အခြေခံပညာကျောင်းအပ်နှံသော ကျောင်းသား၊ကျောင်းသူ ၅ သန်းခွဲကျော်ရှိပြီး စာသင်ကျောင်းများ ယနေ့ စတင်ဖွင့်လှစ်

3510

မျိုးကြီး (NP News) - ဇွန် ၂
ယခု ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသော ကျောင်းသား၊ ကျောင်းသူ ၅ သန်းခွဲကျော်ရှိပြီး စာသင်ကျောင်းများကို ယနေ့ ဇွန် ၂ ရက်တွင် စတင်ဖွင့်လိုက်သည်။
ယနေ့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအများ အပြား လာရောက်ပို့ဆောင်ခဲ့ကြသည်ကို တွေ့ရှိရသည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်ရန်အတွက် ကျောင်းအပ်လက်ခံမှုကို မေ ၂၆ ရက်မှစ၍ ဇွန် ၁ ရက်နေ့အထိ လက်ခံခဲ့ပြီး ကျောင်းအပ်နှံသူစုစုပေါင်း ၅၆၀၉၆၇၆ ဦးအထိရှိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ခဲ့ သည်။
အဆိုပါ ကျောင်းအပ်နှံသူ ၅ သန်းခွဲကျော်ရှိသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်း များ၊ ကိုယ်ပိုင်ကျောင်များနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် အပ်နှံခဲ့သူများဖြစ်ကြောင်း သိရ သည်။
ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို ပညာ ရေးဝန်ကြီးဌာနက စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
“ဒီနေ့ ကျွန်တော်သားကို ကျောင်းသွားပို့တာပါ။ ကျောင်းသားမိဘတွေရော၊ ကျောင်းသားတွေရော တော်တော် များပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျောင်းမတတ်တဲ့ ကလေးတွေရော ကျောင်းသားမိဘတွေနဲ့ ပြန်တွေ့ခဲ့ရတယ်။ သူတို့ ဝမ်းသာနေပုံရ တယ်။ ကျောင်းပတ်ဝန်ကျင်အနီးမှာ လုံခြုံရေးယူထားတဲ့ သူတစ်ချို့ကိုလည်း တွေ့ရတယ်” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သော ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ထို့ပြင် အခြေခံပညာမူတန်းအဆင့်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းဝတ်စုံများ ကို အခမဲ့ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း နစကဘက်က ပြောဆိုထားသည်။
သို့သော် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံသည့်ကာလအတွင်း CDM လုပ်ရန်ခြိမ်းခြောက်ပြောဆိုမှု များရှိနေပြီး မလုပ်ပါက ဆရာ၊ ဆရာမများနှင့် စာသင်ကျောင်းများကို ဗုံးခွဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ပြောဆို နေမှုများရှိခဲ့သည်။
ထို့ပြင် စာသင်ကျောင်းများတွင် ယင်းကာလအတွင်း မိုင်းထောင်ဖောက်ခွဲခြင်းများ၊ ဗုံးခွဲများခြင်းများရှိခဲ့ပြီး သေဆုံးခဲ့သည့် ကျောင်းအုပ်ဆရာမများလည်း ရှိခဲ့သည်။
https://npnewsmm.com/news/6298463896de1e06e23fde64

Zawgyi Version;
အေျခခံပညာေက်ာင္းအပ္ႏွံေသာ ေက်ာင္းသား၊ေက်ာင္းသူ ၅ သန္းခြဲေက်ာ္ရွိၿပီး စာသင္ေက်ာင္းမ်ား ယေန႔ စတင္ဖြင့္လွစ္
မ္ဳိးႀကီး (NP News) - ျဇႏ္ ၂
ယခု ၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္အတြက္ အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းအပ္ႏွံေသာ ေက်ာင္းသား၊ ေက်ာင္းသူ ၅ သန္းခြဲေက်ာ္ရွိၿပီး စာသင္ေက်ာင္းမ်ားကို ယေန႔ ဇြန္ ၂ ရက္တြင္ စတင္ဖြင့္လိုက္သည္။
ယေန႔ အေျခခံပညာေက်ာင္းမ်ား စတင္ဖြင့္လွစ္ခ်ိန္တြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ၎တို႔၏ မိဘအမ်ား အျပား လာေရာက္ပို႔ေဆာင္ခဲ့ၾကသည္ကို ေတြ႕ရွိရသည္။
အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္ရန္အတြက္ ေက်ာင္းအပ္လက္ခံမႈကို ေမ ၂၆ ရက္မွစ၍ ဇြန္ ၁ ရက္ေန႔အထိ လက္ခံခဲ့ၿပီး ေက်ာင္းအပ္ႏွံသူစုစုေပါင္း ၅၆၀၉၆၇၆ ဦးအထိရွိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က အသိေပးထုတ္ျပန္ခဲ့ သည္။
အဆိုပါ ေက်ာင္းအပ္ႏွံသူ ၅ သန္းခြဲေက်ာ္ရွိသည္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အသီးသီးရွိ အေျခခံပညာေက်ာင္း မ်ား၊ ကိုယ္ပိုင္ေက်ာင္မ်ားႏွင့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ားတြင္ အပ္ႏွံခဲ့သူမ်ားျဖစ္ေၾကာင္း သိရ သည္။
ယခုပညာသင္ႏွစ္တြင္ အေျခခံပညာေက်ာင္းမ်ားတြင္ တက္ေရာက္မည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ပညာ ေရးဝန္ႀကီးဌာနက စာေရးကိရိယာမ်ားႏွင့္ ေက်ာင္းသုံးစာအုပ္မ်ားကို အခမဲ့ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရ သည္။
“ဒီေန႔ ကြၽန္ေတာ္သားကို ေက်ာင္းသြားပို႔တာပါ။ ေက်ာင္းသားမိဘေတြေရာ၊ ေက်ာင္းသားေတြေရာ ေတာ္ေတာ္ မ်ားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ေက်ာင္းမတတ္တဲ့ ကေလးေတြေရာ ေက်ာင္းသားမိဘေတြနဲ႔ ျပန္ေတြ႕ခဲ့ရတယ္။ သူတို႔ ဝမ္းသာေနပုံရ တယ္။ ေက်ာင္းပတ္ဝန္က်င္အနီးမွာ လုံၿခဳံေရးယူထားတဲ့ သူတစ္ခ်ိဳ႕ကိုလည္း ေတြ႕ရတယ္” ဟု အင္းစိန္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ ေက်ာင္းသားမိဘတစ္ဦးက ေျပာသည္။
ထို႔ျပင္ အေျခခံပညာမူတန္းအဆင့္တက္ေရာက္မည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကိုလည္း ေက်ာင္းဝတ္စုံမ်ား ကို အခမဲ့ ေထာက္ပံ့ေပးအပ္မည္ျဖစ္ေၾကာင္း နစကဘက္က ေျပာဆိုထားသည္။
သို႔ေသာ္ အေျခခံပညာေက်ာင္းမ်ား ေက်ာင္းအပ္လက္ခံသည့္ကာလအတြင္း CDM လုပ္ရန္ၿခိမ္းေျခာက္ေျပာဆိုမႈ မ်ားရွိေနၿပီး မလုပ္ပါက ဆရာ၊ ဆရာမမ်ားႏွင့္ စာသင္ေက်ာင္းမ်ားကို ဗုံးခြဲတိုက္ခိုက္မည္ဟု ၿခိမ္းေျခာက္ေျပာဆို ေနမႈမ်ားရွိခဲ့သည္။
ထို႔ျပင္ စာသင္ေက်ာင္းမ်ားတြင္ ယင္းကာလအတြင္း မိုင္းေထာင္ေဖာက္ခြဲျခင္းမ်ား၊ ဗုံးခြဲမ်ားျခင္းမ်ားရွိခဲ့ၿပီး ေသဆုံးခဲ့သည့္ ေက်ာင္းအုပ္ဆရာမမ်ားလည္း ရွိခဲ့သည္။
https://npnewsmm.com/news/6298463896de1e06e23fde64