ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းသော “ဝ” အဖွဲ့အပါအဝင် တိုင်းနှင့်ပြည်နယ်များကိုလည်း ပြဋ္ဌာန်းခွင့်များပေးရန် မူဝါဒအားဖြင့် သဘောတူပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 2201

မျိုးကြီး (NP News) - ဇွန် ၁
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းဆိုသော “ဝ”အဖွဲ့အပါအဝင် ကျန်ရှိသော တိုင်းနှင့်ပြည်နယ်များကိုလည်း ပြဋ္ဌာန်းခွင့်များပေးရန် မူဝါဒအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (ဇွန်လ ၁ ရက်)၌ နေပြည်တော်ရှိ ပြန် ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အ ထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)တို့ တွေ့ ဆုံဆွေးနွေးရာတွင် “ဝ” အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တည်ထောင်ရန် “ဝ”အဖွဲ့က တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့က “ဝ” ကိစ္စနဲ့ပတ်သက်လာပြီးရင် မူဝါဒအားဖြင့်က တောင်းဆိုတဲ့ ဟာပေါ့နော် အခုလိုပုံစံမျိုး၊ ဒါထက်မြင့်တဲ့ ပုံစံမျိုးပေးနိုင်ဖို့အတွက် မူဝါဒအားဖြင့်က ရှိပြီးဖြစ်ပါတယ်။ အဲဒီတစ်ခုတည်းမှ မ ဟုတ်ပါဘူး။ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ယခုထက် ပိုမိုပြီးဆောင်ရွက်ခွင့်၊ ပြဋ္ဌာန်းခွင့်တွေကို ပေးဖို့အတွက် မူဝါဒအားဖြင့် သဘောတူညီဖြစ်ပြီးပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားမည်ဖြစ်သည့်အတွက် အခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်စရာများကို ပြင်ရမည်ဆိုသည်ကို တပ်မတော်အနေဖြင့် သဘောတူထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကိုပေးမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ပြည် ထောင်စုမှ လုံးဝခွဲမထွက်ရဆိုသော အာမခံချက်ကို ပြန်ပေးရမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုခဲ့သည်။

“ဒီအပေါ်မှာ ကျွန်တော်တို့ အခုနပြောခဲ့တာ တစ်ခုရှိပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဒီမိုကရေစီစနစ်ကျင့်သုံးတယ်။ ဖက်ဒရယ်စနစ်ကျင့်သုံးတယ်ဆိုတာက တစ်ပုံစံတည်း၊ တစ်ထပ်တည်းတော့ မရှိပါဘူး။ ဘယ်နိုင်ငံမှ တစ်ပုံတည်း၊ တစ်ထပ် တည်းမရှိဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ သ မိုင်းကြောင်း၊ လူမျိုးရေး၊ ပြည်တွင်းရေးအခြေအနေပြီးရင် ပတ်ဝန်းကျင်အခြေအနေပေါ်မှာလိုက်ပြီး ကျွန်တော်တို့က သင့်တော်တဲ့ အကောင်းဆုံးဖြစ်တဲ့ ပုံစံကို တည်ဆောက်ရမှာဖြစ်တယ်။ အကောင်း ဆုံးဖြစ်တဲ့ ပုံစံကို လုပ်ရမှာဖြစ်တယ်။ ဆွေးနွေးညှိနှိုင်းအဖြေရှာရမှာဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

https://npnewsmm.com/news/629745d6fb40cd332e1ac1a3

zawgyi version
ကိုယ္ပိုင္ျပ႒ာန္းခြင့္ေတာင္းေသာ “ဝ” အဖြဲ႕အပါအဝင္ တိုင္းႏွင့္ျပည္နယ္မ်ားကိုလည္း ျပ႒ာန္းခြင့္မ်ားေပးရန္ မူဝါဒအားျဖင့္ သေဘာတူၿပီးျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
မ်ိဳးႀကီး (NP News) - ဇြန္ ၁

ကိုယ္ပိုင္ျပ႒ာန္းခြင့္ေတာင္းဆိုေသာ “ဝ”အဖြဲ႕အပါအဝင္ က်န္ရွိေသာ တိုင္းႏွင့္ျပည္နယ္မ်ားကိုလည္း ျပ႒ာန္းခြင့္မ်ားေပးရန္ မူဝါဒအားျဖင့္ သေဘာတူညီၿပီးျဖစ္ေၾကာင္း နစက၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ (ဇြန္လ ၁ ရက္)၌ ေနျပည္ေတာ္ရွိ ျပန္ ၾကားေရးဝန္ႀကီးဌာနတြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲ၌ အ ထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

နစကဥကၠ႒ႏွင့္ “ဝ” ျပည္ေသြးစည္းညီၫြတ္ေရးပါတီ(UWSP)တို႔ ေတြ႕ ဆုံေဆြးေႏြးရာတြင္ “ဝ” အမ်ိဳးသားကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရျပည္နယ္တည္ေထာင္ရန္ “ဝ”အဖြဲ႕က တင္ျပေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔အေနနဲ႔က “ဝ” ကိစၥနဲ႔ပတ္သက္လာၿပီးရင္ မူဝါဒအားျဖင့္က ေတာင္းဆိုတဲ့ ဟာေပါ့ေနာ္ အခုလိုပုံစံမ်ိဳး၊ ဒါထက္ျမင့္တဲ့ ပုံစံမ်ိဳးေပးႏိုင္ဖို႔အတြက္ မူဝါဒအားျဖင့္က ရွိၿပီးျဖစ္ပါတယ္။ အဲဒီတစ္ခုတည္းမွ မ ဟုတ္ပါဘူး။ က်န္တဲ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာလည္း ယခုထက္ ပိုမိုၿပီးေဆာင္႐ြက္ခြင့္၊ ျပ႒ာန္းခြင့္ေတြကို ေပးဖို႔အတြက္ မူဝါဒအားျဖင့္ သေဘာတူညီျဖစ္ၿပီးပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ထို႔ျပင္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ကို အေျခခံသည့္ ျပည္ေထာင္စုစနစ္ကို သြားမည္ျဖစ္သည့္အတြက္ အေျခခံဥပေဒႏွင့္ပတ္သက္၍ ျပင္ဆင္စရာမ်ားကို ျပင္ရမည္ဆိုသည္ကို တပ္မေတာ္အေနျဖင့္ သေဘာတူထားၿပီးျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

တပ္မေတာ္အေနျဖင့္ တိုင္းရင္းသားမ်ားအား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္မ်ားကိုေပးမည္ျဖစ္ၿပီး ၎တို႔အေနျဖင့္ ျပည္ ေထာင္စုမွ လုံးဝခြဲမထြက္ရဆိုေသာ အာမခံခ်က္ကို ျပန္ေပးရမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္းေျပာဆိုခဲ့သည္။

“ဒီအေပၚမွာ ကြၽန္ေတာ္တို႔ အခုနေျပာခဲ့တာ တစ္ခုရွိပါတယ္။ ႏိုင္ငံတိုင္း ႏိုင္ငံတိုင္းမွာ ဒီမိုကေရစီစနစ္က်င့္သုံးတယ္။ ဖက္ဒရယ္စနစ္က်င့္သုံးတယ္ဆိုတာက တစ္ပုံစံတည္း၊ တစ္ထပ္တည္းေတာ့ မရွိပါဘူး။ ဘယ္ႏိုင္ငံမွ တစ္ပုံတည္း၊ တစ္ထပ္ တည္းမရွိဘူး။ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ သ မိုင္းေၾကာင္း၊ လူမ်ိဳးေရး၊ ျပည္တြင္းေရးအေျခအေနၿပီးရင္ ပတ္ဝန္းက်င္အေျခအေနေပၚမွာလိုက္ၿပီး ကြၽန္ေတာ္တို႔က သင့္ေတာ္တဲ့ အေကာင္းဆုံးျဖစ္တဲ့ ပုံစံကို တည္ေဆာက္ရမွာျဖစ္တယ္။ အေကာင္း ဆုံးျဖစ္တဲ့ ပုံစံကို လုပ္ရမွာျဖစ္တယ္။ ေဆြးေႏြးညႇိႏႈိင္းအေျဖရွာရမွာျဖစ္တယ္” ဟု ၎က ဆက္လက္ေျပာသည္။

https://npnewsmm.com/news/629745d6fb40cd332e1ac1a3

Picture

aungmoe kyaw

01/06/2022 22:56

I cannot read of NP News users comments, pls synchronize Myanmar Format style for sustainably stand for your media platform.

Related news

© 2021. All rights reserved.