နစကလက်ထက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၄ဝဝဝ နီးပါးဝင်ရောက်ခဲ့ဟုဆို

1559

မျိုးကြီး (NP News) - ဇွန် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) လက်ထက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄ဝဝဝ နီးပါး ဝင်ရောက်ခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၁ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂ဝ၂၂ ခုနှစ် မေလကုန်အထိ ရင်းနှီးမြှုပ်နှံသော လုပ်ငန်းပေါင်း ၇ဝ ရှိပြီး အမေရိကန်ဒေါ်လာ ၃၉၈ဝ သန်းကျော် ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
၎င်းရင်းနှီးမြှုပ်နှံမှုများထဲတွင် အဓိကအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃ဝ၆၂ သန်း ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုရှိခဲ့ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၃ဝ၄ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကနေပြီးတော့ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု ပြည်တွင်းလုပ်သား ၄၈၈၇၇ ဦး ဖန်တီးပေးနိုင်ခဲ့တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုများထဲတွင် ယူကေနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၂၅ဝဝ နီးပါးဖြင့် အများဆုံးရင်းနှီးမြှုပ်နှံ ထားပြီး ဂျပန်နိုင်ငံမှ ဒေါ်လာသန်း ၅ဝဝ ကျော်၊ စင်ကာပူနိုင်ငံမှ ဒေါ်လာသန်း ၄၄ဝ ကျော်၊ တရုတ်နိုင်ငံမှ ဒေါ်လာ သန်း ၁၄ဝ ကျော် ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
နိုင်ငံတော်တာဝန်ရယူထားသော နစကလက်ထက်အတွင်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမပြုလုပ်တော့ဘဲ ပြန်လည်ထွက်ခွာသွားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရှိခဲ့ကြောင်း သိရ သည်။
https://npnewsmm.com/news/629892dfd019361d14389719

Zawgyi Version;
နစကလက္ထက္အတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာသန္း ၄ဝဝဝ နီးပါးဝင္ေရာက္ခဲ့ဟုဆို
မ်ိဳးႀကီး (NP News) - ဇြန္ ၂
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ(နစက) လက္ထက္အတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ သန္း ၄ဝဝဝ နီးပါး ဝင္ေရာက္ခဲ့ေၾကာင္း နစက၏သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဇြန္ ၁ ရက္တြင္ ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာနတြင္ ျပဳလုပ္ေသာ သတင္းစာ ရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ပတ္သက္၍ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္မွ ၂ဝ၂၂ ခုႏွစ္ ေမလကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံေသာ လုပ္ငန္းေပါင္း ၇ဝ ရွိၿပီး အေမရိကန္ေဒၚလာ ၃၉၈ဝ သန္းေက်ာ္ ဝင္ေရာက္ရင္းႏွီးျမႇဳပ္ႏွံခဲ့ ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
၎ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားထဲတြင္ အဓိကအေနျဖင့္ လွ်ပ္စစ္က႑တြင္ အေမရိကန္ေဒၚလာ ၃ဝ၆၂ သန္း ဝင္ေရာက္ ရင္းႏွီးျမႇဳပ္ႏွံမႈရွိခဲ့ၿပီး စက္မႈက႑တြင္ ေဒၚလာ ၃ဝ၄ သန္း ရင္းႏွီးျမႇဳပ္ႏွံခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။
“ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြကေနၿပီးေတာ့ အလုပ္အကိုင္ဖန္တီးေပးႏိုင္မႈ ျပည္တြင္းလုပ္သား ၄၈၈၇၇ ဦး ဖန္တီးေပးႏိုင္ခဲ့တယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
အဆိုပါရင္းႏွီးျမႇဳပ္ႏွံမႈမ်ားထဲတြင္ ယူေကႏိုင္ငံမွ အေမရိကန္ေဒၚလာ သန္း ၂၅ဝဝ နီးပါးျဖင့္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံ ထားၿပီး ဂ်ပန္ႏိုင္ငံမွ ေဒၚလာသန္း ၅ဝဝ ေက်ာ္၊ စင္ကာပူႏိုင္ငံမွ ေဒၚလာသန္း ၄၄ဝ ေက်ာ္၊ တ႐ုတ္ႏိုင္ငံမွ ေဒၚလာ သန္း ၁၄ဝ ေက်ာ္ ဝင္ေရာက္ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သိရသည္။
ႏိုင္ငံေတာ္တာဝန္ရယူထားေသာ နစကလက္ထက္အတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျမန္မာႏိုင္ငံအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈမျပဳလုပ္ေတာ့ဘဲ ျပန္လည္ထြက္ခြာသြားေသာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားရွိခဲ့ေၾကာင္း သိရ သည္။
https://npnewsmm.com/news/629892dfd019361d14389719