တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၁၂ ရက်အစား ဇွန်လ ၁၈ ရက်မှသာ ထုတ်ပြန်ကြေညာမည်

 20859

မျိုးကြီး (NP News) - ဇွန် ၁၁
၂ဝ၂၁-၂ဝ၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယခုဇွန် လ ၁၂ ရက်အစား ဇွန်လ ၁၈ ရက်မှသာ ထုတ်ပြန်ကြေညာသွားမည်ဖြစ် ကြောင်း ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းက NP News ကိုပြောသည်။

ယခင်က တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

“အရင်က ဇွန်လ ၁၂ ရက်နေ့ကို အောင်စာရင်းတွေ ကြေညာဖို့ လုပ်ထားတာပေါ့။ အခုတော့ ၁၈ ရက်နေ့ ပြောင်းသွားတယ်။ ဘာဖြစ်လို့ ဇွန်လ ၁၈ ရက်နေ့ကို ပြောင်းလဲတော့ မသိဘူး” ပညာရေးဝန်ထမ်းအဖြစ် တာ ဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောသည်။

စာမေးပွဲအောင်စာရင်းများကို ကျောင်းများတွင် ကပ်ထားကြေညာပေးမည့်အပြင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန၏ ဝက်ဆိုဒ်တစ်ခုဖြစ်သော https://www.myanmarexam.org/index.html တွင်လည်း ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၂၁-၂ဝ၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ အခြေခံ ပညာအထက်တန်းကျောင်းများတွင် ပြီးခဲ့သော မတ်လ ၃၁ ရက်မှစ၍ ဧပြီလ ၉ ရက်အထိ ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူဦးရေစုစု ပေါင်း နှစ်သိန်းကျော်ဝင်ရောက် ဖြေဆိုခဲ့သည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန ၂ဝ ခုနှင့် ပြည် တွင်းစာစစ်ဌာန ၁၂၃၈ ခု စုစုပေါင်း ၁၂၅၈ ခုဖြင့် ဖွင့်လှစ်ကျင်းပခဲ့ခြင်းဖြစ်သည်။

၎င်းစာမေးပွဲတွင် မြန်မာဘာသာရပ်ဖြေဆိုသူ ၂၈၁၇၄၁ ဦး၊ အင်္ဂလိပ်ဘာသာရပ်ဖြေဆိုသူ ၂၈၁၃၉၇ ဦး၊ သင်္ချာဘာသာ ရပ်ဖြေဆိုသူ ၂၈၁၂၄၉ ဦး ၊ ဓာတုဗေဒဘာသာရပ်ဖြေဆိုသူ ၂၂၇၇၄၆ ဦး၊ ရူပဗေဒဘာသာရပ်ဖြေဆိုသူ ၂၂၇၆၈၂ ဦး၊ ဇီဝဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူဦးရေမှာ ၆၉၅၈၅ ဦး၊ ဘောဂဒေဗဘာသာရပ်ဖြေဆိုသူ ၂ဝ၉၃၉၃ ဦး၊ ပထဝီ ဘာသာရပ်ဖြေဆိုသူ ၅၄၇၄၃ ဦးနှင့် သမိုင်းဘာသာရပ်ဖြေဆိုသူ ၅၃၇၃၈ ဦးရှိပြီး စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဖြေဆိုသူ ၃ ဦးရှိကြောင်း သိရသည်။

လတ်တလောအခြေအနေတွင် စာသင်ကျောင်းများကို ဗုံးခွဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိသကဲ့သို့ စာသင်ကျောင်းအချို့၌ ဗုံးကွဲသည့်ဖြစ်စဉ်များလည်း ရှိနေသည်ကို တွေ့ရှိရသည်။

https://npnewsmm.com/news/62a47a8fc6adc018e340c313

zawgyi version
တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းမ်ားကို ဇြန္လ ၁၂ ရက္အစား ဇြန္လ ၁၈ ရက္မွသာ ထုတ္ျပန္ေၾကညာမည္
မ်ိဳးႀကီး (NP News) - ဇြန္ ၁၁

၂ဝ၂၁-၂ဝ၂၂ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းမ်ားကို ယခုဇြန္ လ ၁၂ ရက္အစား ဇြန္လ ၁၈ ရက္မွသာ ထုတ္ျပန္ေၾကညာသြားမည္ျဖစ္ ေၾကာင္း ပညာေရးဝန္ထမ္းအသိုင္းအဝိုင္းက NP News ကိုေျပာသည္။

ယခင္က တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းမ်ားကို ဇြန္လ ၁၂ ရက္တြင္ ထုတ္ျပန္ေၾကညာသြားရန္ စီစဥ္ထားျခင္းျဖစ္သည္။

“အရင္က ဇြန္လ ၁၂ ရက္ေန႔ကို ေအာင္စာရင္းေတြ ေၾကညာဖို႔ လုပ္ထားတာေပါ့။ အခုေတာ့ ၁၈ ရက္ေန႔ ေျပာင္းသြားတယ္။ ဘာျဖစ္လို႔ ဇြန္လ ၁၈ ရက္ေန႔ကို ေျပာင္းလဲေတာ့ မသိဘူး” ပညာေရးဝန္ထမ္းအျဖစ္ တာ ဝန္ထမ္းေဆာင္ေနသူတစ္ဦးက ေျပာသည္။

စာေမးပြဲေအာင္စာရင္းမ်ားကို ေက်ာင္းမ်ားတြင္ ကပ္ထားေၾကညာေပးမည့္အျပင္ ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံစာစစ္ ဦးစီးဌာန၏ ဝက္ဆိုဒ္တစ္ခုျဖစ္ေသာ https://www.myanmarexam.org/index.html တြင္လည္း ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂ဝ၂၁-၂ဝ၂၂ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲကို တစ္ႏိုင္ငံလုံးရွိ အေျခခံ ပညာအထက္တန္းေက်ာင္းမ်ားတြင္ ၿပီးခဲ့ေသာ မတ္လ ၃၁ ရက္မွစ၍ ဧၿပီလ ၉ ရက္အထိ က်င္းပခဲ့ၿပီး ေက်ာင္းသား၊ ေက်ာင္းသူဦးေရစုစု ေပါင္း ႏွစ္သိန္းေက်ာ္ဝင္ေရာက္ ေျဖဆိုခဲ့သည္။

အဆိုပါတကၠသိုလ္ဝင္စာေမးပြဲကို ႏိုင္ငံျခားစာစစ္ဌာန ၂ဝ ခုႏွင့္ ျပည္ တြင္းစာစစ္ဌာန ၁၂၃၈ ခု စုစုေပါင္း ၁၂၅၈ ခုျဖင့္ ဖြင့္လွစ္က်င္းပခဲ့ျခင္းျဖစ္သည္။

၎စာေမးပြဲတြင္ ျမန္မာဘာသာရပ္ေျဖဆိုသူ ၂၈၁၇၄၁ ဦး၊ အဂၤလိပ္ဘာသာရပ္ေျဖဆိုသူ ၂၈၁၃၉၇ ဦး၊ သခ်ၤာဘာသာ ရပ္ေျဖဆိုသူ ၂၈၁၂၄၉ ဦး ၊ ဓာတုေဗဒဘာသာရပ္ေျဖဆိုသူ ၂၂၇၇၄၆ ဦး၊ ႐ူပေဗဒဘာသာရပ္ေျဖဆိုသူ ၂၂၇၆၈၂ ဦး၊ ဇီဝေဗဒဘာသာရပ္ကို လာေရာက္ေျဖဆိုသူဦးေရမွာ ၆၉၅၈၅ ဦး၊ ေဘာဂေဒဗဘာသာရပ္ေျဖဆိုသူ ၂ဝ၉၃၉၃ ဦး၊ ပထဝီ ဘာသာရပ္ေျဖဆိုသူ ၅၄၇၄၃ ဦးႏွင့္ သမိုင္းဘာသာရပ္ေျဖဆိုသူ ၅၃၇၃၈ ဦးရွိၿပီး စိတ္ႀကိဳက္ျမန္မာစာ ဘာသာရပ္ေျဖဆိုသူ ၃ ဦးရွိေၾကာင္း သိရသည္။

လတ္တေလာအေျခအေနတြင္ စာသင္ေက်ာင္းမ်ားကို ဗုံးခြဲတိုက္ခိုက္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုမႈမ်ားရွိသကဲ့သို႔ စာသင္ေက်ာင္းအခ်ိဳ႕၌ ဗုံးကြဲသည့္ျဖစ္စဥ္မ်ားလည္း ရွိေနသည္ကို ေတြ႕ရွိရသည္။

https://npnewsmm.com/news/62a47a8fc6adc018e340c313

Related news

© 2021. All rights reserved.