ရွှေပြည်သာတံတားအဆင်း (၁၄)လမ်းဆုံတွင် လူတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

 2049

NP News - ဇွန် ၃
အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာတံတားအဆင်း၊ (၁၄)လမ်းဆုံတွင် ယနေ့ (ဇွန်လ ၃ ရက်) နံနက် ၇နာရီခွဲခန့်က လူတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ကနဦးသတင်းများအရသိရသည်။

အဆိုပါ ပစ်ခတ်ခံရသူသည် ယာဉ်ထိန်းရဲများနှင့် ရင်နှီးသူတစ်ဦးဖြစ် ကြောင်းလည်း ၁၄ လမ်းဆုံအနီးတွင် နေထိုင်သည့် သတင်းအရင်းအ မြစ်တစ်ဦးကပြောသည်။

"သူက အလုပ်သွားဖို့လမ်းလျှောက်လာတဲ့အချိန် ယာဉ်ထိန်းရဲရုံးနားကို အရောက်မှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်က သေနတ်နဲ့ပစ်သွား တာ။ သူက အားတဲ့ရက်တွေဆို တစ်ခါတစ်လေ လမ်းပိတ်ရင် လမ်းရှင်းတာတွေ လာလုပ်ပေးတတ်တယ်"ဟု၎င်းကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသူသည် ကျပန်းအလုပ်သမား သက်ဆွေဦး (ခ) ကိုသက်ဖြစ်ပြီး လည်ပင်းယာဘက် ဖောက်ဝင်ဒဏ်ရာ(၁)ချက်ရရှိခဲ့ကာအသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

ထို့ပြင် မေလ(၁)ရက်၊ နေ့လည်(၁)ရီခွဲခန့်ကလည်း ဒညင်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရပြီး နေရာတွင်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုရှိခဲ့ကြောင်းလည်း သိရသည်။

zawgyi version
ေ႐ႊျပည္သာတံတားအဆင္း (၁၄)လမ္းဆုံတြင္ လူတစ္ဦးအား ေသနတ္ျဖင့္ပစ္ခတ္မႈျဖစ္ပြား
NP News - ဇြန္ ၃

အင္းစိန္ၿမိဳ႕နယ္၊ ဒညင္းကုန္းရပ္ကြက္၊ ေ႐ႊျပည္သာတံတားအဆင္း၊ (၁၄)လမ္းဆုံတြင္ ယေန႔ (ဇြန္လ ၃ ရက္) နံနက္ ၇နာရီခြဲခန႔္က လူတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရေၾကာင္း ကနဦးသတင္းမ်ားအရသိရသည္။

အဆိုပါ ပစ္ခတ္ခံရသူသည္ ယာဥ္ထိန္းရဲမ်ားႏွင့္ ရင္ႏွီးသူတစ္ဦးျဖစ္ ေၾကာင္းလည္း ၁၄ လမ္းဆုံအနီးတြင္ ေနထိုင္သည့္ သတင္းအရင္းအ ျမစ္တစ္ဦးကေျပာသည္။

"သူက အလုပ္သြားဖို႔လမ္းေလွ်ာက္လာတဲ့အခ်ိန္ ယာဥ္ထိန္းရဲ႐ုံးနားကို အေရာက္မွာ ဆိုင္ကယ္စီးလာတဲ့ လူႏွစ္ေယာက္က ေသနတ္နဲ႔ပစ္သြား တာ။ သူက အားတဲ့ရက္ေတြဆို တစ္ခါတစ္ေလ လမ္းပိတ္ရင္ လမ္းရွင္းတာေတြ လာလုပ္ေပးတတ္တယ္"ဟု၎ကေျပာသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရသူသည္ က်ပန္းအလုပ္သမား သက္ေဆြဦး (ခ) ကိုသက္ျဖစ္ၿပီး လည္ပင္းယာဘက္ ေဖာက္ဝင္ဒဏ္ရာ(၁)ခ်က္ ရရွိခဲ့ကာအသက္အႏၲရာယ္စိုးရိမ္ရေၾကာင္း သိရသည္။

ထို႔ျပင္ ေမလ(၁)ရက္၊ ေန႔လည္(၁)ရီခြဲခန္႔ကလည္း ဒညင္းကုန္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေသနတ္ျဖင့္ပစ္သတ္ခံရၿပီး ေနရာတြင္ေသဆုံးခဲ့သည့္ ျဖစ္စဥ္တစ္ခုရွိခဲ့ေၾကာင္းလည္း သိရသည္။

https://npnewsmm.com/news/6299ab1e35c8773cdb494799

Related news

© 2021. All rights reserved.