ထိုင်းနိုင်ငံ၊မဟာချိုင်ခရိုင်အတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ၏ ဖယ်ရီကားတိမ်းမှောက်မှုကြောင့် (၁၄)ဦး ထိခိုက်ဒဏ်ရာရ

 656

ရဲပြည့် (NP News) - ဇွန် ၁ဝ
ထိုင်းနိုင်ငံ၊ မဟာချိုင်ခရိုင်အတွင်းရှိ Thai Union စက်ရုံတွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာအလုပ်သမားများ လိုက်ပါလာသည့် ဖယ်ရီကား တိမ်းမှောက်မှုကြောင့် (၁၄)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖယ်ရီကားတိမ်းမှောက်မှုသည် ဇွန်လ(၉)ရက်၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူအများစုသည် အမျိုးသမီးများဖြစ် ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါယာဉ်၏ အရှေ့တွင်မောင်းနှင်လာသည့် (၁ဝ)ဘီးကုန်တင်ယာဉ်မှ မဟာချိုင်ဖလန့်စောင်ယာဉ်ကြောတွင် ရုတ်တရက်ဘရိတ်အုပ်လိုက်ချိန်၌ ဖယ်ရီကားက ဘေးဘက်သို့ရှောင်တိမ်းခဲ့ရာမှ တိမ်းမှောက်မှု ဖြစ်ခဲ့ကြောင်းသိရသည်။

ယင်းတိမ်းမှောက်မှုကြောင့် မြန်မာလုပ်သားများ လိုက်ပါလာသည့် ဖယ်ရီကားသည် ခေါင်းခန်းတစ်ခုလုံးပျက်စီးသွားသည့်အနေအထားကိုမြင်တွေ့ရပြီး ဖြစ်စဉ်အတွင်း သေဆုံးသူမရှိကြောင်းသိရသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရှိခဲ့သည် မြန်မာအလုပ်သမား ၁၄ ဦးကိုလည်း Ekachai Hospital သို့ပို့ဆောင်ခဲ့ပြီး ပြင်းထန်သောထိခိုက်မှုအနေဖြင့် နှာခေါင်းရိုးကျိုးသူတစ်ဦးမှလွဲ၍ ကျန်သူများမှာ ပွန်းပဲ့သည့် ဒဏ်ရာအချို့သာရရှိခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံသို့ ယခုနှစ် မေလ ၁ဝ ရက်မှစ၍ ပထမဆုံးအကြိမ် တရားဝင် အလုပ်သမားပြန်လည်စေလွှတ်နိုင်ခဲ့ခြင်းဖြစ်ပြီး မေလ(၂၆)ရက်မှဇွန် လ(၂)ရက် တစ်ပတ်ကျော်ကာလအတွင်း အလုပ်သမား (၁၃ဝဝ)ကျော်ထပ်မံစေလွှတ်ထားသည်။

https://npnewsmm.com/news/62a2d967995fed496a547fe5

zawgyi version
ထိုင္းႏိုင္ငံ၊မဟာခ်ိဳင္ခ႐ိုင္အတြင္း အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာလုပ္သားမ်ား၏ ဖယ္ရီကားတိမ္းေမွာက္မႈေၾကာင့္ (၁၄)ဦး ထိခိုက္ဒဏ္ရာရ
ရဲျပည့္ (NP News) - ဇြန္ ၁ဝ

ထိုင္းႏိုင္ငံ၊ မဟာခ်ိဳင္ခ႐ိုင္အတြင္းရွိ Thai Union စက္႐ုံတြင္ အလုပ္လုပ္ ကိုင္ေနသည့္ ျမန္မာအလုပ္သမားမ်ား လိုက္ပါလာသည့္ ဖယ္ရီကား တိမ္းေမွာက္မႈေၾကာင့္ (၁၄)ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ထိုင္းႏိုင္ငံရွိ အလုပ္သမားသံအရာရွိ႐ုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဖယ္ရီကားတိမ္းေမွာက္မႈသည္ ဇြန္လ(၉)ရက္၊ နံနက္ပိုင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ထိခိုက္ဒဏ္ရာရရွိသူအမ်ားစုသည္ အမ်ိဳးသမီးမ်ားျဖစ္ ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါယာဥ္၏ အေရွ႕တြင္ေမာင္းႏွင္လာသည့္ (၁ဝ)ဘီးကုန္တင္ယာဥ္မွ မဟာခ်ိဳင္ဖလန႔္ေစာင္ယာဥ္ေၾကာတြင္ ႐ုတ္တရက္ဘရိတ္အုပ္လိုက္ခ်ိန္၌ ဖယ္ရီကားက ေဘးဘက္သို႔ေရွာင္တိမ္းခဲ့ရာမွ တိမ္းေမွာက္မႈ ျဖစ္ခဲ့ေၾကာင္းသိရသည္။

ယင္းတိမ္းေမွာက္မႈေၾကာင့္ ျမန္မာလုပ္သားမ်ား လိုက္ပါလာသည့္ ဖယ္ရီကားသည္ ေခါင္းခန္းတစ္ခုလုံးပ်က္စီးသြားသည့္အေနအထားကိုျမင္ေတြ႕ရၿပီး ျဖစ္စဥ္အတြင္း ေသဆုံးသူမရွိေၾကာင္းသိရသည္။

ထို႔ျပင္ ထိခိုက္ဒဏ္ရာရွိခဲ့သည္ ျမန္မာအလုပ္သမား ၁၄ ဦးကိုလည္း Ekachai Hospital သို႔ပို႔ေဆာင္ခဲ့ၿပီး ျပင္းထန္ေသာထိခိုက္မႈအေနျဖင့္ ႏွာေခါင္း႐ိုးက်ိဳးသူတစ္ဦးမွလြဲ၍ က်န္သူမ်ားမွာ ပြန္းပဲ့သည့္ ဒဏ္ရာအခ်ိဳ႕သာရရွိခဲ့ေၾကာင္းသိရသည္။

ထိုင္းႏိုင္ငံသို႔ ယခုႏွစ္ ေမလ ၁ဝ ရက္မွစ၍ ပထမဆုံးအႀကိမ္ တရားဝင္ အလုပ္သမားျပန္လည္ေစလႊတ္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး ေမလ(၂၆)ရက္မွဇြန္ လ(၂)ရက္ တစ္ပတ္ေက်ာ္ကာလအတြင္း အလုပ္သမား (၁၃ဝဝ)ေက်ာ္ထပ္မံေစလႊတ္ထားသည္။

https://npnewsmm.com/news/62a2d967995fed496a547fe5

Related news

© 2021. All rights reserved.