ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အား သေဒဏ်စီရင်ဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းအချို့က ပြစ်တင်ရှုတ်ချ
                        
                            
                             
 2225
 
                             
                            
                            
                         
                        
ဂျန်ဇက် (NP News) - ဇွန် ၄ 
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အား သေဒဏ်စီရင်ဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းအချို့က ပြစ်တင်ရှုတ်ချလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ကွပ်မျက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာစစ်တပ်အနေနဲ့လူတစ်ဦးရဲ့ရှင်သန်နေထိုင်မှုဘဝ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်စတဲ့အချက်တွေကို လေစားလိုက်နာစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ 
သေဒဏ်အမိန့်ချမှတ်ခံရပြီးနောက် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူနှစ်ဦးကို ကွပ်မျက်ဖို့ စီစဉ်နေတဲ့ စစ်တပ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အလွန်မင်းဝမ်းနည်းမိကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေညာစာတမ်းအပိုဒ် ၃ အရ လူတစ်ဦးရဲ့လုံခြုံရေး၊လွတ်လပ်မှုနဲ့ ရှင် သန်နေထိုင်မှုများကို ချိုးဖောက်ရာရောက်တယ်လို့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ကဆိုပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မြန်မာနိုင်ငံရှိ ဖမ်းဆီးထားသူများကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့၊ အ ခြေခံလွတ်လပ်ခွင့်နဲ့ အခွင့်ရေးတို့နဲ့ပတ်သက်ပြီးစွဲချက်တင်ခံထားရသူအားလုံးရဲ့စွဲချက်များကို ရုတ်သိမ်းဖို့အပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် နဲ့ပတ်သက်တဲ့ လူတစ်ဦးရဲ့အခြေခံအခွင့်ရေးကို လေးစားလိုက်နာစေလိုကြောင်း ဆိုထားပါတယ်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းမှာ တရားဥပဒေရှေ့မှောက် တရားစီရင်ခြင်းမရှိခင် အပြစ်ကင်းသူအဖြစ် သတ်မှတ်ပိုင်ခွင့်ရှိပြီး တန်းတူညီမျှတဲ့တရားစီရင်ခွင့်မူဝါဒတွေ၊ လွတ်လပ်ပြီး ဘက်မလိုက်တဲ့တရားခွင်မှာ တရားမျှတတဲ့ အများပြည်သူ့ကြားနာခွင့်နဲ့ လူတစ်ဦးချင်းရဲ့ ခုခံကာကွယ်မှုအတွက် လိုအပ်တဲ့ အာမခံချက်အားလုံးကို ပြဌာန်းထားတယ်လို့လည်းဆိုပါတယ်။ 
ဒါ့ပြင် လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ဒါရိုက်တာတစ်ဦးဖြစ်တဲ့ဖီးလ်ရောဘတ်ဆန် Phil Robertson ကလည်း ၎င်းတို့နှစ်ဦးအား သေဒဏ်စီရင်မိန့်ပေးတာဟာ စစ်အစိုးရဆန့်ကျင့်ရေး လက်နက်ကိုင်ခုခံနေချိန်မှာ မီးလောင်နေမှုကို ဓါတ်ဆီလောင်းပေးလိုက်သလိုမျိုးဖြစ်စေခဲ့ကြောင်း ပြောပါတယ်။ အဆိုပါလုပ်ရပ်နဲ့ပတ်သက်ပြီး စစ်တပ်ကို ပြစ်တင်ရှုတ်ချတာမျိုးတွေဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ၎င်းကပြောပါတယ်။
ထို့အတူ ဗြိတိန်အစိုးရကလည်း ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှားသူများနဲ့အခြား အကျဉ်းသားများကို သေဒဏ်စီရင်မိန့်ချမှတ်ဖို့ စီစဉ်နေတဲ့ စစ်တပ်ရဲ့အစီအစဉ်များကိုပြစ်တင်ရှုတ်ချကြောင်း၊ နိုင်ငံအားလုံးမှာ သေဒဏ်အပြစ်ပေးနေမှုများကို ဆန့်ကျင့်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာသေဒဏ်အပြစ်ပေးမှုကို  ၁၉၈၈ ခုနှစ်နောက်ဆုံးအကြိမ်လုပ်ဆောင်ခဲ့ပြီး ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို သေဒဏ်စီရင်ဖို့ အကောင်ထည်ဖော်ခြင်းဟာ နှစ်ပေါင်း ၃ဝ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပါတယ်။
https://www.un.org/press/en/2022/db220603.doc.htm?fbclid=IwAR39Dn3Wfx9_uDraTBf8npPgNoj4go82czWInU6CkphwPo-QWrJsikeErMw
https://www.france24.com/en/live-news/20220603-myanmar-junta-says-will-carry-out-first-judicial-executions-in-decades?ref=tw
                     
                        
                                                                    
zawgyi version
ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္တို႔အား ေသဒဏ္စီရင္ဖို႔ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာအဖြဲ႕အစည္းအခ်ိဳ႕က ျပစ္တင္ရႈတ္ခ်
ဂ်န္ဇက္ (NP News) - ဇြန္ ၄ 
ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္တို႔အား ေသဒဏ္စီရင္ဖို႔ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာအဖြဲ႕အစည္းအခ်ိဳ႕က ျပစ္တင္ရႈတ္ခ်လိုက္တယ္လို႔ ႏိုင္ငံတကာသတင္းေတြမွာေဖာ္ျပထားပါတယ္။
ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္တို႔ကို ေသဒဏ္ကြပ္မ်က္ဖို႔ ဆုံးျဖတ္ခဲ့ျခင္းနဲ႔ပတ္သက္ၿပီး ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ျမန္မာစစ္တပ္အေနနဲ႔လူတစ္ဦးရဲ႕ရွင္သန္ေနထိုင္မႈဘဝ၊ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္စတဲ့အခ်က္ေတြကို ေလစားလိုက္နာေစလိုေၾကာင္း တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။ 
ေသဒဏ္အမိန႔္ခ်မွတ္ခံရၿပီးေနာက္ ဒီမိုကေရစီအေရးတက္ႂကြလႈပ္ရွားသူႏွစ္ဦးကို ကြပ္မ်က္ဖို႔ စီစဥ္ေနတဲ့ စစ္တပ္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အလြန္မင္းဝမ္းနည္းမိေၾကာင္း၊ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္ေရးေၾကညာစာတမ္းအပိုဒ္ ၃ အရ လူတစ္ဦးရဲ႕လုံၿခဳံေရး၊လြတ္လပ္မႈနဲ႔ ရွင္ သန္ေနထိုင္မႈမ်ားကို ခ်ိဳးေဖာက္ရာေရာက္တယ္လို႔ ကုလသမဂၢ အတြင္း ေရးမႉးခ်ဳပ္ကဆိုပါတယ္။ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္က ျမန္မာႏိုင္ငံရွိ ဖမ္းဆီးထားသူမ်ားကိုအျမန္ဆုံးျပန္လႊတ္ေပးဖို႔၊ အ ေျခခံလြတ္လပ္ခြင့္နဲ႔ အခြင့္ေရးတို႔နဲ႔ပတ္သက္ၿပီးစြဲခ်က္တင္ခံထားရသူအားလုံးရဲ႕စြဲခ်က္မ်ားကို ႐ုတ္သိမ္းဖို႔အျပင္ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ နဲ႔ပတ္သက္တဲ့ လူတစ္ဦးရဲ႕အေျခခံအခြင့္ေရးကို ေလးစားလိုက္နာေစလိုေၾကာင္း ဆိုထားပါတယ္။
အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရးေၾကညာစာတမ္းမွာ တရားဥပေဒေရွ႕ေမွာက္ တရားစီရင္ျခင္းမရွိခင္ အျပစ္ကင္းသူအျဖစ္ သတ္မွတ္ပိုင္ခြင့္ရွိၿပီး တန္းတူညီမွ်တဲ့တရားစီရင္ခြင့္မူဝါဒေတြ၊ လြတ္လပ္ၿပီး ဘက္မလိုက္တဲ့တရားခြင္မွာ တရားမွ်တတဲ့ အမ်ားျပည္သူ႔ၾကားနာခြင့္နဲ႔ လူတစ္ဦးခ်င္းရဲ႕ ခုခံကာကြယ္မႈအတြက္ လိုအပ္တဲ့ အာမခံခ်က္အားလုံးကို ျပဌာန္းထားတယ္လို႔လည္းဆိုပါတယ္။ 
ဒါ့ျပင္ လူအခြင့္ေရးေစာင့္ၾကည့္ေရးအဖြဲ႕ Human Rights Watch ဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ဖီးလ္ေရာဘတ္ဆန္ Phil Robertson ကလည္း ၎တို႔ႏွစ္ဦးအား ေသဒဏ္စီရင္မိန႔္ေပးတာဟာ စစ္အစိုးရဆန႔္က်င့္ေရး လက္နက္ကိုင္ခုခံေနခ်ိန္မွာ မီးေလာင္ေနမႈကို ဓါတ္ဆီေလာင္းေပးလိုက္သလိုမ်ိဳးျဖစ္ေစခဲ့ေၾကာင္း ေျပာပါတယ္။ အဆိုပါလုပ္ရပ္နဲ႔ပတ္သက္ၿပီး စစ္တပ္ကို ျပစ္တင္ရႈတ္ခ်တာမ်ိဳးေတြျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ၎ကေျပာပါတယ္။
ထို႔အတူ ၿဗိတိန္အစိုးရကလည္း ဒီမိုကေရစီ အေရးတက္ႂကြလႈပ္ရွားသူမ်ားနဲ႔အျခား အက်ဥ္းသားမ်ားကို ေသဒဏ္စီရင္မိန႔္ခ်မွတ္ဖို႔ စီစဥ္ေနတဲ့ စစ္တပ္ရဲ႕အစီအစဥ္မ်ားကိုျပစ္တင္ရႈတ္ခ်ေၾကာင္း၊ ႏိုင္ငံအားလုံးမွာ ေသဒဏ္အျပစ္ေပးေနမႈမ်ားကို ဆန႔္က်င့္ကန႔္ကြက္ေၾကာင္း ျမန္မာႏိုင္ငံရွိ ၿဗိတိန္သံ႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။
ျမန္မာႏိုင္ငံမွာေသဒဏ္အျပစ္ေပးမႈကို  ၁၉၈၈ ခုႏွစ္ေနာက္ဆုံးအႀကိမ္လုပ္ေဆာင္ခဲ့ၿပီး ကိုၿဖိဳးေဇယ်ာေသာ္နဲ႔ ကိုဂ်င္မီတို႔ကို ေသဒဏ္စီရင္ဖို႔ အေကာင္ထည္ေဖာ္ျခင္းဟာ ႏွစ္ေပါင္း ၃ဝ ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ျဖစ္လာခဲ့ပါတယ္။
https://www.un.org/press/en/2022/db220603.doc.htm?fbclid=IwAR39Dn3Wfx9_uDraTBf8npPgNoj4go82czWInU6CkphwPo-QWrJsikeErMw
https://www.france24.com/en/live-news/20220603-myanmar-junta-says-will-carry-out-first-judicial-executions-in-decades?ref=tw