၂ဝ၂၂ ခုနှစ်အတွက် အဝေးသင်တက္ကသိုလ်များ ဇူလိုင်လတွင်စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုများစတင်လက်ခံ

 3305

ရဲပြည့် (NP News) - ဇွန် ၁၄
၂ဝ၂၂ ပညာသင်နှစ် အဝေးသင်တက္ကသိုလ်တက်ရောက်မည့်သူများအ တွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီးတွင် ဇွန်လ ၁၃ ရက်မှစတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ကျောင်းအပ်လက်ခံခြင်းများသည် ၂ဝ၂၂ ပညာသင်နှစ်၊ အဝေးသင်သင် တန်း ပထမနှစ်(၂ဝ၁၉ အောင်)များ၊ ဒုတိယနှစ်၊ တတိယနှစ်များအ တွက် ကျောင်းအပ်ရန်ကျန်ရှိသူများနှင့်ပထမနှစ်(၂ဝ၂ဝ အောင်) သင် တန်းများအား တက်ရောက်သင်ကြားမည့်သူများအတွက် ဖြစ်ကြောင်း သိရသည်။

၂ဝ၂၂ ပညာသင်နှစ်အတွက် အဝေးသင်တက္ကသိုလ် စတုတ္ထနှစ် (ဝိဇ္ဇာအထူးပြု) ဒုတိယအသုတ်နှင့် တတိယအသုတ်တို့၏ အနီးကပ်သင်တန်းများ၏ ကျောင်းအပ်လက်ခံခြင်းကို မေလ(၁၉)ရက်မှ ဇွန်လ(၁၅)ရက်အထိ သတ်မှတ်ထားကြောင်းလည်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရ သည်။

ထို့ပြင် ၂ဝ၂၂ ခုနှစ်အတွက် အဝေးသင် ပထမအသုတ်(သိပ္ပံတွဲ) စတင်တက်ရောက်ရမည့်ရက်ကို ဇူလိုင်လ(၉)ရက်မှ စက်တင်ဘာလ(၁၁)ရက်အထိ သတ်မှတ်ထားပြီး အဝေးသင် ဒုတိယအသုတ်(ဝိဇ္ဇာတွဲ)များကို အောက်တိုဘာလ ၁၂ ရက်မှ ၂၁ ရက်အထိလည်းကောင်း၊ အဝေးသင် တတိယအသုတ် (ဝိဇ္ဇာတွဲ)များအား အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၁၁ ရက်အထိလည်းကောင်း သတ်မှတ်ထားကြောင်း သိရ သည်။

တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းမတက်ရန် ခြိမ်းခြောက်မှုမျိုးစုံရှိလာနိုင်သဖြင့် တာဝန်ရှိသူများအနေဖြင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်းလည်း နစကဘက်မှ ထုတ်ပြန်ထားဖူးသည်။

https://npnewsmm.com/news/62a81b4e508c020fe26f1165

zawgyi version
၂ဝ၂၂ ခုႏွစ္အတြက္ အေဝးသင္တကၠသိုလ္မ်ား ဇူလိုင္လတြင္စတင္ဖြင့္လွစ္မည္ျဖစ္ၿပီး ေက်ာင္းအပ္ႏွံမႈမ်ားစတင္လက္ခံ
ရဲျပည့္ (NP News) - ဇြန္ ၁၄

၂ဝ၂၂ ပညာသင္ႏွစ္ အေဝးသင္တကၠသိုလ္တက္ေရာက္မည့္သူမ်ားအ တြက္ ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနရွိ တကၠသိုလ္၊ဒီဂရီေကာလိပ္ႏွင့္ ေကာလိပ္အသီးသီးတြင္ ဇြန္လ ၁၃ ရက္မွစတင္၍ ေက်ာင္းအပ္လက္ခံေနၿပီျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ သိရသည္။

ေက်ာင္းအပ္လက္ခံျခင္းမ်ားသည္ ၂ဝ၂၂ ပညာသင္ႏွစ္၊ အေဝးသင္သင္ တန္း ပထမႏွစ္(၂ဝ၁၉ ေအာင္)မ်ား၊ ဒုတိယႏွစ္၊ တတိယႏွစ္မ်ားအ တြက္ ေက်ာင္းအပ္ရန္က်န္ရွိသူမ်ားႏွင့္ပထမႏွစ္(၂ဝ၂ဝ ေအာင္) သင္ တန္းမ်ားအား တက္ေရာက္သင္ၾကားမည့္သူမ်ားအတြက္ ျဖစ္ေၾကာင္း သိရသည္။

၂ဝ၂၂ ပညာသင္ႏွစ္အတြက္ အေဝးသင္တကၠသိုလ္ စတုတၳႏွစ္ (ဝိဇၨာအထူးျပဳ) ဒုတိယအသုတ္ႏွင့္ တတိယအသုတ္တို႔၏ အနီးကပ္သင္တန္းမ်ား၏ ေက်ာင္းအပ္လက္ခံျခင္းကို ေမလ(၁၉)ရက္မွ ဇြန္လ(၁၅)ရက္အထိ သတ္မွတ္ထားေၾကာင္းလည္း အဆင့္ျမင့္ပညာဦးစီးဌာနမွ သိရ သည္။

ထို႔ျပင္ ၂ဝ၂၂ ခုႏွစ္အတြက္ အေဝးသင္ ပထမအသုတ္(သိပၸံတြဲ) စတင္တက္ေရာက္ရမည့္ရက္ကို ဇူလိုင္လ(၉)ရက္မွ စက္တင္ဘာလ(၁၁)ရက္အထိ သတ္မွတ္ထားၿပီး အေဝးသင္ ဒုတိယအသုတ္(ဝိဇၨာတြဲ)မ်ားကို ေအာက္တိုဘာလ ၁၂ ရက္မွ ၂၁ ရက္အထိလည္းေကာင္း၊ အေဝးသင္ တတိယအသုတ္ (ဝိဇၨာတြဲ)မ်ားအား ေအာက္တိုဘာလ ၃၁ ရက္မွ ႏိုဝင္ဘာလ ၁၁ ရက္အထိလည္းေကာင္း သတ္မွတ္ထားေၾကာင္း သိရ သည္။

တကၠသိုလ္တက္ေရာက္မည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေက်ာင္းမတက္ရန္ ၿခိမ္းေျခာက္မႈမ်ိဳးစုံရွိလာႏိုင္သျဖင့္ တာဝန္ရွိသူမ်ားအေနျဖင့္ လုံၿခဳံေရးကိစၥရပ္မ်ား ေဆာင္႐ြက္ေပးႏိုင္ေရး ႀကိဳတင္ျပင္ဆင္စီမံေဆာင္႐ြက္ထားရွိရန္ လိုအပ္ေၾကာင္းလည္း နစကဘက္မွ ထုတ္ျပန္ထားဖူးသည္။

https://npnewsmm.com/news/62a81b4e508c020fe26f1165

Related news

© 2021. All rights reserved.