ထောင်ထားတဲ့ အထူးသီးသန့်ကျောင်းမှာ တက်နေကြပါသတဲ့။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမှာ ဖွင့်ထားတဲ့ အဲဒီကျောင်းမှာ သူတို့ငါးယောက်ရယ် အီလွန်မတ်ရဲ့ စပေ့စ်အိတ်စ်(SpaceX) ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ သားသမီးတွေရယ်ပဲ တက်ခွင့်ရတာပါ။
zawgyi version
စာေရးဆရာမ ဂ်ပ္စ္တင္ဝီလ္ဆင္ ( Justine Wilson )
သူတို႔ႏွစ္ေယာက္ကေတာ့ တကၠသိုလ္တက္ရင္းေတြ႕သြားၾကတာျဖစ္ၿပီး အီလြန္မာ့စ္ခ္က ဂ်ပ္စ္တင္ဝီလ္ဆင္ကို ရေအာင္ပိုးပန္းခဲ့တာပါ။ သူတို႔သမီးရည္းစားႏွစ္ေယာက္ဟာ ၂ဝဝဝ ခုႏွစ္မွာ လက္ထပ္လိုက္ၾကပါတယ္။ ၂ဝဝ၂ ခုႏွစ္မွာကေလးတစ္ေယာက္ရခဲ့ေပမယ့္ အဲဒီကေလးဟာ ဆယ္လသားအ႐ြယ္မွာဆုံးပါးသြားခဲ့ပါတယ္။ ပထမ သားေလးတုန္းက အဖတ္မတင္ခဲ့ေပမယ့္ ဒုတိယတစ္ေခါက္လည္းက်ေရာ သူတို႔ဇနီးေမာင္ႏွံဟာ အႁမႊာေလးရခဲ့ပါတယ္။ ၂ဝဝ၄ ခုႏွစ္မွာ အႁမႊာေလးရသြားတဲ့ သူတို႔ႏွစ္ေယာက္ဟာ၂ဝဝ၆ ခုႏွစ္လည္း ေရာက္ေရာ သုံးႁမႊာပူးေလးရပါတယ္။ ဒီငါးေယာက္လုံးကို သူတို႔က ဖန္ႁပြန္သေႏၶသားနည္းပညာနဲ႔ ယူခဲ့ၾကတာပါ။ ဒါေပမဲ့ သူတို႔အိမ္ေထာင္ေရး ၾကာရွည္မခံခဲ့ပါဘူး။ အီလြန္မတ္က
သူ႔ကို ဇနီးသည္လိုပုံစံမ်ိဳးထက္ သူ႔လက္ေအာက္ငယ္သားလိုပုံစံမ်ိဳးနဲ႔ ဆက္ဆံတယ္လို႔ စာေရးဆရာမ ဂ်ပ္စ္တင္ဝီလ္ဆင္က ဆိုပါတယ္။
"သူက ေယာက်္ားေတြခ်ည္းပဲႀကီးစိုးတဲ့ ေတာင္အာဖရိကမွာ ႀကီးျပင္းအ႐ြယ္ေရာက္လာတာဆိုေတာ့ အရာရာမွာ သူကခ်ည္းပဲယွဥ္ၿပိဳင္အႏိုင္ရခ်င္စိတ္ ျပင္းထန္တယ္။ ဒါေၾကာင့္လည္း စီးပြားေရးမွာ သူအခုလို ထိပ္ တန္းအဆင့္ ေရာက္တဲ့အထိ ေအာင္ျမင္တာ။ ဒါေပမဲ့ သူက အဲဒီစိတ္ ဓာတ္ကို လုပ္ငန္းခြင္မွာပဲ မထားခဲ့ဘဲ အိမ္ကိုလည္း သယ္လာတယ္။ကြၽန္ မကို သူ႔လက္ေအာက္ငယ္သားလိုပဲ ဆက္ဆံတယ္။ ပိုက္ဆံရွာႏိုင္တာခ်င္းကလည္း ၾကာေလကြာလာေလဆိုေတာ့ ဒီအေၾကာင္းေတြက ကြၽန္မတို႔ အိမ္ေထာင္ေရးမွာအက္ေၾကာင္းထင္စရာ ျဖစ္လာေတာ့တယ္။ သည္းမခံႏိုင္ေတာ့တဲ့အဆုံး ၂ဝဝ၈ ခုႏွစ္မွာေတာ့ ကြၽန္မတို႔ ကြာရွင္းလိုက္ၾကေတာ့တယ္။ ဒါေပမဲ့ ဒီအိမ္ေထာင္ေရးနဲ႔ပတ္သက္လို႔ ကြၽန္မ ေနာင္တေတာ့ မရပါဘူး"လို႔ စာေရးဆရာမ ဂ်ပ္စ္တင္ဝီလ္ဆင္က ေရးသားခဲ့ပါတယ္။
သူတို႔ႏွစ္ေယာက္ရဲ႕ သားသမီးငါးေယာက္ကေတာ့ အီလြန္မတ္တည္ ေထာင္ထားတဲ့ အထူးသီးသန႔္ေက်ာင္းမွာ တက္ေနၾကပါသတဲ့။ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားမွာ ဖြင့္ထားတဲ့ အဲဒီေက်ာင္းမွာ သူတို႔ငါးေယာက္ရယ္ အီလြန္မတ္ရဲ႕ စေပ့စ္အိတ္စ္(SpaceX) ကုမၸဏီက ဝန္ထမ္းေတြရဲ႕ သားသမီးေတြရယ္ပဲ တက္ခြင့္ရတာပါ။

မင်းသမီး တလူလာရီလေ (Talulah Riley)
ပထမဇနီးနဲ့ ကွာရှင်းပြီးတဲ့နောက်မှာတော့ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေး ကြီး အီလွန်မတ်က မင်းသမီးချော တလူလာရီလေနဲ့ တွဲခုတ်ပါတော့ တယ်။ သူတို့နှစ်ယောက်ဟာ လန်ဒန်က ဘားတစ်ခုမှာစတွေ့ခဲ့ကြတာဖြစ်ပြီး မြင်မြင်ချင်း တစ်ယောက်ကိုတစ်ယောက်တန်းသဘောကျသွားကြတာဖြစ်ပါသတဲ့။ ၂ဝ၁ဝ ခုနှစ်မှာတော့ သူတို့ ရွှေလက်တွဲလိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့အိမ်ထောင်ရေးကကြာကြာမခံလိုက်ပါဘူး။ ၂ဝ၁၂ ခုနှစ်မှာ သူတို့ ကွာရှင်းလိုက်ကြပြီး မင်းသမီး တလူလာရီလေက နစ်နာ ကြေး ဒေါ်လာ ၁၆ သန်းလောက်ရသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမဲ့ သူတို့ဟာတစ်ယောက်နဲ့တစ်ယောက် တကယ်တမ်း မပြတ်နိုင်ကြသေးတာမို့ပြန်ပြီးလက်ထပ်လိုက်ကြပါတယ်။ ဒါပေမဲ့လည်း ၂ဝ၁၆ ခုနှစ်မှာတော့ သူတို့နှစ်ယောက် ဒုတိယအကြိမ် ကွာရှင်းလိုက်ကြပါတော့တယ်။ သူတို့ဟာ သားသမီး မရလိုက်ပါဘူး။
zawgyi version
မင္းသမီး တလူလာရီေလ (Talulah Riley)
ပထမဇနီးနဲ႔ ကြာရွင္းၿပီးတဲ့ေနာက္မွာေတာ့ ကမာၻ႔အခ်မ္းသာဆုံးသူေ႒း ႀကီး အီလြန္မတ္က မင္းသမီးေခ်ာ တလူလာရီေလနဲ႔ တြဲခုတ္ပါေတာ့ တယ္။ သူတို႔ႏွစ္ေယာက္ဟာ လန္ဒန္က ဘားတစ္ခုမွာစေတြ႕ခဲ့ၾကတာျဖစ္ၿပီး ျမင္ျမင္ခ်င္း တစ္ေယာက္ကိုတစ္ေယာက္တန္းသေဘာက်သြားၾကတာျဖစ္ပါသတဲ့။ ၂ဝ၁ဝ ခုႏွစ္မွာေတာ့ သူတို႔ ေ႐ႊလက္တြဲလိုက္ၾကပါတယ္။ ဒါေပမဲ့ သူတို႔အိမ္ေထာင္ေရးကၾကာၾကာမခံလိုက္ပါဘူး။ ၂ဝ၁၂ ခုႏွစ္မွာ သူတို႔ ကြာရွင္းလိုက္ၾကၿပီး မင္းသမီး တလူလာရီေလက နစ္နာ ေၾကး ေဒၚလာ ၁၆ သန္းေလာက္ရသြားတယ္လို႔ သတင္းေတြက ဆိုပါတယ္။ ဒါေပမဲ့ သူတို႔ဟာတစ္ေယာက္နဲ႔တစ္ေယာက္ တကယ္တမ္း မျပတ္ႏိုင္ၾကေသးတာမို႔ျပန္ၿပီးလက္ထပ္လိုက္ၾကပါတယ္။ ဒါေပမဲ့လည္း ၂ဝ၁၆ ခုႏွစ္မွာေတာ့ သူတို႔ႏွစ္ေယာက္ ဒုတိယအႀကိမ္ ကြာရွင္းလိုက္ၾကပါေတာ့တယ္။ သူတို႔ဟာ သားသမီး မရလိုက္ပါဘူး။

ကမ္ဘာကျော်မင်းသမီးချော အမ်ဘာဟတ် ( Amber Heard )
ကဲ.. ဒီတစ်ခါတော့ အားလုံးစိတ်ဝင်စားနေကြတဲ့ သူတို့နှစ်ယောက်ကိစ္စ လာပါပြီ။ အီလွန်မတ်ဟာလည်း ကမ္ဘာကျော်ညှို့မင်းသမီးချောရဲ့ အလှစက်ကွင်းကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ သူဟာ အမ်ဘာဟတ်ကို အစွဲကြီးစွဲပြီး အတော်ကြီး လိုက်ခဲ့ရတယ်လို့သတင်းတွေ ထွက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂ဝ၁၆ ခုနှစ်နှောင်းပိုင်းကနေ ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းလောက်အထိ တွဲခဲ့ကြပါသတဲ့။ အမ်ဘာဟတ်ဟာ သူနဲ့ လက်ထပ်ထားတုန်းမှာပဲ အိမ်ထောင်ရေးဖောက်ပြန်ပြီး အီလွန်မတ်နဲ့ တွဲခဲ့တယ်လို့ အမ်ဘာဟတ်ရဲ့ ခင်ပွန်းဟောင်း မင်းသားကြီး ဂျွန်နီဒက်ပ် (Johny Depp)က နောက်ပိုင်းမှာ စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အမ်ဘာဟတ်ရော အီလွန်မတ်ကပါ ဒီစွပ်စွဲချက်ကိုငြင်းဆိုခဲ့ကြပါတယ်။ အမ်ဘာဟတ်နဲ့ အီလွန်မတ်ဟာ ၂ဝ၁၇ ခုနှစ်ထဲမှာပဲပြတ်သွားကြတာပါ။ သူ အမ်ဘာဟတ်ကို သိပ်ချစ်တယ်၊ အမ်ဘာဟတ်နဲ့ပြတ်သွားတော့ အရမ်းခံစားရတယ်လို့ အီလွန်မတ်က အဲဒီတုန်းကပြောခဲ့ဖူးပါတယ်။ အိမ်ကြီးထဲမှာ တစ်ယောက်တည်း အထီးကျန်နေတာမျိုး၊ ချစ်သူရည်းစား အဖော်သဟဲမရှိဘဲ တစ်ယောက် တည်း နေရတာမျိုး လုံးဝမကြိုက်ဘူးလို့လည်း သူဋ္ဌေးကြီးက ပြောသွားခဲ့ဖူးပါတယ်။
zawgyi version
ကမာၻေက်ာ္မင္းသမီးေခ်ာ အမ္ဘာဟတ္ ( Amber Heard )
ကဲ.. ဒီတစ္ခါေတာ့ အားလုံးစိတ္ဝင္စားေနၾကတဲ့ သူတို႔ႏွစ္ေယာက္ကိစၥ လာပါၿပီ။ အီလြန္မတ္ဟာလည္း ကမာၻေက်ာ္ညႇိဳ႕မင္းသမီးေခ်ာရဲ႕ အလွစက္ကြင္းကေန ႐ုန္းမထြက္ႏိုင္ခဲ့ပါဘူး။ သူဟာ အမ္ဘာဟတ္ကို အစြဲႀကီးစြဲၿပီး အေတာ္ႀကီး လိုက္ခဲ့ရတယ္လို႔သတင္းေတြ ထြက္ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ၂ဝ၁၆ ခုႏွစ္ေႏွာင္းပိုင္းကေန ၂ဝ၁၇ ခုႏွစ္ ႏွစ္ဆန္းပိုင္းေလာက္အထိ တြဲခဲ့ၾကပါသတဲ့။ အမ္ဘာဟတ္ဟာ သူနဲ႔ လက္ထပ္ထားတုန္းမွာပဲ အိမ္ေထာင္ေရးေဖာက္ျပန္ၿပီး အီလြန္မတ္နဲ႔ တြဲခဲ့တယ္လို႔ အမ္ဘာဟတ္ရဲ႕ ခင္ပြန္းေဟာင္း မင္းသားႀကီး ဂြၽန္နီဒက္ပ္ (Johny Depp)က ေနာက္ပိုင္းမွာ စြပ္စြဲခဲ့ပါတယ္။ ဒါေပမဲ့ အမ္ဘာဟတ္ေရာ အီလြန္မတ္ကပါ ဒီစြပ္စြဲခ်က္ကိုျငင္းဆိုခဲ့ၾကပါတယ္။ အမ္ဘာဟတ္နဲ႔ အီလြန္မတ္ဟာ ၂ဝ၁၇ ခုႏွစ္ထဲမွာပဲျပတ္သြားၾကတာပါ။ သူ အမ္ဘာဟတ္ကို သိပ္ခ်စ္တယ္၊ အမ္ဘာဟတ္နဲ႔ျပတ္သြားေတာ့ အရမ္းခံစားရတယ္လို႔ အီလြန္မတ္က အဲဒီတုန္းကေျပာခဲ့ဖူးပါတယ္။ အိမ္ႀကီးထဲမွာ တစ္ေယာက္တည္း အထီးက်န္ေနတာမ်ိဳး၊ ခ်စ္သူရည္းစား အေဖာ္သဟဲမရွိဘဲ တစ္ေယာက္ တည္း ေနရတာမ်ိဳး လုံးဝမႀကိဳက္ဘူးလို႔လည္း သူေ႒းႀကီးက ေျပာသြားခဲ့ဖူးပါတယ္။

အဆိုတော် ဂရိုင်းမ်စ် (Grimes)
အီလွန်နဲ့ ဂရိုင်းမ်စ်ဟာ ၂ဝ၁၈ ခုနှစ် ဧပြီလမှာ စပြီးတွဲခဲ့ကြပါတယ်။ သူတို့ နှစ်ယောက်ဟာ အွန်လိုင်းမှာ စတွေ့ကြတာလို့ သတင်းရင်းမြစ်တစ်ခုက ဆိုထားပါသတဲ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ တွဲလိုက်၊ ပြတ်လိုက်အ ကြိမ်ကြိမ်ပါပဲ။ ၂ဝ၂ဝ ခုနှစ်မှာတော့ ဂရိုင်းမ်စ်ဟာ အီလွန်နဲ့ရတဲ့ သားဦးလေးကို မွေးဖွားခဲ့ပါတယ်။ သူတို့နှစ်ယောက်က သားလေးကို အိတ်စ် (X) လို့ခေါ်ပါသတဲ့။ သိပ်မကြာခင်မှာပဲ သူတို့ဟာအငှားကိုယ်ဝန်ဆောင်အကူအညီနဲ့ ဒုတိယကလေး ရသွားပါတယ်။ ဒီတစ်ခါကတော့ သမီးလေးဖြစ်ပြီး သူတို့က သမီးလေးကို ဝိုင်( Y )လို့ အတိုကောက်ခေါ်ပါတယ်။အစ် ကိုက အိတ်စ်ဆိုတော့ ညီမကဝိုင်ပေါ့။
ဒေါ်လာ ဘီလျံပေါင်း ၂၂ဝ လောက်ပိုင်ဆိုင်လို့ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီးဆိုပြီး သတင်းထဲမှာ ခဏခဏပါနေတဲ့ အီလွန်မတ်ဟာ သူကပ်စေးနည်းချင်တဲ့အခါအတော် ကပ်စေးနည်းတယ်လို့ ဂရိုင်းမ်စ်က အင်တာဗျူးတစ်ခုမှာထုတ်ပြောဖူးပါတယ်။ တစ်ခါတုန်းကဆိုရင် နှစ်ယောက်အိပ်တဲ့မွေ့ယာမှာဂရိုင်းမ်စ် အိပ်တဲ့ဘက်ခြမ်းက ပေါက်နေလို့ မွေ့ယာ အသစ်ဝယ်ဖို့ဂရိုင်းမ်စ်ကပြောတာကို ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီးက မဝယ်ဘူးတဲ့လေ။
ကဲ..ဒါကတော့ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီးရဲ့ ဘဝထဲက မိန်းမတွေနဲ့ သူ့သားသမီးတွေအကြောင်းပါပဲ။
zawgyi version
အဆိုတော် ဂရိုင်းမ်စ် (Grimes)
အီလွန်နဲ့ ဂရိုင်းမ်စ်ဟာ ၂ဝ၁၈ ခုနှစ် ဧပြီလမှာ စပြီးတွဲခဲ့ကြပါတယ်။ သူတို့ နှစ်ယောက်ဟာ အွန်လိုင်းမှာ စတွေ့ကြတာလို့ သတင်းရင်းမြစ်တစ်ခုက ဆိုထားပါသတဲ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ တွဲလိုက်၊ ပြတ်လိုက်အ ကြိမ်ကြိမ်ပါပဲ။ ၂ဝ၂ဝ ခုနှစ်မှာတော့ ဂရိုင်းမ်စ်ဟာ အီလွန်နဲ့ရတဲ့ သားဦးလေးကို မွေးဖွားခဲ့ပါတယ်။ သူတို့နှစ်ယောက်က သားလေးကို အိတ်စ် (X) လို့ခေါ်ပါသတဲ့။ သိပ်မကြာခင်မှာပဲ သူတို့ဟာအငှားကိုယ်ဝန်ဆောင်အကူအညီနဲ့ ဒုတိယကလေး ရသွားပါတယ်။ ဒီတစ်ခါကတော့ သမီးလေးဖြစ်ပြီး သူတို့က သမီးလေးကို ဝိုင်( Y )လို့ အတိုကောက်ခေါ်ပါတယ်။အစ် ကိုက အိတ်စ်ဆိုတော့ ညီမကဝိုင်ပေါ့။
ဒေါ်လာ ဘီလျံပေါင်း ၂၂ဝ လောက်ပိုင်ဆိုင်လို့ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီးဆိုပြီး သတင်းထဲမှာ ခဏခဏပါနေတဲ့ အီလွန်မတ်ဟာ သူကပ်စေးနည်းချင်တဲ့အခါအတော် ကပ်စေးနည်းတယ်လို့ ဂရိုင်းမ်စ်က အင်တာဗျူးတစ်ခုမှာထုတ်ပြောဖူးပါတယ်။ တစ်ခါတုန်းကဆိုရင် နှစ်ယောက်အိပ်တဲ့မွေ့ယာမှာဂရိုင်းမ်စ် အိပ်တဲ့ဘက်ခြမ်းက ပေါက်နေလို့ မွေ့ယာ အသစ်ဝယ်ဖို့ဂရိုင်းမ်စ်ကပြောတာကို ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီးက မဝယ်ဘူးတဲ့လေ။
ကဲ..ဒါကတော့ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီးရဲ့ ဘဝထဲက မိန်းမတွေနဲ့ သူ့သားသမီးတွေအကြောင်းပါပဲ။
https://www.dailymail.co.uk/femail/article-10599419/Inside-Elon-Musks-love-life-family-Tesla-billionaire-welcomes-daughter-Exa-Dark-Sider-l.html?fbclid=IwAR1zojov9FQRpP6EVpScmTeQcY5SSzKaRw_ZYUgZCKqt5-TPmBQjgETaS5c