တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်ရှိ ဈေးဆိုင်ခန်းများ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ငွေကျပ်သိန်း(၂ဝဝ)ကျော်ပျက်စီးဆုံးရှုံး

877

NP News - ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက် ရွှေကတော့ဘုရားဝင်းအပြင်ဘက်ရှိ ဈေးဆိုင်ခန်းများအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ငွေကျပ်သိန်း(၂ဝဝ)ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစက၏ ဇွန်လ (၁၁)ရက် ညပိုင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်သည် ဇွန်လ(၁၁)ရက်၊ ည(၈)နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမည်မသိ လူ(၄)ဦးမှ ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာပြီး မီးကွင်းများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မီးလောင်မှုဖြစ်ပွားရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် သုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာ ရီခွဲအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း ၃၁ ခန်း (တန်ဖိုး ငွေကျပ်သိန်း ၂ဝဝ ကျော်) ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။
ရွှေကတော့ဘုရားဝင်းအပြင်ဘက်ရှိ ဈေးဆိုင်တန်းများနှင့် ကျေးရွာ(၂) ရွာမီးရှို့ခံရခြင်းဖြစ်ပြီး ဆိုင်ခန်း(၃ဝ)နှင့်လူနေအိမ်(၁ဝ)လုံးခန့် မီးလောင်ကျွမ်းသွားခဲ့ကြောင်း သတင်းများအရသိရသည်။
ထို့ပြင် မီးလောင်နေစဉ်အတွင်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများကြောင့် အသက်(၃၂)နှစ်အရွယ်ရှိ အမျိုးသမီး(၁)ဦးလည်း ကျည်ဆံထိမှန်သေဆုံးသွားခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။
လက်ရှိတွင် ဈေးဆိုင်ခန်းများအား မီးရှို့ဖျက်ဆီးခဲ့သူ(၄)ဦးကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://npnewsmm.com/news/62a575c968b8197f8d2d52fd

zawgyi version
တန႔္ဆည္ၿမိဳ႕၊ မဟာၿမိဳင္ရပ္ကြက္ရွိ ေဈးဆိုင္ခန္းမ်ား မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ ေငြက်ပ္သိန္း(၂ဝဝ)ေက်ာ္ပ်က္စီးဆုံးရႈံး
NP News - ဇြန္ ၁၂
စစ္ကိုင္းတိုင္းေဒသႀကီး၊ တန႔္ဆည္ၿမိဳ႕၊ မဟာၿမိဳင္ရပ္ကြက္ ေ႐ႊကေတာ့ဘုရားဝင္းအျပင္ဘက္ရွိ ေဈးဆိုင္ခန္းမ်ားအား မီးရႈိ႕ဖ်က္ဆီးခဲ့မႈေၾကာင့္ ေငြက်ပ္သိန္း(၂ဝဝ)ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစက၏ ဇြန္လ (၁၁)ရက္ ညပိုင္းသတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္သည္ ဇြန္လ(၁၁)ရက္၊ ည(၈)နာရီအခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အမည္မသိ လူ(၄)ဦးမွ ဆိုင္ကယ္(၂)စီးျဖင့္ေရာက္ရွိလာၿပီး မီးကြင္းမ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎တို႔၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
မီးေလာင္မႈျဖစ္ပြားရာသို႔ နယ္ေျမခံ တပ္မေတာ္သားမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားက မီးသတ္ယာဥ္ ႏွစ္စီး၊ ေရသယ္ယာဥ္ သုံးစီးျဖင့္ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ရာ ည ၉ နာ ရီခြဲအခ်ိန္ခန႔္တြင္ မီးၿငိမ္းသြားခဲ့ၿပီး မီးေလာင္မႈေၾကာင့္ ေဈးဆိုင္ခန္း ၃၁ ခန္း (တန္ဖိုး ေငြက်ပ္သိန္း ၂ဝဝ ေက်ာ္) ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္သည္။
ေ႐ႊကေတာ့ဘုရားဝင္းအျပင္ဘက္ရွိ ေဈးဆိုင္တန္းမ်ားႏွင့္ ေက်း႐ြာ(၂) ႐ြာမီးရႈိ႕ခံရျခင္းျဖစ္ၿပီး ဆိုင္ခန္း(၃ဝ)ႏွင့္လူေနအိမ္(၁ဝ)လုံးခန႔္ မီးေလာင္ကြၽမ္းသြားခဲ့ေၾကာင္း သတင္းမ်ားအရသိရသည္။
ထို႔ျပင္ မီးေလာင္ေနစဥ္အတြင္း တစ္ဖက္ႏွင့္တစ္ဖက္ အျပန္အလွန္ပစ္ခတ္မႈမ်ားေၾကာင့္ အသက္(၃၂)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီး(၁)ဦးလည္း က်ည္ဆံထိမွန္ေသဆုံးသြားခဲ့ေၾကာင္းလည္း သတင္းမ်ားထြက္ေပၚခဲ့သည္။
လက္ရွိတြင္ ေဈးဆိုင္ခန္းမ်ားအား မီးရႈိ႕ဖ်က္ဆီးခဲ့သူ(၄)ဦးကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
https://npnewsmm.com/news/62a575c968b8197f8d2d52fd