မုံရွာမြို့တွင် အလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးတစ်ဦး အသတ်ခံရမှုဖြစ်ပွား

 2866

ဟိန်း (NP News) - ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် အလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးတစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ဇွန်လ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာ-အရာတော် ကားလမ်းဝဲဘက် ရွာတုံကျေးရွာလမ်းခွဲထိပ်၌ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရ သည်။

မုံရွာ-အရာတော် ကားလမ်းဝဲဘက် ရွာတုံကျေးရွာလမ်းခွဲထိပ်၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် လဲကျသေဆုံး နေကြာင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အသတ်ခံရသူမှာ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေ စည်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်စိုးမြတ်အေး (၄၄)နှစ် (ဘ)ဦးရန်ရှင်း ဖြစ်ကြောင်း၊ ရင်ညွန့်ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နစကဘက်က PDF အဖွဲ့၏ လက်နက်ငယ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းဖော်ပြထားသည်ကိုတွေ့ရပြီး မုံရွာ PDF ပြောက်ကြားတပ်ဖွဲ့များထံမှ တစ်စုံတစ်ရာထုတ်ပြန်ထား ခြင်း မရှိကြောင်း တွေ့ရသည်။

အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ အထက် တန်းကျောင်းဝန်းအတွင်းရှိ ဆရာ/ဆရာမ နားနေဆောင်၌ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ ဆရာမ များ နေထိုင်လျက်ရှိစဉ် ဇွန် ၄ ရက် ည ၈ နာရီခန့်တွင် PDF များက ဆိုင်ကယ် (၂) စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်း (၃) လုံးဖြင့် ပစ်ပေါက်ခဲ့ကြောင်း၊ ပစ်ပေါက်မှုကြောင့် နားနေဆောင်အနီးသို့ ကျရောက် ပေါက်ကွဲခဲ့ သော်လည်း လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ကျောင်းခြံ စည်းရိုးအုတ်တံတိုင်း ၂ ပေခန့် ပွင့်ထွက်ကာ ခြံစည်းရိုးအနီးရှိ အဆောက်အဦး အမိုးသွပ် (၃) ချပ်၊ မျက်နှာကျက်၊ တံခါးမကြီးနှင့် ပြတင်းတံခါးများ ထိခိုက်ပျက်စီးခဲ့မှု ဖြစ်ပွားခဲ့သေးသည်။

အလားတူ ဇွန် ၃ ရက် ည ၈ နာရီခန့်တွင်လည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအား CNA/CDF အဖွဲ့များက PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ဖြင့် လာရောက်ဖောက်ခွဲခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦးထိခိုက်ပျက်စီးမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

https://npnewsmm.com/news/629d9bcb9fb25f77005740b4

Zawgyi Version;
မုံ႐ြာၿမိဳ႕တြင္ အလယ္တန္းေက်ာင္း၊ ေက်ာင္းအုပ္ဆရာမႀကီးတစ္ဦး အသတ္ခံရမႈျဖစ္ပြား
ဟိန္း (NP News) - ဇြန္ ၆
စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕နယ္တြင္ အလယ္တန္းေက်ာင္း၊ ေက်ာင္းအုပ္ဆရာမႀကီးတစ္ဦး အသတ္ခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕၏ ဇြန္လ ၅ ရက္ေန႔ ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ဇြန္လ ၅ ရက္ေန႔ နံနက္ ၁၁ နာရီခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕နယ္၊ မုံ႐ြာ-အရာေတာ္ ကားလမ္းဝဲဘက္ ႐ြာတုံေက်း႐ြာလမ္းခြဲထိပ္၌ လုပ္ႀကံသတ္ျဖတ္ခံရျခင္းျဖစ္ေၾကာင္း သိရ သည္။

မုံ႐ြာ-အရာေတာ္ ကားလမ္းဝဲဘက္ ႐ြာတုံေက်း႐ြာလမ္းခြဲထိပ္၌ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာမ်ားျဖင့္ လဲက်ေသဆုံး ေနၾကာင္းသတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ေၾကာင္း၊ အသတ္ခံရသူမွာ မုံ႐ြာၿမိဳ႕၊ ၿမိဳ႕သစ္ရပ္ကြက္ေန စည္သာေက်း႐ြာ အေျခခံပညာအလယ္တန္းေက်ာင္းခြဲမွ ေက်ာင္းအုပ္ဆရာမႀကီးျဖစ္သူ ေဒၚစိုးျမတ္ေအး (၄၄)ႏွစ္ (ဘ)ဦးရန္ရွင္း ျဖစ္ေၾကာင္း၊ ရင္ၫြန႔္က်ည္ေဖာက္ဝင္ ဒဏ္ရာတစ္ခ်က္၊ ဝဲလက္ေမာင္း ထိုးသြင္းဒဏ္ရာတစ္ခ်က္တို႔ျဖင့္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ နစကဘက္က PDF အဖြဲ႕၏ လက္နက္ငယ္ျဖင့္ အေၾကာင္းမဲ့ ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္းေဖာ္ျပထားသည္ကိုေတြ႕ရၿပီး မုံ႐ြာ PDF ေျပာက္ၾကားတပ္ဖြဲ႕မ်ားထံမွ တစ္စုံတစ္ရာထုတ္ျပန္ထား ျခင္း မရွိေၾကာင္း ေတြ႕ရသည္။

အလားတူ ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ေဟာင္ပါးေက်း႐ြာ၊ အမွတ္(၂)ရပ္ကြက္၊ အေျခခံပညာ အထက္ တန္းေက်ာင္းဝန္းအတြင္းရွိ ဆရာ/ဆရာမ နားေနေဆာင္၌ ေက်ာင္းအုပ္ဆရာမႀကီးအပါအဝင္ ဆရာ/ ဆရာမ မ်ား ေနထိုင္လ်က္ရွိစဥ္ ဇြန္ ၄ ရက္ ည ၈ နာရီခန႔္တြင္ PDF မ်ားက ဆိုင္ကယ္ (၂) စီးျဖင့္ ေရာက္ရွိလာၿပီး လက္လုပ္မိုင္း (၃) လုံးျဖင့္ ပစ္ေပါက္ခဲ့ေၾကာင္း၊ ပစ္ေပါက္မႈေၾကာင့္ နားေနေဆာင္အနီးသို႔ က်ေရာက္ ေပါက္ကြဲခဲ့ ေသာ္လည္း လူႏွင့္အေဆာက္အဦ ထိခိုက္ပ်က္စီးမႈမရွိခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ ဇြန္လ ၅ ရက္ေန႔ နံနက္ ၈ နာရီခန႔္တြင္ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕၊ အမွတ္ (၂) ရပ္ကြက္ရွိ အေျခခံပညာအထက္တန္းေက်ာင္းအား အၾကမ္းဖက္သမားမ်ားက လက္လုပ္မိုင္းျဖင့္ ေဖာက္ခြဲခဲ့ရာ ေက်ာင္းၿခံ စည္း႐ိုးအုတ္တံတိုင္း ၂ ေပခန႔္ ပြင့္ထြက္ကာ ၿခံစည္း႐ိုးအနီးရွိ အေဆာက္အဦး အမိုးသြပ္ (၃) ခ်ပ္၊ မ်က္ႏွာက်က္၊ တံခါးမႀကီးႏွင့္ ျပတင္းတံခါးမ်ား ထိခိုက္ပ်က္စီးခဲ့မႈ ျဖစ္ပြားခဲ့ေသးသည္။

အလားတူ ဇြန္ ၃ ရက္ ည ၈ နာရီခန႔္တြင္လည္း ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္၊ ရိဒ္ၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္ရွိ အေျခခံပညာအထက္တန္းေက်ာင္းအား CNA/CDF အဖြဲ႕မ်ားက PVC ပိုက္ျဖင့္ ျပဳလုပ္ထားသည့္ လက္လုပ္မိုင္း ျဖင့္ လာေရာက္ေဖာက္ခြဲခဲ့ၿပီး မိုင္းေပါက္ကြဲမႈေၾကာင့္ လူႏွင့္အေဆာက္အဦးထိခိုက္ပ်က္စီးမႈမရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။

https://npnewsmm.com/news/629d9bcb9fb25f77005740b4

Picture

Ko Yee Htut

06/06/2022 14:50

အော်ယုတ်မာရိုင်းစိုင်းတဲ့လုပ်ရပ်ပါလား

Related news

© 2021. All rights reserved.