ဂျပန်နိုင်ငံကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ် ရွေးချယ်

1552

ဂျန်ဇက် (NP News) - ဇွန် ၁ဝ
ဂျပန်နိုင်ငံဟာ ဆွစ်ဇာလန်၊ မိုဇမ်ဘစ်၊ မော်လ်တာ၊ အီကွေဒေါနိုင်ငံတို့နဲ့အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ်ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအဖွဲ့ဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံနဲ့ဖွဲ့စည်းထားပြီး အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၅ နိုင်၊အမြဲ တမ်းအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံ ၁ဝ နိုင်ငံတို့နဲ့ဖွဲ့စည်းထားကြောင်းသိရပါတယ်။ ဂျပန်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ် ၂ဝ၂၃ ခုနှစ်နဲ့ ၂ဝ၂၄ ခုနှစ်တို့မှာ ၂ နှစ်ကြာတာဝန်ယူမှာဖြစ်ပြီး လာမယ့် နှစ် (၂ဝ၂၃ ခုနှစ်)ဇန်နဝါရီလ ၁ ရက်မှာစတင်ထမ်းဆောင်မှာဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများကတော့ တရုတ်၊ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံတို့ဖြစ်ပါတယ်။ ကုလ သမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ်တာဝန်ထမ်းဆောင်ဖို့ အမြဲ တမ်းအဖွဲ့ဝင် ၅ နိုင်ငံမှလွဲပြီး အခြား ၁ဝ နိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင် ငံများထဲမှ လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်ခဲ့ခြင်းဖြစ်ရာ ဂျပန်၊ ဆွစ်ဇာလန်၊ မိုဇမ်ဘစ်၊ မော်လ်တာ၊ အီကွေဒေါတို့ ရွေးချယ်သတ်မှတ်ခံခဲ့ရတယ်လို့သိရပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲပေးရွေးချယ်ချိန်အတွင်း ဂျပန်နိုင်ငံက ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံထဲမှာထောက်ခံမဲပေါင်း ၁၈၄ မဲရရှိခဲ့ပါတယ်။ မိုဇမ်ဘစ်ကတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ် ပထမဆုံးရွေးချယ်ခံရပြီး ဆန္ဒမဲပေါင်း ၁၉၂ မဲရရှိခဲ့သလို ဆွစ်ဇာလန်က ထောက်ခံမဲပေါင်း ၁၈၇ မဲရရှိခဲ့ကြောင်းသိရပါတယ်။ ဒါ့ပြင် အီကွေဒေါက ကုလမသဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာဆန္ဒမဲပေါင်း ၁၉ဝ မဲရရှိခဲ့သလို မော်လ်တာက ဆန္ဒမဲပေါင်း ၁၈၅ မဲရရှိပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ကီယိုရှီက လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ် တာဝန်ယူချိန်အတွင်း အစားအစာ၊ စွမ်း အင်အပါအဝင်လုံခြုံရေးကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။
http://en.freshnewsasia.com/index.php/en/internationalnews/30052-2022-06-10-03-07-41.html

zawgyi version
ဂျန်ဇက် (NP News) - ဇွန် ၁ဝ