ကမ္ဘာကျော် အဆိုတော် ဂျက်စတင်ဘီဘာ မျက်နှာတစ်ခြမ်း လေဖြန်းသွားတာကြောင့် ရှိုးပွဲများဖျက်သိမ်းလိုက်ရ

 1727

ရောင်နီ (NP News) - ဇွန် ၁၁
ကမ္ဘာကျော် အဆိုတော်ဂျက်စတင်ဘီဘာဟာ မျက်နှာတစ်ခြမ်းလေဖြန်း သွားတာကြောင့် ယခုသီတင်းပတ်ရဲ့ ရှိုးပွဲများ ဖျက်သိမ်းလိုက်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂျက်စတင်ဟာ အဆိုပါ အခြေအနေနဲ့ ပတ်သတ်ပြီး အင်စတာဂရမ်ဗီဒီယိုတစ်ခုမှာ Ramsay Hunt ရောဂါလက္ခဏာစုကြောင့် ဖြစ်ကြောင်းဆိုကာ "မင်းတို့တွေ့တဲ့အတိုင်းပဲ ငါ့မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ်၊ မျက်နှာတစ်ခြမ်းက ပြုံးလို့မရတော့ဘူး"လို့ ပြောကြားခဲ့ပါတယ်။

Ramsay Hunt Syndrome ဟာ နားရွက်အနီးရှိ မျက်နှာအာရုံကြောကို ထိခိုက်ခြင်းကြောင့် ဖြစ်တတ်တယ်လို့ ဆေးပညာရှင်များက ဆိုပါတယ်။ အဆိုပါ အဖြစ်အပျက်ကြောင့် ဖေဖော်ဝါရီလမှာစတင်ခဲ့တဲ့ ဂျက်စတင်ရဲ့ Justice World Tour ဟာ ယခုသီတင်းပတ်အစောပိုင်းမှာလုပ်မယ့် ရှိုးသုံးခုကို ရွှေ့ဆိုင်းမှာဖြစ်ကြောင်း ကြေညာခဲ့ရပါတယ်။

"ကျွန်တော့်နားနဲ့ မျက်နှာအာရုံကြောတွေကို တိုက်ခိုက်တဲ့ ဒီဗိုင်းရပ်စ်က ကျွန်တော့်မျက်နှာကို သွက်ချာပါဒဖြစ်စေတယ်။ ငါဒီလိုမဖြစ်စေချင်ဘူး၊ ဒါပေမယ့် မင်းတို့ နားလည်မယ်လို့ ငါမျှော်လင့်ပါတယ်"လို့ ၎င်းက ပြောကြားပါတယ်။ ဂျက်စတင်ဟာ “ပုံမှန်အတိုင်း ပြန်ဖြစ်ရန်” မျက်နှာလေ့ ကျင့်ခန်းများကို ပြုလုပ်နေသော်လည်း ပြန်လည်ကောင်းမွန်ရန် အချိန်မည်မျှကြာမည်ကို မသိရသေးကြောင်း ပြောကြားခဲ့ပါတယ်။

ဂျက်စတင်ဟာ ယခုသီတင်းပတ် အစောပိုင်းမှာ ဝါရှင်တန်ဒီစီနဲ့ တိုရွန်တို့မှာ ဖျော်ဖြေဖို့ စီစဉ်ထားပြီး လာမည့်သီတင်းပတ်များမှာ နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်တို့မှာ ဖျော်ဖြေပွဲများပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

https://www.bbc.com/news/world-us-canada-61767457?fbclid=IwAR2HkkZCcX1d6BbwZmIdO1blLWdZIPqJv435B-OzoDE2pHawK1xsjwCUEdc

zawgyi version
ကမာၻေက်ာ္ အဆိုေတာ္ ဂ်က္စတင္ဘီဘာ မ်က္ႏွာတစ္ျခမ္း ေလျဖန္းသြားတာေၾကာင့္ ရႈိးပြဲမ်ားဖ်က္သိမ္းလိုက္ရ
ေရာင္နီ (NP News) - ဇြန္ ၁၁

ကမာၻေက်ာ္ အဆိုေတာ္ဂ်က္စတင္ဘီဘာဟာ မ်က္ႏွာတစ္ျခမ္းေလျဖန္း သြားတာေၾကာင့္ ယခုသီတင္းပတ္ရဲ႕ ရႈိးပြဲမ်ား ဖ်က္သိမ္းလိုက္ရေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဂ်က္စတင္ဟာ အဆိုပါ အေျခအေနနဲ႔ ပတ္သတ္ၿပီး အင္စတာဂရမ္ဗီဒီယိုတစ္ခုမွာ Ramsay Hunt ေရာဂါလကၡဏာစုေၾကာင့္ ျဖစ္ေၾကာင္းဆိုကာ "မင္းတို႔ေတြ႕တဲ့အတိုင္းပဲ ငါ့မ်က္လုံးေတြ မွိတ္တုတ္မွိတ္တုတ္ ျဖစ္ေနတယ္၊ မ်က္ႏွာတစ္ျခမ္းက ၿပဳံးလို႔မရေတာ့ဘူး"လို႔ ေျပာၾကားခဲ့ပါတယ္။

Ramsay Hunt Syndrome ဟာ နား႐ြက္အနီးရွိ မ်က္ႏွာအာ႐ုံေၾကာကို ထိခိုက္ျခင္းေၾကာင့္ ျဖစ္တတ္တယ္လို႔ ေဆးပညာရွင္မ်ားက ဆိုပါတယ္။ အဆိုပါ အျဖစ္အပ်က္ေၾကာင့္ ေဖေဖာ္ဝါရီလမွာစတင္ခဲ့တဲ့ ဂ်က္စတင္ရဲ႕ Justice World Tour ဟာ ယခုသီတင္းပတ္အေစာပိုင္းမွာလုပ္မယ့္ ရႈိးသုံးခုကို ေ႐ႊ႕ဆိုင္းမွာျဖစ္ေၾကာင္း ေၾကညာခဲ့ရပါတယ္။

"ကြၽန္ေတာ့္နားနဲ႔ မ်က္ႏွာအာ႐ုံေၾကာေတြကို တိုက္ခိုက္တဲ့ ဒီဗိုင္းရပ္စ္က ကြၽန္ေတာ့္မ်က္ႏွာကို သြက္ခ်ာပါဒျဖစ္ေစတယ္။ ငါဒီလိုမျဖစ္ေစခ်င္ဘူး၊ ဒါေပမယ့္ မင္းတို႔ နားလည္မယ္လို႔ ငါေမွ်ာ္လင့္ပါတယ္"လို႔ ၎က ေျပာၾကားပါတယ္။ ဂ်က္စတင္ဟာ “ပုံမွန္အတိုင္း ျပန္ျဖစ္ရန္” မ်က္ႏွာေလ့ က်င့္ခန္းမ်ားကို ျပဳလုပ္ေနေသာ္လည္း ျပန္လည္ေကာင္းမြန္ရန္ အခ်ိန္မည္မွ်ၾကာမည္ကို မသိရေသးေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဂ်က္စတင္ဟာ ယခုသီတင္းပတ္ အေစာပိုင္းမွာ ဝါရွင္တန္ဒီစီနဲ႔ တို႐ြန္တို႔မွာ ေဖ်ာ္ေျဖဖို႔ စီစဥ္ထားၿပီး လာမည့္သီတင္းပတ္မ်ားမွာ နယူးေယာက္နဲ႔ ေလာ့စ္အိန္ဂ်လိစ္တို႔မွာ ေဖ်ာ္ေျဖပြဲမ်ားျပဳလုပ္ဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

https://www.bbc.com/news/world-us-canada-61767457?fbclid=IwAR2HkkZCcX1d6BbwZmIdO1blLWdZIPqJv435B-OzoDE2pHawK1xsjwCUEdc

Related news

© 2021. All rights reserved.